Mandalay Gazette မှာလဲ လုပ်လို့ရရင် သိပ်ကောင်းမယ်….

ကုိ ထြဋ္June 26, 20141min25217

Facebook Page မှာ အလိုအလျောက် ပို့စ်တွေကို တက်အောင်လုပ်မယ်

အချိန်ပေးပြီး ဖေ့ဖွတ်ကို မသုံးနိုင်လို့ နာရီပိုင်းလောက်ပဲ အချိန်ရတဲ့ Facebook Page နဲ့ အလုပ်လုပ်ကြတဲ့ သူတွေအတွက် တကယ်ကို လိုအပ်မယ့် နည်းလမ်းလေး တစ်ခုဖြစ်လို့ မျှဝေပေး လိုက်ရပါတယ်။

(၁) မိမိ၏ Facebook Page မှာ Status တစ်ခု တင်ပါ။ ပုံ ပါလည်း ရပါတယ်။

(၂) Post ကို မနှိပ်လိုက်ပါနဲ့။

(၃) အောက်ဘက်တွင် နာရီပုံလေးကို တွေ့ပါလိမ့်မယ်။ ၎င်းနာရီပုံအား တစ်ချက်နှိပ်လိုက်ပါ။

(၄) Schedule Post ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။

(၅) အဲဒီမှာ Add a Time ? ဆိုတဲ့ နေရာမှာ မိမိအလိုရှိတဲ့ အချိန်ကို ရွေးချယ်လိုက်ပါ။

(၆) ပြက္ခဒိန်ကတော့ ယနေ့အတွက် ဆိုရင် နှိပ်စရာမလိုဘဲ မနက်ဖြန်နှင့် တခြားသော နေ့တွေအတွက်ဆိုရင်တော့
ရွေးပေးလိုက်ပါ။

(၇) အားလုံး ရွေးပြီးတာနဲ့ Schedule မှာ တစ်ချက်နှိပ်လိုက်ပါ။

(၈) ထိုအခါ မိမိရွေးထားတဲ့ အချိန် နေ့စွဲ စတာလေးတွေကို Your Post Has Been Scheduled ပေါ်လာပါလိမ့်မယ်။

(၉) View Activity Tab မှာ တစ်ချက်နှိပ်ပါ။

(၁၀) အားလုံး အဆင်ပြေ သွားပါပြီ။ Scheduled Posts ဆိုတဲ့ ခေါင်းစဉ်နဲ့ အတူ မိမိ၏ ပို့စ်ကို တွေ့နိုင်ပါပြီ။ မိမိ Facebook Page ၏ မူလ စာမျက်နှာသို့ ပြန်လည်သွား လိုက်ပါ။

ဤတွင် မိမိ Schedule လုပ်လိုက်သော ပို့စ်အား ပြင်ချင်တယ်ဆိုပါက View post ဆိုတဲ့ စာတန်းကို နှိပ်ပြီး ပြင်ဆင်နိုင်ပါတယ်။ ၆ လလောက်ထိအောင် ပို့စ်များကို Scheduled လုပ်ထားနိုင်ပါတယ်။ ပုံကိုကြည့်ပြီးလည်း လုပ်ဆောင်နိုင် ပါတယ်။

www.yoyarlay.com
ကျော်လင်းနိုင် (ရိုးရာလေး)

fb scheduled

17 comments

  • Saw Faw Shaw

    June 26, 2014 at 1:20 pm

    ပို့စ်တွေ တင်တာကိုတော့ ကျေးဇူးတင်ပါတယ် ကိုရေမြေ့သနင်း။
    တစ်နေ့ကို ၂ ပုဒ်ပဲ တင်လို့ ရပါတယ်ဗျ။
    နည်းနည်း သတိလေးထားပြီး တင်ပါဗျာ။

  • မင်း ခန့် ကျော်

    June 26, 2014 at 1:25 pm

    စမ်းကျိပါအုံးမယ်ဗျာ။
    အချိန်ကိုအကျိုးရှိစွာသုံးလို့ရသွားတာပေါ့။

  • alinsett (gazette)

    June 26, 2014 at 1:35 pm

    ဂဇက်ရွာ စည်းကမ်းအရ တစ်နေ့ နှစ်ပုဒ်ထက် ကျော်ပြီး တက်လာတဲ့ နောက်ပိုစ့်တွေကို နောက်ရက်မှာမှ တက်အောင် ရှယ်ဂျူးနဲ့ ပိုစ့်ပါ့မယ်။
    အခု fb မှာ လုပ်သလိုလေးပေါ့ဗျာ။
    :mrgreen:

  • Yae Myae Tha Ninn

    June 26, 2014 at 1:45 pm

    ကျွန်တော် ပြောချင်တာလဲ အဲဒါပဲ.. တရက် ၂ ပို့စ်ပဲ ဖြစ်အောင် ကျွန်တော်အားတဲ့ အချိန်တင်ထားတာကို.. Scheduled ပေးထားလိုက်ရင် အိုကေပဲလေ… မဟုတ်ရင် မအားတဲ့ရက် မတင်ဖြစ်နဲ့ဆို.. အဆင်မပြေဘူး.. 🙁 Admin ကူပါနော်… 🙁

    • alinsett (gazette)

      June 26, 2014 at 2:15 pm

      အဟမ်းးး
      ပိုစ့်တင်ကတည်းက ဒိတ်ကို စိတ်ကြိုက်ပြင်လို့ရပါတယ်ဗျာ။
      ကျနော်တို့က တင်ပြီးသမျှကို လိုက် ပြင်ပေးနေရအောင်လည်း အားတဲ့အချိန်နဲ့ကြုံဦးမှ
      ဒီတော့ ပိုစ့်တင်ရင်းနဲ့ အဲဒီနေရာမှာပဲ ရှယ်ဂျူး လုပ်လို့ရပါတယ် ။

  • ချစ်ရင်ထူး II

    June 26, 2014 at 2:33 pm

    စမ်​းကျိအုန်​းမ . . .
    ​အောင်​မငီး . . ဘာကိုစမ်​းမိပါလိမ်​့

  • alinsett (gazette)

    June 26, 2014 at 2:43 pm

    ဒီနေ့ ထပ်တင်ထားတဲ့ ကိုရေမြေ့သနင်းရဲ့ပိုစ့်တွေထဲက
    လက်သည်းပုံနဲ့ ဘဝတစ်စိတ်တပိုင်း ပို့နဲ့
    မေတ္တာတရားနဲ့သာ ဆိုတဲ့ပိုစ့် နှစ်ပုဒ်ကို
    မနက်ဖြန်မနက် 27 / 6 / 2014 / 05 : 00 အချိန်မှာ တက်လာအောင်
    ရှက်ဂျူး လုပ်ထားပါကြောင်းး

    မနက်ဖြန်အတွက် တင်ရမယ့် ပိုစ့် နှစ်ပုဒ် ပြည့်သွားပြီ ဖြစ်ပါကြောင်း

    နောက်နေ့တွေအတွက်လည်း
    ပိုစ့်တင်ရင် ကိုယ်တိုင် ရှက်ဂျူး လုပ်နိုင်ပါကြောင်းး

  • Yae Myae Tha Ninn

    June 26, 2014 at 3:15 pm

    အင်း.. စမ်းကြည့်ဦးမှပဲ.. ဒါနဲ့ စကားမစပ် ဆရာကြီးကလဲ အက်ဒမင်လားဗျ.. ကိုင်တယောက်တည်း ဟုတ်တော့ဘူးလား… 🙂

    • alinsett (gazette)

      June 26, 2014 at 3:59 pm

      အက်ဒမင်တော့ ဟုတ်ပါဘူးဗျာ
      ဟိုရွှေ ့ဒီရွှေ ့တော့ လိုက်လုပ်ပေးနေတာပါပဲ။

  • Yae Myae Tha Ninn

    June 26, 2014 at 3:17 pm

    တွေ့တယ်.. တွေ့တယ်.. ဒါဆို ဒီနေ့ တပို့စ်တင်လို့ရသေးတယ်ပေါ့.. တင်လိုက်မယ်နော်.. မြန်မြန် ပြန်ဖြေပါ.. မဟုတ်ရင် တင်ပီနော်… ကော်ကောင်းတုန်းလုပ်ရတာဗျ… 😛

    • Mr. MarGa

      June 26, 2014 at 3:23 pm

      အမ်
      ဒီနေ့အတွက် နှစ်ပုဒ်ပြည့်လို့ ကျန်တာတွေ နောက်ရက်ကိုရွှေ့တာဗျ
      သန်ဘက်ခါမှ တင်လို့ရပါမည် 🙂

  • alinsett (gazette)

    June 26, 2014 at 4:01 pm

    တစ်ရက်ကို နှစ်ပုဒ် လို့ စည်းကမ်းချက်မှာ ဖတ်နိုင်ပါတယ်နော်

  • Yae Myae Tha Ninn

    June 26, 2014 at 4:57 pm

    ဟုတ်… မနက်ဖြန် မတင်တော့ဘူး.. 🙂

  • Yae Myae Tha Ninn

    June 26, 2014 at 5:03 pm

    ဟိုရွှေ့ ဒီရွှေ့ နဲ့ လုပ်ပေးတယ်ဆိုတာ… အကောင့်ထဲ ဝင်လုပ်မှ ရမှာပေါ့.. အဲတော့ အက်ဒမင် သူငယ်ချင်းတော့ လုပ်လိုက်… 🙂

    • မဟာမင်းလှ ဝဏ္ဏကျော်ထင် အော့ကြောလန်

      June 26, 2014 at 5:25 pm

      အိုက်ဒိ ကောင်တွေက ဗိုင်းရပ်စ် ကယ်ရီယာဒွေ
      အယုံနဲ့
      ကိုယ့်ဟာဒွေ လှန်လှန်ကြည့်ဒယ်
      ကိုင်တောင် မနိုင်လို့မျက်နှာချိုသွေးနေရဒယ်

  • Yae Myae Tha Ninn

    June 28, 2014 at 9:09 am

    လူဆိုးကြီးတွေပေါ့.. ဒီလိုဆို မပြေဘူး…. 🙁

Leave a Reply