ခိုင်မာတဲ့ အိမ်ကလေး

Mee WahJune 24, 20141min874

10377236_1440996366151199_2637114153979885565_n

အရင်တုန်က နာမည်ကျော် အိမ်ဆောက်လုပ်ငန်းကြီးတစ်ခုမှာ အလုပ်လုပ်နေတဲ့
လက်သမားဆရာကြီး တစ်ယောက်ဟာ
အသက်ကြီးလာတဲ့အတွက် အလုပ်ကနေ
အနားယူဖို့အတွက် ပြင်ဆင်နေသတဲ့။

ဒါနဲ့ ဆရာကြီးဟာ သူအလုပ်ရှင်ကို အကျိုးအကြောင်းပြောပြပါတယ်။
အိမ်ဆောက်လုပ်ငန်းကို စွန့်ခွာပြီး မိသားစု
နဲ့ သိုက်သိုက်ဝန်းဝန်း နားနားနေနေ နေဖို့စိတ်ကူးထားတဲ့အကြောင်းပေါ့။

ပိုက်ဆံကတော့ အရင်တုန်းကလို ဝင်တော့မှာမဟုတ်မှန်းသိပေမဲ့ အသက်ကြီး
လာတော့ နားချင်ပြီးလို့ သူကပြောသတဲ့။
ဘယ်လိုပဲဖြစ်ဖြစ် စုဆောင်းထားတာလေးနဲ့တော့ အဆင်ပြေမှာပါလို့လည်း အလုပ်ရှင်ကို လက်သမားဆရာကြီးကပြောသတဲ့ကွယ်။

သည်စကားကိုကြားရတော့ ကန်ထရိုက်တာကြီး အတော့ကိုစိတ်မကောင်းဖြစ်သွားတယ်။တကယ်တော့ သူ့လုပ်ငန်းမှာ
ဒီလက်သမားဆရာကြီးက အခရာပဲလေ။
အင်မတန်လုပ်ရည်ကိုင်ရည်ရှိတဲ့ လက်သမားကြီးပေါ့။
လက်ရာလည်းအင်မတန်ကောင်းတဲ့ သူဆိုတော့ တော်တော်နှမြောသပေါ့။

အေးလေ…သူလည်းအသက်ကြီးပြီဆိုတော့ နားချင်မှာပေါ့။သူ့ဘက်ကကြည့်ရင်
တရားပါတယ်လို့ အလုပ်ရှင်ကတွေးပါတယ်။

ဒါနဲ့ အနားမယူခင်မှာ အိမ်တစ်လုံးတော့ မဖြစ် ဖြစ်အောင် ဆောက်ပေးပါဦးဆရာ
ကြီးရယ်၊ကျွန်တော်ကို ကူညီတဲ့အနေနဲ့ပါလို့ အလုပ်ရှင်က လက်သမားဆရာ
ကြီးကို တောင်းတောင်းပန်ပန်ပြောလာတာ
နဲ့ ဆရာကြီးက ခေါင်းညိ်မ့်လိုက်သတဲ့ကွယ်

အဲ…အိမ်ကိုလည်း စဆောက်ရော လက်သမားဆရာကြီးရဲ့ စိတ်နှလုံးဟာ အလုပ်ထဲ
မှာမရှိဘူးဆိုတာ တော်တော်ကု်ိသိသာနေတာပေါ့။
အင်မတန်သပ်ရပ်တဲ့ လက်သမားဆရာကြီ
းလို့ နာမည်ကြီိးလှပေမဲ့ သည်အိမ်ကိုကျတော့ ဖြစ်ကတတ်ဆန် ပြီးစလွယ်ပဲ ဆော်ထည့်လိုက်တယ်။သုံးထားတဲ့သစ်ဝါးတွေ
တစ်ခြားပစ္စည်းတွေကလည်း ခပ်ညံ့ညံ့။
အင်မတန်လက်ရာ ကောင်းလှပါတယ်၊သပ်ရပ်လှပါတယ်ဆိုတဲ့ နာမည်တစ်လုံးကို အလုပ်က နားတော့မယ်ကြံတော့မှ
အဆုံးခံရတော့မဲ့ လက်ရာဖြစ်နေပါရောလားကွယ်။

အိမ်လည်းအပြီးသတ်သွားတဲ့အခါ ကန်ထရိုက်တာကြီးက အိမ်ကိုလာပြီးကြည့်တယ်။ပြီးတော့ အိမ်တံခါးသော့နှင့်တကွ
အိမ်ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေကို လက်သမားဆရာ ကြီးလက်ထဲအပ်လိုက်ပြီး အခုလိုပြောလိုက်သတဲ့
“သည်အိမ်က ဆရာကြီးအတွက် အိမ်ပါဗျာ၊ဆရာကြီး အနားယူတဲ့အခါ နားနားနေနေ နေနိုင်အောင် ကျွန်တော် ကျေးဇူးပြု
တာပါ” တဲ့။

လက်သမားဆရာကြီး ဒီအသံလည်းကြားလိုက်ရော ကြက်သေ သေသွားတာပေါ့ကွယ်။သွားပြီ…
ဟာ…တကယ်လို့ သည်အိမ်ဟာ သူ့အတွက်ဆိုတာမှန်း စောစောကတည်းက ကြိုသိထားရင် ဘယ်…သည်လို ဖြစ်ကတက်ဆန် ဆောက်လိမ့်မလဲကွယ်။
သေသေချာချာ ကျကျနန အပျံစားဖြစ်အောင် ဆော်ထည့်လိုက်မှာပေါ့၊ဟုတ်ဘူးလား။အခုတော့….
အခုတော့…..
ပုံပြင်လေးကတော့ ဒီလောက်ပါပဲ ကလေးတို့ရေ ။

ကလေးတို့ ဦးဇင်းတို့တတွေလည်း အဲဒီလက်သမားဆရာကြီးလို့ပဲမဟုတ်လား
စဉ်းစားကြည့်စေချင်ပါတယ်။
တို့တတွေဘဝတွေကို တို့တတွေကိုယ်တိုင် တည်ဆောက်နေကြတာပဲမဟုတ်လား။တစ်နေ့တစ်ခါ ဆောက်နေကြတာပါ
အဲဒီလိုဆောက်နေတုန်းမှာ ကိုယ်လုပ်နိုင်တာထက် လျော့ပြီး ဖြစ်ကတက်ဆန်၊ပေါ့တီးပေါ့ဆ ဆောက်မိတာလည်း ခဏခဏပဲလေ။

သည်လိုနဲ့ ကိုယ်ဆောက်တဲ့အိ်မ်ထဲမှာ ကိုယ်နေရတော့မယ်ဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ တို့တတွေလည်း လက်သမားဆရာကြီးလို ကြက်သေ သေမိရတာလည်းအကြိမ်ကြိမ်။
အဲဒီခါကျမှ ငါ့နဲ့နော်…အစကသာ သည်လိုမှန်းသိရင် သည်လိုမလုပ်မိပါဘူးလို့ ကြိတ်ပြီးရေရွက်မိတာလည်း များလှပြီ။

တကယ်တော့ တို့တတွေအားလုံးဟာ လက်သမားတွေပဲ မဟုတ်ပါလားကွယ်။
နေစဉ် သံလေးတစ်ချောင်းရိုက်လိုက်၊ရွေဖော်လေးထိုးလိုက်၊ကော်ပတ်လေးစားလိုက်နဲ့ ဘဝအိမ်ကို တည်ဆောက်နေကြတဲ့ လက်သမားတွေပါ။

လူဆိုတာ “ကိုယ့်ကံကြမ္မာ ကိုဖန်တီးတာ ” ဆိုတဲ့ စကားလေး အထင်းရှားရှိတယ်မဟုတ်လား။

ဒါကြောင့် ဘာလေးပဲဖြစ်ဖြစ်၊ဘယ်လောက်သေးမွားတာလေးအတွက်ပဲဖြစ်ဖြစ် မမေ့သင့်တဲ့အချက်ကတော့
“ကိုယ်လုပ်သမျှဟာ ကိုယ်နေမဲ့အိမ်အတွက် သံလေးတစ်ချောင်း နှက်သွင်းလိုက်တာ၊ရွေဖော်လေးထိုးလိုက်တာ၊ကော်ပတ်လေး ပွတ်လိုက်တာ၊အရောင်တင်ဆီလေး ပွတ်လိုက်တာ ဖြစ်နေတယ်”ဆိုတာပါပဲ။

ဒါကြောင့် ကလေးတို့ တတွေလည်း အတွေးထက်ထက်နှင့် အလေးအနက်စဉ်းစားပြီး ကိုယ်နေမဲ့အိမ်လေးကို ကောင်းသည်ထက်ကောင်းအောင် ကြိုးစားပြီးတော့ ဆောက်နိုင်ပါစေကွယ်။ ။

 

resource…U Zin Lay

4 comments

  • kyeemite

    June 24, 2014 at 1:03 pm

    အဲ့ပုံပြင် မူရင်း အင်္ဂလိပ်လိုဖတ်ဖူးတယ် Building a life တဲ့
    You are the carpenter of your life. Each day you hammer a nail, place a board, or erect a wall.
    ဘာသာပြန်လေးကိုအားပေးသွားပါတယ်…

  • Judas Empress

    June 24, 2014 at 4:45 pm

    ကျေးဇူးအထူးတင်ပါတယ်….:)

  • ခင် ခ

    September 14, 2014 at 2:07 pm

    မိမိဘဝကို ထုဆစ်သူဟာမိမိကိုယ်တိုင်ပါဘဲတဲ့

  • alinsett

    September 14, 2014 at 2:22 pm

    သံနဲ့ သစ်သားမှာတောင် စိန်ခေါ်မှုတွေ ရှိတယ်။

Leave a Reply