ခင်ဗျားတို့ ထမင်းတွေဖြူရဲ့လား (အောင်ရင်ငြိမ်း)

 

ခင်ဗျားတို့စားနေတဲ့ထမင်းတွေဖြူရဲ့လား ?,

 

ခင်ဗျားတို့ လက်တွေ ဂျီးပြောင်ရဲ့လား ?

 

ထမင်းငတ်နေရင် ခွက်တစ်လုံးဆွဲလိုက်ပါ ကိုယ့်လူ ……

သူတောင်းစားဆိုတာ ငတ်နေလို့တောင်းစားတာပါ ။

အရည်အသွေးမဲ့တယ် ညံ့ဖျင်းတယ် ကရုဏာကိုလိမ်တယ် ။ ဒီလောက်ပါပဲ ကိုယ့်လူ ……

ယုတ်မာပြီးစားရတဲ့ထမင်းက ပိုချိုနေသလားကိုယ့်လူ……

လိင်ဆက်ဆံတာကို ထင်ထင်ရှားရှားသ ရုပ်ဖေါ်ရေးပြီးမှ နာမည်ကြီးချင်တာလား ကိုယ့်လူ ……

အပြာရောင်ထမင်းတွေကို ကိုယ့်လူမျိုချင်မျိုပါ ။

လစ်ဘရယ်တွေကို ရောမချပါနဲ့ ။ အိမ်သာတက်ရင် တံခါးမပိတ်တာ လစ်ဘရယ်မဟုတ်ဘူး >>>>

ဘောင်းဘီ ဝတ်ရင် ဇစ်မတတ်တာ လစ်ဘရယ်မဟုတ်ဘူး >>>>>>

လမ်းမလယ်မှာ လိင်ဆက်ဆံတာ လစ်ဘရယ်မဟုတ်ဘူး >>>>>>

သူများသားမယား နဲ့ဖေါက်ပြန်တာ လစ်ဘရယ်မဟုတ်ဘူး >>>>>

ဘာသာတွေကိုးကွယ်မှုတွေ ထားလိုက်ပါ ၊

အမေဇုံတောထဲက အကျင်္ီ မဝတ်တဲ့ လူမျိုးစုတွေမှာတောင် သူများမိန်းမနဲ့ဖေါက်ပြန်တာ လက်မခံဘူး ။

 

မင်း ရေးချင်တာရေးပါ ။ ပြီးရင် ၁၈ နှစ်ပြည့်ပြီးတဲ့ မင်းနှမ အစ်မတွေ ပေးဖတ်ကြည့်ပါ ။

အဆင်ပြေလား? ဆက်ရေးပါ ……

လွတ်လပ်ပွင့်လင်းတယ်ဆိုတာ လိင်မှုကိစ္စကိုဖေါ်ပြမှ မဟုတ်ဘူး ။

မင်းရေးတာ လိင်မှု ပေါ်လွင်အောင်ရေးတော့ လိင်မှုကိစ္စပြေးမြင်တာပေါ့ ၊။

ဒါကို စာဖတ်သူက အပြာဓတ်ခံရှိသလေး ဘာလေးနဲ့ ……… ရင့် လွန်းတယ်ကိုယ့်လူ …

 

ခံစားမှုကို လွတ်လပ်စွာပျံသန်းခွင့်ပေးတဲ့ မော်ဒန်စာပေမှာ လိင်မှုကိစ္စဖွင့်မရေးရင် ဆားပေါ့နေလို့လားကိုယ့်လူ ……

လူရယ်လို့ဖြစ်ပြီးတဲက လူတိုင်းကျား/မ မရွေး လုပ်တတ်ပါတယ်ကွာ … ဗိုက်ပေါက်သွားပြီထင်လို့ထွက်ပြေးတဲ့ လူပျိုသိုးကြီးဆိုတာ ပုံပြင်ပါကိုယ့်လူ .…

မင်းရေးတာ မော်ဒန်ဆိုရင် မော်ဒန်ကိုစော်ကားနေတာ ………

မင်းအမြင်မင်းအတွေးအခေါ်နဲ့မင်းတင်ပြပုံက လစ်ဘရယ်ဆိုရင် ……

မင်း လစ်ဘရယ်တွေကိုစော်ကားတာ ……

မင်းရေးတဲ့စာအုပ်က အပြာဝတ္တုမဟုတ်ရင် ဘာဝတ္တုလို့ပြောချင်တာလဲ ?

 

မင်း ငတ်နေရင် ခွက်ဆွဲပြီးတောင်းပါ >>>>>

သတိ္တကောင်းရင် ဓါးပြ တိုက်ပါ >>>>>>

အပြာဝတ္တု ရေးပြီး ထမင်းစားတာထက် ဂုဏ်ပိုရှိတယ် ။

လွတ်လပ်မှုကိုအလွဲသုံးစားလုပ်တဲ့ မင်းလို လူကို စာရေးဆရာလို့မခေါ်အပ်ဘူး ။

ဝေဖန်ခံရတာ ကြော်ငြာသလိုပဲဆိုတဲ့ မင်းလို တစ်လုံးချိုင့်သမားအတွက် လွှတ်တော်ရောက်အောင် ကြော်ငြာပေးမယ် ။

လွတ်လပ်သောအပြာကောင်မင်းအတွက် အပြာရောင်ကားလေး အိမ်ရှေ့ မရောက်လာပါစေနဲ့လို့ ဆုတောင်းထားပါ ။

လွတ်လပ်ရေးနေ့မှာ လမ်းပိတ်ပြီးဘောကန်တာ လွတ်လပ်မှုကို အသရေဖျက်တာဆိုရင် ……

 

မင်းရေးနေတဲ့စာက ဒီမိုကရေစီ ဆိုတာ ကိုယ်လုံးတီးနဲ့နေလို့ရတယ် လို့ဆိုနေတာပဲကိုယ့်လူ –

ထပ်ပြောမယ် အာရုံစိုက်ပြီးနားထောင်ပါ >>

၁၈ နှစ်ပြည့်ပြီးဖြစ်တဲ့ မင်းနှမ အစ်မ ကို ပေးဖတ်ကြည့်ပါ ……

လက်ခံတယ် ။ ကောင်းတယ် ဆိုရင်

သူတို့ဖတ်ဖို့ ဆက်ရေးပါ >>>>>>

အပြင်မှာတော့ မဖြန့်ဝေပါနဲ့ ။

 

 

27 comments

  • ဇီဇီ

    June 21, 2014 at 2:41 pm

    လစ်ဘရယ်တွေကို ရောမချပါနဲ့ ။ အိမ်သာတက်ရင် တံခါးမပိတ်တာ လစ်ဘရယ်မဟုတ်ဘူး >>>>

    ဘောင်းဘီ ဝတ်ရင် ဇစ်မတတ်တာ လစ်ဘရယ်မဟုတ်ဘူး >>>>>>

    လမ်းမလယ်မှာ လိင်ဆက်ဆံတာ လစ်ဘရယ်မဟုတ်ဘူး >>>>>>

    သူများသားမယား နဲ့ဖေါက်ပြန်တာ လစ်ဘရယ်မဟုတ်ဘူး >>>>>

    I will be back.. BRAVO..!

    • ဇီဇီ

      June 22, 2014 at 12:49 pm

      အဓိက က ရိုးသားဖို့ပဲ။

      ရိုးရိုးသားသား အပြာစာအုပ်ပါပြော၊ အပြာစာအုပ်လိုဖတ်ပြီး အပြာဆန်တဲ့ အနုပညာကို ခံစားပေးမယ်။ ပြဿနာမရှိဘူး။

      Not for Conservative တွေ NC တွေ မိုးပြော ဂျိုးပြော ပြောပြီး ဂျင်းထည့်တာမျိုးကျ လူလည်ကျပြီး စော်ကားတာ သက်သက်ပဲ။

      by Kyaw Thura Htun

  • alinsett (gazette)

    June 21, 2014 at 4:01 pm

    သဘောတူတယ်။
    ကျနော်သာ ပြောရမယ်ဆိုရင်လည်း
    ဒီလိုသဘောကိုပဲ ပြောမှာပဲ။

    good

    ဆက်ပြောကြစို ့

  • Ma Ma

    June 21, 2014 at 4:28 pm

    ခုခေတ်မှာ ဆန်ကြမ်းကိုတောင်ဖြူအောင် လုပ်နိုင်ကြတော့ ထမင်းမဖြူ မှာတော့ မပူရဘူး။
    စာရေးသူပြောသလို ဖြူ ရဲ့လား ဆိုတာကိုတော့ …….
    စဉ်းစားကာ နေရအုံးမယ်။ (မာမာအေး အသံဖြင့် ဖတ်ပါ) :kwi:

  • ဇီဇီ

    June 21, 2014 at 6:13 pm

    အမှန်တော့ စာအုပ်က ကွန်တို့ လေဘာဒယ်တို့ ပြသာနာတော့ ဟုတ်ဘူးရယ်။
    ခက်တာက လက်မခံနိုင်ရင် လက်မခံနိုင်တဲ့သူက အောက်နေသလိုလို။
    လက်ခံနိုင်တဲ့သူက အတွေးအခေါ်ကောင်းသလိုလို
    စာရေးသူနဲ့ သူ့ အသိုင်းအဝိုင်းက ပြောနေ သုံးသပ်နေကြတာလေးတော့ အမြင်ကပ်တယ်။

    😀

  • naywoon ni

    June 22, 2014 at 12:39 am

    လွတ်​လပ်​ခွင်​့ရပြီဆိုတာနဲ့ အနုပညာသမား ​တော်​​တော်​များများ sex ဘက်​လှည်​့သွားကြသတည်​း ။ ဘာ​ကြောင်​့ဆို လွယ်​တာကိုး ။ သိပ်​ပြီးစဉ်​းစား​နေစရာ အားထုတ်​​နေစရာ သရုပ်​​ဖော်​​နေစရာမှမလိုတာကိုး ။ ဟုတ်​ဖူးလား ။

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    June 22, 2014 at 9:25 am

    ညစ်ညမ်းဓာတ်ပုံ၊ စာပေများနှင့် ပတ်သက်၍ အရေးယူရန် အဓိကတာဝန်ရှိသူမှာ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့သာ ဖြစ်

    ညစ်ညမ်းဓာတ်ပုံ၊ စာပေများနှင့် ပတ်သက်၍ အရေးယူရန် အဓိကတာဝန်ရှိသူမှာ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့သာဖြစ်ကြောင်း တည်ဆဲဥပဒေများအရ သိရသည်။

    လက်ရှိအများပြည်သူ ကြည့်ရှုနေသည့် အင်တာနက်နှင့် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်များပေါ်တွင် မော်ဒယ်ဇွန်သဉ္ဇာ၊ မေမြတ်မွန် နှင့်ဇာဇာထက်တို့၏ ညစ်ညမ်းဓာတ်ပုံများ ပျံ့နှံ့နေသည်ကို တွေ့ရသည်။

    အလားတူ စာရေးဆရာ အောင်ရင်ငြိမ်းရေးသားသည့် “ရိုမန်း ဘောစ်တွေရဲ့ကမ္ဘာ”စာအုပ်နှင့် ပတ်သက်၍လည်း ညစ်ညမ်းသည့် စာအရေးအသားများပါဝင်နေသည်ဟု ဝေဖန်မှုများထွက်ပေါ်လျက် ရှိသည်။

    ယင်းစာအုပ်နှင့် ပတ်သက်၍လည်း လူမှုကွန်ရက် ဖေ့စ်ဘွတ်များပေါ်တွင် ဝေဖန်မှုများ ရှိခဲ့သည်။

    ထို့အတူ မော်ဒယ်ညစ်ညမ်းဓာတ်ပုံများ နှင့် “ရိုမန်းဘောစ်တွေရဲ့ကမ္ဘာ” စာအုပ်ကိုလည်း မီဒီယာအချို့မှ ဝေဖန်ရေးသားမှုများ ပြုလုပ်ခဲ့ကြသည်။

    ညစ်ညမ်းဓာတ်ပုံ၊ စာပေများကို အရေးယူရန် ပြန်ကြားရေးဝန်ကြီးဌာန၊ စာနယ်ဇင်းကောင်စီနှင့် စာနယ်ဇင်းများက အဓိကလုပ်ဆောင်ရမည် မဟုတ်ဘဲ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့ကသာ စုံစမ်းဖော်ထုတ် အရေးယူရမည်ဖြစ်ကြောင်းကို ရာဇသတ်ကြီးနှင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပြဌာန်းချက်များအရ သိရသည်။

    ညစ်ညမ်းစာပေ၊ ညစ်ညမ်းဓာတ်ပုံများ နှင့်ပတ်သက်၍ အရေးယူထောင်ချနိုင်ရန် ရာဇသတ်ကြီး၏ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၂ နှင့်၂၉၃ တို့တွင် ပြဌာန်းထားသည်။

    ယင်းပုဒ်မများသည် ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည့် ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများဖြစ်ကြောင်း ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ၏ နောက်ဆက်တွဲဇယား၌ ပြဌာန်းထားသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ် အရေးယူရမည်ဖြစ်ကြောင်း သိရသည်။

    ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည့် ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများသည် ရဲတပ်ဖွဲ့က သတင်းရလျှင်ရချင်း လိုက်လံစုံစမ်းဖော်ထုတ်နိုင်သည့် ပြစ်မှုပုဒ်မများဖြစ်ပြီး ပြည်သူတစ်ဦးဦးကဖြစ်စေ၊ စာနယ်ဇင်းကောင်စီကဖြစ်စေ တရားရုံးသို့ သွားရောက်ကာ ဦးတိုက်လျှောက်ထားရန် မလိုကြောင်း သိရသည်။

    ညစ်ညမ်းဓာတ်ပုံများဖြစ်ပါက ဓာတ်ပုံအရိုက်ခံသည့်သူသာမက ဓာတ်ပုံရိုက်သည့် ဓာတ်ပုံဆရာအပါအဝင် ယင်းဓာတ်ပုံကို ဖြန့်ချိသူများပါ အထက်တွင်ဆိုခဲ့သည့် ပုဒ်မများအတိုင်း အရေးယူခံရနိုင်ကြောင်း သိရသည်။

    ထို့အတူ ညစ်ညမ်းစာပေများဆိုပါကလည်း ရေးသူသာမက ထုတ်ဝေသူဖြန့်ချိသူများပါ အထက်တွင်ဆိုခဲ့သည့် ပုဒ်မများအတိုင်း အရေးယူခံရနိုင်ကြောင်း သိရသည်။

    မည်သူမဆို ညစ်ညမ်းသောစာအုပ်၊ စာအုပ်ငယ်၊ စာရွက်စာတမ်း၊ ရေးဆွဲသောပုံ၊ ပန်းချီကား၊ ပုံသဏ္ဌာန်ရုပ်ပုံတစ်မျိုးမျိုးကို သို့တည်းမဟုတ် ညစ်ညမ်းသောအရာဝတ္ထုကို ရောင်းခြင်း၊ ထုတ်ငှားခြင်း၊ ဝေငှခြင်း၊ အများပြည်သူတို့ မြင်သာအောင်ပြခြင်း၊ တစ်ခုခုကိုပြုလျှင် သို့တည်းမဟုတ် နည်းတစ်မျိုးမျိုးဖြင့် ဖြန့်ချိခြင်းပြုလျှင်သို့တည်း မဟုတ်ရောင်းခြင်း၊ ထုတ်ငှားခြင်း၊ ဝေငှခြင်း၊ အများပြည်သူတို့မြင်သာအောင်ပြခြင်း၊ ဖြန့်ချိခြင်းကိစ္စတစ်ခုခုအလို့ငှာ ပြု လျှင် သို့တည်းမဟုတ် ထုတ်လုပ်လျှင် သို့ တည်းမဟုတ် လက်ရှိထားလျှင် ဤပုဒ်မအရ ပြစ်မှုမြောက်သော ပြုလုပ်မှုတစ်ခုခုကိုပြုရန် ကမ်းလှမ်းလျှင် သို့တည်းမဟုတ် အားထုတ်လျှင် ထိုသူကို သုံးလအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၂ အရ သိရသည်။

    eleven media မှာတွေ့လို့ ကူးတင်တာပါ

  • ဦးကြောင်ကြီး

    June 22, 2014 at 10:56 am

    ဧရာဝတီဆိုက်မှာ ဖတ်လိုက်ရတယ်.. ကောက်နုတ်ရေးပြထားတာ အတော်ကြမ်းတာပဲ.. ဒါတောင် ဒီထက်ဆိုးတာတွေ ပါသေးဆိုပဲ..။ သွေးရိုးသားရိုး ဟုတ်ပုံမရ.. နိုင်ငံရေး ပယောဂ ပါနိုင်သည်။ ဒေါ်စုနဲ့၈၈က သောက်ဥပဒေကို ပြင်ဖို့လုပ်တာ အရှိန်ရလာလေ ဘာသာရေးပဋိပက္ခ၊ အပြာအညီအဟောက် ကိစ္စတွေ ထွက်လာဖို့ ရှိနေတယ်..။ ပြောပြီးသား လာဘ်သုံးစဂါး ထပ်ပြောလိုက်မြီ.. နိုင်ငံရေးမှာ တိုက်ဆိုင်မှု မရှိ၊ လုပ်ကြံဖန်တီးမှုသာ ရှိအိ။

    • Foreign Resident

      June 22, 2014 at 11:31 am

      ဦးကြောင်ကြီး says:
      ” ဥပဒေကို ပြင်ဖို့လုပ်တာ အရှိန်ရလာလေ ဘာသာရေးပဋိပက ္ခ၊
      အပြာအညီအဟောက် ကိစ္စတွေ ထွက်လာဖို့ ရှိနေတယ် ”
      ” နိုင်ငံရေးမှာ တိုက်ဆိုင်မှု မရှိ၊ လုပ်ကြံဖန်တီးမှုသာ ရှိအိ ”

      မှန်ပါ့ဗျာ ။
      အဘလဲ ၊ သံသယ အကြီးကြီးကို ရှိနေပါတယ် ။

      တောင်ပြိုနေတာပါ ဆိုနေမှ ၊ လက်နှင့် ကာနေချင်သူတွေက ရှိသေး ။

  • Foreign Resident

    June 22, 2014 at 11:15 am

    အကြမ်းဖျင်းပြောရရင် ၊
    အဲဒီ စာရေးဆရာ အောင်ရင်ငြိမ်း ရဲ့ ၊
    ၁၈ နှစ် အထက် ၊ လိင် ဆက်ဆံမှု အကြောင်းပါတဲ့ စာအုပ်ကို ၊
    အထူး ကန့်ကွက်စရာ ( အထူး ကန့်ကွက်စရာ ) မရှိလှပါ ။
    ကြိုက်တဲ့သူ ဖတ်ကြပေါ့ ၊ မကြိုက်တဲ့သူ မ ဖတ်နှင့်ပေါ့ ။

    အင်းးးးးးး ၊ နိုင်ငံတကာ / လူအများက လက်ခံထားတဲ့ ၊
    ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ရဲ့ အခြေခံ အချက်အရတော့ ၊
    သူတစ်ပါးကို ထိခိုက်မှု မရှိရင် ၊ လွတ်လပ်စွာ ရေးသားခွင့် ရှိတယ်လို့ ဆိုထားတော့ကာ ၊
    အဲဒီ စာရေးဆရာ အောင်ရင်ငြိမ်း ကို ၊ အပြစ် ကြီးကြီး သွားတင်လို့လဲ မရပေဘူး ။

    အဓိက ပြဿနာ က ၂ ခုဘဲ ရှိတယ် ။

    ၁ ။ အရွယ် မရောက်သေးတဲ့ ၊ ဆင်ခြင် ဆုံးဖြတ်နိုင်မှု မပြည့်ဝသေးတဲ့ ကလေးသူငယ် တွေ ၊
    မှားယွင်း ဆုံးဖြတ်မိမှာ စိုးရတဲ့အတွက် ၊ ဒီလို စာအုပ်တွေကို မဖတ်ဖြစ်ဖို့ လိုတယ် ။
    အဲဒီလို မဖတ်ဖြစ်ဖို့ အတွက် အစိုးရက ဥပဒေ နှင့် ကာကွယ်ပေးရမယ် ။
    မြန်မာပြည်မှာက အဲဒီလို ဥပဒေ အကာအကွယ် မရှိ / မလုံလောက်သေးဘူး ။

    ၂ ။ လင်ရှိ မယား နှင့် လိင် ဆက်ဆံတဲ့ ကိစ္စ ကတော့ ၊
    ဗုဒ္ဓ ဘုရား ကတော့ ငါးပါး သီလ ထဲမှာ တားမြစ်ထားတာဘဲ ။
    ဒါပေမယ့် ၊ ဒီကိစ္စ ကို ဗုဒ္ဓ ဘုရား က မကြိုက်ပေမယ့်လဲ ၊
    စာရေးဆရာ အောင်ရင်ငြိမ်း က ကြိုက်ခွင့် ရှိနေတာဘဲလေ ။
    ( ဒီကိစ္စ ကို ဘုရား မကြိုက်ရင် ၊ ဘုရား က လိုက်မလုပ်နှင့်လေ ။
    အောင်ရင်ငြိမ်း က ကြိုက်ရင် ၊ အောင်ရင်ငြိမ်း က လုပ်လိမ့်မပေါ့လေ ။
    ဒါလည်း သူ့ရဲ့ ကိုယ်ပိုင် တွေးခေါ် ဆုံးဖြတ် လုပ်ပိုင်ခွင့်ပေဘဲ )
    ( As Long As အောင်ရင်ငြိမ်း နှင့် ဟိုဖက်က အမျိုးသမီး ကျေနပ်ရင် ပြီးတာပါဘဲ )

    အဘတို့ ဩဇီ မှာ ၊ မယားခိုးမှု ဆိုတဲ့ ဥပဒေကို မရှိတာ ။
    ကာမ ရဲ့ ပိုင်ရှင် အစစ်အမှန် ဖြစ်တော်မူတဲ့ အမျိုးသမီး က ၊
    သူကျေနပ်လို့ သူ့ ပစ္စည်းကို သူ ဘယ်သူ့ကိုကျွေးကျွေးပေါ့ ၊
    ဘေးလူက ဘာမှဝင်ပြောနေစရာ အကြောင်းမှ မရှိတာလေ ။

    အဲ ၊ လမ်းမ အလယ်ကောင်ကြီးမှာတော့ မ ကျွေးသင့်ဘူးပေါ့လေ ။
    အဲဒါဆိုရင်တော့ ၊ သူတစ်ပါး ကို အနှောက်အယှက်ဖြစ်စေမပေါ့လေ ။

    ၃ ။ အဲ ၊ တစ်ခုဘဲရှိမယ် ၊ သူ့ အတွေးအခေါ်တွေက သိပ် ရှေ့ရောက်နေတော့ကာ ၊
    လက်ရှိ လူများစု အသိုင်းအဝိုင်း နှင့် လက်ရှိ ဥပဒေတွေ နှင့် အဆင်မပြေလောက်ဘူး ။
    အဲဒီတော့ကာ ၊ လက်ရှိ လူ့ အသိုင်းအဝိုင်း နှင့် ဝေးတဲ့နေရာ ၊
    တောတောင်ထဲမှာ ၊ သွား လုပ် / ရေး ရင်တော့ အဆင်ပြေလောက်မယ် ။

    ခြုံပြောရရင်တော့ ၊
    ထူးပြီး ကန့်ကွက်နေစရာလဲ သိပ်မရှိလှ သလို ၊
    ထူးပြီး ထောက်ခံနေစရာလဲ သိပ်မရှိလှပါဘူးကွယ် ။

    သဗ္ဗေ သတ္တာ ၊ ကမ္မ သကာ ပါဘဲကွယ် ။

  • kogyi mind

    June 22, 2014 at 11:31 am

    မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအခြေခံက တိုးတက်ပြီးသားပါ.. ဒီလိုစာပေမျိုုး ကို လွတ်လပ်စွာ လက်ခံလာကြတယ်ဆိုရင် တိုးတက်တာကနေ ဆုတ်ယုတ်လာပြီ လို့ ယူဆပါတယ်.. သူများနိုင်ငံတွေက မြန်မာနိုင်ငံက ယဉ်ကျေးမှုမတိုးတက်လို့ ဒီစာပေမျိုးတွေကို လက်ခံထားရတာ ဘာများ အားကျစရာလိုလည်း.. ဒီစာမျိုးတွေ ရှိတာနဲ့ မရှိတာ ဘယ်ဟာပိုကောင်းမလည်းဆိုတာလောက်တော့ သိမှာပါ.. ဒီလိုဆို ကောင်းတဲ့ဘက်က ကရပ်တည်ရုံပေါ့.. ဒါကို သူ့အတွေးအခေါ်တွေက သိပ်ရှေ့ရောက်နေတယ်လို့ ပြောလို့မရပါဘူး..ဒီအာရုံမျိုးတွေများပြီးသားမို့ ဘူးလေးရာ ဖရုံဆင့်လုပ်စရာကိုမလိုတာ.. တောက်ပြီးသားမီး ကူငြှိမ်းပေးတာမျိုုးဟာ မီးလောင်ရာလေပင့်လုပ်တာထက် အပုံကြီးကောင်းတယ်.. Maintain ဆိုတာ မပျက်သေးတဲ့အရာကို ကြာရှည်ခံအောင်ထိန်းသိမ်းတာ.. ဘာပဲဖြစ်ဖြစ် ဒီစာပေတွေကို ဆန့်ကျင်တယ်.. ကောင်းကျိုးပြစရာမယ်မယ်ရရမရှိဘူး..ဆိုးကျိုးတွေပဲပိုများတယ်.. သဗ္ဗေ သတ္တာ ၊ ကမ္မ သကာ လို့ပြောရမယ့်အခြေအနေမျိုးမဟုတ်ပါဘူး.. မကောင်းဘူးဆိုရင် အသိစိတ်ရှိရှိတားကန့်ကွက်လိုက်တာ မှန်တဲ့အလုပ်ကိုလုပ်တာပါပဲ..

  • Foreign Resident

    June 22, 2014 at 11:48 am

    kogyi mind says:
    ” သူများနိုင်ငံတွေက မြန်မာနိုင်ငံက ယဉ်ကျေးမှုမတိုးတက်လို့
    ဒီစာပေမျိုးတွေကို လက်ခံထားရတာ ဘာများ အားကျစရာလိုလည်း ”

    အွန် ၊ kogyi mind က ၊
    မြန်မာနိုင်ငံက ယဉ်ကျေးမှု က ၊ သူများနိုင်ငံတွေက ယဉ်ကျေးမှုတွေ ထက် သာတယ်လို့ ၊
    တကယ်ကြီးကို ( တကယ်ကြီးကို ) ယုံကြည်နေတယ်လား ။ အံ့ဩမိရပါတယ် ခင်မျာ ။

    ” ဒီစာမျိုးတွေ ရှိတာနဲ့ မရှိတာ ဘယ်ဟာပိုကောင်းမလည်းဆိုတာလောက်တော့ သိမှာပါ ”

    ပြဿနာ က ၊ ဒီလို စာမျိုးတွေ ရှိတာနဲ့ မရှိတာ ဘယ်ဟာပိုကောင်း မလည်း ဆိုတာကို ၊
    ကျနော်လဲ သေချာ မဆုံးဖြတ်နိုင်သေးဘူးဗျ ။

    ဒီလို စာမျိုးတွေ ရှိတာ မှာလည်း ကောင်းချက်တွေ သေချာပေါက် ( သေချာပေါက် ) ရှိနေနိုင်သလို ။
    ဒီလို စာမျိုးတွေ မ ရှိတာ မှာလည်း ကောင်းချက်တွေ သေချာပေါက် ရှိနေနိုင်တာဘဲလေ ။

    တစ်ဦး နှင့် တစ်ဦး ကတော့ အတွေးအမြင်တွေ ကွဲပြားကြလိမ့်မပေါ့ ။
    လွတ်လပ်စွာ ကွဲလွဲခွင့် ရှိပါတယ်လေ ။

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    June 22, 2014 at 11:59 am

    ဒီလိုစာမျိုးတွေရှိတာ ကောင်းချက် သေချာပေါက်ရှိနေနိုင်သလို …………
    Foreign Resident က အက်ဒမင်လား
    ဒီလိုစာတွေ ကောင်းလို့လက်ခံတယ်ဆို ကျုပ်ရေးမယ်
    ၂၄ နာရီအတွင်း အကြောင်းပြန်ပါ
    ငြိမ်နေရင် သဘောတူတယ်လို့ မှတ်ယူပြီး ဒီဝဘ်ဆိုက်မှာရေးပေးမယ်

    • Foreign Resident

      June 22, 2014 at 12:17 pm

      သီဟသူရ ညောင်ရမ်းဂျီးထူ says:
      ” Foreign Resident က အက်ဒမင်လား
      ဒီလိုစာတွေ ကောင်းလို့ လက်ခံတယ်ဆို ကျုပ်ရေးမယ် ”

      အွန် ။
      ၁ ။ ကျနော် က ဒီ Site ရဲ့ Admin မ ဟုတ်ရပါ ( မ ဟုတ်ရပါ ) ဗျာ ။
      ကျနော့်ရဲ့ Liberal ဆန်ဆန် အမြင်လေးတွေကို ရေးပြတာပါ ခမျ ။

      ၂ ။ ဒီ Site မှာ ဒီလို စာမျိုးတွေ လက်ခံ မခံ ကတော့ ၊
      ဒီ Site ရဲ့ ပိုင်ရှင် / တည်ထောင်သူ ရဲ့ ၊
      Policy နှင့် ဦးတည်ချက် ပေါ်မှာ မူတည်ပေလိမ့်မပေါ့ ။
      ( ကျနော် Foreign Resident နှင့် မ ဆိုင် / မပါတ်သက်လှပါ ခမျ )

      ၃ ။ အ ဟိ ဟိ ဟိ ၊ ကျနော် Foreign Resident ရဲ့ ၊
      တစ်သီး ပုဂ္ဂလ ခံစားချက်ကို ပြောရမယ် ဆိုရင်တော့ဖြင့် ၊
      ဒါမျိုးတွေများ ၊ အင်တာနက်ပေါ်မှာ ဗွက်ပေါက်အောင် များလွန်းလို့ ၊
      ရိုးဟိုးဟိုး နေတာက တစ်ကြောင်း ၊ အသက်အရွယ်အရလဲ ၊
      သိပ်စိတ်မဝင်စားတော့သဖြင့် လည်းကောင်း ၊
      အဲလိုမျိုး စာတွေ / Web Site တွေ လှည့်ကို မကြည့်ဖြစ်တော့တာ ၊ ကြာပေါ့ ။
      ( အဲ ဒါပေမယ့် ၊ စာတွေ့ မဟုတ်ဘဲ ၊ လက်တွေ့လေးဆိုရင်တော့ ၊ ဟီ ဟိ )

      • ဇီဇီ

        June 22, 2014 at 12:25 pm

        အာဗျာ။
        ကျုပ် အဘဖောနဲ့တော့ ခက်ကပြီ။
        တဂျီး နဲ့ အဘကို တော့ အရေထူတဲ့ နေရာမှာ အလေးစားဆုံးပဲ :mrgreenn:
        အတွေးအခေါ်က နောက်မှ… :mrgreenn:

        အဟတ်ဟတ်။ (ချင်းချင်းမို့ နောက်တာနော်)
        😀

        ကျနော်ထင်တာတော့ ကျနော်တို့ဆီမှာ ….
        လွတ်လပ်စွာကွဲလွဲခွင့်တွေ ဘာတွေပြောရလောက်အောင်….
        နောက်ပြီး တခြားနိုင်ငံတွေလို ဟိုသာသတ်သတ် ဒီဟာသတ်သတ်ခွဲတတ်ရမှာပဲလို့ ဆိုရလောက်အောင်….
        ဘယ်နေရာမဆို ကောင်းကျိုးနဲ့ ဆိုးကျိုးတွဲပါနေကြောင်း မြင်တတ်ရလောက်အောင်တော့
        အတွေ့အကြုံရော အတွေးအခေါ်ရော လွှတ်ပေးလို့ကို လုံးးးးးးဝ လုံးးးးးဝ မရသေးတာမို့
        ဒီလို စာအုပ်၊ဒီလို ရုပ်ရှင်မျိုး ထွက်လာတာကိုကန့်ကွက်နေရဦးမှာပဲ။

        ဒီကိစ္စက ပြည့်တန်ဆာ လုပ်ငန်း တရားဝင်ရေးမဝင်ရေးနဲ့ မတူဖူးလို့ ထင်တယ်။
        :hint:

        မကောင်းမှုပါလို့ မိရိုးဖလာလက်ခံထားတွေတောင် ခိုးလုပ်ရတာတောင် ဂလောက်ရှုပ်ပွေနေတာ တရားဝင်ဟေ့ ဆိုရင် ပိုပိုဆိုးလာမဲ့ အမျိုးပါ အဘရာ။
        ဘယ်လိုပဲ ပြောင်းလဲ စေချင်တယ်ပြောပြော။
        ဒီလို ပြောင်းလဲမှုမျိုးတော့ ဥပဒေ တို့ အပြစ်ပေး ဒဏ်ပေးစံနစ်တို့ မခိုင်မာပဲ မဖြစ်စေချင်တာပါ။
        :hint:

  • kogyi mind

    June 22, 2014 at 12:02 pm

    သိပ်သာတာပေါ့ခင်ဗျာ.. Maintain မရှိလို့ပျက်စီးနေတာပါ..အခုလည်း ပိုယိုယွင်းလာနေဆဲပါပဲ..ဒီစာအုပ်ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို သူတပြန်ကိုယ်တပြန် ရေးပြချင်စမ်းပါဘိတယ်.. ကျွန်တော်ကတော့ ဆိုးကျိုးဘက်ကနေ ရေးမယ်ဗျာ..ကိုဖောရိန်းက ကောင်းကျိုးဘက်ကနေရေး.. လူတွေဖတ်ရတာပေါ့..

  • kogyi mind

    June 22, 2014 at 12:06 pm

    ဒီကိတ်စက မှားတယ်မှန်တယ် တောင်စဉ်းစားစရာတောင်မလိုပါဘူး.. ကျွန်တော်တို့ဟာ ဗုဒ္ဓဘာသာယဉ်ကျေးမှုအခြေခံနဲ့ အားလုံးရဲ့ ထိပ်မှာ ရှိပြီးသားပါ..ဒါကို ခေတ်နောက်ကျတယ်လို့ ပြောရင် လူမိုက်ရင်လည်းဖြစ်၊ အကောင်းအဆိုးနားမလည်တဲ့ နလပိန်းရင်လည်းဖြစ်.. အဲဒီနှစ်ခုတည်းက တစ်ခုပါပဲ.. ဘယ်နှယ့်ဗျာ.. ဒီစာမျိုးရေးတာကိုပဲ ခေတ်မှီပွင့်လင်းရတယ်လို့..အရှင်ဇနကာဘိဝံသပြောသလို ယဉ်ကျေးမှုဟာ ခေတ်နောက်သမျှကျနိုင်ရမှာ ဖြစ်ပြီး အတွေးအခေါ်ကတော့ ခေတ်ရှေ့ပြေးနိုင်သမျှ ပြေးရမယ် ဆိုတဲ့ မိန့်တော်မူချက်ကို သတိရမိတယ်..ဒါဟာ အတွေးအခေါ်ခေတ်ရှေ့ပြေးတာမှ မဟုတ်ပဲဗျ.. ရှက်သင့်ရှက်ထိုက်တာကို မရှက်မကြောက်လုပ်ဝံ့တဲ့ ဗာလာနသတ္တိ (မိုက်ရူးရဲ) စိတ်တစ်မျိုးပါပဲ..ပိုက်ဆံလိုချင်လို့ ရေးတယ်ဆိုရင် တောင်ဝန်ခံဝံ့လို့ ချိုးကျူ းရသေးတယ်.. ဖောက်ထွက်တွေးတယ်၊ ရေးတယ်ဆိုတဲ့ ဆင်ခြေကို ဆောရီးပဲ.. အင်တာနက်မှာ ကလစ်တစ်ချက်ထောက်ရုံနဲ့ မမြင်ချင်အဆုံးတွေ့နေရတာတွေကိုများ တကူးတကဗျာ..ခြင်ထောင်ထဲက လုပ်ရပ်ကို လူတစ်ကာသိအောင် တစ်တစ်ခွခွရေးပြတာ ဘာကောင်းသလည်း.. ကိုကြီးမိုင်းကို ခေတ်မမှီဘူးလို့တော့မပြောနဲ့..ခေတ်ကို ဘယ်လိုမှီရမလည်းဆိုတာ ကောင်းကောင်းသိတယ်.. အတွေးအခေါ်ပွင့်လင်းရဲတင်းတာနဲ့ တလွဲတချော်တွေးတာက တခြားစီပဲ..

    • Foreign Resident

      June 22, 2014 at 12:25 pm

      kogyi mind says:
      ” ဒါကို ခေတ်နောက်ကျတယ်လို့ ပြောရင် လူမိုက်ရင်လည်းဖြစ်၊
      အကောင်းအဆိုးနားမလည်တဲ့ နလပိန်းရင်လည်းဖြစ်..
      အဲဒီနှစ်ခုတည်းက တစ်ခုပါပဲ ”

      အင်းးးးး ။
      kogyi mind နှင့် သဘောထား မ တူရင်ဘဲ ၊
      လူမိုက် တွေ ၊ နလပိန်းတုံး တွေ ဖြစ်ကြပြီပေါ့ ။
      တစ်ခြား ရွေးစရာလေးတောင် မပေးတော့ဘူးလား ။

      အဲလို ၊ ပြတ်သားတဲ့ တွေးပုံ ခေါ်ပုံလေးတော့ ကြိုက်သဗျာ ။

  • alinsett (gazette)

    June 22, 2014 at 12:09 pm

    ရေးချင်တဲ့လူရေး
    ဖတ်ချင်တဲ့လူ ဖတ်
    အဲဒီအထိ ညီတော်အလင်းဆက်က အေးဆေး

    တစ်ခုပဲ
    အဲဒီလိုစာပေမျိုးကို ရသစာပေစင်မြင့်ပေါ်တော့ ရော မတင်လေနဲ့
    ရသ သုတ စာပေအိမ်ဦးခန်းမှာ နေရာပေးလိုက်မှာကိုတော့ ကန့်ကွက်မယ်။ မတင့်တယ်ဘူးဗျ။
    အဲဒီလိုစာအုပ်မျိုးက ပန်းဆိုးတန်းက ကြိတ်ပုန်းရောင်းတဲ့ ဘာညာစာအုပ်အဆင့်နဲ့သာ တန်းတူထားပေးနိုင်မယ်။
    ရေးချင်တဲ့သူရေး
    ရသစာပေဖန်တီးသူတွေရဲ့ စာရင်းထဲ မသွင်းနိုင်ဘူး။

    ဖတ်ချင်တဲ့သူဖတ်
    ရသစာပေချစ်သူ စာချစ်သူ စာဖတ်ပရိသတ်စာရင်းထဲ မသွင်းနိုင်ဘူး။

    ဒါက ညီတော့် သဘောထားလေးပါ။

    😆

  • Foreign Resident

    June 22, 2014 at 1:32 pm

    စာ ကြမ်းပိုး says:
    ” ဒီဘက်လည်း လာဆွေးနွေးပေးစေလိုပါတယ် ခင်ဗျား ”
    —http://myanmargazette.net/199327—

    ကျေးဇူးဘဲ ၊ စာ ကြမ်းပိုး ရေ ။
    အခုလေးတင်မှ တင်လိုက်တဲ့ Post ပေဘဲကိုး ။
    အဲဒီ Post လေး ဖတ်လိုက်မှဘဲ ၊ အဖြစ်အပျက်က ပိုထင်ရှားလာပေသကိုး ။

    ကျေးဇူးရှင် က ၊ အပြာစာအုပ်လောက် နီးနီး ကို ရေးထားပေသကိုး ။

    အကြမ်းဖျင်း ပြောရရင်တော့ ၊ ကျနော့် သဘောထားက ၊
    ကို ချိုတူးဇော် ရဲ့ သဘောထား နှင့် ကိုက်ညီပါတယ် ။

    ကို ချိုတူးဇော် လိုပါဘဲ ၊ ဒီလောက် ဖတ်လိုက်ရပြီ ဆိုရင်ကိုဘဲ ၊
    ကျနော့် အနေနှင့် ၊ ဒီစာအုပ် အမျိုးအစားတွေကို မကြိုက်လှသဖြင့်သော် ၎င်း ၊
    အသက်အရွယ် အတွေ့အကြုံ အရလဲ ရိုးသွား အီသွားပြီ ဖြစ်သဖြင့် ၎င်း ၊
    ဝယ်ယူ / ငှားရမ်း ဖါတ်ဖြစ်တော့မှာ ၊ မဟုတ်ပါ ခမျ ။

    ဒါပေမယ့် ၊ ” အပြာစာအုပ် ” ဖြစ်နေတယ် ဆိုရင်တောင်မှ ၊
    အကျိုးပြုမှု ( or ) ဖျော်ဖြေမှု တစ်ခုခု ကို ပေးတယ်လို့ ယူဆမိပါတယ် ။
    ဒါကြောင့်လည်း နိုင်ငံတကာမှာ ထုတ်ဝေခွင့်ပေးရ ၊ လက်ခံထားရပေသကိုး ။
    ( ဖျောက်ဖျက်လို့လဲ ပျောက်ပျက်သွားပေမယ့် အရာမှ မဟုတ်ပေဘဲလေ )
    ( အဲဒီတော့ကာ မပျောက်မယ့်အတူတူ စည်းစံနစ်ကျအောင် လုပ်ရပေမပေါ့ )

    ဇီဇီ says:
    ” အာဗျာ။ ကျုပ် အဘဖောနဲ့တော့ ခက်ကပြီ။
    တဂျီး နဲ့ အဘကို တော့ အရေထူတဲ့ နေရာမှာ အလေးစားဆုံးပဲ ”

    kogyi mind says:
    ” ဒီစာအုပ်ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို သူတပြန်ကိုယ်တပြန် ရေးပြချင်စမ်းပါဘိတယ်..
    ကျွန်တော်ကတော့ ဆိုးကျိုးဘက်ကနေ ရေးမယ်ဗျာ..ကိုဖောရိန်းက ကောင်းကျိုးဘက်ကနေရေး. ”

    ဟဲ ဟဲ ၊ အဲဒီ စာအုပ်ကြီးလဲ မဖတ်ရသေးပါဘူး ။
    သေသေချာချာ မဖတ်ရသေးဘဲနှင့် ၊ ဘယ်လို ငြင်းကြမတုံးဗျ ။

    နောက်ပြီးတော့ ၊ ကျနော်က ဒီ စာအုပ် / ဒီ အယူအဆ ကို ၊
    ထောက်ခံနေတာလဲ မ ဟုတ်ဘူးလေဗျာ ။

    US ၊ ဩဇီ စသဖြင့်သော ၊
    ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး အစစ် အမှန် ( အစစ် အမှန် ) ရတဲ့ တိုင်းပြည်တွေမှာ ၊
    ထွန်းကားတဲ့ Liberal အတွေးအခေါ် ရဲ့ ကြောင်းကျိုး ဆင်ခြင်ပုံ နှင့် တွေးပြပါသဗျ ။

    ကျနော့် ရဲ့ တစ်သီး ပုဂ္ဂလ ခံစားချက် အရဆို ဒီ စာအုပ် ကို စိတ်ကို မဝင်စားပါဘူး ။
    ဒါကြောင့် သိပ်ပြီးတော့ ထူးပြီး ၊ ထောက်လဲ မ ထောက်ခံ ၊
    ကန့်လည်း မ ကန့်ကွက် လှပါဘူး ။

    ဒါပေမယ့် ( ဒါပေမယ့် ) ကျနော်ကတော့ ၊
    ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး အစစ် အမှန် ( အစစ် အမှန် ) ကို ၊
    ချစ် လဲ ချစ်မြတ်နိုး ၊ ယုံ လဲ ယုံကြည်သူ ဖြစ်တော့ကာ ၊
    Voltaire ဗေါ်လတဲယား ပြောခဲ့တဲ့ စကားကိုဘဲ ပြန်ကိုးကားပါတယ် ။

    ” I do not agree with what you have to say,
    but I’ll defend to the death your right to say it ”
    Voltaire

    ” မင်း ပြောတဲ့ စကား / အယူအဆ ကို ငါ သဘောမတူဘူး ။
    ဒါပေမယ့် ၊ မင်း ( အဲဒီ အယူအဆ ကို ) ပြောဆို ရေးသားခွင့် ရှိစေဖို့ အတွက် ၊
    ငါ့ ရဲ့ အသက် ကို ပေးပြီး ကာကွယ်ပေးသွားမယ် ”
    ( ဗေါ်လတဲယား )

    ကျုပ် ရဲ့ ဆိုလိုရင်း ကလဲ ၊ ဒါပါဘဲ ခမျ ။

    ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး အစစ် အမှန် ( အစစ် အမှန် ) ကို ၊
    မှန်မှန် ကန်ကန် နားလည်ကြ စေချင်ပါတယ် ခမျ ။

    ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး အစစ် အမှန် ( အစစ် အမှန် ) ကိုမှ ၊
    ယုံကြည် ချစ်မြတ်နိုးသူ ( Foreign Resident ) ။

  • အရီးခင်

    June 22, 2014 at 1:56 pm

    ကိုယ့်စာဟာ ကိုယ့်တန်ဖိုးပါဘဲ။
    ကိုယ့်တန်ဖိုး ကို ဖော်ပြနေတဲ့ ဒီလို စာတွေ ကို မရှိရလို့ တားမရပါဘူး။
    ရှိချင်ရှိပါ။
    ဒါပေမဲ့
    လူမြင်ကွင်းမှာ မရှိစေရ။

  • TNA

    June 22, 2014 at 5:31 pm

    အင်းဒလိုစအုပ်တွေက ရှိနေရမဲ့စာအုပ်တွေပါ။ လူတစုအတွက်ပေါ့။ သို့သော်အရီးပြောသလိုပဲ လူမြင်ကွင်းမှာတော့မရှိသင့်ဘူးပေါ့။ တရားဝင်ရိုက်နှိပ်ဖြန့်ချီပြီး လက်မခံတဲ့သူတွေကပဲ အမြင်ကျဉ်းပြီး ခေတ်နောက်ကျနေတယ်ဆိုတဲ့ မှတ်ချက်တွေကတော့ တမျိုးပဲ။ ဒီကိတ်စဟာ သိသာသိစေ မမြင်စေနဲ့ဆိုတဲ့အထဲမှာပါသမို့ တရားဝင်ဖြန့်ချီတာဟာဖြင့် စော်ကားခြင်းတမျိုးလို့ထင်မိပါတယ်။

  • Foreign Resident

    June 24, 2014 at 5:42 am

    ကျနော့်ခမျာလဲ ဟိုဘက် Post ရော ၊ ဒီဘက် Post ရော မန့်နေတော့ ၊
    မန့်တွေက တစ်ပိုင်းစီ အဆက်အစပ် မရှိသလို ဖြစ်နေတယ် ။

    အဲဒီတော့ ဟိုဘက် Post ” ခင်ဗျားတို့ ထမင်းတွေဖြူရဲ့လား (အောင်ရင်ငြိမ်း) ”
    ထဲက မန့်လေးကို ဒီဘက် ယူလာပါတယ် ။

    Foreign Resident says:
    ” ၁ ။ အရွယ် မရောက်သေးတဲ့ ၊ ဆင်ခြင် ဆုံးဖြတ်နိုင်မှု မပြည့်ဝသေးတဲ့ ကလေးသူငယ် တွေ ၊
    မှားယွင်း ဆုံးဖြတ်မိမှာ စိုးရတဲ့အတွက် ၊ ဒီလို စာအုပ်တွေကို မဖတ်ဖြစ်ဖို့ လိုတယ် ။
    အဲဒီလို မဖတ်ဖြစ်ဖို့ အတွက် အစိုးရက ဥပဒေ နှင့် ကာကွယ်ပေးရမယ် ။
    မြန်မာပြည်မှာက အဲဒီလို ဥပဒေ အကာအကွယ် မရှိ / မလုံလောက်သေးဘူး ။ ”

    ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး အစစ် အမှန် ( အစစ် အမှန် ) မူစံတွေ အရ အရ ၊
    စာရေးဆရာ အောင်ရင်ငြိမ်း က ၊ ဒီစာကို ရေးသားခွင့် / ထုတ်ဝေခွင့် ရှိပါတယ် ။
    သူ့ ရဲ့ လုပ်ရပ်တွေထဲမှာ မ တရားမှု တစ်ခုမှ မတွေ့သေးဘူး ။
    ( ဒီစာဟာ ကောင်းတယ် ၊ မကောင်းဘူး နှင့် မဆိုင်သေးဘူး နော် )

    အဲ ၊ အောင်ရင်ငြိမ်း ရေးတဲ့ ဒီစာ ကို ၊ မမြင်သင့် မမြင်ထိုက်တဲ့ ၊
    ကလေးသူငယ် တွေ မ မြင်မိစေဖို့က ၊ အစိုးရ နှင့် ဥပဒေ ရဲ့ တာဝန်ပါ ။

    အဲဒီမှာ ခက်တာ ( ၂ ) ချက် ပေါ်လာတယ် ။

    ၁ ။ ပထမ ၊ မြန်မာပြည်မှာ လက်ရှိ ရှိနေတဲ့ ဥပဒေ တွေက မပြည့်စုံသေးဘူး ။

    ၂ ။ အရီးခင် says:
    ” လူအများစုမှ ပြဌာန်းသည့် ဥပဒေ ကို မကြိုက်သော်လည်း လိုက်နာရမည် ”

    ဒုတိယ ပြဿနာက မြန်မာပြည်မှာ လက်ရှိ ရှိနေတဲ့ ဥပဒေ တွေက ၊
    လူ အများစု ( လူ အများစု ) က ပြဌာန်း ထားတာ မဟုတ်ပြန်ဘူး ။
    နောက် တစ်ခုက ဥပဒေကို လူ အများစု က ပြဌာန်းသည် ဆိုသည့်တိုင်အောင် ၊
    လူနည်းစု တွေရဲ့ အခြေခံ ရပိုင်ခွင့်တွေကို မထိပါးသင့်ဘူး ။

    အခု အဖြစ်အပျက်ကို ၊ နောက်ဆုံး သုံးသပ်ရရင်တော့ ၊
    စာရေးဆရာ အောင်ရင်ငြိမ်း ၊ ဒီစာကို ရေးတဲ့အချိန် နဲနဲ စောနေတယ် ။
    သူ့စာတွေကို လက်ခံဖို့က ၊ မြန်မာနိုင်ငံသားတွေ အဆင်သင့် မဖြစ်သေးဘူး ။
    ဒါပါဘဲ ။

    ဟဲ ဟဲ ၊ ကြုံတုန်းလေး ၊
    အဘ ရဲ့ ” စဉ်းစားကြစေလိုပါတယ် ( ၅ဝ ) ( ရုရှ စကား ပြောသင့်တယ် ဆိုပဲ ) ” ထဲက ၊
    စာသားလေးကို သတိရလို့ ပြန်တင်ပေးလိုက်ပါတယ် ။

    ” ကျနော်တို့ကော ၊ ဒီမိုကရေစီ နှင့် လူ့ အခွင့်အရေး ကို တကယ် လိုချင်ကြသလားဟင် ။
    ဟဲ ဟဲ ၊ အဘ သိပါတယ် ၊ မလိုချင်ကြပါဘူး ။

    ဒီမိုကရေစီ – ထဲက ကိုယ်သာမယ့် အချက်လေးတွေကိုပဲ ကွက်ယူပြီး ၊
    ကိုယ်နာမယ့် အချက်လေးတွေကိုတော့ဖြင့် မလိုချင်ဘူး ၊ မဟုတ်လား ။
    လူ့ အခွင့်အရေး – ဆိုရင်လဲ ၊ ကိုယ်သာ အပြည့်လိုချင်ပြီး ၊
    သူများ ကိုတော့ အပြည့် မပေးချင်ဘူး ၊ မဟုတ်လား ။
    ဟဲ ဟဲ ဟဲ ၊ ရမှာပါ ။ ရအုံးမှာပါ ။ ”

    ” I do not agree with what you have to say,
    but I’ll defend to the death your right to say it ”
    Voltaire

    ” မင်း ပြောတဲ့ စကား / အယူအဆ ကို ငါ သဘောမတူဘူး ။
    ဒါပေမယ့် ၊ မင်း ( အဲဒီ အယူအဆ ကို ) ပြောဆို ရေးသားခွင့် ရှိစေဖို့ အတွက် ၊
    ငါ့ ရဲ့ အသက် ကို ပေးပြီး ကာကွယ်ပေးသွားမယ် ”
    ( ဗေါ်လတဲယား )

    😛

  • ဦးကျောက်ခဲ

    June 24, 2014 at 10:19 am

    အဟတ်… မနေနိုင်လို့ ဓားခုတ်ရာ ဇက်ဝင်ယားရရင်…
    ဘောင်းဘီချွတ် စစ်အစိုးရက ဒီမိုကရေစီလို့ လေလည်ပြလိုက်တာ…
    ရွှေကိုကို ရွှေမမ ရွှေဂျီပုန်းများက လူ့အခွင့်အရေးဆိုပြီး တန်းစီထွက်တော့ပဲ…
    ပြန်တွက်ကြည့်ရင်…
    – နေ့စားခနဲ့ ဆန္ဒပြတယ်
    – ဂျီပုန်းတွေ ပေါ်ပေါ်ထင်ထင် မင်္ဂလာဆောင်တယ်
    – အခု အပြာစာအုပ် ပေါ်တင်ထုတ်တယ်
    တိုင်းပြည်အတွက် ဘာများအကျိုးရှိတာ ဘာတွေပါ ပါသလဲ…
    ဂျပန်ခေတ် လမ်းမပေါ် ဆေးရိုးလှမ်းတာထက်တောင် ဆိုးသေးတယ်…
    နာလိုခံခက် အမြင်ကပ်ပေမည့် ဂွဇက်သဂျီး အလုံး ယူသုံးလိုက်ဦးမယ်…
    “အနှစ် တစ်ထောင် ကျိန်စာ”
    မှတ်ချက်… ဘာသာရေးကို လာဆွဲမထည့်ရ… ဘာမှမဆိုင်…
    😀

  • တိမ်မည်း

    June 24, 2014 at 10:39 am

    လွတ်လပ်တယ်ဆိုတာ လိင် မှူ ပွင့်လင်းတယ်ဆိုတာ မဟုတ်ပေမယ့်….
    အပြင်မှာ ဖြစ်နေတာတွေက အကုန်လုံးသိနေတာပဲ… ဥပမာ နာမည်ကြီး အောင်လ ကို ရှုုလော့…
    ဒါဟာ လူငယ်တွေကို လမ်းပြလိုက်တာပဲ… LT ဆိုတာ အမှန်ဆိုပီး….

    လစ်ဘရယ်မှ အမှန်လား ကွန်ဆာဗေးတစ်က အမှန်လား… တကယ်တော့ အားလုံးက သူ ့ဟာ သူ မှန် ကြပါတယ်…

    ပတ်ဝန်းကျင်နဲ ့ သဟဇာတ ဖြစ်မဖြစ်ကို ထိန်းသိမ်းရမှာက ဥပဒေ တာဝန်ပါ….

    အလုပ်မလုပ်တာက ဥပဒေတွေပါ…. တကယ်ဆို ထွက်နေတဲ့ မြန်မာကားတွေမှာလည်း မိသားစု မကြည့်သင့်တဲ့ ကားတွေ ပါနေပါပီ….
    အခုထိ သတ်မှတ်ချက် မထွက်သေးပါဖူး… ဒါပေမယ့် ကားတွေကတော့ ဆက်ထွက်နေတုန်း….

    အောင်ရင်ငြိမ်း အပြာ စာအုပ် က ဆိုးကောင်းဆိုးမယ် (မဖတ်ကြည့်ရသေးပါဖူး)…. ဒါပေမယ့် အပြင်မှာ ဖြစ်နေတာတွေ… ဖောက်ပြန်တဲ့ ဇာတ်လမ်းတွေက ဒီထက် ဆိုးတာ တွေ ရှိမယ်လို ့ယုံတယ်….

    ပြစ်မှူ ဆိုင်ရာ ထင်ရှားရင် ဖမ်းခွင့်ရှိပါတယ်…. အခုထိ တော့ အောင်ရင်ငြိမ်း လည်း အဖမ်းမခံရသေးသလို… စာအုပ်တွေ လည်း ဆက်ရောင်းနေတုန်း….

    အလုပ် မလုပ်တာ ဘယ်သူတွေလဲဟင်…..
    အပြင်မှာ ဖြန် ့ခွင့်ပြုထားတာ ဘယ်သူတွေ လဲ……

  • သီဟသူရ ညောင်ရမ်းဂျီးထူ

    June 24, 2014 at 1:37 pm

    စာရေးဆရာ နေနော်၏သဘောထား >>>

    ပြန်ကြားရေးနဲ့စာရေးဆရာ
    အသင်းတွေက တစ်ခုခု
    မလုပ်ဘူးဆိုရင်တော့
    ကျွန်တော်တို့ စာရေးဆရာတွေ
    စုပြီးတစ်ခုခုလုပ ်ရပါလိမ့်မယ်

Leave a Reply