ဖမ်းထားတဲ့ ခလေးတွေအားလုုံး အမြန်ဆုုံး ပြန်လွှတ်ပေးပါ…

Mee WahJune 26, 20141min1004

10441974_666405983426055_4861397396772561162_n

သတင်းတွေထဲမှာ ပါသွားလိုု့တဲ့ တယောက်က စိတ်မကောင်းစရာ မတ်ဆေ့ပိုု့တယ် ကျန်ရှိတဲ့ ကလေးတွေ လွတ်မြောက်ရေးအတွက် သတင်းမရေးကြပါနဲ့လိုု့ လိုုက်ပါကူညီသူတချို့က စိုုးရိမ်စိတ်နဲ့ ပြောပြန်တယ်… သတင်းသမားတယောက်အနေနဲ့ စိတ်မကောင်းဘူး.. ဒါပေမယ့် အမှန်တရားကို ထုုတ်ဖော်ချင်တယ်…. ၂၄.၆.၂၀၁၄ မနက်က ရန်ကုုန်ဘူတာကြီးနားမှာ အသက်(၁၂-၁၃)ဝန်းကျင် ကလေး(၁၅)ယောက်ကိုု လေလွင့်ကလေးတွေ ဆိုုပြီး ရဲကဖမ်းလုိုက်တယ်။အဲဒီ့ကလေးတွေဟာ အရင် ဘူတာကြီး လမ်းဘေးစာသင်ဝိုုင်းမှာ စာလာသင်ခဲ့တဲ့ ကလေးတွေ။ ဒီစင်္ကြန်#၃က လမ်းဘေးစာသင်ဝိုုင်းကိုုလည်း တီဗီသတင်းပါလာပြီး နောက် တရက်မှာ အထက်က အမိန့်အရဆိုုပြီး အပိတ်ခံလိုုက်ရတယ်။ အခုု ကလေးတွေကိုု လေ့လွင့်ဆိုုပြီး ဖမ်းလိုုက်ပြန်တယ်… ကဲ ပြုပြင်ပြောင်းလဲရေး အစိုုးရရဲ့ ဖြေရှင်းနည်းက ဒါပဲလား…. ဒီကလေးတွေ ဘာကြောင့် လမ်းပေါ်ရောက်နေကြရသလဲ….ပြော အခမဲ့ပညာရေး ဖော်ဆောင်နေပါတယ်ဆိုုတဲ့ ကျောင်းတွေကိုု ဒီကလေးတွေ ဘာကြောင့် စာသင်ခန်းထဲ ရောက်မလာနိုုင်သေးလဲ….. ပြော ဒီလိုုကလေးတွေကိုုNFE Non-Formal Edu ကျောင်းပြင်ပ ပညာရေးအနေနဲ့ စာသင်ပေးလိုုသူတွေက လမ်းဘေးစာသင်ဝိုုင်းလေးနဲ့ သင်ပေးနေတာတွေ သတင်းထဲပါလာလိုု့ ခင်ဗျားတိုု့ရဲ့ မရှိတဲ့အရှက် ဟက်တက်ကွဲသွားလိုု့လား……ပြောစမ်းပါဦး ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုး တိုုးတက်သော နိုုင်ငံတော်ကြီး တည်ဆာက်အံ့…ဆိုု မသင်မနေရ အခမဲ့ပညာရေးဆိုု မူလတန်း၊အလယ်တန်း၊ အထက်တန်းထိပါ ဖော်ဆောင်သွားပါမယ်….ဆိုု ပညာရေးဆီ မရောက်လာနိုုင်သေးတဲ့ ကလေးတွေအတွက်… ကလေးတွေဆီ ပညာရေးရောက်အောင် ပိုု့ပေးတာတွေကိုု လူတိုုင်းသိအောင် သတင်းတွေက အမှန်တရားကိုု ဖော်ထုုတ်တင်ပြတာကိုု လက်မခံနိုုင်ရင် အစိုုးရလုုပ်မနေနဲ့တော့….. ဖမ်းထားတဲ့ ခလေးတွေအားလုုံး အမြန်ဆုုံး ပြန်လွှတ်ပေးပါ… ပရဟိတ ပညာရေးကိုု ချုပ်ချယ်တားဆီးမှုတွေ ရပ်တန်းကရပ်ပါ….

4 comments

  • alinsett (gazette)

    June 26, 2014 at 10:16 am

    အပြစ်မရှိပဲ အဖမ်းခံရတာဆိုရင်တော့
    ကလေးတွေဘက်က တော်တော်နစ်နာပါတယ်
    သူတို့လေးတွေရဲ့ မိဘ ဆွေမျိုးတွေ ဘယ်လောက် စိုးရိမ်သောကရောက်လိုက်မလဲ
    မဖြစ်သင့်တာတွေ ဖြစ်နေတုန်းပါပဲလား
    ဖြစ်သင့်တာတွေ မဖြစ်သေးဘူးပဲ

    🙁

  • Paing Lay

    June 26, 2014 at 10:38 am

    Big Pigs တွေ အရှုးချီးပန်းဖြစ်ပြီး လုပ်ချင်ရာလျှောက်လုပ်နေကြပြီဟုတ်လား ခင်ဗျားတို့ မဲရဖို့ ဘယ်လိုပဲကြိုးစားကြိုးစား နောက်ဘဝကူးရင်တောင်ရဖို့ မသေချာဘူး ဆိုတာ သေချာမှတ်ထားပါ အာဏာရှင် ဘဘကြီးများ :buu:

  • မဟာမင်းလှ ဝဏ္ဏကျော်ထင် အော့ကြောလန်

    June 26, 2014 at 4:01 pm

    ဒါက သနားစဖွယ်ကလေး ကောင်းလေးတွေပေါ့
    ကလေးဆိုးတွေအကြောင်းရောသိလား

  • cobra

    June 27, 2014 at 12:34 pm

    စာသင်တဲ့ကလေးတွေကိုဖမ်းမယ့်အစား
    လမ်းဘေးမှာ လစ်တဲ့ဟာလေးခိုး
    ကော်ဗူးတွေ ရှူနေတဲ့
    လေလွင့်နေတဲ့ကလေးတွေကိုကျတော့ ဒီတိုင်းလွှတ်ထားတယ်လား

Leave a Reply