မိမိကိုယ်ကို ဆုံးမခြင်း

Mee WahJune 26, 20141min1677

လောကဇာတ်ခုံ ဤလူ့ဘုံ၌ မျိုးစုံကကြ
မာန်မာနနှင့် ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု
ငါသွေးတက်ကြွ လူ့ဗာလတို့ များလှဖြာဖြာ
အဝိဇ္ဇာနှင့် တဏှာဘီလူး
အမှောင့်ပူး၍ ကျူးကျူးကျော်ကျော်
ဂုဏ်ကိုဖေါ်လျက် မော်မော် မောက်မောက်
ငါတစ်ယောက်သာ မိုးအောက်တလွှား
ရွှေကိုယ်လားဟု ထင်မှားမလွဲ
သို့စဉ်စွဲလည်း ဇာတ်ပွဲပြီးက
ပြည်ဖုံးချသော် သုဘရာဇာ
မြေအောက်မှာပင် ဘာသာလူမျိုး
ချိန်မထိုးပဲ ပုတ်သိုးခန္ဓာ
မြုပ်ရရှာသည် ဘယ်မှာ ငါဟု ရှိအံ့နည်း။

(လယ်တီဆရာတော်ကြီး)

7 comments

  • alinsett (gazette)

    June 26, 2014 at 11:31 am

    ငါ မရှိဘူး ဆိုတဲ့ အသိ
    ငါ့မှာရှိဖို့
    တွေးတောကြံဆ သံဝေဂ
    ရဖို့ ကြိုးစားမည် ပေါ့။

    😆

    ဒါလေးဖတ်ပြီး ကျနော့်ကို ကျနော်လည်း
    ပြန်ဆုံးမလိုက်ပါတယ်ဗျို့

  • Saw Faw Shaw

    June 26, 2014 at 12:28 pm

    လယ်တီဆရာတော်ကြီး ကဗျာ။
    အင်း ဖတ်ဘူးတယ်။
    ဘာထူးခြားလို့ပြန်ဖေါ်ပြတာလဲ။
    ဘာမှတ်သားစရာပါလို့ပြန်ဖေါ်ထုတ်တာလဲ။
    ပို့စ်တင်သူရဲ့ အာဘော်လေး နည်းနည်းထည့်သင့်ပါတယ်။

  • Mee Wah

    June 26, 2014 at 12:58 pm

    မြန်မာကဗျာကို စကားပြေလို ဘာသာပြန်ရတာ 10 တန်းမှာတင် ပျင်းလွန်းလို့…ဘာမှတ်သားစရာပါလဲဆိုတော့ ယူတဲ့သူပေါ်မှာ မူတည်ပါတယ်….ပေါ့ပေါ့လေးဖတ်ရင်
    ပေါ့ပေါ့လေးပါပဲ…လေးလေးနက်နက် ဖတ်ရင် လေးနက်တာပေါ့…လယ်တီဆရာတော်ကြီးကလည်း
    အားလုံးနားလည်အောင် တိုတိုရှင်းရှင်းလေးပဲ ရေးခဲ့တာပါ…

  • Saw Faw Shaw

    June 26, 2014 at 1:07 pm

    အေးလေ လယ်တီဆရာတော်ကြီးကဗျာက လေးနက်မှန်းသိပါတယ်။
    ဖတ်လည်း ဖတ်ဖူးကြပါတယ်။
    ပြန်လည်ဖေါ်ထုတ်တာကိုလည်း ဝမ်းသာမိပါတယ်။
    ဒါပေမယ့် ကဗျာကူးရေးပြီး ပို့စ်တင်သူက
    ဘာပြောချင်မှန်း မသိဖြစ်တော့ မကောင်းဘူးပေါ့ဗျာ။
    လယ်တီဆရာတော်ကြီး ကဗျာကတော့ ခင်ဗျား တင်မှ မဟုတ်ပါဘူး။
    အွန်လိုင်းပေါ် ဘယ်ဖတ်ဖတ် ရနေတာပဲလေ။

  • alinsett (gazette)

    June 26, 2014 at 1:18 pm

    ပိုစ့်တင်သူရဲ့
    အတွေးလေး အရေးလေး
    အပြောလေးတွေလည်း ထည့်တင်ရင် ပိုကောင်းမွန်ပါကြောင်းးး

    :kwi:

  • Mee Wah

    June 26, 2014 at 1:49 pm

    ခေါင်းစဉ်ပေးထဲက မိမိကိုယ်ကိုဆုံးမခြင်း ဆိုပီး ငါဆိုတဲ့ အတ္တတွေမများအောင် ဆရာတော်ကြီးရဲ့ ကဗျာနဲ့တွဲတင်လိုက်တာပါ….သူများအပေါ်တော့ မမြင်တက်လို့ အာဘော်မရေးတာပါ…အွန်လိုင်းပေါ်ဘယ်ဖတ်ဖတ်ရပေမယ့်လည်း ဘာသာရေးဆိုဒ် နဲ့ နွယ်တဲ့နည်းနည်းလောက်ပဲ ဒီလိုစာတွေတင်တက်ကြလို့ ဖတ်စေချင်တာပါ…အာဘော်တွေရေးလောက်အောင်အထိ ဆရာမကျ သေးလို့ ခွင့်လွှတ်ကြပါလို့…..

  • Saw Faw Shaw

    June 27, 2014 at 12:15 pm

    အောင်မယ် အောင်မယ်။
    ဆရာမကျသေးလို့ ဆိုပဲ။
    ဆရာမကျသေးတာတောင် လယ်တီဆရာတော်ဘုရားကြီး စကိုင်တယ်ဆိုတော့
    ဆရာများကျသွားရင် ဘာတွေကိုင်မယ် မသိ။
    ရေးပါ။ ရေးလိုက်စမ်းပါ။
    ဒီရွာက လူဒွေက ကိုယ်တိုင်ရေးဆိုရင်
    သည်းခံခွင့်လွှတ်ဖတ်ရှုနိုင်စွမ်းမြင့်မားကြပါတယ်။
    နောက်ကို လယ်တီဆရာတော်ဘုရားကြီး စာတွေ ကဗျာတွေကို
    ဘလိုင်းကြီးမတင်နဲ့နော်…နော်…နော်လို့။

Leave a Reply