ဘလက်ချောကြေညာတဲ့ သတင်းပဒေသာ…။

black chawJune 24, 20142min37233

သတင်းတွေ…၊ သတင်းတွေ…၊

ဘရာဇီးကမ္ဘာ့ဖလားမှာ အင်္ဂလန် အစောဆုံး အိမ်ပြန်ရတယ်ဆိုတဲ့ သတင်းတွေ…၊

မြန်မာပြည်က ဝန်ကြီးဦးဆန်းဆင့် တစ်ယောက် ဖြုတ်ထုတ်သတ် လုပ်ခံရတယ် ဆိုတဲ့သတင်းတွေ…၊

အောင်ရင်ငြိမ်းဆိုတဲ့ စာရေးစရာတစ်ယောက် နေ့ချင်းညချင်း တမဟုတ်ချင်း

လျှမ်းလျှမ်းတောက်ဖြစ်သွားတယ်ဆိုတဲ့ သတင်းတွေ…၊

အောင်ရင်ငြိမ်း ၏ နောက်ကွယ်တွင် ခေါင်းကိုင်ဆရာကြီး တစ်ယောက်ရှိနေသေးတယ်ဆိုတဲ့ သတင်းတွေ…။

လှည်းတန်းမှာ ဓါတ်ကြိုးပြတ်ကျလို့ အပြစ်မဲ့ ပြည်သူနှစ်ယောက် ပွဲချင်းပြီးသွားတယ်ဆိုတဲ့ သတင်းတွေ…၊

အဲဒီကိစ္စအတွက် သူ့မှာ တာဝန်ရှိတယ်ဆိုပြီး လျှပ်စစ်ဝန်ကြီးက နှုတ်ထွက်ပါမယ် လုပ်နေလို့

လူကြီးတွေက ဝိုင်းတားနေရတယ်ဆိုတဲ့ သတင်းတွေ…။

စိတ်ကောက်ရရင်ကောက် ဆံပင်ကောက်ပစ်မယ် ဟု ခိုင်ဇာကြီးပြောလိုက်တဲ့ သတင်းတွေ…။

ဟောင်ကောင်မှာနေတဲ့ မူးယစ်ရာဇာ ကျောက်အတွက် သူ့ မဒမ် နှင်းမမ က

ဝက်ဆီဖတ်နဲ့ အစိမ်းကြော် ကြော်ပေးတယ်ဆိုတဲ့ သတင်းတွေ…။

မန်းဂဇက် ရွာသူ လုံမလေးမွန်မွန်က ယောက်ျားရှားနေပြီ ဟု ပြောလိုက်တဲ့ သတင်းတွေ…။

ဘလက်ချောကြီးတင်ထားသော နီနီခင်ဇော်ပုံ ကို ကြည့်၍ ရွာသူဝေါင်းက တကယ့်ဟဲဗီးကြီးဟု

မစာမနာ ပြောလိုက်တဲ့ သတင်းတွေ…။

မန်းဂဇက် ရွာသားကြီး ကိုကြီးမိုက်တစ်ယောက် စေ့ထားသောတံခါးများကို တစ်ချပ်ခြင်းဖွင့်ကြည့်နေတယ် ဆိုတဲ့ သတင်းတွေ…။

ကွယ်…များလိုက်တဲ့ သတင်းတွေ ရှောင်လို့ကို မလွတ်နိုင်ဘူး…။

အဲဒီ သတင်းတွေအပြင် အောက်မှာ ဘလက်ချောကြီးရေးထားတဲ့ သတင်းလေးတွေလည်း ဖတ်ကြည့်ကြပါဦးဗျာ…။

ရည်းဇားမဟုတ်ဘာမဟုတ်

စကား စကား ပြောပါများ စကားထဲကဇာတိပြတဲ့…။ စကား တွေသိတ်ပြောတဲ့အခါအမှားတွေလည်းပါနိုင်တယ်ပေါ့

ကျောင်းဒကာရယ်…။ ဟေးဟေး…မပြောမပြီး မတီးမမြည် ဆိုတဲ့ စကားကလည်း ရှိနေသေးတော့ ဆိုရေးရှိက ဆိုအပ်လှသည်

ပေါ့ကွယ်…။

ဝိုး…ရေ့…အမိုက်စား ဒိုင်ယာလော့ခ် လေးတွေ ဆက်ပြောလိုက်စမ်းပါဦး မောင်ဘလက်ချောလေးရယ်…။

စကားဆိုတဲ့ အမျိုးက မှားချင်ပြီးဆို သိတ်များများ ပြောစရာတောင်မလိုပါဘူး…။

၂ ခွန်းလောက်ပြောရုံနဲ့ အမှားက ပါလာတော့တာပါပဲ။

ဥပမာကောင်းကောင်းလေးရှိတယ်…။ ဖတ်ကြည့်ကြပေတော့။

ဒန်..တန့်..တန်..။

ထူးအယ်လင်း ရဲ့ အချစ်သစ် အဖြစ် နာမည်ကြီးခဲ့တဲ့ ကယန်းမလေး Calroline က သူမဟာ ထူးအယ်လင်း နဲ့

ရည်းစားလည်းမဟုတ်၊

ချစ်သူလည်း မဟုတ်၊

ဘာမှ မသက်ဆိုင်ပါဘူး ဆိုပြီး ငြင်းဆိုလိုက်ပါတယ်တဲ့။

ဝိုး…ရေး… Calroline လေးရေ…ဆက်ပြောလိုက်စမ်းပါဦးကွယ်…။

သူနဲ့တွေ့တာ ၄…၅…၆… လပဲ ရှိပါသေးတယ်…။    

ကဲကြည့်…Calroline လေး ပြောတဲ့ စကားက ၂ ခွန်းထဲ။

တစ်ခွန်းကတော့ မှားနေတာ သေချာနေခဲ့ပါပြီဗျာ…။

ပြီးခဲ့တဲ့လက အင်တာဗျူးတစ်ခုမှာ ကျတော့ ထူးအယ်လင်း နဲ့ ချစ်သူတွေ ဆိုတာ ဟုတ်တယ်…တဲ့…။

အခု အင်တာဗျူးမှာကျတော့ ဟုတ်ဘူး…တဲ့…။

ဟုတ်လည်းဟုတ်တယ် ဟုတ်လည်း ဟုတ်ဘူး…။

ကဲ…ကျောင်းဒကာ…ဒီလောက် အရိပ်ပြထားရင် အကောင်မြင်လောက်ရောပေါ့…။

Calroline လေး ပြောသွားတဲ့ စကား က ၂ ခွန်းတည်း…။

ထူးအယ်လင်းနဲ့ ချစ်သူတွေ ဟုတ်တယ်…။

ထူးအယ်လင်းနဲ့ ချစ်သူတွေ မဟုတ်ဘူး…။

ဘယ်စကား က အမှန်လဲ…။ ဘယ်စကားက အမှားလဲ…။

မှားမှန်ရွေးကာ ဖြေဆိုပါ…။

 

အဓိပတိ ပိတ်ပြီ

ကျွန်တော်တို့ရွာသူတစ်ယောက်ဖြစ်တဲ့ နန်းတော်ရာသူရဲ့ ဦးလေး…၊

မန္တလေးဂဇက် တွေ့ဆုံပွဲမှာ နန်းတော်ရာသူရခဲ့တဲ့ ဆုကို ကိုယ်စားယူပေးရင်း ကဗျာတစ်ပုဒ် ရွတ်ပြသွားတဲ့သူ…၊

ကဗျာလေးတစ်ပုဒ် ရေးမိလို့ ထောင်သွင်းအကျဉ်းချထားခြင်းခံရသူ…၊

ကဗျာဆရာ ကိုစောဝေ တို့ လင်မယားရဲ့ အဓိပတိ ထမင်းဆိုင်ကို ဇွန် ၁ ရက်ကစပြီး ပိတ်လိုက်ပါပြီ ကျောင်းဒကာ…။

ပိတ်လိုက်ပြီ ဆိုလို့ အရမ်းကြီးဝမ်းနည်းမနေနဲ့ဦးဗျ…။

ဆိုင်ကို ငှားတဲ့လူရှိလို့ ငှားလိုက်တာပါတဲ့…။

ကဗျာဆရာရဲ့ ဈေးကွက်စီးပွားရေးပေါ့…။

ဆိုင်ပြန်ငှားတာက ထမင်းဆိုင်ဖွင့်လို့ ရတာထက် ပိုမယ် ထင်ရပါတယ်…။

ပြန်ဖွင့်မယ့်နေရာနဲ့ အချိန်တို့ကို မီဒီယာတွေကနေ ကြေငြာပေးသွားမယ်လို့ ဆိုပါတယ်…။

လောလောဆယ်တော့ ရွှေဂုံတိုင်ဘက်ရောက်ရင် အဓိပတိမှာ ထမင်းဝင်စားလိုက်မယ်လို့ တွေးတတ်တဲ့ အတွေးလေးတွေကို

ယာယီရပ်ဆိုင်းထားဖို့ သတင်းပေးလိုက်ပါတယ်ဗျာ..။

 

မိုင်းပွန်စော်ဘွား ရဲ့မြေး ဟန်ထွန်း

ဗိုလ်ချုပ်နဲ့အတူ ကျဆုံးခဲ့ရရှာတဲ့ မိုင်းပွန်စော်ဘွားကြီးကို ခင်ဗျားတို့ မှတ်မိကြမယ်ပေါ့…။

ရော့ခ် သီချင်း ချိုချိုလေးတွေနဲ့ အောင်မြင်မှု ရခဲ့တဲ့ ဟန်ထွန်းဟာ စော်ဘွားကြီးရဲ့ မြေးတဲ့ ခင်ဗျ…။

ခေတ်ကလည်း အခုမှသာ ပေါ်ပေါ်ထင်ထင် ပြောရဲကြတာ။ အရင်ကဆိုကြောက်လို့ ဝပ်ဝပ်ကလေးပဲ နေကြရတာ။

အခုမှသာ ဘယ်သူက ဘယ်သူ့သားပါ၊ ဘယ်သူက ဘယ်သူ့မြေးပါ လို့ ထုတ်ပြောရဲကြတာ။

အော်…အကြောက်တရား ကြီးစိုးသော ခေတ်ကြီးကို ကျော်ဖြတ်လွန်မြောက်ခဲ့ပြီပေါ့နော်…။

အခုတော့ ဟန်ထွန်းက ဖွင့်ပြောရဲခဲ့ပါပြီ…။

မိုင်းပွန်စော်ဘွားကြီးမြေးပါလို့…။

ဘာရယ်ဟုတ်ပါဘူး ခင်ဗျားတို့ မသိသေးဘူးထင်လို့ ထည့်ပြောလိုက်တာပါ…။

 

ကိုင်ဇာ နဲ့ မေဆွိ

ကိုင်ဇာကို ကျွန်တော် စ သိခဲ့တာ နော်လီဇာ ရဲ့ နှလုံးသားမက္ကဆီကို စီးရီးမှာ ခင်ဗျ…။

ကျွန်တော် တော်တော် ငယ်ပါသေးတယ်…။

ငယ်ဆို ၄ တန်းလောက်က ဖြစ်မယ်ဗျ…။

ဝေဝေရေ သချင်္ာဖြေတာ မှားယွင်းသွားခဲ့ပြီ

အိမ်ယာထူထောင်ခဲ့လည်း အို…ဘာမှမပြည့်စုံဘူး

ဒီအချိန်မှာ မင်္ဂလာဆောင်တဲ့ ပွဲကလေး မကျင်းပပဲနဲ့ ပျော်တယ်

ဟိုတယ် အင်းလျားလိတ်က သိတယ်…။

ချစ်သူလေးရေ မဆွေးနဲ့…အားမငယ်စမ်းပါနဲ့

ချမ်းသာခြင်းဟာ အဲဒါလား…အား…ဟိုတယ်အင်းလျားလိတ်…။

အဲဒါ သုခမိန်လှိုင်ကြီး သိဓါတ္တလှိုင် နာမည်နဲ့ ရေးခဲ့တဲ့ သီချင်းပေါ့…။

 

နောက်…မေဆွိနဲ့ စုံတွဲစီးရီး အနမ်းပန်း…။

အားကိုးထိုက်တဲ့မောင်ရယ်မေချစ်တယ်…အမိအဖထက်ပိုတောင်ပိုသေးတယ်…

ခွဲမသွားနဲ့နော် မေ့အသည်းကျွမ်းရလိမ့်မယ်…ဆုံးဘဝထိတိုင်လက်တွဲမယ်…။

ပန်းကလေးထက်မေဟာပိုဟာလှတယ်…မောင့်ဘဝအတွက်နေရောင်ခြည်လေးသဖွယ်…

ငြိမ်းချမ်းမှုတွေ ဖန်ဆင်းပေးစွမ်းတဲ့သူ…မင်းကလေး တစ်ယောက်သာ မောင်ချစ်မယ်…။

အဲဒါ ကိုင်ဇာ နဲ့ မေဆွိ ရဲ့ အောင်မြင်တဲ့ စုံတွဲသီချင်းဗျ…။

ကိုင်ဇာ ကိုယ်တိုင် ရေးတာပါ…။

အဲဒီနောက် ကိုင်ဇာက မနိုးပါစေနဲ့ မိုးရယ်တို့ သီချင်းရှင်ကိုကြင်နာပါတို့ စတဲ့စီးရီးတွေနဲ့

တိုင်းသိပြည်သိ ဒိတ်ဒိတ်ကျဲ အဆိုတော်ကြီးဖြစ်သွားခဲ့…။

မေဆွိကလည်း နပမ်းဆံလို မြန်မာသံတွေနဲ့ရော ကမ်းစပ်နဲ့ ရေလှိုင်းလို စတီရီယို သီချင်းတွေနဲ့ရော

အောင်မြင်တဲ့ အဆိုတော်ဖြစ်ခဲ့…။ သူမသည်လည်း ကိုင်ဇာ ထက် မလျော့တဲ့ ဒိတ်ဒိတ်ကျဲ အဆိုကျော်…။

ထုံးစံအတိုင်း ကိုင်ဇာနဲ့ မေဆွိ လိုက်ပြေးတယ် ဆိုတဲ့ နားစွန်နားဖျားသတင်းတွေလည်း ထွက်ခဲ့သေးတာပေါ့…။

အဲဒီလို ကိုင်ဇာနဲ့ မေဆွိ သတင်းတွေ အရမ်းဟော့ဖြစ်နေတဲ့အချိန်…ဥဩမောင်မောင် ရဲ့ ဥဩတေးသံသွင်းက

စီးရီးတစ်ခွေ ထုတ်ချလိုက်ပါရောလားဗျာ…။

ဟုတ်ကဲ့ တူနှစ်ကိုယ်တိုင်းပြည် စီးရီးပါ…။

အဲဒီခေတ်က လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ရှောင်လို့မလွတ်အောင် ပေါက်ခဲ့တဲ့ စီးရီးပေါ့…။

စီးရီးအတွက် ဝေါရှိကလည်း ကိုင်ဇာနဲ့မေဆွိ ကလေးကစားတဲ့ အိမ်လေးတစ်လုံးကို အတူတည်ဆောက်နေတဲ့ပုံ…။

အို…ပရိသတ်ဆိုတာ ဘာပြောကောင်းလိုက်မလဲ…ကိုင်ဇာနဲ့မေဆွိ ညားနေကြပြီလိုတောင် ပြောခဲ့ကြတာပေါ့…။

ပရိသတ်ကလည်း ကိုင်ဇာနဲ့ မေဆွိကို ညားစေချင်နေခဲ့ကြတာလေ…။

တူနှစ်ကိုယ်တိုင်းပြည်စီးရီးထဲမှာ မေဆွိက သီချင်းလေးပုဒ်ပါခဲ့ပါတယ်…။

လေးပုဒ်လုံး ကိုင်ဇာ ရေးတဲ့ သီချင်းချည်းပဲ…။

သမီးရဲ့ဦး၊ အင်းလေးမှာ ရွာတဲ့ မိုး၊ သီချင်းနှစ်ပုဒ်က ရုပ်ရှင်သီချင်းလို့ထင်ပါတယ်…။

အဲဒီအချိန်က ကိုင်ဇာက ရုပ်ရှင်သီချင်းတွေ လက်မလည်အောင်ရေးနေရတဲ့ အချိန်ပေါ့…။

ရုပ်ရှင်သီချင်းဆိုပေမယ့် မေဆွိရဲ့ ရာဇဝင်မှာ ဖယ်ရှားလို့မရတဲ့ သီချင်းကောင်းလေးတွေပါ…။

ဟိုတလောက နီနီခင်ဇော်ကြီးတောင် အင်းလေးမှာရွာတဲ့မိုး သီချင်းကို ပြန်ဆိုသွားတာ နားစွန်နားဖျားကြားလိုက်ရသေး…။

နောက်…ကိုင်ဇာနဲ့ စုံတွဲ ၂ ပုဒ်…။

ပထမဆုံးနေ့နဲ့ သူငယ်ချင်းတစ်ဖြစ်လည်း…။

၂ ပုဒ်စလုံးက သီချင်းကောင်းစာရင်းဝင်ခဲ့ပေမယ့် ပထမဆုံးနေ့ကတော့ ကိုင်ဇာနဲ့မေဆွိတို့ရဲ့

အအောင်မြင်ဆုံး စုံတွဲတေးသီချင်းအဖြစ်သတ်မှတ်ရလောက်အောင် ကောင်းခဲ့တာပါ…။

အဲဒီအချိန်မှာ မေဆွိက ရုပ်ရှင် မင်းသမီးဖြစ်နေပါပြီ…။

ထားပါတော့ဗျာ…။ ပရိသတ်က ညားစေချင်ကြသလို သူတို့ နှစ်ယောက်မညားခဲ့ပါဘူး…။

ချစ်တိုင်းလည်းမညားလို့ပြောရအောင်ကလည်း သူတို့နှစ်ယောက် တကယ် ချစ်ခဲ့ကြသလား

ဘယ်သူမှ အသေအချာမသိကြ…။

ချစ်သူတွေ အဆင့်ကိုတောင် ရောက်ရှိခဲ့ဟန်မတူပါဘူး…။

ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ ၂ ယောက် မညားတဲ့အတွက် စိတ်မကောင်းဖြစ်သူတွေလည်း ဖြစ်ခဲ့ပေါ့…။

အခု မေဆွိက ကိုင်ဇာနဲ့တွဲလို့ ရှိုးတစ်ခု လုပ်ဦးမတဲ့…။ နံနက်ခင်းဂျာနယ်ထဲမှာ ပြောထားတာကို ဖတ်ရပါတယ်…။

နောက်တစ်ယောက်လည်းပါသေးသတဲ့…။ မေခလာပဲ ဖြစ်မယ်ထင်ရပါတယ်…။

ကိုင်ဇာ-မေဆွိ ၂ ယောက်တည်းဆိုတာက ပို ဆွဲဆောင်မှုရှိပါတယ် မဆွေ ရေ…။

ကိုင်ဇာ-မေဆွိ ဆိုတာနဲ့တင် ကျွန်တော်တို့ အရွယ်ကြီးတွေ ခင်ဗျားတို့ရှိုးကို ပေါက်ချလာကြမှာပါဗျ…။

ရှိုးကို လုပ်ဖြစ်အောင်လုပ်ပါဗျာ…။ ကျွန်တော်တို့ ကြည့်ဖြစ်အောင်လာကြည့်ပါ့မယ်ဗျ…။

ချစ်ခင်လေးစားတဲ့…

ဘလက်ချော…။

 

 

 

 

33 comments

  • ရာမည

    June 24, 2014 at 2:03 pm

    သတင်းတွေဝယ်တယ် သတင်းတွေဝယ်တယ်
    🙂

    • black chaw

      June 26, 2014 at 8:54 am

      @ ရာမည ;
      ကွန်းမန့်လေး ချီးမြှင့်ပေးသွားတာ ကျေးဇူးပါ ကိုရာမညရေ…။
      🙂

  • ဦးကျောက်ခဲ

    June 24, 2014 at 2:49 pm

    သတင်းမှားဒယ်… သတင်းမှားဒယ်… ပြင်ဆင်ချက်ထည့်ပေးပါ…
    ဟောင်ကောင်နေ လူသူတော်ကောင်းကျောက်စ်သည် ဝက်ဆီဖတ်မတွယ်ရသည်မှာ ကြာပြီ ဖြစ်သဖြင့်…
    မဒမ်နှင်းမမ အလစ်တွင် ဝက်ဆီဖတ်ဖြင့် အစိမ်းကြော် ခိုးကြော်လိုက်ရာ ဖွဘုတ်ပေါ် ရောက်သွားချင်း…

    အဟိ… ခေတ်ပြိုင်တွေမို့ ပြောရဦးမယ် ကျောင်းဒကာ…
    (ဦး)ကိုင်စရာ သီချင်းတွေကို ဟို… နန့်တီးနန့်တန့် ရွေးကောက်ပွဲ လှုံ့ဆော်ရေး
    “မင်း… အသက်ပြည့်ပြီလား…” ဆိုတာဂျီးကလွဲရင် အကုန်ကြိုက်…
    ကိုယ်ရံတော်တပ်မှူးလေးတို့ ကစ္စပနဒီတို့… ပြောရရင် အိုဘယ့် ကုန်နိုင်ဘွယ်…
    အဲ… (ဒေါ်)မေဆွိကတော့ အပူသံမို့ သိပ်မကြိုက်…
    အဟိ… နားသောတကို စူးစူးရှရှကြီးမို့ ခံစားလို့မရဘူး… ကီးမြင့်တယ်…
    😀

    • black chaw

      June 26, 2014 at 9:01 am

      @ ဦးကျောက်ခဲ ;
      မေဆွိ မကြိုက်ရင် မေနှင်း လေး အသံကရော ဘယ်လိုနေလဲဗျ…။
      ကီး က အနေတော်ပဲလား ကိုကို…။
      😀

  • Crystalline

    June 24, 2014 at 3:32 pm

    တလောကပဲ အမျိုးသမီး၁၂ယောက်လုပ်တဲ့ပွဲ.. တီဗီကကြည့်လိုက်ရတယ်.. လေးဘလက်ရဲ့ မေ၂မေက အရမ်း.. ခရစ်စပီဖြစ်တယ်.. လုံးဝမကြိုက်… အင်းလေးမှာရွာတဲ့မိုးကို မေဆွိနဲ့ နီနီခင်ဇော်တွဲဆိုသေး.. နီနီခင်ဇော်ဆိုတာပိုကောင်းတယ်.. ဦးဘလက်ကိုရန်စခြင်း… :mrgreenn: ထွန်အိမ်ဒါဘိုကလည်း အိုင်ရင်းသချင်းကို အိုင်ရင်းနဲ့တွဲဆိုတယ်.. အသံဘိုလိုမှမမှီ.. :mrgreenn:

    • black chaw

      June 26, 2014 at 9:06 am

      @ Crystalline ;
      သမီးလေး ခရစ် မှားသွားပြီ။
      ဦးဘလက်ရဲ့ အကြိုက်တွေက ခေတ်နဲ့ ဟာမိုနီ ဖြစ်အောင် လိုက်ပြောင်းလဲနေတာပါ…။
      သူ့ခေတ်နဲ့သူပါပဲ…။
      အခုအချိန်က မေဆွိ က ကုန်နေပြီလေကွယ်…(အသံပါဝါ)…။
      နီနီခင်ဇော်ကြီးက သိတ်ကောင်းနေတဲ့ အချိန်ကိုး…(အသံပါဝါ)…။
      😀
      နီနီခင်ဇော်ပိုကောင်းတယ်ဆိုတာ ဦးဘလက်ကို ရန်စရာမရောက်ပါ…။
      ဦးဘလက်ကလည်း အဲဒီလိုပဲ ခံစားရတာပါဗျ…။
      😀
      ဆိုတော့…မေဆွိတို့ မေခလာတို့ရဲ့ အကောင်းဆုံးအချိန်တွေက လွန်ခဲ့ပါပြီကွယ်…။
      နားလည်ပေးနိုင်ကြပါစေ…။

  • ဇီဇီ

    June 24, 2014 at 3:50 pm

    ဟင်၊ ဟန်ထွန်းအကြောင်း ခုမှ သိတယ်လားးးး
    ဟုတ်ပါ့ဗျာ။
    ဟန်ထွန်းက စိုင်း ရဲ့ ဦးလေး တော်ပါတယ်။
    စိုင်းတို့က မိုင်းပွန်စော်ဘွားကြီးရဲ့ မြစ်တော်မှာပေါ့။

    :s:

    • black chaw

      June 26, 2014 at 9:12 am

      @ ဇီဇီ ;
      ဟန်ထွန်းက စိုင်း ရဲ့ ဦးလေး…။
      ဇီဇီ က စိုင်းရဲ့ ?????။
      :s:

  • ဇီဇီ

    June 24, 2014 at 3:52 pm

    ဟယ်။
    နာ့ သီတင်းလည်း ပါတယ် ဟဲ့။
    ကောက်မှာပဲ။
    စိုင်းစည်တွမ်ခမ်းလေးကို ဝယ်မပေးလို့ ဒက်ကို စိတ်ကောက်တယ်။
    စိုင်းစည်တွမ်ခမ်းလေးကို တွမ်တီဝမ်းလို့ ပြောတဲ့ မွပြုံးး ကိုလည်းစိတ်ကောက်တယ်။

    :hint:

  • kyeemite

    June 24, 2014 at 4:13 pm

    သတင်းတွေ…၊ သတင်းတွေ…၊….
    အဖျော်ဆြာ..နားစွန်နားဖျားရပ်ကွက်က ဘလက်ချောကြီးတစ်ယောက် သူ့ပို့စ်မှာ ဘယ်လိုပြောပြော
    ဖွဘုတ်မှာတော့ တွေ့ရာလူကို…အောင်ရင်ငြိမ်း စာအုပ်မှာနေလေရဲ့..
    ကြုံရင် တစ်အုပ်လောက် ဆွဲခဲ့ပေး…။ ကိုယ်က ယင်ကောင်…အညှီ သိတ်ကြိုက်တယ်…ဆိုပဲ…
    ဟီဟိ …ပြေးပီဗျို့ 😀 😀 😀

    • kai

      June 25, 2014 at 4:28 pm

      ကျုပ်လည်းလူကြုံရှိ တအုပ်လောက်လိုချင်…။
      အဟမ်း.. အယ်ဒီတာဆိုတာ.. အကုန်ဖတ်ရတယ်မဟုတ်လား..။
      ဒါနဲ့.. ဟိုဒင်း.. ဟိုဟာ..
      ပလေးဘွိုင်းတီဗီ/မဂ္ဂဇင်းထက်သာသလား.. ဟင်.. :mrgreen:

      • black chaw

        June 26, 2014 at 9:25 am

        @ kai ;
        ပီဒီအက်ဖ်တော့ ရမယ် သူကြီးရေ…။
        ဒါလည်း ကျွန်တော် စိတ်ပါဝင်စားလှတဲ့လိုင်းမဟုတ်လို့
        ကိုကြီးမိုက် ဆီက ပြန်တောင်းပြီးပေးလိုက်ရတာပါဗျာ…။
        ဖတ်ပြီး ကောင်းမကောင်းပြန်ပြောဦး…။
        http://www.mediafire.com/view/m9p4afex08vll0o/aung_yin_nyein-Romanbot%27s_world.pdf aung yin nyein-Romanbot’s world.pdf http://www.mediafire.com
        aung yin nyein-Romanbot’s world.pdf
        http://www.mediafire.com
        :mrgreen:

    • black chaw

      June 26, 2014 at 9:15 am

      @ kyeemite ;
      တွေ့ရာလူလို့တော့ ပြောပါနဲ့ဗျာ…။
      သန်ရာသန်ရာ လူကိုပဲ မှာတာပါ…။
      ဒါနဲ့ ပီဒီအက်ဖ် အရမ်းအရမ်းလိုချင်ပါတယ်
      ရရင် ပို့ပေးပါ ဆိုလို့
      အားနာစွာနဲ့ပဲ
      ပို့ပေးပြီးပြီနော်…။
      ကောင်းလား…။
      😀

      • kyeemite

        June 26, 2014 at 9:49 am

        တော်တော်နောက်တဲ့ လူ….ကောင်းတယ် 😀
        မှားလို့…ဖတ်ပီးမှကောင်းမကောင်း သိရမယ်မှတ်လားဗျ…
        သင့်ခရုပါ :mrgreenn:

  • အရီးစာလိပ်

    June 25, 2014 at 1:40 am

    ဟိုး သများတို့ ငယ်တုန်းက မေ ၂ မေရဲ့ နာမည်ကြီး “ကိုကြီး၊ ကိုကြီး” တို့
    “ကိုကို ကျွန်တော့ ကို ချာတိတ်လို့ မခေါ်နဲ့” တို့က စတိတ်ရှိုးတိုင်း မှာ ပွဲတောင်း အခံရဆုံးပေါ့။
    အခု အဲဒီသီချင်း တွေကို များ သူ တို့ ၂ယောက် ပြန်ဆိုကြရင်ဖြင့် ………….
    ဟိုဘက်က လကဗျာ Post မှာလို ရှက်ကိုးရှက်ကန်း အပြုံးလေး ပြုံးပြီး အမျှဝေ လိုက်ပါတယ်ရှင့်။
    LOL:-)))))))))))

    ဒါထက် အင်္ဂလန် ထက် အစောဆုံး အိမ်ပြန်ရတာက စပိန် ခေါင်းဆောင်ပြီး ခရိုရေးရှား၊ ကမ်မရူး၊ နဲ့ အော်ဇီတို့ ပါနော်။
    အင် နဲ့ အီ က အခုမှ ပြန်ရတာပါ။

    • ဦးကျောက်ခဲ

      June 25, 2014 at 3:56 pm

      ♫ ♫ ကိုကို ကျမကို ဆိုက်ကားနဲ့ မခေါ်နဲ့…
      နာမည်ပျက်တယ် မလိုက်ဘူး သိရဲ့လား… ♫ ♫
      အဟိ… အဟိ ငယ်သွေးကြွမိတာပါ အရီးရယ်…
      😀

      • မဟာမင်းလှ ဝဏ္ဏကျော်ထင် အော့ကြောလန်

        June 26, 2014 at 3:26 pm

        ကိုကိုနဲ့ ကျော် အရပ်ချင်းတိုင်းကြည့်မား ……

        အဓိပတိလမ်းမပေါ် တူတူတွဲလို့လျောက်စို့နော် ……

        အချစ်ရဲ့သဘောကျ မြဲတန်းကိုယ်ရံတော် ……
        လိုက်လို့မရတဲ့စာတွေလာပြပေးဖို့ မမေ့နဲ့နော် …

        ချစ်သူတွက်ဆို ကထိကလိုပဲတော် ……

        ညှင်းညှင်း

    • black chaw

      June 26, 2014 at 9:20 am

      @ အရီးစာလိပ် ;
      အော် အရီးတောင် စာလိပ် ဖြစ်နေပါပေ့ါ…။
      ကိုကို…ကိုကို…ကိုကို မကောင်းဘူး ဒါဟာဆိုးတယ် တို့…။
      စိတ်ညစ်ရင် ဂစ်တာတီးပါလား ကိုကိုရယ်…တို့…။
      ကိုကို့ကို ငယ်ငယ်လေးကတည်းကစ …တို့…။
      နော်ကိုကိုနော် တို့…။
      ကိုကိုတွေ သိတ်ဖေါင်းပွတာပဲ အစ်မရေ…။
      သူ့ခေတ်နဲ့ သူပေါ့ခင်ဗျာ…။
      ကျွန်တော်ကတော့ မေဆွိ ကို ပိုကြိုက်ပါကြောင်း…။
      😀

  • alinsett (gazette)

    June 25, 2014 at 7:36 am

    သတင်းးတွေများ စုံလို့ပါလား ဦးရီးတော်ရဲ့
    သတင်းစာ ဂျာနယ် စုံစုံလင်လင် မဖတ်နိုင်တဲ့
    ရေဒီယိုနားမထောင်ဖြစ်တော့တဲ့
    တူတော့်အတွက်တော့
    ဦးရီးတော်ရဲ့သတင်းအစီအစဉ်ကို လက်လွှတ်လို့မဖြစ်တော့ဘူးဗျ

    • black chaw

      June 26, 2014 at 9:27 am

      @ alinsett ;
      ကိုယ်နဲ့ ကီးကိုက်တာလေးတွေ
      ဖတ်သွားပေါ့ ညီလေးရယ်…။
      လက်မလွတ်စေနဲ့ နော်…။
      :mrgreen:

  • Ma Ma

    June 25, 2014 at 2:19 pm

    ဂဠုန်ဦးစောရဲ့မြေးမို့ မပြောရဲတာ ကြားဖူးတယ်။
    မိုင်းပွန်စော်ဘွားကြီးမြေးပါလို့ မပြောရဲဘူးဆိုတာကိုတော့ ခေါင်းမော့ရင်ကော့ပြီး ပြောရမှာ မဟုတ်ဘူးလား။ :b:

    • black chaw

      June 26, 2014 at 9:32 am

      @ Ma Ma ;
      ခေါင်းမော့ရင်ကော့ပြီး ပြောရင် နားကားသွားမယ်လေ မမရယ်…။
      ဗိုလ်ချုပ်အောင်ဆန်းသမီး ဒေါ်အောင်ဆန်းစုကြည်တောင် အဖမ်ခံခဲ့ရသေး
      မဟုတ်လားဗျာ…။
      ခေတ်က အာဇာနည် ခေါင်းဆောင်တွေ ကို ချောင်ထိုးထားတဲ့ခေတ် ဖြစ်ခဲ့တာကိုးဗျ…။
      :mrgreen:

  • Paing Lay

    June 25, 2014 at 3:46 pm

    နောက်တစ်ခါဆို ဘယ်အနုပညာရှင်ကများ ဘယ်နိုင်ငံတော် အကြီးအကဲနဲ့ ဘယ်ပုံဘယ်နည်းတော်စပ်ပါတယ်လို့ ထုတ်ဖော်ပြောကြဦးမလဲ မသိ

    • black chaw

      June 26, 2014 at 9:34 am

      @ Paing Lay ;
      အဲလိုကြီးလည်း ဟုတ်ဘူးထင်ပါရဲ့ ပိုင်လေးရေ…။
      :mrgreen:

  • အယ်တော့်.. သများသတင်းလည်း ပါတယ်တော့်.. ဟိဟိ..

    တစ်ခုပဲပြောချင်တယ်.. လျှပ်စစ်ဝန်ကြီးကို ဝိုင်းတားတဲ့အထဲ ပြည်သူတွေ မပါပါဘူးလို့…:)

    • black chaw

      June 26, 2014 at 9:36 am

      @ လုံမလေးမွန်မွန် ;
      လျှပ်စစ်ဝန်ကြီး က လည်း မျက်နှာခတ်ပြောင်ပြောင်ရယ်ပါ…လုံမလေးရယ်…။
      သတ်ချင်သတ်လိုက် နှုတ်ထွက်ဖို့ လုံး…ဝ မစဉ်းစားပါဘူးတဲ့…။
      :mrgreen:

  • sorrow

    June 25, 2014 at 4:17 pm

    ကလိုပြောကြေးဆို ..တားတားလဲ …ရှမ်းလူမျိုးဒုသမ္မတကြီးနဲ့ နာမည်တစ်လုံးထဲလွဲတာ …ဘာမှတော့မတော်…အဟိဟိ

    • black chaw

      June 26, 2014 at 9:38 am

      @ sorrow ;
      ညီလေးက ဒုသမ္မတကြီး နဲ့ အမျိုးတော်တယ်လို့ ပြောနေစရာမလိုပါဘူးဗျာ…။
      ကိုယ်ပိုင် အရည်အချင်းနဲ့ တောက်ကြွားနိုင်သူပေကိုး…။
      ဟေးဟေး…အောင်လလေး အားမကျဝူးလားဗျ…ဟေးဟေး…။
      :mrgreen:

  • အာဂ

    June 26, 2014 at 4:56 pm

    ကိုဘလက် ပေါ့ဂျာနယ်တစ်စောင်ဖြစ်ဖြစ်ထောင်သင့်နေပြီနော်..

  • cobra

    June 27, 2014 at 11:44 am

    ဂျာနယ်နာမည်ကို ဘလက်ကြီးလို့ပေးလိုက်
    :mrgreen:

  • ဟမ်မလေးမအားလို့ရွာထဲမရောက်တာ ကိုယ့်အမျိုးသတင်းကပြူးပြူးကြီးစောင့်နေပါလားးးး
    ဒီချိန်မှာကိုယ့်ဦးလေးဘောထက် အဲလေ ဆိုင်ထက်ဆိတ်ဝင်ဇားနေတာက မက်ဆီ့အကြောင်းဖြစ်နေဒေါ့ကာာာာာ
    :mrgreen:

  • ရွာစားကျော် မင်းနန္ဓာ

    June 28, 2014 at 11:10 am

    ထူးအယ်လင်း မျောက်သစ်ကိုင်းလွတ် ဖြစ်ကရောပေါ့

  • TNA

    June 28, 2014 at 8:50 pm

    ဟိုနေ့က နီနီခင်ဇော်ကြီးတွေ့လိုက်တယ် စားသောက်ဆိုင်မှာ။ အတိုလေးဝတ်ပြီးထိုင်နေတာ နဲတဲ့ပေါင်လုံးကြီးမဟုတ်ပါလား။

Leave a Reply