ဓာတ်ဆီဆိုင်က ကိုချူချာ

ဆီထည့် ရာတွင်ပညာပါ ၊

ဆီမလာခင် နံပါတ်တက်

ပိုက်ဆံများများထွက် ။

 

လမ်းတွေဆိုးလို့ ပြုပြင်မယ်

ကွန်ကရစ်လမ်း ခန့်ခန့်ထည၊်

မိုးရွာတော့မှ လမ်းကိုခင်း

ဘိလပ်မြေတွေရေပျော်ဆင်း ။

 

စည်ပင်သာယာ ကိုမေတ္တာ

မြောင်းတူးရာတွင် သူဆရာ ၊

ရေစီးရေလာ သွက်လက်ဖို့

ကိုမေတ္တာကို ရေ လောင်းစို့ ။

 

လျှပ်စစ်ဌါန ကိုမဲမှောင်

မီတာခတောင်း ခတ်ပြောင်ပြောင် ၊

မီးပျက်တဲ့ခါ ရှောင်လို့ပြေး

ဖုန်းပိတ်ပြီးပြေး ခတ်ဝေးဝေး ။

 

မ ထ သ ကဆရာတွေ

ကြီးကြပ် စည်းကြပ် ညံ့လှပေ ၊

စပယ်ယာတွေ လူမိုက်မွေး

ခရီးသည်ကို ရိုက်ကြသေး ။

 

ဒို့ သမတ ဘဘပြောင်

မေတ္တာထိတ်ခေါင် သူ့ဘုန်းရောင် ၊

ရာဇဝတ်သားတွေ လွှတ်လို့ပေး

မှုခင်းထူရေး လုပ်လို့ပေး ။

 

လယ်သမားကြီး ကိုဘမောင်

စိုက်ပျိုးရေးကို သူစွမ်းဆောင် ၊

လယ်သမားတွေ ဆန္ဒပြ

လယ်ယာမြေတွေ သိမ်းလို့ဗျ ။

 

အောင်ရင်ငြိမ်းက ပြောလေတယ်

သူ့အတွေးတော့ လစ်ဘရယ် ၊

အနုပညာ ဗုံးတွေခွဲ

အပြောနဲ့အလုပ် သောက်တလွဲ ။

 

ဂွဇွတ်ဆိုက်က မော့မော့တွေ

ပုဆိုးခြုံပြီး အိပ်လို့နေ ၊

ဝဘ်ဆိုက်ထဲမှာ ဖြစ်ချင်ရာဖြစ်

ဖွဘုတ်တော်မှာ လေတွေပစ် ။

 

မော့ မော့ ဆိုတာ စစ်သူကြီးပါ

ဘယ်သူဆဲ ဆဲ မမှုပါ ၊

လုပ်သင့်တာကို ရွေးလို့လုပ်

ဖြုတ်သင့် တဲ့ပို့စ် ဖြုတ်သာဖြုတ် ။

 

ဝဘ်ဆိုက်ပိုင်ရှင် ဦးလေး kai

သာဓုခေါ်ပေး ခတ်မြိုင်မြိုင် ၊

သတင်းစုံဖို့ သူအားထုတ်

ဖွဘုတ်သတင်း အရှုပ်ထုပ် ။

 

တက်လာလိုက်တဲ့ သတင်းတွေ

အားရ ပါးရ ဖတ်ကြ မလေ ၊

ဖွင့်လိုက်ကြစု့ိ သူငယ်ချင်း

သုံးလေးကြောင်းရေး သူတို့သတင်း ။

 

တစ်နေ့နှစ်ပုဒ် တင်ကြပါ

စည်းနဲ့ကမ်းနဲ့ ရိုသေပါ ၊

မော်ဒရေတာတွေ မျောက်စိမှိတ်

တော်ရာချောင်မှာ မှောက်လို့အိပ် ။

 

 

 

(မော့ မော့ များ လာရောက် ဆဲကြစေလို   ဒဂျိ ဒဂျိ )

 

 

 

 

 

 

 

 

 

 

 

 

 

About မဟာမင်းလှ ဝဏ္ဏကျော်ထင် အော့ကြောလန်

မဟာမင်းလှ ဝဏ္ဏကျော်ထင် အော့ကြောလန် has written 1 post in this Website..

မဟာမင်းလှ ဝဏ္ဏကျော်ထင် အော့ကြောလန်