အမိန့်ကြော်ငြာစာ- နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းခြင်းနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း

mgyinngatayJune 19, 20141min835

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုအစိုးရအဖွဲ့
အမိန့်ကြော်ငြာစာ
(အမှတ် ၄၀/၂၀၁၄)

၁၃၇၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်
(၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်)

● နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းခြင်းနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း ●

ပြည်ထောင်စုအစိုးရအဖွဲ့၏ ၁၉-၄-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၁) ဖြင့် ဖွဲ့စည်းခန့် အပ်တာဝန်ပေးထားသော နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့များကို အောက်ပါအတိုင်း တိုးချဲ့ဖွဲ့စည်း၍ ယှဉ်တွဲပါ ပုဂ္ဂိုလ်များအား အကြံပေးအဖွဲ့အသီးသီးတွင် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်-

(၁) သူရဦးမြင့်မောင် (အငြိမ်းစားဝန်ကြီး) အဖွဲ့ခေါင်းဆောင်၊ သာသနာရေးအကြံပေးအဖွဲ့

(၂) ဦးစိန်ဝင်းအောင် (အငြိမ်းစားသံအမတ်ကြီး) အဖွဲ့ဝင်၊ သာသနာရေးအကြံပေးအဖွဲ့

(၃) ဒေါက်တာဒေါ်နုနုသာ (အငြိမ်းစားဆေးရုံအုပ်ကြီး) ကျန်းမာရေးအကြံပေးအဖွဲ့

(၄) ဒေါက်တာဒေါ်ရင်ရင်နွယ် (အငြိမ်းစားယူနီဆက်ဝန်ထမ်း) အဖွဲ့ခေါင်းဆောင်၊ ပညာရေးအကြံပေးအဖွဲ့

(၅) ဒေါက်တာကျော်ရင်လှိုင် အဖွဲ့ဝင်၊ ပညာရေးအကြံပေးအဖွဲ့

(၆) ဦးတင်ထွဋ်ဦး (အငြိမ်းစားညွှန်ကြားရေးမှူးချုပ်) အဖွဲ့ဝင်၊ စီးပွားရေးအကြံပေးအဖွဲ့

5 comments

  • kyeemite

    June 19, 2014 at 1:17 pm

    သတင်းလေးအတွက် ကျေးကျေး 🙂

    • Ma Ma

      June 19, 2014 at 1:47 pm

      ဥက္ကဌကြီးနောက်က လိုက်ပါတယ်။ 🙂

  • ဦးဦးပါလေရာ

    June 19, 2014 at 2:18 pm

    .သာသနာရေးအကြံပေးအဖွဲ့ ကျန်းမာရေးအကြံပေးအဖွဲ့ ပညာရေးအကြံပေးအဖွဲ့တွေကို
    .အခုမှ ထ ဖွဲ့ တယ်ဆိုတော့ ….
    .ကြည့်ရတာ အကြံကုန်သွားလို့များလား …..
    😀

  • alinsett (gazette)

    June 19, 2014 at 6:01 pm

    မနက်က ကြေးမုံထဲ ဖတ်ခဲ့ရတဲ့သတင်းက
    ဒို့ရွာမှာပါ မှတ်တမ်းအဖြစ်ကျန်ပြီပေါ့
    ကောင်းပါလေ့

    နောက်များမှာလည်း ဒီလိုထူးခြားတဲ့သတင်းလေးတွေ တွေ့ရင်
    မှတ်တမ်းလေးတင် တင်ပေးနေပါဦးခင်ဗျ

  • padonmar

    June 19, 2014 at 10:18 pm

    ကျန်တာတော့မသိဘူး။
    ဒေါက်တာ(ဆရာဝန် ၁ယောက်နဲ့ PhD၂ယောက်ကိုတော့ ကြိုက်တယ်။သူ့နေရာနဲ့သူ )

Leave a Reply