ဘယ်လို အပြုံး ရွာသူပြုံး

moonpoemJune 23, 20141min1389

အသက်၁၆နှစ်ကနေ အသက်၁၈နှစ်အရွယ်အတွင်း ကောင်လေးတွေကောင်မလေး
တွေအချင်းချင်းစကားပြောနေ
ရင်း ပြုံးရင် သေချာကြည့်ကြည့် အဲဒါ ရှက်ကိုးရှက်ကန်းအပြုံး။
ရိုးရိုးသားသားရှက်လို့ပြုံးမိတာမျိုးကိုခေါ်တာ။

အသက်၁၉နှစ်ကနေ အသက်၂၃နှစ်အရွယ်အတွင်း ကောင်လေးတွေကောင်မလေး
တွေအချင်းချင်းစကားပြောနေ
ရင်း ပြုံးရင် သေချာကြည့်ကြည့် အဲဒါ မခို့တရို့အပြုံး။သွားလူဆိုး ဆိုပြီး တွန်းလိုက် တိုက်လိုက်နဲ့ ကြိတ်ပြုံးလေးပြုံးမိကြတာကို ခေါ်တာ။

အသက်၂၄နှစ်ကနေ အသက်၂ရနှစ်အရွယ်အတွင်း ကောင်လေးတွေကောင်မလေး
တွေအချင်းချင်းစကားပြောနေ
ရင်း ပြုံးရင် သေချာကြည့်ကြည့် အဲဒါ ငါးခူအပြုံး။ဒီလောက်ဆိုရင်
လည်း မဆိုးပါဘူး။ဂေါ်လိုက်ရင် ရနိုင်မဟဲ့လို့ တွေးပြီးပျော်လို့ အပေါ်နှုတ်ခမ်းလေးကွေးပြီး ပြုံးမိကြတယ်နဲ့ တူပါရဲ့။

အသက်၂၈နှစ်ကနေ အသက်၃၅နှစ်အရွယ်အတွင်း ကိုကိုတွေ မမတွေအချင်းချင်း
စကားပြောနေရင်း ပြုံးရင် သေချာကြည့်ကြည့် အဲဒါ တပ်ကြပ်ကြီးအပြုံး။ကြာလှပြီ ငါ့ဘဝ အခုတော့ ထူးတော့မလားမသိဆိုပြီး
်မိန့်မိန့်ကြီး ပြုံးမိကြတယ်နဲ့ တူပါရဲ့။

အဲအသက်၃၆နှစ်ကနေ အသက်၄၅နှစ်အရွယ်အတွင်း ကိုကိုတွေမမတွေ
အချင်းချင်းစကားပြောနေ
ရင်း ပြုံးရင် သေချာကြည့်ကြည့် အဲဒါကယ်တင်ရှင်အပြုံး။ငါတို
့အချင်းချင်း မကယ်တင်လို့ မဖြစ်ချေဘူးဆိုပြီး မချိပြုံး ပြုံးမိကြတယ်နဲ့ တူပါရဲ့။

အသက်၄၅နှစ်နောက်ပိုင်း ဦးဦးတွေဒေါ်ဒေါ်
တွေအချင်းချင်းစကားပြောနေရင်း ပြုံးရင် သေချာကြည့်ကြည့် အဲဒါရေစက်ချအပြုံး။
ဒီဘဝဒီမျှှသာပါပဲလေဆိုပြီး တရားရလို့် ပြုံးမိကြတယ်နဲ့ တူပါရဲ့။

——-
စကားမစပ် မိတ်ဆွေရောအခု ဘယ်လိုပြုံးနေမိပါလိမ့်နော်။

^^

9 comments

  • ဇီဇီ

    June 23, 2014 at 4:10 pm

    တိုက်ကြက်ကြီး (အဲလေ) တပ်ကြပ်ကြီး တစ်ကောင် (ဟုတ်ပေါင်) တစ်ယောက်လောက်တော့ ရှာအူးမှ။

    😀

  • Ma Ma

    June 23, 2014 at 5:17 pm

    ခုတလော လကဗျာလေး အတော်ဉာဏ်ကွန့်မြူ းနေတယ် 😆

  • Mr. MarGa

    June 23, 2014 at 5:55 pm

    ရွာသူ လို့ ပြောတာမို့
    ရွာသား ကျုပ် ဘာမှ မမန့်တော့ဘူးဗျ :mrgreenn:

  • kyeemite

    June 24, 2014 at 11:06 am

    ရစက်ချအပြုံး…ဒီပုံလေးလို 😆
    :mrgreenn:

  • ခင် ခ

    June 24, 2014 at 11:37 am

    မချိပြုံး

  • အရီးစာလိပ်

    June 25, 2014 at 1:23 am

    ရှက်ကိုးရှက်ကန်း အပြုံးလေး ပြုံးပြီး အမျှဝေ သွားပါတယ်ရှင့်။
    သာဓုခေါ်ကြပါကုန်လော့။
    :-)))

  • Crystalline

    June 25, 2014 at 12:58 pm

    ဘယ်လိုအပြုံးရွာသူပြုံးဆိုလို့… သများ အတော်လေး အရယ်အပြုံးနဲခဲ့တယ်.. ကလေးဘဝကတည်းက မျက်နှာစူပုတ်ပုတ်.. မဟုတ်ရင်မျက်မှောင်ကြုတ်… ကြီးလာတော့လည်း ပိုဆိုး… မဖြစ်ဖူး.. အခုတော့ ပြုံးတတ်အောင်စကျင့်အုန်းမှ.. 😀

  • alinsett (gazette)

    June 25, 2014 at 3:33 pm

    ဒါလေးဖတ်ပြီး ငါးခူပြုံးလေး ပြုံးသွားတာဗျ

    ပိုစ့်ထဲမှာ ဖွေးဖွေးတို့ ဝတ်မှုန်ရွှေရည်တို့ ပုံလေးတွေ ထည့်ပြရင် ပိုကောင်းမှာ

    😆

Leave a Reply