သမ္မတရုံးအကြံပေး ဦးအံ့မောင်ကို ဖမ်းဆီးထိန်းသိမ်း

Mee WahJune 23, 20141min1527

နိုင်ငံတော်သမ္မတရုံးအကြံပေး ဦးအံ့မောင်ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက မနေ့ညက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ နေပြည်တော် အသိုင်းအဝိုင်းက သိရပါတယ်။
ဦးအံ့မောင်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ကိစ္စဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အဖမ်းခံထားရတဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကိစ္စနဲ့ ဆက်စပ်နေတယ်လို့လည်း သိရပါတယ်။

အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်သူ ၉ဦးရှိပြီး အဲဒီလူပုဂ္ဂိုလ်တွေအားလုံးကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက ဆက်လက် အရေးယူသွားမယ်လို့လည်း သိရပါတယ်။

RFA

 

အပြစ်ရှိသူတွေရှိသလို အရေးယူခံရပြီး အပြစ်မရှိသူတွေ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ….

7 comments

  • kyeemite

    June 23, 2014 at 11:23 am

    မကောင်းသူဖယ်
    ကောင်းသူကယ်
    ဝမ်းသာစရာကွယ်

  • TNA

    June 23, 2014 at 11:42 am

    တကယ်ဆိုရင်တော့ ဝမ်းသာစရာပါ။

  • ခင် ခ

    June 23, 2014 at 11:49 am

    ငါးလိုချင်ရင် ငါးစာတော့ ထိုးကျွေးရစမြဲလေ။
    အဲဒီ အချက်ကို ကောင်းကောင်းသိကြတာလည်း ခေတ်အဆက်ပါဘဲ။

  • alinsett (gazette)

    June 23, 2014 at 12:43 pm

    ဖြစ်သင့်တာတွေဖြစ်ပါ
    မဖြစ်သင့်တာတွေ မဖြစ်ပါနဲ့
    ဒါပဲ ဆန္ဒပြုတယ်

  • Judas Empress

    June 23, 2014 at 12:59 pm

    တရားကိုနတ်စောင့်ပါတယ် တို့….ဘာတို့….

  • kai

    June 23, 2014 at 3:06 pm

    လူတွေထိုးကြွေးခံရသပေါ့လေ… :mrgreen:

  • မောင်ထက်ကြီး(မုံရွာ)

    June 23, 2014 at 5:02 pm

    အားလုံးကို ရှုပ်​​နေတာပါပဲ

Leave a Reply