149964_507752206024929_7897571256764150165_n

သံဃာ ၅ ပါး အာမခံကြေး သိန်း ၁၀၀၀ ဖြင့် ပြန်လွတ်
_____________________________

20 June 2014 18:33(+0630) (15 မိနစ် ခန့်က)

ဖမ်းဆီးလူဝတ်လဲခံရပြီး ထောင်ဝတ်စုံဖြူတွေ ၀တ်ဆင်ထားတဲ့ သံဃာ ၅ ပါးကို ရန်ကုန်တိုင်း တာမွေမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပြီးနောက် ညနေပိုင်းမှာ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဇွန်လ ၁၁ ရက် မနက်အစောပိုင်းက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်းကနေ အင်အားသုံး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား ဆရာတော် ဦးဥတ္တရ အပါအ၀င် သံဃာတော် ၅ ပါးကို သာသနာတော်ညှိုးနွမ်းစေမှုနဲ့ တရားစွဲပြီး တာမွေမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့တာပါ။
သံဃာတပါးချင်းဆီကို အာမခံကြေး ကျပ် သိန်း (၂၀၀) စီနဲ့ ငါးပါးအတွက် အာမခံကြေး သိန်း ၁၀၀၀ ပေးခဲ့ကြရပါတယ်။ညနေ ၅ နာရီလောက်မှာ အာမခံနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ဒီကိုယ်တော်တွေဟာ မဟာသန္တိသုခကျောင်းအနီးက သုံးထပ်ကျောင်းမှာ သင်္ကန်းပြန်ဝတ်ခဲ့ကြပါတယ်။

Credit:Min Burma

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 115 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...