ထီးသုဉ်း နန်းသုဉ်း
စာရိတ္တပျက်သုဉ်းလှတဲ့
သာသနာဖျက်မင်း
မင်းဆိုးမင်းညစ်နဲ့ သာသနာဖျက်သူတွေ
ထင် ပေါ် ကျော်ဇောနေတဲ့ခေတ်မှာ
မွေးဖွားလာခဲ့ရ လို့
စိတ်အားငယ်မိပါသော်လည်း
ဓမ္မစစ်တရားရှိသူတွေရှိပါသေးလား အသိနဲ့
မိမိဘဝ ဓမ္မရိပ်မှာ ခိုလှုံခွင့်ရလို့ ပီတိနဲ့အတူ မသေသေးသော်မှတည့် သြော်ကောင်းပါသေး၏။

လေးတန်းအောင် ဂေါပက
စာရိတ္တသုည ဖြစ်နေသော်လည်း
ပြည့်ဝ သာသနာ သည်မြေမှာ
ငွေသာ ပထမဖြစ်နေသော်လည်း
ငါ၏ မေတ္တာ ဓမ္မရိပ်မှာ ခိုလှုံခွင့်ရလို့ ပီတိနဲ့အတူ
မသေသေးသော်မှတည့် သြော်ကောင်းပါသေး၏။

အတ္တများစွာ လုပ်ကိုင်ရာ
ငါအစွဲ အစွဲကြီးစွဲလို့
ကြီးနိုင်ငယ်ညင်း အထက်ဖားအောက်ဖိ
ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာ
ဆိုသော်ငြားလဲ
ဖြစ်လာ ခဏ လူ့ဘ၀မှာ
အတိတ်ကံကြမ္မာ ပြန်ဆပ်ခွင့်ရသရွေ.
ရင်မှာ ရွှင်လန်း ပီတိလွမ်းလို့
မသေသေးသော်မှတည့် သြော်ကောင်းပါသေး၏။

ဆရာ ko Myo Nyunt နဲ့ ကျနော့ခံစားချက် ပေါင်းစပ်ထားတာပါ။

About mgyinngatay

Ko Nay Myo has written 6 post in this Website..