ပူးချည် ခံလိုက်ရခြင်း …

alinsettJune 23, 20141min1148

 

 

 

0

 

 

ပူးချည်ခံလိုက်ရတဲ့ အနာဂတ်နဲ့ ပစ္စုပ္ပန်

————

# ပြီးသွားခဲ့ပြီ. . .
  အရုပ်ကြိုးပျက်ကျသွားသလိုမျိုး
   ညနေတွေဟာ မနက်ခင်းရဲ့လက်ထဲက. .
   လွတ်ကျ ပုံလဲ လို့. . .

# ကိုယ်ထူကိုယ်ထဆိုတာလည်း
  လက်မဲ့ခြေမဲ့တွေအတွက်တော့ အပိုပဲ
   လက်ပျောက်ခြေပျောက်တွေ
   နှလုံးသွေးနဲ့ ကဗျာရေးရုံကလွဲလို့. . .
   ပြီးသွားခဲ့ပြီပဲ. . .

# ကြယ်တွေ ကြယ်တွေ
   ဖူးတချို့ ဝေတချို့. . .
   ပွင့်တချို့ ကြွေတချို့နဲ့ . . .
   ဟောဟိုက ခပ်ရို့ရို့ကောင်းကင်ပေါ်က
   မျက်ရည်စက်လက်တွေလည်း ရွာကျနေပြီ. . .
   မနက်ဖြန်တွေ ခါးလိမ့်မယ်ဆိုတဲ့သဘောနဲ့. . .

# ဘယ်သူကများ အလံထူခဲ့ပါလိမ့်. . .
   သတ္တိခဲတွေရဲ့ ရှုံးနိမ့်မှ ု ဟာ
   လေထဲမှာ တလူလူလွင့်လို့. . .
   ဒါကိုပဲ  . . .
   အရုပ်တွေ ကြိုးပြန်ဆက်လိုက်နိုင်သလိုမျိုး

စူးနင့်နာကျင်စွာ ကျေနပ်နေကြရသေး. . .။  ။

—————–

သူရ

2 / 6 / 2014 / 10 : 35 /

 

8 comments

  • kyeemite

    June 23, 2014 at 10:53 am

    “ အရုပ်ကြိုးပျက်ကျသွားသလိုမျိုး”
    မှာ…“ပြတ်” ဟုတ်ဖူးလား

    • alinsett (gazette)

      June 23, 2014 at 1:25 pm

      ပြတ် က ပြတ်တောက်တာ
      ပျက် က ပျက်စီးတာ
      အဓိပ္ပာယ်က သိပ်မကွာပေမယ့်
      ဟုတ်တယ် ဒီနေရာမှာ ကြိုး ကို ပြတ် နဲ့ပဲ ပြတ်ရမှာ
      ကျွန်တော့် သတ်ပုံအမှားပါ ဦးကြီးရေ
      ထောက်ပြပေးတဲ့အတွက် ကျေးဇူး အထူးး ပါခင်ဗျ

      😆

  • kyeemite

    June 23, 2014 at 1:57 pm

    အိုကေပါကွာ..ကဗျာလေးလှရက်နဲ့…အဲ့ဒါလေးကြောင့် ခိုးလိုးခုလု ဖြစ်နေမစိုးလို့ပါ 😆

  • နောင် ရိုး

    June 24, 2014 at 2:19 pm

    ညနေတွေဟာ မနက်ခင်းရဲ့လက်ထဲက. .
    လွတ်ကျ ပုံလဲ လို့. . .
    :
    :
    သဘောကျတယ်ဗျာ….တွေးပုံလေး မိုက်တယ်…

Leave a Reply