ရတုများအကြောင်း သိကောင်းစရာ…

ကုိ ထြဋ္June 19, 20141min2688

သိပြီးသားလဲ ဖြစ်နိုင်တယ်.. မသိသေးတဲ့ သူတွေအတွက်… ကျွန်တော်ကတော့ စက္ကူ ရတုလေး မကြာခင်ရောက်တော့မှာ… 🙂

၁နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို – စက္ကူရတု
( Paper Anniversary )

၂နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို – ချည်ထည်ရတု
( Cotton Anniversary )

၃နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို – သားရေရတု
( Leather Anniversary )

၄နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို – သစ်သီးပန်းမန်ရတု
( Flowers & Fruits Anniversary )

၅နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို – သစ်သားရတု
( Wood Anniversary )

၆နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို – အချိုရတု
( Sugar & Sweety Anniversary )

ရနှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို – ကြေးနီရတု
( Copper Anniversary )

၈နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို – ရော်ဘာရတု
( Rubber Anniversary )

၉နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို – အိုးရတု
( Pottery Anniversary )

၁ဝနှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို – သံဖြူရတု
ု ( Aluminium Anniversary )

၁၁နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို – သံမဏိရတု
( Steel Anniversary )

၁၂နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို – ပိုးရတု
( Silk Anniversary )

၁၃နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို – ဇာရတု
( Lace Anniversary )

၁၄နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို – ဆင်ဆွယ်ရတု
( Lvory Anniversary )

၁၅နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို – ဖန်ရတု
( Crystal Anniversary )

၂ဝနှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို – ကြွေရတု
( Porcelain Anniversary )

၂၅နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို – ငွေရတု
( Silver Anniversary )

၃ဝနှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို – ပုလဲရတု
( Pearl Anniversary )

၃၅နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို – သန္တာရတု
( Coral Anniversary )

၄ဝနှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို – ပတ္တမြားရတု
( Ruby Anniversary )

၄၅နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို – နီလာရတု
( Sapphire Anniversary )

၅ဝနှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို – ရွှေရတု
( Gold Anniversary )

၆ဝနှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို – စိန်ရတုကြို
( Pre-Diamond Anniversary )

၇၅နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ကို – စိန်ရတု
( Diamond Anniversary )

 

Happi Anniversary...
Happi Anniversary…

8 comments

  • kyeemite

    June 19, 2014 at 12:47 pm

    တွေ့တော့တွေ့ဖူးတယ်…မကူးထားမိလိုက်ဘူး…ခုတော့ သိမ်းထားလိုက်မယ်ဗျာ…သင့်ခရုပါ

  • ဇီဇီ

    June 19, 2014 at 12:51 pm

    ကျေးဇူးပါ၊
    ရတု အဆက်ဆက်ချစ်နိုင်ကြပါစေ။

    :s:

  • alinsett (gazette)

    June 19, 2014 at 1:24 pm

    တောင်ငူဘုရင်ရဲ့ ရတုတွေအကြောက်းရော
    မပြောချင်ဘူးလားဟင်

    :mrgreen:

    အတည်မန့်ရရင်တော့
    မသိသေးသူတွေအတွက် ဗဟုသုတရစေလို့ ကျေးဇူးပါ အစ်ကိုတော်

  • Yae Myae Tha Ninn

    June 19, 2014 at 1:27 pm

    ဟုတ်.. ကျေးဇူးပါ.. ကျွန်တော် လူတလုံး နာမည်တုန်းကတော့ လူပျိုပေါ့.. အခုတော့ ဟီး.. အိမ်ထောင်သည်ဖြစ်သွားပီ.. ကြော်ငြာတာနော်.. 😛

  • Crystalline

    June 19, 2014 at 1:41 pm

    ရတုတွေဘာတွေမသိဘဲ မှတ်မှတ်ယယမရှိဘဲ သက်ထက်ဆုံးပေါင်းဖက်သွားတဲ့စုံတွဲတွေမနည်းသလို… အမှတ်တယတွေ သတင်းစာထဲထည့်ပြီး.. ကွဲသွားကြသူတွေလည်း မရေနိုင်ဘူး.. ကိုယ်နဲ့လည်း သိပ်မပတ်သက်တော့ ရွှေ၊ ငွေ၊ စိန်လောက်ပဲသိတယ်.. :mrgreenn: မှတ်ထားပါအုန်းမယ်…
    တလောက ရွာထဲက တစ်ယောက် ချစ်သူသက်တမ်းတလပြည့်ဆိုပြီး စတေးတပ်စ်တွေတင်လိုက်သေးတယ်… တနှစ်တောင်.. စက္ကူဆိုတော့ ၁လဆိုတော့ ဘာရတုပြောရမလဲမသိ.. :mrgreenn:

    • ဇီဇီ

      June 19, 2014 at 1:49 pm

      ပျော့ဖတ်
      :mrgreenn:

  • ဦးဦးပါလေရာ

    June 19, 2014 at 2:48 pm

    .စိန်ရတုရဲ့ ဟိုဖက်ကျတော့ အခြားရတုတွေ မရှိတော့ဘူးထင်တယ်

    .ကြည့်ရတာ စိန်ရတုကျော်ရင် သေရင်လဲ သေလောက်ပြီ မသေသေးရင်လဲ သူငယ်ပြန်ပြီး အစက ပြန်စလောက်ပြီ ဆိုတဲ့သဘောထင်ရဲ့
    :mrgreen:

  • Yae Myae Tha Ninn

    June 19, 2014 at 3:06 pm

    အွန်း….. မဟုတ်တ ဟုတ်တတွေ လာကြောနေတယ်.. ဘီလို လူကြီး… 😛

Leave a Reply