ရွှေအကြောင်းသိကောင်းစရာ(၂၁)

‘ရွှေ့တယ်’ ဆိုတာက ညနေအထိကိုယ်လေနဲ့ဝယ်ထားတဲ့ပစ္စည်းကို ပြန်မရောင်းရသေးရင် သိမ်းဖို့ငွေကလဲမရှိရင်
ဒါမှမဟုတ် မနက်ဖြန်ဈေးတက်မယ်ထင်လို့ တစ်ရက်လောက် အောင်းထားချင်ရင် ရွှေ့ခပေးပြီး တစ်
ရက်ရွှေ့လို့ရပါတယ်

ရွှေ့ခကတစ်ခါတစ်လေ ဝယ်သူကပေးရသလို တစ်ခါတစ်ရံ ရောင်းသူကပေးရပါတယ် ဘယ်ဘက်ကမှမပေးရဘဲ
‘ ဒဲ့ ‘ ရွှေ့လို့ရတဲ့အခါလည်းရှိပါတယ်

ရွှေ့ခကလည်းတစ်ကျပ်သားကို 100 ကနေ 1000 အထိရှိတတ်ပါတယ်

ရွှေအကြောင်းသိကောင်းစရာ(၂၂)

‘ လမ်းကြောင်းကိုင် ‘ ဆိုတဲ့အလုပ်ကလဲ ပဲကုန်သည် ဆီကုန်သည် လောကမှာမရှိဘဲ ရွှေကုန်သည် လောကမှာပဲ ရှိတဲ့အလုပ်လို့ထင်ပါတယ်

ပွဲစားတို့ ဝယ်ရောင်းတို့ ဆိုတာကတော့ ကုန်သည်လောကတိုင်း
စီးပွားရေးလောကတိုင်းမှာ ရှိမှာပါ

အမှတ်(၂၀) မှာပြောခဲ့တဲ့ လမ်းကြောင်းစနစ်နဲ့ ဝယ်ရောင်းလုပ်တဲ့သူတွေဟာ တစ်နေ့တည်းမှာ အကြိမ်များစွာ လူများစွာဆီက ဈေးအမျိုးမျိုးနဲ့ ဝယ်လိုက်ရောင်းလိုက် လုပ်တတ်ပါတယ်

အားလုံးကိုစာရွက်ထဲမှာပဲ မှတ်သားထားတာပါ ညနေကျမှအဲဒီစာရင်းကို လမ်းကြောင်းကိုင်လက်ထဲအပ်ပြီး
သူကစာရင်းရှင်းပေးပါတယ်

ရှုံးတဲ့လူဆီကငွေ လိုက်ကောက်ပြီး မြတ်တဲ့လူကိုရှင်းပေးပါတယ် သူလဲ ပွဲခရပါတယ်

About Zaw Aung

Zaw Aung has written 48 post in this Website..