ယုံကြည်သည်ဆိုလျှင်…If you believe in…

“ယုံကြည်သည်ဆိုပါလျှင်”

ရေထက်ပို၍နူးညံ့ပျော့ပြောင်းသည်မှာ မရှိပါ

သို့သော် မာကျောသောအရာ၊ သန်မာသောအဟန့်အတား

တို့ကို ရေကတိုက်စားသောအခါတွင်ကား

မည်သည့်အရာကမျှ ကြံ့ကြံ့ခံမနေနိုင်ခြေ။

 

နူးညံ့မှုသည် ကြမ်းတမ်းမှုကိုလည်းကောင်း

ပျော့ပြောင်းမှုသည် မာကျောမှုကိုလည်းကောင်း

အောင်နိုင်ကြောင်းကို လူတိုင်းသိပါ၏

သို့သော် မည်သူကမျှလိုက်နာကြင့်ကြံခြင်းမရှိပါ။

 

ထို့ကြောင့်ပင် ပညာရှိကမိန့်ကြားသည်

“ရှုပ်ချပြစ်တင်ခြင်းကို ခံယူသူသည်

ပူဇော်ချီးမြှောက်ခြင်းကိုခံရ၏

လူတို့၏ဆင်းရဲဒုက္ခ ဝန်ထုပ်ကိုခံယူသူသည်

လူတွင်အထွတ်အထိပ်သို့ရောက်၏”……ဟူသတည်း။

ဤကား ယုတ္တိမတန်ဟု ထင်စရာဖြစ်သော အမှန်တရားပင်တည်း။

 

 

 

1504942_254508838037980_2120193026_n

 

 

 

 

 

 

 

 

 

 

 

 

 

လွန်ခဲ့တဲ့ နှစ်အစိတ်လောက်က ဖတ်ခဲ့ဖူးတဲ့  သက်လုံ၏ စေ့ထားသောတံခါးများစာအုပ်ပါ

“တောက်တယ်ကျင်း”(တရုတ် ကျင့်စဉ်တော်ကျမ်း) မှ စာတစ်ပုဒ်ကိုကူးတင်ပေးတာပါ။

စာရေးစရာအကြောင်းလည်းရှာမရ ဖြစ်နေတုန်း ဗြုန်းဆို စိတ်ကူးထဲရောက်လာလို့ …..

ဖတ်ပြီးဝေဖန်နိုင်ကြအောင်လို့ပါ..ကျုပ်ငယ်ငယ်က တစိမ့်စိမ့် ဖတ်ခဲ့ရတဲ့၊ ကြိုက်လည်းကြိုက်ခဲ့တဲ့စာအုပ်လေးထဲက တစ်ပိုဒ်ပါ…

အဲ့လိုစာပိုဒ်ပေါင်း ၈၁ ပိုဒ်နဲ့တန်ဆာဆင်ထားတဲ့ တရုတ်ရှေးဟောင်း ကျင့်စဉ်တော်ကျမ်းပေါ့….

ဆရာသက်လုံ မြန်မာပြန်ပြီး ဖွင့်ဆိုရှင်းပြချက်တွေနဲ့တကွ ရေးထားတာပါ…

စာဖတ်သူအားလုံးကိုကျေးဇူးတင်ပါတယ်

ထာဝရလမ်းဆက်လျှောက်နေတဲ့…

ကြီးမိုက်။

၂၁၊ ဝ၆၊ ၂၀၁၄

 

 

17 comments

  • ဇီဇီ

    June 21, 2014 at 1:43 pm

    Ekkkkkkk.
    What happened to my comment??
    :hint:

  • Ma Ma

    June 21, 2014 at 4:32 pm

    မှတ်သားစရာ စာလေးပဲ။
    ကောင်းလိုက်တာ။
    ဝေမျှပေးလို့ ကျေးဇူးတင်ပါတယ်။
    ပုံလေးလည်းကြိုက်တယ်။ 🙂

    • kyeemite

      June 23, 2014 at 8:53 am

      အလက်ဆင်းရေ..တော်တော်ဖတ်ကောင်း တွေးကောင်းတဲ့စာအုပ်လေးပါ…အခု ပြန်ထွက်နေတယ်ပြောတယ်
      ဆိုင်တွေမှာရှိနိုင်ပါတယ်…

  • ဇီဇီ

    June 21, 2014 at 6:16 pm

    ဒါမိုးတွေ တရုတ်သိုင်းကားတွေမှာ အားဂျီး များဂျီးပါတယ် မိုက်မိုက်။
    ခိခိ။
    😀

    • kyeemite

      June 23, 2014 at 3:50 pm

      ဟုတ်တယ် ကေဇီရေ…ကျုပ်ကလည်း တရုတ်အတွေးအခေါ်တွေကြိုက်မိတယ်..
      ဆရာမင်းသိင်္ခ ဆို သူ့ဝတ္ထုတွေထဲ သူကိုးကားသမျှ တရုပ်ကချည်းပဲဗျ…
      ဘိန်းစား ဘွန်ဟောင်း တို့ ဦးဂွမ်တီ တို့ ကျုပ်သိပ်ကြိုက်ပေါ့ 😀

  • ဦးကြောင်ကြီး

    June 22, 2014 at 11:09 am

    တာအိုဝါဒတွင် ရေလိုကျင့်ပါဆိုတဲ့ မှာကြားချက်ရှိအိ။ ရေစီးဂျောင်းသည် သူ့ထက်အားကြီးသည့် အရာနှင့်တွေ့လျင် ရပ်တန့်ထိုးဖောက်ဖို့ မကြိုးစား၊ ကွေ့ပတ်လှည့်လည်စီးဆင်း လိုရာသွားသော သဘောဖြစ်သည်။ ကာလံ၊ဒေသံ၊ပယောဂံ ထည့်သွင်းစဉ်းစားဖို့.. တယူသန် အစွဲမကြီးဖို့လို့ ရှုဒေါင့်တခုမှ ယူဆနိုင်သည်။ ဒါလည်း ပညတ်အသုံအနှုန်းဆိုတော့ ခြောက်ပစ်စင်း သဲလဲစင် အမှတ်မယူ မိဖို့လိုမြီ။

  • အရီးခင်

    June 22, 2014 at 2:45 pm

    ဒီလို စိတ်ခွန်အား စာတိုင်းကတော့ အကျိုးများပါတယ် ကကြီးမိုက် ရှင့်။
    မျှပေးလို့ ကျေးဇူးပါ။
    ဒါထက် ဒီ ကလေး လေးက ချစ်ဖို့ကောင်းလိုက်တာ။
    ခေါင်းခေါက်ဖို့ကောင်းမဲ့ ခေါင်းတုန်းပြောင်လေး နဲ့။ :-)))
    စိတ်ပုတီးကြီး လေးနေမှာတောင် စိုးရိမ်မိသေး။

    • kyeemite

      June 23, 2014 at 3:24 pm

      ကျုပ်စာလေးကိုဖတ်ရှုပြီး ကွန်မန့်လေးများနဲ့အားပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်…
      Ma Ma, alinsett, ဇီဇီ ,ဦးကြောင်ကြီး,အရီးခင် ,black chaw ,Judas Empress ,..အားလုံးအပြင်
      ကွန်မန့်မပေးပဲဝင်ဖတ်သူများကိုပါကျေးကျေး….
      ……………………………………..
      ကျုပ်ခပ်ငယ်ငယ်ကဖတ်ခဲ၊ ့တွေးခဲ့၊ ကြိုက်ခဲ့ရတဲ့ စာအုပ်ကို ခုတလောပြန်ဖတ်နေမိလို့ပါ….
      ဒိစာအုပ်ဟာ ဘာသာရေးစာအုပ်မဟုတ်ပါဘူး….ဒါပေမဲ့ အသက်အရွယ်နဲ့ အတွေ့အကြုံပေါ်မူတည်လို့
      ကြိုက်သလို ဆင့်ပွားတွေးမှုတွေကွာကြမှာပါ…တကယ်က ဖွင့်ဆိုရှင်းပြချက် မပါမှ ပိုအရသာရှိတာပါ..
      စာဖတ်သူကိုလွတ်လပ်စွာတွေးစေလို့လေ…ကမာ္ဘကျော် ဗီးနပ်စ် ရုပ်တုလိုပေါ့ :boss:

  • black chaw

    June 23, 2014 at 9:33 am

    ဟိုတုန်းက သွေးသောက်မဂ္ဂဇင်းမှာ လစဉ်ပင်တိုင်ပါခဲ့တာပေါ့ ကိုမိုက်ရေ…။
    သက်လုံ ရဲ့ စေ့ထားသောတံခါးများ ဆိုတာကြီးတွေ့ရင်
    ဘာတွေရေးနေမှန်းမသိဘူးဆိုပြီး ကျော်ဖတ်ခဲ့တာဗျ…။
    ငယ်လည်း ငယ်သေးတာကိုး…။
    သွေးသောက်မဂ္ဂဇင်းမှာ ထင်ပေါ်ရဲ့ လှုပ်ရှားနေတဲ့ မြန်မာ့ရုပ်ရှင်တို့
    ညီညီကျောလတ် ရဲ့ မောင်မောင်မသိတို့
    ချစ်တိုင်းအောင် ရဲ့ အချစ်ဝတ္ထု တို့ လောက်ပဲ စိတ်ဝင်စားခဲ့မိပါတယ်…။
    တန်ဘိုးရှိတာကို တန်ဘိုးမသိခဲ့တဲ့ အကြောင်း ဝန်ခံလိုက်ပါရစေဗျာ…။
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။

  • kyeemite

    June 23, 2014 at 12:59 pm

    ဘလော့တစ်ခုမှာတွေ့လို့ကူးလာတာပါ….

    တကယ်လို့များ တောက်တယ်ကျင်း (စေ့ထားသောတံခါးများ) ကို ဆွဲလှပ်ဖွင့်ကြည့်ဖို့ စိတ်ကူးမိပြီ ဆိုရင် ဆရာမြင့်မိုးအောင်ရဲ့ ဟောဒီ (ငါး) ကဗျာလေးကိုလည်း အရင် ကြိုဖတ်ပြီး လမ်းစဉ်တော်အတိုင်း လျှောက် နိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

    ငါး

    ငါးအသေကောင် လိုချင်ရင်
    ဈေးမှာ ဝယ်ပါ

    ကြောက်လန့်နေတဲ့ ငါးတစ်ကောင် လိုချင်ရင်
    ပိုက်ကွန်တွေနဲ့ ဖမ်းပါ

    ဒဏ်ရာ ရနေတဲ့ ငါးတစ်ကောင် လိုချင်ရင်
    ငါးမျှားချိတ်မှာ အစာ တပ်ပြီး မျှားပါ

    အရုပ်နဲ့ တူတဲ့ ငါးတစ်ကောင် လိုချင်ရင်
    မှန်တွေနဲ့ လုပ်ထားတဲ့ ရေကန်အတုထဲမှာ မွေးပါ

    ငါးအစစ် တစ်ကောင် လိုချင်ရင်တော့
    ကျောက်ဆောင်တစ်ခုလို ရပ်နေပါ

    ရင်ဘတ်ကို ဖွင့်ထားပါ
    လမ်းမှားလာတဲ့ ငါးအစစ်တစ်ကောင်က
    မင်းရဲ့ နှလုံးသားကိုတောင်
    ဝင်ပြီး တိုးခွေ့သွားလိမ့်မှာ

    အသက်ရှူသံတွေနဲ့
    ရေလှိုင်းတွေကို ဖန်ဆင်းလိုက်တဲ့အခါ
    ပျော်ရွှင်စွာ ကစားနေမယ့်
    ငါးအစစ်တစ်ကောင်ကို ရရှိမှာ

    မင်းရဲ့ လက်ချောင်းတွေနဲ့ သူ့ကို
    ဖမ်းဖို့ မကြိုးစားတဲ့အထိသာ။

    http://www.myastroview.com/2012/03/blog-post.html

    • ဦးကြောင်ကြီး

      June 23, 2014 at 1:06 pm

      အဓိပါယ်သိပ်ပြည့်ဝတဲ့ ကဗျာလေးပါ ဦးမိုက်…။ ဘာဒဲ့ …

      အသက်ရှူသံတွေနဲ့
      ရေလှိုင်းတွေကို ဖန်ဆင်းလိုက်တဲ့အခါ
      ပျော်ရွှင်စွာ ကစားနေမယ့်
      ငါးအစစ်တစ်ကောင်ကို ရရှိမှာ

      မင်းရဲ့ လက်ချောင်းတွေနဲ့ သူ့ကို
      ဖမ်းဖို့ မကြိုးစားတဲ့အထိသာ။

      • kyeemite

        June 23, 2014 at 3:34 pm

        ကိုကြောင်ကြီးရေ…ကျေးဇူးပါဗျာ
        ဒီပို့ကို ဒီထက်ပြည့်စုံချင်လို့ အင်တာနက် မှာ “သက်လုံ” ဆိုပီးရှာလိုက်တာ
        တိုက်တိုက်ဆိုင်ဆိုင်အဲ့..ကဗျာလေးညွှန်ထားတာသွားတွေ့လို့ဗျ…..
        ဟုတ်တယ်..တော်တော်အဓိပ်ပါယ် ပြည့်ဝပါတယ်…ဒါမျိုးက လက်တွေ့လုပ်ဖူးသူမှသိတာမျိုးကိုး…

  • Judas Empress

    June 23, 2014 at 1:10 pm

    တန်ဖိုးရှိတဲ့ စာကောင်း တွေဖတ်ရလို့ ကျေးကျေး….

Leave a Reply