အီတလီနောက်ခံလူချီရယ်လီနီအားကိုက်ခဲခဲ့ပြန်သည့်ဆွာရက်ဇ် ၂၄ပွဲပယ်ပြစ်ဒဏ်ခံရနိုင်

BayoteJune 26, 20141min1593

ဥရုဂွေးအသင်းကစားသမားဆွာရက်ဇ်မှာ အီတလီအသင်းနှင့်ပွဲစဉ်တွင်ပြိုင်ဘက်နောက်ခံလူ ချီရယ်လီနီ၏ပုခုံးအား ကိုက်ခဲမှုပြုလုပ်ခဲ့ပြီး ယင်းကိစ္စရပ်အပေါ် ဖီဖာမှာစုံစမ်းစစ်ဆေးမှုပြုလုပ်သွား မည်ဟု အတည်ပြုလိုက်သည်။
ဆွာရက်ဇ်သည် 2013ဧပြီလက ချဲလ်ဆီးနှင့် ၂-၂ သရေကျခဲ့စဉ်ကလည်း ပြိုင်ဘက်နောက်ခံလူအိုင်ဗန်နိုဗစ်အားကိုက်ခဲ့မှုကြောင့်10ပွဲပယ်ပြစ်ဒဏ်ကျခံခဲ့ရဖူးပြီး ယခုတစ်ကြိမ်ကိုက်ခဲမှု ထပ်မံပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ယခုတစ်ကြိမ်ဆွာရက်ဇ်ကိုက်ခဲခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီးဖီဖာကစစ်ဆေးမှုများစတင်ပြုလုပ်သွားမည်ဟုထုတ်ပြန်ခဲ့ကာယင်းပြစ်ဒဏ်ကြောင့်၂၄ပွဲပယ်ခံရနိုင်ကြောင်းလည်းသိရသည်။
ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး ဒိုင်လူကြီးကော်မတီအကြီးအကဲတာဝန်ယူထားသည့်ဖီဖာဒုဥက္ကဋ္ဌဂျင်ဘွိုက်က”တီဗီကနေ ဒီကိစ္စကို အကြိမ်ကြိမ်ထပ်ကြည့်ခဲ့ပြီးပြီ။ သူဟာ ထူးချွန်ထက်မြက်တဲ့ကစားသမားဆိုတာသံသယမရှိပါဘူး။ ဒါပေမဲ့ဒီလိုမျိုးအပြုအမူကိုသူထပ်လုပ်ခဲ့ပြန်ပြီ။ ဖီဖာကလည်းကိစ္စကို စုံစမ်းစစ်ဆေးမှုလုပ်ကိုလုပ်ရပါ မယ်။ လိုအပ်ရင်လိုအပ်သလို ပြင်းပြင်ထန်ထန်အပြစ်ပေးရမယ်”ဟုပြောသည်။

3 comments

  • alinsett (gazette)

    June 26, 2014 at 11:34 am

    ဘာသာရွာ
    သာသနာရွာ
    နိုင်ငံ့အရေးရွာ
    ငြင်းခုန်ခြင်းအနုပညာရွာ
    ကဗျာရွာ
    ရသရွာ
    ဟောာာာာ အခု
    သတင်းရွာ

    :mrgreen:

  • Paing Lay

    June 26, 2014 at 3:30 pm

    အတင်းရွာဖွဲ့ရန် တာစူနေကြောင်း ယိုင်နဲ့နဲ့ သတင်းရပ်ကွက်မှ သိရှိရပါသည် 😀

  • kai

    June 26, 2014 at 3:44 pm

    ခုတလော လူဟောင်းတွေရော..အသစ်တွေပါ.. တခြားသတင်းဌာန..ဝက်ဘ်ဆိုက်တွေကသတင်းတွေ တိုက်ရိုက်ကူးတင်နေတာတွေ့ရပါတယ်..။
    Copy/Paste Category တောင်မရွေးထားတာမို့.. ရှေ့မျက်နှာမှာ ပေါ်နေတယ်ပေါ့..။
    ကိုယ့်အတွေးအခေါ်လေးထည့်.. အပြန်အလှန်ဆွေးနွေးကြပါလို့..။
    ပို့စ်တင်တာရတဲ့ ပွိုင့်ထက်.. အပြန်အလှန်ဆွေးနွေးကြရင်..ပေးတဲ့ပွိုင့်လည်း မနည်းပါဘူးလို့နော..။

    နောက်ပြီး…
    အောက်ကစည်းကမ်းလေး.. သေသေချာချာ ဖတ်ကြစေလို..။

    4. အခြားမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများ (မူရင်းအစစ်အမှန်ကို ညွန်းဆိုခြင်းမရှိပဲ၊ ကိုယ်ပိုင်အတွေးအခေါ်မထည့်ပဲ)တိုက်ရိုက်ကူးတင်ခွင့်မရှိ။

Leave a Reply