10441974_666405983426055_4861397396772561162_n

သတင်းတွေထဲမှာ ပါသွားလို့တဲ့ တယောက်က စိတ်မကောင်းစရာ မတ်ဆေ့ပို့တယ် ကျန်ရှိတဲ့ ကလေးတွေ လွတ်မြောက်ရေးအတွက် သတင်းမရေးကြပါနဲ့လို့ လိုက်ပါကူညီသူတချို့က စိုးရိမ်စိတ်နဲ့ ပြောပြန်တယ်… သတင်းသမားတယောက်အနေနဲ့ စိတ်မကောင်းဘူး.. ဒါပေမယ့် အမှန်တရားကို ထုတ်ဖော်ချင်တယ်…. ၂၄.၆.၂၀၁၄ မနက်က ရန်ကုန်ဘူတာကြီးနားမှာ အသက်(၁၂-၁၃)၀န်းကျင် ကလေး(၁၅)ယောက်ကို လေလွင့်ကလေးတွေ ဆိုပြီး ရဲကဖမ်းလိုက်တယ်။အဲဒီ့ကလေးတွေဟာ အရင် ဘူတာကြီး လမ်းဘေးစာသင်ဝိုင်းမှာ စာလာသင်ခဲ့တဲ့ ကလေးတွေ။ ဒီစင်္ကြန်#၃က လမ်းဘေးစာသင်ဝိုင်းကိုလည်း တီဗီသတင်းပါလာပြီး နောက် တရက်မှာ အထက်က အမိန့်အရဆိုပြီး အပိတ်ခံလိုက်ရတယ်။ အခု ကလေးတွေကို လေ့လွင့်ဆိုပြီး ဖမ်းလိုက်ပြန်တယ်… ကဲ ပြုပြင်ပြောင်းလဲရေး အစိုးရရဲ့ ဖြေရှင်းနည်းက ဒါပဲလား…. ဒီကလေးတွေ ဘာကြောင့် လမ်းပေါ်ရောက်နေကြရသလဲ….ပြော အခမဲ့ပညာရေး ဖော်ဆောင်နေပါတယ်ဆိုတဲ့ ကျောင်းတွေကို ဒီကလေးတွေ ဘာကြောင့် စာသင်ခန်းထဲ ရောက်မလာနိုင်သေးလဲ….. ပြော ဒီလိုကလေးတွေကိုNFE Non-Formal Edu ကျောင်းပြင်ပ ပညာရေးအနေနဲ့ စာသင်ပေးလိုသူတွေက လမ်းဘေးစာသင်ဝိုင်းလေးနဲ့ သင်ပေးနေတာတွေ သတင်းထဲပါလာလို့ ခင်ဗျားတို့ရဲ့ မရှိတဲ့အရှက် ဟက်တက်ကွဲသွားလို့လား……ပြောစမ်းပါဦး ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး တည်ဆာက်အံ့…ဆို မသင်မနေရ အခမဲ့ပညာရေးဆို မူလတန်း၊အလယ်တန်း၊ အထက်တန်းထိပါ ဖော်ဆောင်သွားပါမယ်….ဆို ပညာရေးဆီ မရောက်လာနိုင်သေးတဲ့ ကလေးတွေအတွက်… ကလေးတွေဆီ ပညာရေးရောက်အောင် ပို့ပေးတာတွေကို လူတိုင်းသိအောင် သတင်းတွေက အမှန်တရားကို ဖော်ထုတ်တင်ပြတာကို လက်မခံနိုင်ရင် အစိုးရလုပ်မနေနဲ့တော့….. ဖမ်းထားတဲ့ ခလေးတွေအားလုံး အမြန်ဆုံး ပြန်လွှတ်ပေးပါ… ပရဟိတ ပညာရေးကို ချုပ်ချယ်တားဆီးမှုတွေ ရပ်တန်းကရပ်ပါ….

About Mee Wah

Mee Wah has written 10 post in this Website..