ရွှေအကြောင်းသိကောင်းစရာ(၂၃)

ရွှေအရှုံးအမြတ် ကစားတာ on line မှာလဲရှိပါတယ် နိုင်ငံခြားက ဖွင့်ထားတဲ့ web site တွေမှာပါ
igmarkets.com မှာကစားတာများပါတယ်

အဲဒါကတော့
မြန်မာ့ဈေးနဲ့ မဆိုင်တော့ပါဘူး ကမ္ဘာ့ဈေး အတက်အကျပေါ်မှာကစားတာပါ နိုင်ငံခြားမှာ လူခံရှိတဲ့လူမှ ကစားလို့ရတာပါ

လူခံမရှိတော့လဲ ရှိတဲ့လူဆီ အကူအညီတောင်းပြီး ကစားကြတာပါပဲ

သူ့ရဲ့
rules and regulations တွေသိချင်ရင်တော့ net ထဲမှာ
အသေးစိတ် ဝင်ဖတ်ကြည့်လို့ရပါတယ်

အဲဒါက အရှုံးအမြတ် ပိုကြမ်းတယ် များများကစားတဲ့လူဆို သိန်းကို ရာဂဏန်း ထောင်ဂဏန်း အထိအရှုံးအမြတ်ရှိတယ်

ရွှေအကြောင်းသိကောင်းစရာ(၂၄)

ရွှေတုံးရဲ့တံဆိပ်တွေ အကြောင်း အမှတ်(၇) မှာပြောခဲ့တုန်းက ‘ မန်းကြား ‘ နဲ့ ‘ မော်ကြား ‘ ဆိုတဲ့ အခေါ်အဝေါ် နှစ်ခုအကြောင်း ကျန်ခဲ့တယ်

မော်ကြားဆိုတာက မော်လမြိုင်ကလာတဲ့ အခေါက်ရွှေပါ
တံဆိပ်မျိုးစုံရှိတယ် သူ့ရဲ့ density က 19.2 လောက်ရှိတယ် အကယ်ဒမီ ဈေးနဲ့ဆိုရင် တစ်ကျပ်သားကို
2000 ကနေ 4000 လောက်အထိကွာတတ်တယ်

‘ မန်းကြား ‘ ဆိုတာက မန္တလေးကလာတဲ့ အခေါက်ရွှေပါ
သူလဲတံဆိပ်မျိုးစုံရှိတယ် density က 19.25 ဝန်းကျင်ရှိတယ် သူလဲ အကယ်ဒမီ ထက် တစ်ကျပ်သားကို 1000 ကနေ 3000 လောက်အထိ ဈေးလျော့တတ်ပါတယ်

အဲဒီပစ္စည်းတွေက
အရောင်းအဝယ် ဈေးကွက်မှာ မတွေ့ရဘူး အလဲအထပ် ဈေးကွက်မှာပဲ တွေ့ရတယ် အလဲအထပ် ဈေးကွက်အကြောင်း နောက်မှရေးပါဦးမယ်

About Zaw Aung

Zaw Aung has written 48 post in this Website..