ဟန်ဆောင်မှု အနုပညာ

 

ကျနော် ခုတလော အလုပ်လေးအားနေလေတော့ ဟိုတွေးဒီတွေး တွေးနေတယ်… ပထမတွေးမိတာ အလုပ်က လူတွေအကြောင်းပါ…။ သူတို့ဟန်ဆောင်ကြတယ်ဗျ…။ ကျော်သိတယ်…။

နောက်ကွယ်မှာသာ သေလောက်အောင်မုန်းပြီး ဆွေ့ဆွေ့ခုန်ဒေါပွကြပေမယ့် အဲ့လူရှေ့လဲရောက်ရော…အယ်..ငယ်ပေါင်းကြီးဖော်တွေ ခုမှပြန်တွေ့ကြသလိုလို၊ အနုပညာရှင်တွေလိုကို….ဟန်ဆောင်နိုင်ကြတယ်ဗျာာာာ..

အလုပ်မှာ ပြိုင်ဘက်က အနိုင်ရသွားလို့ နောက်ကွယ်မှာ ၀ုန်းဒိုင်းကြဲသောင်းကျန်းဒေါမနသပွားကြပေမယ့် အဲ့ဒီလူရှေ့ရောက်တော့ မျက်နှာမှာ ဟန်ဆောင်ပြုံးတစ်ခု ကောက်တပ်ပြီး Congratulation ဆိုတဲ့စကားကို လှိုင်လှိုင်သုံးနိုင်ကြတယ်…အံ့တယ်ဗျာ… ထူးဆန်းနေတာက အဲ့ဒီလို ဟန်ဆောင်နိုင်တတ်ကြသူတွေဟာ အပေါ်ပိုင်း အထက်ပိုင်းက လူတွေများတယ်ဗျ…။

သူတို့ဟာသူတို့တော့ နေရာတစ်ခုရနေတယ်..အဆင့်အတန်းတစ်ခုရှိနေကြတယ်…အောင်မြင်နေကြတယ်… ဒါဆို…အထက်ပိုင်းရောက်နိုင်သည့် ပါဝင်ပစ္စည်းတစ်ခုဟာ ဟန်ဆောင်မှုအနုပညာများ ဖြစ်လေမလား….?

ကောသလအိပ်မက်လို မကောင်းတဲ့လူဆိုးတွေဟာ အထက်ပိုင်းရောက်သွားကြတာလား….။

သူတို့ကို လူဆိုးလို့ပြောလို့တော့ ခင်ဗျားတို့ စိတ်မဆိုးနဲ့ဗျ…။ သူတို့တော်ရင်တော်မယ်..ရိုးသားမှုဆိုတာမရှိတော့တာတော့ အမှန်ပဲ…။

ဒါဆို ကျော်တို့အောင်မြင်ချင်ရင် အဲ့ဒီရိုးသားမှုဆိုတာကို ချနင်းမှ ရတော့မယ်သဘောပေါ့..အဲ့လိုလား…??? တွေးမိတာပါ..

 

တိုနံ့နံ့

 

ခုတလော ကမ္ဘာ့ဖလားလေးကလဲ ရှိနေပါ့။ ဖွင့်ပွဲလေးကလဲ အတော်ဟော့ခ် တယ်..။

မစားကောင်းတဲ့ပစ်ဘူးကို ဖယ်…။ ဂျေလိုကိုကြည့်ကြည့်။

သူက XL နီးပါး Medium ဗျ..။

ဒီတော့ ဆက်တွေးမိတယ်…။ တချို့အကိုကာလသားတွေက ကိုရီးယားလို Small Size ကိုကြိုက်ကြတယ်…။ တချို့ကျ ဂျေလိုလိုမျိုး Medium မှ၊ တချို့များ စိုးမြတ်သူဇာတို့လို XL မှ XL…အကြိုက်ချင်းမတူတာ ပြောပါတယ်….

ကောင်မလေးတွေ ဟိုဟိုဒီဒီမြင်နေတယ်…။ စက်ဆီကျ (အဲလေ) Sexy ကျကြပါတယ်…။

ဟိုရေစီးကြောင်းလေးကလဲ ရှိနေလေတော့ သူတို့လဲ တက်ကုန်ဖွင့် ရွက်စုံလွှင့်ကြတာပဲ…။ ခါတော်မှီကိုးးး

ကျော်လဲ အားပေးပါတယ်…

ဒါပေမယ့် ဒီကလေးမတွေ မသိကြဘူးဗျ…။ ယောကျာ်းလေးတွေ တကယ်ရွေးချယ်တဲ့အခါ တိုမယ် ဟိုက်မယ် ပြတ်မယ် ပါးမယ်ထဲက မဟုတ်ဘူး…။ လူငယ်တွေ စိတ်ကိုဦးစားပေး ခိုးပြေးတာမျိုးတော့ မပါဘူးပေါ့ဗျာ…။ ကျော့်အသက်အရွယ်နဲ့စဉ်းစားကြည့်တော့ ဒီလို တိုတိုဝတ်ပြီး နန့်နန့်တက် (ကန်တော့ဗျာ) ဖြစ်နေတဲ့ မိန်းခလေးမျိုးကို ယူဖို့လောက်ထိ မစွန့်စားရဲဘူး…။

ရွာသားတွေတော့ ဘယ်လိုစတိုင်လ်မျိုး ကြိုက်တယ်မသိဘူး….။ လူအမျိုးမျိုး စိတ်အထွေထွေပေါ့လေ…။

ကျော်ဘက်ကတော့….ကျော်သဘောကျတဲ့…အပြင်ပန်းအလှတစ်ခုကို အဆိုတင်သွင်းချင်တယ်..။ စိတ်ဓာတ်ရေးရာတွေပါပြောရင် များကုန်မယ်…အပြင်ပန်းလောက်ပဲပြောတော့မယ်…။

ခင်ဗျားတို့သိလား…တချို့မိန်းခလေးတွေမှာ နားသယ်မွှေးလေးတွေ ရှိကြတယ်…။ ခပ်ရေးရေး နုနုလေးတွေ…။ အဲ့ဒါလေးတွေက နေရောင်အောက်မှာဆို ရွှေရောင်တောက်နေတာာာ။ တချို့မိန်းခလေးတွေကျတော့ ပါးပြင်မှာ သွေးကြောလေးတွေ မြင်နေရတယ်..။ ရင်ခုန်ချင်စရာလေးတွေ..။

ဒါပေမယ့် ကိုရီးယားမင်းသမီးတွေမှာ ကျော်လိုက်ကြည့်တာတော့ သူတို့အသားဖြူချင်ဖြူမယ်..၊ သွေးကြောလေးတွေ မပေါ်ကြဘူး…။ မြန်မာထဲမှာတော့ သင်ဇာဝင့်ကျော်တစ်ယောက်လောက်ပဲ မြင်မိတယ်…။ ကျော်ချစ်နေတဲ့ကောင်မလေးကတော့ အဲ့ဒီ ၂ ချက်လုံးရှိတယ်…။ နားသယ်စပ်မှာ ရွှေရောင်နုနုလေးတွေအပြင် သွေးကြောလေးတွေလဲ အတိုင်းသားပဲ..။ အဲ့ဒါအပြင် သူ့ပါးလေးကလဲ ဖောင်းနေသေးတယ်…။ လက်ညှိုးလေးနဲ့ တို့ထိကြည့်ချင်စရာ….

ကျော်သာ ကျော့်အတွက် အိမ်ထောင်ဘက်ရွေးရင်…ကျော်အလုပ်မောမောနဲ့ပြန်လာလို့…အိမ်အ၀င်မှာ သနပ်ခါးလေးပါးပါးလူးပြီး တံခါးဖွင့်ပေးချိန် ကျော်ရင်အေးသွားရမယ့်၊ အမောပြေသွားရမယ့် ကောင်မလေးကိုပဲ ရွေးမယ်….။ မျက်နှာလေးအေးပြီး အဆင့်အတန်းတစ်ခုရှိနေတဲ့သူ၊ အထက်တန်းစားပါလို့ ပြောစရာမလိုဘဲ ဘေးကသိနေတဲ့သူမျိုးးးလေ…

ဒီခေတ်ကောင်မလေးတွေကို ကျော်ကြည့်ကြည့်ပြီး ဒီအတွေးတွေ ပွားတယ်..ပွားတယ်..….။ အဲ့လို ခဏခဏကြည့်ကြည့်မိလေ…အင်းးးးး ဒီရွာသူ ကျော့်ခလေးမလေး မျက်နှာကိုပဲ ပြေးပြေးမြင်မိလေပါလို့…….

 

အပျိုကြီးတွေ

 

ထူးဆန်းတယ်ဗျ….မြင်မြင်နေရ၊ ကြားကြားနေရတာ… စဉ်းစားကြည့်ဗျ…

အိမ်ထောင်မပြုသေးဘဲ အသက်ကြီးနေလို့ အပျိုကြီးခေါ်တာကို အဲ့ဒီအပျိုကြီးတွေက သဘောမကျကြဘူးတဲ့….(ရွာထဲက အပျိုကြီးများကို တိုက်ခိုက်လိုခြင်း လုံးဝ(လုံးဝ) မဟုတ်ပါ…။ တိုက်ဆိုင်မှုအတော်များပါက ခွင့်လွှတ်ကြပါကုန်..)

အလုပ်မှာများ အဲ့အပျိုကြီးကလေလို့စပြောမိရင် မျက်စောင်းက လာပြီ…။ နည်းနည်းများထပ်ပြောမိရင် ငါ့ကိုအပျိုကြီးဆိုပြီး ခေါ်တယ်တဲ့..နောက်ကွယ်အတင်းပြောချင်သေးတယ်…။ ရင်းနှီးတဲ့သူများ ကျော့်ကို တေနာလေးဒဲ့….။ ငင့်..ကျော်ပြောတာ မဟုတ်တာကျလို့…

ဘာလို့လဲဗျ….လှတဲ့ကောင်မလေးကိုလှလိုက်တာလို့ပြောရင် သူစိတ်မတိုဘူး…။ မလှတဲ့ကောင်မလေးကို နင်မလှဘူးပြောရင် သူစိတ်တိုလိမ့်မယ်…။

ဘာလို့လဲ..?

အမှန်တရားက ခါးနေလို့ဗျ…။ မလှတာဟာ သူတို့အားနည်းချက်ဖြစ်နေလို့…. ဒါဆို အပျိုကြီးတွေက အပျိုကြီးဖြစ်တာဟာ သူတို့အားနည်းချက်လို့သတ်မှတ်ထားလို့များ သူတို့စိတ်တိုကြတာလားမသိ.. ဟုတ်ကြလားဗျာတို့……..

ဆက်စဉ်းစားရင် သူတို့အားနည်းချက်က ယောကျာင်္းမရတာလား..အသက်ကြီးသွားတာလားးး အေးဗျာ……လောကမှာ မှန်နေပေမယ့်လဲ ပြောမရတာတွေ အများကြီးပါ….။ ကျော်ဒီလိုပြောရင် ခင်ဗျားတို့ ဟိုစကားကြီးတွေနဲ့ ကိုင်ပေါက်ကြဦးမယ်…။ ဟုတ်ပါတယ်…မှန်လဲမှန်၊ အကျိုးလဲရှိသင့်တာပေါ့..။

ဒါပေမယ့် စဉ်းစားမိတာက

နည်းနည်းရှုပ်တယ်ဗျ….ဒီလိုဗျာ…

အားနည်းချက်တစ်ခုကို အမှန်ပြောရင်သာ လူတွေစိတ်တိုကြတာ…။ အားသာချက်ကိုအမှန်ပြောရင် သူတို့ပျော်ကြမှာပဲ…။ စဉ်းစားလိုက်တာက…အပျိုကြီးဖြစ်ခြင်းကို သူတို့ဖာသာသူတို့ အားနည်းချက်အဖြစ် သတ်မှတ်လိုက်ကြလို့များ သူတို့စိတ်တိုကြတာလားလို့ပါ….

ဟုတ်လားဟေ…အပျိုကြီးတွေ….

 

နောင်ရိုး

About နောင် ရိုး

နောင် ရိုး has written 9 post in this Website..