အမေစုအတွက် မွေးနေ့လက်ဆောင်…

ကုိ ထြဋ္June 20, 20141min1343

ဆရာတော်၏ လက်မှတ်သည် …
ပြည်သူချစ်သော အမေစုအတွက် …
တန်ဖိုးဖြတ်၍ မရသော ….
အကောင်းတကာ့ အကောင်းဆုံး …
စိတ်ဓါတ်ခွန်အား မွေးနေ့လက်ဆောင် …
ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
ဟာ အမေစုရဲ့ ၆၉ နှစ်မြောက်မွေးနေ့အတွက်
အကောင်းဆုံးလက်ဆောင်ကို ပေးလိုက်သလို
ပါပဲ…ဆရာတော်ရဲ့ ၄၃၆ ပြင်ဆင်ရေးလက်မှတ်
တစ်ချက်ဟာ နိုင်ငံသူနိုင်ငံသားတွေ အားတက်မိ
ပါတယ်

သူငယ်ချင်းတို့

အမေစုအတွက် မွေးနေ့လက်ဆောင်အဖြစ်
၄၃၆ လက်မှတ်ထိုးပေးကြပါလားဗျာ……
❀ ❀ ❀
ပုဒ်မ ၄၃၆ ပြင်ဆင်ဖို့အတွက် ဆရာတော် အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ ) ဟာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်မှာ ဒီနေ့ ကြွရောက်လက်မှတ် ရေးထိုးခဲ့ပါတယ်။

Photo: Kyaw Zaw Win/RFA

Against 436

3 comments

  • alinsett (gazette)

    June 20, 2014 at 11:57 am

    မနေ့က အဲ့ဒီသတင်းလေးဖတ်ပြီး ပြုံးနေမိတာ
    ထူးထူးခြားခြား မွေးနေ့လက်ဆောင်လေးပါလား လို့. . .

    ——-

    ဟိုဟာလေ
    လက်မှတ်ထိုးဖို့ကိစ္စကို ဟိုလူ့အတွက် ဒီလူ့အတွက်
    ဟိုဟာအတွက် ဒီဟာအတွက်ဆိုပြီး ထိုးကြဖို့တိုက်တွန်းမယ့်အစား
    ထိုးသင့်ထိုးထိုက်လို့ ထိုးခြင်းဖြစ်အောင် လုပ်ဖို့လိုမယ်ထင်တယ်။

    :mrgreen:

  • Yae Myae Tha Ninn

    June 20, 2014 at 12:09 pm

    အဲဒါလေးကလဲ .. ကျွန်တော်လဲ တီးမိခေါက်မိလောက်ပဲ ရှိတယ်ဗျ… တကယ်သေသေချာချာ သိတဲ့ တယောက်လောက်က ပို့စ်ကောင်းကောင်းလေးတင်ရင် ကောင်းမယ်ဗျ…

Leave a Reply