ဦးကြောင်ပွတ်မှာ ပျံကျားရေးဒုတ်ဝံကျီးဖြစ်သည်။ တာဝမ်ရှိပုပ်ကိုယ် ဖြစ်သည့်အားလျော်စွာ လတ်တလော ဆူဆူပူပူ ဖြစ်နေသော ပြာရေးဆရာ တောင်ရင်မှိန်း၏ ရိုမန်းဘောအဝှာ စာအုပ်ကိစ္စ ဖြေရှင်းပေးနေရသည်။ ဟေ့ ဒုတ်ဝံကျီး လီးလားကွ.. ခုချက်ခြင်း အရေးယူပေး.. နာရိုးမဓါး…. အလဂါးကောင် သမဒအောက်ဆွဲ သုံးစားမရ…. ၎င်းအား မျက်စေ့ဒေါက်ထောက် စောင့်ကြည့်နေသူ အပေါင်းသာမက ယခင်က သူ့အား သောက်ဂရု မစိုက်သူများပင် ဝင်ရောင်ဆွမ်းကြီး လောင်းနေဂျပေသီ။ ဦးကြောင်ပွတ်ဂါး ချောင်ကလောင်တွင် ဘောအဝှာစာအုပ်အား သဲကြီးမဲကြီးဖတ်ရှုလျက် ပတ်ဝန်းကျင်အား မေ့လျော့နေပုံရ၏။ ငြိမ်ငြိမ်နေဂျပါ ခင်ဗျာ.. ဒုတ်ဝံကျီး ဖီးပျက်သွားပါမယ်..။ ပြောလေကဲလေ ထိန်းလေ သောင်းဂျန်းလေ ဖြစ်လာသော ခန်းမအပြင်ဖက်ရှိ မီဒီယာသမားများ ပရိတ်သတ်များဂါး ပိုမိုအတင့်ရဲလာချေပီ..။ တီနိမ်တပ် တီနိမ် တီနိမ်တက်..

ဝံကျီး ဝံကျီး.. တခုခုတော့ ပြောအုံး.. ကျနော်တို့ ထိန်းမရတော့ဘူး..။ ထိုအခါမှ စာထိုင်ဖတ်နေသော ဒုတ်ဝံကျီး ဦးကြောင် သတိဝင်လာဂါ.. အောင်မငှီး.. ဆွမ်းဂျီးလောင်းမည့် ပိတ်သက်ကြီး မနည်းမနောပါလား။ ရှေ့ရော အနောက်ရော ပြေးစရာထွက်ပေါက်လဲ ပိတ်နေပြီ.. အဲဒါမှ ဒွတ်ခ…။ ဟေ့.. သောက်ဝံဂျီး မင်းပြောမလား မပြောဘူးလား.. ပိတ်သက်ကျီး၏ နောက်ဆုံးရာဇသံဝယ် ဦးကြောင်ပွတ် အလျှော့ပေးရပီ..။ ပြောပါ့မည်ခမျာ အနော်တို့ အစိုးရဆိုဒါ.. စဂါးမဆုံးဂင်ဝယ်.. ဟေ့ကောင် ငကြောင် မင်း.. မတ်တပ်ရပ် ပြောလို့မရဘူးလား…။ ပရိတ်သတ်ထဲမှာ မင်းထက် အသက်၊ ဂုဏ်ကြီးသူတွေပါတယ်… တရုတ်သဗုံကြေးမုံဂျီးမှ လက်ညှိုးငေါက်ငေါက် ထိုးလျက် ကြိမ်းမောင်းလိုက်ရာ.. ဟို… အနော် အနော် ထိုင်ပြောလို့ အရဗူးလားဟင်။ တောင်းပန်သော်ငြားလဲ မရ..

တောင်လေတိုက်လေ ပိုကောင်းလေ

တောင်လေတိုက်လေ ပိုကောင်းလေ

ဟုတ်ကဲ့ ထဆို ထပါမယ် ခမျာ..။ ထိုင်နေရာမှ ကွတကွ ထလာဂါ လူထုကြီးအား ဦးညွှတ် ဂါဝရပြုသည်။ ထို့နောက် ကုန်းကုန်းကွကွ အနေအထားနှင့်ပင် ဒီကိစ္စ မဖြစ်သင့် နှာဗူးခမြာ..။ ဘာလဲကွ ဒီ ဝံဂျီးဇုတ် ပြသနာကို မားမားမတ်မတ် မရင်ဆိုင်ရဲဗူးလား..။ လူရှေ့ ထွက်ပြောတာတောင့် ခါးတကုန်းကုန်းနဲ့ ဘာလဲ ငါတို့ကို စော်ဂါးတဲ့သဘောလား.. ကြေးမုံဂျီးမှ ထပ်မံတို့ထောင်သည်တွင် မဟုတ်ပါဘူး ခင်မြာ.. အနော် အနော် မတ်မတ်ရပ် မရလို့ပါ။ အနော့်ကို ခွေးလွှတ်ပါ.. ဒီအတိုင်းပဲ ဆက်ပြောပါရစေ..။ … . … … … အဲဒါ အနော့်သဗောထား ဖြစ်ပါတယ်ခညာ..။ ကျေနပ်ကြပါတော့.. ထို့နောက် ပိတ်သက်ကျီးအား နှုတ်ဆက်၍ လေးဖက်ထောက် ထွက်ခွါသွားသည်။

နောက်တနေ့ မီဒီယာ သတင်းတွင်မူဂါး.. နှာစာပေ ထုတ်ဝေခြင်းကို မသိကျိုးကျွံပြု လွှတ်ထားပေးသော ဒုတ်ဝံကျီးဦးကြောင် ချိ၍ဂိနေရာ မတ်တတ်ပင် ကောင်းကောင်း မရပ်နိုင်တော့ကြောင်း ဓာတ်ပုံစာသား ဝေဝေ ဆာဆာဖြင့် မျက်နှာဖုံးစာမျက်နှာတွင် သတင်းထူးအဖြစ် ပါလာတော့သည်။

တင်ဂျင်ဇောနဲ့မို့ ပို့ခေါင်းစဉ် အရေးမှားသွားပါတယ်။။ တောင်စဉ်ရေမရလို့ ပြောင်းဖတ်ပေးဂျပါခမြာ..။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး