Toe Tat Yaung Chi

Toe Tat Yaung Chi 1

မိန်းမသားတွေပါ ။

ဒါပေမယ့် သူတို့စိတ်တွေဟာတက်ကြွနေလေရဲ့ ။ ရွာကို ရန်ကုန်ကနေ စေတနာ အနစ်နာ ရှေ့ထား တကူးတက လာရောက် ဟောပြောပွဲလေးတွေ ကို ၃ရက်တိတိ အရပ်သား ကျောင်းသား ကလေးတွေ အစရှိတဲ့ အရွယ်အသီးသီး ကို ဥာဏ်အလင်းဖောက် မြို့နေလူတွေနဲ့ တတန်းစား အညီ လောကကို မြင်နိုင်အောင် ပညာဖြန့်ဝေ ဆောင်ရွက်ပေးသွားတဲ့ ဆရာ ရန်ငြိမ်းသူ တစ်ယောက်ရဲ့ အပြန်လမ်း ခရီးမှာ ရွာကနေ ၈ မိုင်နီးပါး အလှမ်းကွာတဲ့ တပြင်း ( ကျောက်ထု – ပခုက္ကူ လမ်းပိုင်း ) ရွာအရောက် လူကို လှည်းတင် ဆိုင်ကယ်ကို လူထမ်း ဟောဒီလို ချောင်းတွေဖြတ်ကူးပီး ပြန်ပို့ရတယ်။

ထမ်းပို့သူတွေက တစ်ခြားလူမဟုတ်ဘူး။ ရွာမှာ ရှိတဲ့ စာကြည့်တိုက် တာဝန်ခံ အစ်မတွေ။ ကျနော်တော့ သူတို့ကိုကြည့်ရတာ ပီတိ မျက်ရည်ကျတယ်ဗျာ။ ဝမ်းလည်းသာတယ်။ ခုလို နောက်ပိုင်းကနေ ကျနော် ဖြစ်လိုတဲ့ ဆန္ဒတွေကို အနစ်နာ စေတနာခံပြီး ပြုမူဆောင်ရွက်ပေးတာ ဘယ့်နှယ် ဝမ်းမသာ ရှိတော့မလဲဗျာ။ ကျေးဇူးပါ ဆရာ ရန်းငြိမ်းသူ
နဲ့ တာဝန်ခံအစ်မတွေရေ။ ယောက်ျား အရင့်အမာ အသန်အမာကြီးတွေက အလုပ်ကိုင်မပျက် နေနိုင်သာပေမယ့် ခင်ဗျားတို့ အားစိုက်တာ ခင်ဗျားတို့ တစ်ခုတော့ ပြန်ရလိမ့်မယ် ။ အဲတာ ပျော်ရွှင်ခြင်းနဲ့ ပီတိတွေပဲ။

 

စာကြွင်း.. တိုးတက်ရောင်ခြည် စာကြည့်တိုက် နှင့် အဲဒီစာပေဟောပြောပွဲလေး အတွက် ၀ိုင်းဝန်းကြိုးပမ်းခဲ့သူများအား ဂုဏ်ပြုလျက် နဲ့ ဒီပို့စ်ကို ဖတ်မိပြီး အဲဒီပေ့လေးကို လေ့လာပြီး နိုင်သလောက် ကူပေးကြဖို့ပါ.. ကျွန်တော်ကတော့ နှုတ်၏ဆောင်မှခြင်းနဲ့ပေါ့… :)

https://www.facebook.com/TTYCL?ref=stream

ကို ထွဋ်

About ကို ထွဋ်

ကို ထွဋ် has written 119 post in this Website..

ခန့်ထည်သွေး ဖေဖေ...

   Send article as PDF