အဘိုးပြောသော ပုံပြင်…

ကုိ ထြဋ္June 21, 20141min18212

မြန်မာတပြည်လုံး ဘုရားဖူးလိုက်ချင်သည့်စိတ်ကို …
ကြက်ပျေ ာက် ငှက်ပျေ ာက် … ပျေ ာက်စေလေတော့သည် ။
( ဖြစ်ရပ်မှန် )

1961 ခုနှစ် …

ကျနော် ၉ နှစ်သားအရွယ်မှာ …
မေမေက … မေမေ့သူငယ်ချင်းတို့နှင့်အတူ မြန်မာတပြည်လုံး ဘုရားဖူးထွက်ဖို့
အတွက် ရန်ကုန်မြို့ သို့ … ပြည်တော်ညွန့်သင်္ဘောစီးနင်း၍ … ခရီး စတင်ရန် …
သင်္ဘောပေါ်သို့ တက်ရာ … ကျနော်ကပါ လိုက်ပါပို့ဆောင်သည် ။

သင်္ဘောပေါ်ရောက်မှ … ကျနော်က လိုက်ချင်သည်ဟု ပူဆာတော့ …
သားကို … ချစ်သော မေမေက အတန်ကြာအောင်စဉ်းစားနေသည် ။

ပင်လယ်ရေကြောင်းခရီးဖြစ်၍ မေမေက ခေါ်သွား ချင်ပုံမရ …

သင်္ဘောစီးလျှင် လှိုင်းမူးလိမ့်မည် … မလိုက်ပါနှင့် … သားက လိမ္မာပါတယ် …
မေမေပြန်လာလျှင် ကစားစရာတွေ ကိတ်မုန့်ခြောက်တွေ ဝယ်လာပေးမယ် …
မေမေ့စကားနားထောင်ပါဟု ချေ ာ့ပါသော်လည်း ………………………. မရ …

ပေကပ် ပေကပ် နှင့် အိညပ် အိညပ် ဖြင့် နားပူနားဆာ …
လိုက်ချင်တယ်လည်း … လိုက်ချင်တယ်ဆို … လုပ်နေသည့် ကျနော်ကို …
ငွေ ၂ ကျပ်ထုတ်ပေးပြီး …

ရော့ …
သား … ကြိုက်တဲ့ ရေခဲမုန့် သွားဝယ်စား … ရန်ကုန်မလိုက်နှင့်နော် … ဟု
ပြောလိုက်သည်နှင့် …

ရေခဲမုန့် ၄ ခွက် … ဝယ်စားနိုင်သည့် ထို ငွေ ၂ ကျပ်သည် …

မြန်မာတပြည်လုံး ဘုရားဖူးလိုက်ချင်သည့်စိတ်ကို …

ကြက်ပျေ ာက် ငှက်ပျေ ာက် … ပျေ ာက်စေလေတော့သည် ။

Swan … ၏ ရေခဲမုန့် တန်ခိုး … ကြီးလိုက် ပုံက … မှတ်သားလောက်တယ် …

 

စကားကြွင်း အဘိုးမှာ လက်ရှိ သက်ရှိထင်ရှား ကျန်းကျန်းမာမာရှိလျက်ပါ.. သူ၏ စာ အရေးအသားနှင့် ခေါင်းစဉ်ပေးတတ်ပုံကို ဂုဏ်ပြုပြီးတင်ရခြင်းပါ…

 

Grand Father

12 comments

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    June 21, 2014 at 11:18 am

    ကလေးတိုင်း တူညီနေတာက ရေခဲမုန်ကြိုက်တာပဲဗျာ
    အဖိုးရေးတာကို မြေးကပြန်တင်တာလား
    သို့တည်းမဟုတ် မြေးကိုယ်တိုင် ၁၉၆၁ ခုနှစ်က ၉နှစ်သားလားဗျာ

  • alinsett (gazette)

    June 21, 2014 at 11:31 am

    ရေခဲမုန့် လေးခွက်ကို နှစ်ကို နှစ်ကျပ်

    အင်းးးအခုတော့ ဒါဟာ ပုံပြင်ဖြစ်သွားပြီပေါ့

    😆

  • Yae Myae Tha Ninn

    June 21, 2014 at 11:44 am

    အဲလိုတော့ လိုက်မဖဲ့နဲ့ဗျာ… သီဟသူရ ညောင်ရမ်းဂျီးထူရေ… 🙁
    ကျွန်တော့် ပုံ အစကတည်းက မိတ်ဆက်ပေးပြီးသားလေ.. အဲလောက် အသက်အရွယ် ဖြစ်နိုင်ပါ့မလား… 😉

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    June 21, 2014 at 12:12 pm

    ဟီးဟီး အလကားနောက်တာပါဗျာ
    စကားမစပ်ဗျာ
    ခင်များနံမည် ရေမြေ့သနင်းကိုဖတ်တိုင်း ကျုပ်စိတ်ထဲမယ် အသံထွက်မိတာက ယမမင်း ဖြစ်နေတယ်ဗျာ 🙂

    ဟီးဟီး

  • Yae Myae Tha Ninn

    June 21, 2014 at 1:57 pm

    မဖြစ်ရေးချ မဖြစ်ပါ..ဘယ်လိုဖတ်ဖတ်.. ရေမြေ့သနင်း ပြည့်ရှင်မင်းပါပဲ.. ဟဲ.. ပြည့်ရှင်မင်းက ဒီဂဇက်ရောက်မှ ထပ်တိုးပေးလိုက်ကြတာ.. 😛

  • kyeemite

    June 21, 2014 at 1:59 pm

    ရေမြေ့သနင်း ရဲ့ အဖိုးက စာရေးကောင်းသားပဲ
    ခင်ဗျား သူ့ခြေရာလိုက်နင်းပေတော့ 😆

  • Ma Ma

    June 21, 2014 at 4:17 pm

    (ထို ငွေ ၂ ကျပ်သည် …မြန်မာတပြည်လုံး ဘုရားဖူးလိုက်ချင်သည့်စိတ်ကို …ကြက်ပျေ ာက် ငှက်ပျေ ာက် … ပျေ ာက်စေလေတော့သည် ။)
    ဆိုတော့ကာ…..
    ထိုက်တန်တာထက်ပိုတဲ့ အပေးနောက်မှာ စိတ်ကိုပြောင်းလဲသွားစေနိုင်တယ်ဆိုတဲ့ အတွေးတွေ အများကြီး ပေါက်သွားတယ်။ :buu:

  • ဦးကြောင်ကြီး

    June 22, 2014 at 12:22 pm

    ၁၉၆၁ မှာ ၉နှစ်သားဆိုတော့ အဘိုးက ၁၉၅၂ဖွား.. ဒါဆို အသက် ၆၂ပဲရှိဦးမြီ..။ မြေးလုပ်သူဂ အသက်၂၅တော့ အနည်းဆုံးဖြစ်မြီ။ ဆိုတော့ အသက်များ လိမ်ထားသလား…

  • Yae Myae Tha Ninn

    June 23, 2014 at 9:30 am

    အဘိုးတဝမ်းကွဲဗျ… အဘွားမောင် အငယ်ဆုံး.. အဘွားတောင် ဆုံးတာ ငါးနှစ် ရှိပြီ.. ဆုံးတုန်းက ၉၂ နှစ်…
    ပြီးတော့ ကျွန်တော်က အသက် ၂၉ ပါ… ၂၅ မဟုတ်ပါဘူး…

  • Judas Empress

    June 23, 2014 at 1:39 pm

    အဘွားပြောသောပုံပြင်ဖတ်ချင်ပါတယ်…:kwi:

  • Paing Lay

    June 23, 2014 at 3:17 pm

    ဦးကြီးပြောတဲ့ပုံပြင်ဆို ပိုကောင်းမလားလို့ :mrgreen:

  • Mr. MarGa

    June 23, 2014 at 3:45 pm

    ပုံပြင်ထက် အသက်ကိုပိုငြင်းနေကြ သလို….

Leave a Reply