ကဗျာဖြင့် စတင်ခြင်း-မသေသေးသော်မှတည့် ဪကောင်းပါသေး၏။

mgyinngatayJune 19, 20141min966

ထီးသုဉ်း နန်းသုဉ်း
စာရိတ္တပျက်သုဉ်းလှတဲ့
သာသနာဖျက်မင်း
မင်းဆိုးမင်းညစ်နဲ့ သာသနာဖျက်သူတွေ
ထင် ပေါ် ကျော်ဇောနေတဲ့ခေတ်မှာ
မွေးဖွားလာခဲ့ရ လို့
စိတ်အားငယ်မိပါသော်လည်း
ဓမ္မစစ်တရားရှိသူတွေရှိပါသေးလား အသိနဲ့
မိမိဘဝ ဓမ္မရိပ်မှာ ခိုလှုံခွင့်ရလို့ ပီတိနဲ့အတူ မသေသေးသော်မှတည့် ဪကောင်းပါသေး၏။

လေးတန်းအောင် ဂေါပက
စာရိတ္တသုည ဖြစ်နေသော်လည်း
ပြည့်ဝ သာသနာ သည်မြေမှာ
ငွေသာ ပထမဖြစ်နေသော်လည်း
ငါ၏ မေတ္တာ ဓမ္မရိပ်မှာ ခိုလှုံခွင့်ရလို့ ပီတိနဲ့အတူ
မသေသေးသော်မှတည့် ဪကောင်းပါသေး၏။

အတ္တများစွာ လုပ်ကိုင်ရာ
ငါအစွဲ အစွဲကြီးစွဲလို့
ကြီးနိုင်ငယ်ညင်း အထက်ဖားအောက်ဖိ
ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာ
ဆိုသော်ငြားလဲ
ဖြစ်လာ ခဏ လူ့ဘဝမှာ
အတိတ်ကံကြမ္မာ ပြန်ဆပ်ခွင့်ရသရွေ.
ရင်မှာ ရွှင်လန်း ပီတိလွမ်းလို့
မသေသေးသော်မှတည့် ဪကောင်းပါသေး၏။

ဆရာ ko Myo Nyunt နဲ့ ကျနော့ခံစားချက် ပေါင်းစပ်ထားတာပါ။

6 comments

  • surmi

    June 19, 2014 at 12:54 pm

    ကျော်ဟိန်းဇတ်ကား နာမည်အရဆိုရင်
    မိုက်ကန်း တစ်ယောက်ကျန်သေးတယ် 🙂

  • alinsett (gazette)

    June 19, 2014 at 1:18 pm

    ကြွေးဟောင်း ဆပ်တဲ့ဘဝလို့ပဲ
    စစ်မရောက်ခင် မြှားပလိုင်းပျောက်ရှသလိုစကားနဲ့
    တခါတခါ ဖြေသိမ့်နေရတာပါပဲလေ

  • Ma Ma

    June 19, 2014 at 2:07 pm

    ဘာပဲပြောပြော မသေသေးတာက မင်္ဂလာတစ်ပါးပဲ။
    ကိုယ့်အတွက် လောကီ လောကုတ္တရာအလုပ်တွေကို အသက်ရှင်မှ လုပ်နိုင်မှာ မဟုတ်လား။ 🙂

  • ဦးဦးပါလေရာ

    June 19, 2014 at 2:26 pm

    .ဟိုလူကြီးပြောတဲ့စကားအရဆို
    .အနောက်နိုင်ငံတွေနဲ့ ကျုပ်တဲ့နိုင်ငံနဲ့က နဲနဲပဲ (သူ့လက်ညှိုးလက်မနဲ့ပြတာတော့ တစ်လက်မလောက်) ကွာတော့တာ
    .မကြာခင် ကျော်တောင်သွားဦးမှာ
    .သေလို့ဘယ်ဖြစ်ဦးမလဲ….
    .မြို့လည်ကောင်ကြီးမှာ ခွေးချေးနင်းလိုက် အပေါက်ကျွံလိုက် ရေကူးလိုက် နဲ့ ကြိုးစားရှင်သန်လျှက်ရှိကြောင်း…..

    :buu:

  • kyeemite

    June 19, 2014 at 2:59 pm

    ဦးပါလေရာ ပြောတာသဘောကျသဗျာ…ဘာတဲ့…
    .သေလို့ဘယ်ဖြစ်ဦးမလဲ….
    .မြို့လည်ကောင်ကြီးမှာ ခွေးချေးနင်းလိုက် အပေါက်ကျွံလိုက် ရေကူးလိုက် နဲ့ ကြိုးစားရှင်သန်လျှက်ရှိကြောင်း…..
    :buu:
    ခိခိခိ 😀

  • padonmar

    June 19, 2014 at 10:22 pm

    မသေသေးတာ ကောင်းတာပေါ့။
    ကြိုဆိုပါတယ်။

Leave a Reply