ဂွေဇွတ် သင်ပုန်းကြီး ဖွတ်စာ
ဓာတ်ဆီဆိုင်က ကိုချူချာ
ဆီထည့် ရာတွင်ပညာပါ ၊
ဆီမလာခင် နံပါတ်တက်
ပိုက်ဆံများများထွက် ။
လမ်းတွေဆိုးလို့ ပြုပြင်မယ်
ကွန်ကရစ်လမ်း ခန့်ခန့်ထည၊်
မိုးရွာတော့မှ လမ်းကိုခင်း
ဘိလပ်မြေတွေရေပျော်ဆင်း ။
စည်ပင်သာယာ ကိုမေတ္တာ
မြောင်းတူးရာတွင် သူဆရာ ၊
ရေစီးရေလာ သွက်လက်ဖို့
ကိုမေတ္တာကို ရေ လောင်းစို့ ။
လျှပ်စစ်ဌါန ကိုမဲမှောင်
မီတာခတောင်း ခတ်ပြောင်ပြောင် ၊
မီးပျက်တဲ့ခါ ရှောင်လို့ပြေး
ဖုန်းပိတ်ပြီးပြေး ခတ်ဝေးဝေး ။
မ ထ သ ကဆရာတွေ
ကြီးကြပ် စည်းကြပ် ညံ့လှပေ ၊
စပယ်ယာတွေ လူမိုက်မွေး
ခရီးသည်ကို ရိုက်ကြသေး ။
ဒို့ သမတ ဘဘပြောင်
မေတ္တာထိတ်ခေါင် သူ့ဘုန်းရောင် ၊
ရာဇဝတ်သားတွေ လွှတ်လို့ပေး
မှုခင်းထူရေး လုပ်လို့ပေး ။
လယ်သမားကြီး ကိုဘမောင်
စိုက်ပျိုးရေးကို သူစွမ်းဆောင် ၊
လယ်သမားတွေ ဆန္ဒပြ
လယ်ယာမြေတွေ သိမ်းလို့ဗျ ။
အောင်ရင်ငြိမ်းက ပြောလေတယ်
သူ့အတွေးတော့ လစ်ဘရယ် ၊
အနုပညာ ဗုံးတွေခွဲ
အပြောနဲ့အလုပ် သောက်တလွဲ ။
ဂွဇွတ်ဆိုက်က မော့မော့တွေ
ပုဆိုးခြုံပြီး အိပ်လို့နေ ၊
ဝဘ်ဆိုက်ထဲမှာ ဖြစ်ချင်ရာဖြစ်
ဖွဘုတ်တော်မှာ လေတွေပစ် ။
မော့ မော့ ဆိုတာ စစ်သူကြီးပါ
ဘယ်သူဆဲ ဆဲ မမှုပါ ၊
လုပ်သင့်တာကို ရွေးလို့လုပ်
ဖြုတ်သင့် တဲ့ပို့စ် ဖြုတ်သာဖြုတ် ။
ဝဘ်ဆိုက်ပိုင်ရှင် ဦးလေး kai
သာဓုခေါ်ပေး ခတ်မြိုင်မြိုင် ၊
သတင်းစုံဖို့ သူအားထုတ်
ဖွဘုတ်သတင်း အရှုပ်ထုပ် ။
တက်လာလိုက်တဲ့ သတင်းတွေ
အားရ ပါးရ ဖတ်ကြ မလေ ၊
ဖွင့်လိုက်ကြစု့ိ သူငယ်ချင်း
သုံးလေးကြောင်းရေး သူတို့သတင်း ။
တစ်နေ့နှစ်ပုဒ် တင်ကြပါ
စည်းနဲ့ကမ်းနဲ့ ရိုသေပါ ၊
မော်ဒရေတာတွေ မျောက်စိမှိတ်
တော်ရာချောင်မှာ မှောက်လို့အိပ် ။
(မော့ မော့ များ လာရောက် ဆဲကြစေလို ဒဂျိ ဒဂျိ )
ကိုယ်ခွဲ ကူးးးတင် တွေ မျက်စိနောက်နေတယ်
:boss:
Was this answer helpful?
LikeDislikeဒါဂျောင့် မျောက်မှန်မဲဂျီးတပ်ထားဒယ်ပေါ့
ဒီမယ် အမိ
ကူးတင်တယ်ဆိုဒါလည်း လွယ်ဒယ်မှတ်လို့
တဂယ်ဆိုရင် ကူးတတ်ဖို့ဘဲလိုဒါ ငိငိ
ကိုယ်ခွဲဆိုဒါ
တန်ခိုးးရှင်မှရဒါ ညှင်းညှင်းး
Was this answer helpful?
LikeDislikeမနိုင်ဝူးးး
ဒါဗျဲ
:boss:
Was this answer helpful?
LikeDislikeမနိုင်ရင်
ကုန်းကိုက်ပလိုက်ဗျာ
Was this answer helpful?
LikeDislikeဆွာရက်ဇ်ကိုသွားခေါ်ရမယ်
ကိုက်ဖို့အတွက်
Was this answer helpful?
LikeDislikeဘယ်သူလဲ တော့ မသိ ဘူး ဒီ ပိုစ် လေး ရေ း ထား တာ
အပြောမ တော် တစ်မန်း တဲ့
အတင်မတော် တစ် ပိုစ်တဲ့
ကျုပ်တုန်းကလို ရွာ အပြင် ကို ဘူ ဒို ဇာ နဲ့ ကော် ထု တ် ပြစ်မယ် လို့ အပြော ခံ နေရ အုံးမယ်။
Was this answer helpful?
LikeDislikeဒီမယ် ဘဂျီးဟ
အော့ကြောလန် တဲ့ တလန်ထဲရှိတယ်
အိုက်ဒိ ဘူဒိုဇာဂို သံရည်ကျိုစက်ပို့ပလိုက်မယ် ညှင်းညှင်း
Was this answer helpful?
LikeDislikeဝှါးးးးးးးးးးးဆက် အိပ်လိုက်ဦးမယ်ဗျာာာာာ
Was this answer helpful?
LikeDislikeအဘရေ ……… အိပ် အိပ် သေအောင်အိပ်
ဟုတ်ပါဘူးကွာ
ဟ ခီများဒို့ အိပ်နေလို့ ပွစာကျဲနေဒါလေ ညှင်း ညှင်း
Was this answer helpful?
LikeDislikeလူမိုက် လိုသလားးးး
:boss:
Was this answer helpful?
LikeDislikeလူမိုက်လား ဟေ့
ဝင်ခဲ့လေကွယ်
ညှင်းညှင်း
Was this answer helpful?
LikeDislikeဂွဇွတ်ဆိုက်က မော့မော့တွေ
ပုဆိုးခြုံပြီး အိပ်လို့နေ ၊
ဝဘ်ဆိုက်ထဲမှာ ဖြစ်ချင်ရာဖြစ်
ဖွဘုတ်တော်မှာ လေတွေပစ် ။
ဒါလေးတော့ ခိုက်သွားပြီ
Was this answer helpful?
LikeDislikeမော့မော့တွေဆိုပြီး သိမ်းကြုံး ပြောတာထက် ဘယ်မော့မော့က ဘယ်မှာ ဘယ်လိုအိပ်နေတယ်ဆိုတဲ့အထောက်အထားနဲ့ဆော်ဗျာ
အဲဒါမှ ပွဲက လှမှာ
အခုဟာက သိမ်းကြုံးပြောလိုက်တော့
မအိပ်ပဲ တိတ်တိတ်ဆိတ်ဆိတ် သူ့အလုပ်သူလုပ်နေတဲ့ မော့မော့တွေကို အားနာစရာကြီး
Was this answer helpful?
LikeDislikeမော့ မော့တို့ နဲ့ တွေ့ရတာ ပျော်ကြရဲ့လားဗျာ။
ခိခိ။
ဦးမော့ ပျက်လုံးလေးတောင် သတိရမိပါသေးးး။
အလုပ်ဆိုတာ တိတ်တိတ်ဆိတ်ဆိတ်မလုပ်ရဝူးး။

ကိုယ် အလုပ်လုပ်တာ လူမသိပဲ နေမယ်။ အဟွတ်။
အမှန်ဆို မော့ ဆိုတာ စစ်သူကြီးတွေတို့ ဘာတို့။

Was this answer helpful?
LikeDislikeပြောပြလိုက်ပါဗျာ
ကြောက်ရင်လွဲ
ရဲ နှစ်ခါသေလို့
ညှင်းညှင်း
Was this answer helpful?
LikeDislikeအဟွတ်
တိတ်တိတ်ဆိတ်ဆိတ် မလုပ်ရဘူးတို့ ဘာတို့. . .
အသံလေးပေးပြီး ကိုယ် လုပ်မှန်းသိအောင် လုပ်တော့လည်း
အပြောမလွတ်ပါဘူးဗျာ
လုပ်ရတာကို အသံကောင်းဟစ်တယ် တို့
သဂျီးက အရူးကို ဘုံမြှောက်ထားတယ်တို့
အပြောခံရတာပါပဲ။ ကျနော်မျိုး အပြောခံနေရတာပါပဲ
တကယ်တော့ ဘယ်လိုနေနေ အကဲ့ရဲ့က မလွတ်ဘူးရယ်
ပိုဆိုးတာက
ဒို့ဗမာတော်တော်များများက
သူတပါးကို အသိအမှတ်ပြုဖို့ ချီးမွမ်းစကားဆိုဖို့သာ ဝန်လေးမယ်
သူတပါးရဲ့ အမှား အပြစ်ကို ရှာကြံကဲ့ရဲ့တဲ့နေရာမှာတော့ လက်မနှေးတာ များတယ်လေ။
အခွင့်သာတာနဲ့ ဆွမ်းကြီးလောင်းတာတွေကလည်း ရှိသေး
ဘေးထိုင်ဘုပြောတွေကလည်း ရှိသေး
ဒီတော့ ဘာလုပ်မလဲ
ဘာလုပ်လုပ် ချီးမွမ်းစကားနည်းနည်းနဲ့ ကဲ့ရဲ့စကားများများ ကြားနေရမှာပဲ
ဒီတော့ အဆင်သင့်ရင် ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ်လုပ်ပေးနိုင်တာလေး လုပ်
မအားလို့ အဆင်မသင့်ရင် မလုပ်ပေးရကောင်းလား လို့ ကိုယ့်ထမင်းကိုယ်စားပြီး အသားလွတ် ဆဲတာကိုခံ
ဒါပဲရှိတယ်။
ဘယ်လိုနေနေ အပြောအဆိုကတော့ လွတ်မှာမဟုတ်
ဆဲချင်တဲ့လူက ဆဲ
ချီးမွမ်းချင် အသိအမှတ်ပြုချင်သူကပြု
ကိုယ်က ကိုယ့်ဘဝနဲ့ကိုယ် လုပ်ပေးနိုင်တဲ့အချိန်လုပ်ပေး
မလုပ်ပေးနိုင်ရင် အဆဲခံ
ဒါပဲ
Was this answer helpful?
LikeDislikeအာ။
နာ့ မောင်ဂလေးကို ဘူသူပြောလဲ။
မမဂျီး နာမည်ကိုသာပြောလိုက်။
တခါတည်းးးး
.
.
.
.
.
.
.
.
.
.
.
.
.
အကြွေးတောင်းလွှတ်လိုက်လိမ့်မယ်။

Was this answer helpful?
LikeDislikeဒီမယ် အောင်ရဲလင်း
အားနာတယ်ဆိုတာ ကမ်ဘာခြားသွားဘီလေ
အားနာဘူး အား နာဘူး
Was this answer helpful?
LikeDislikeအင်းးးးးး ။
၁ ။
ပထမဦးဆုံး ပြောချင်တာကတော့ ကဗျာလေး ကောင်းသကွဲ့ ။
၂ ။
ပုံစံကတော့ ” မဟာမင်းလှ ဝဏ္ဏကျော်ထင် အော့ကြောလန် ” ဆိုတာ ၊
ရွာသူား ဟောင်း ထဲက တစ်ယောက်ဘဲ ထင်ပါတယ် ။
( ရေးပုံ သားပုံလေးတောင် မှတ်မိနေသလိုဘဲ )
အဓိက ကတော့ ၊
မော့မော့တွေ အလုပ်မလုပ်ဘဲ အိပ်နေတာကို ပြောချင်တဲ့ပုံဘဲ ။
မျက်နှာသိတွေ ဆိုတော့ ၊ လူမုန်းမှာ စိုးတာနှင့် ၊ ကလောင်ခွဲပြီး ရေးလိုက်ပုံပါဘဲ ။
၃ ။
အင်းးးးးး ။
သူပြောသွားတာ / သတိပေးသွားတာတွေကလဲ ၊ မ မှားလှပါဘူး ။
အခုတလော ၊ ရွာထဲမှာ ၊
က ။
တစ်ကြောင်း နှစ်ကြောင်းဘဲ ရေးပြီးတင်တဲ့ Post တွေ ကော ။
ခ ။
Face Book နှင့် တခြား Site ကဟာတွေ ဗလိုင်းကြီး ကူး ( ကူး ) တင်တဲ့ Post တွေ ကော ။
( ဆိုးတာက ကူးတင်ယုံတင်မကဘူး ၊ Original ကူးတင်တဲ့ Page ကိုလဲ Credit မပေးထားဘူး )
ဂ ။
တစ်နေ့ထဲ နှင့် ၃ / ၄ / ၅ ပုဒ် တင်ပြစ်လိုက်တဲ့ Post တွေ ကော ။
( တခြားသူတွေ ကြိုးစားပြီး ရေးထားရတဲ့ Post လေးတွေခမျာ ရှေ့စာမျက်နှာက ပျောက်သွားရရှာတယ် )
ခပ်စိတ်စိတ်လေး တွေ့နေရပါတယ် ။
၄ ။
အင်းးးး ။
မော့မော့တွေခမျာမှာလဲ ။
က ။
” မဟာမင်းလှ ဝဏ္ဏကျော်ထင် အော့ကြောလန် ” လိုဘဲပေါ့လေ ။
မော့မော့တွေ ခမျာမလဲ လူမုန်းမှာ စိုးတာ နှင့် ခဏ စောင့်ကြည့်နေကြတာပါကွယ် ။
ခ ။
နောက် တစ်ချက် က ၊ လူသစ်လေးတွေ တော်တော် များများ က ၊
အစ ပိုင်းမှာ ၊ ကူးတင်တာလေးတွေ နှင့် စ ကြတာကိုး ။
( အဘ ကိုယ်တိုင်တောင် ၊ အစပိုင်းတုန်းက တစ်ချို့ Post တွေမှာ ကူးတင် ခဲ့ဘူးပါတယ် )
နောက်ပြီးတော့ စ ဝင်ကာစ ဆိုတော့ တစ်ချို့ စည်းကမ်းတွေ သိပ် မသိသေးဘူးလေ ။
နဲနဲလေးကြာမှ ၊ တဖြေးဖြေး အထာကျသွားတာကလား ။
ဂ ။
နောက် အဓိက အကျဆုံးကတော့ ၊
စ ဝင်ကာစ ရွာသူားသစ်လေးကို ဝင်ဝင်ချင်း စောက်နှင့်ထွင်းသလို စိတ်ပျက်သွားမှာ စိုးလို့ပါကွယ် ။
ပြောတဲ့သူတွေလဲ ပြောနေကြပါပြီ ။ ခဏလေး ၊ သည်းခံကြပါကွယ် ။
Was this answer helpful?
LikeDislikeဝုတ်ဘာဒယ် ဝုတ်ဘာဒယ်
သီးခံဘာဒယ်
သီးခံဘာဒယ်
တချို့ဒွေက ရှေးဟောင်းလူသားဒွေဘာ
နာမည်တွေခွဲတာခေတ်စားလို့
ခေတ်မှီသွားအောင် ခွဲလိုက်ဒါဘာ
အမုန်းခံရမှာတော့ မကြောက် ရေးချာ မကြောက် ညှင်းညှင်း
အီစကို ကို အားနာနေပီး လာမဆဲမှာစိုးလို့ နာမည်သစ်နဲ့ အဆဲခံပို့စ်ရေးဒါဘာ အာဘကြီးရဲ့ ညှင်းညှင်း
အမှန်တကယ် ဆောင်ရွက်ပေးနိုင်မဲ့မေ့ာအသစ်နှစ်ယောက်
ထပ်ပီးထားဖို့လည်း အကျန်ပေးဂျင်ဘာဒယ်
ဘယ်သူဒွေလည်းဆိုတာ ဘောစိကို စာပို့ပါဦးမယ်
အသစ်ဒွေကို အားပေးဘာဒယ်
အာဘ ကြီး ပေါဒါ မှန်ဘာဒယ်
ဝင်ဝင်ခြင်း ဆောက်နဲ့ ထွင်းမကောင်းဘူးပေါ့
ဟို ဘောစိ ကိုလည်းသတိပေးလိုက်ပါ အာဘ
အသစ်ဒွေရဲ့ပို့စ်တွေမှာ ဆင်ဆင်ခြင်ခြင် မန့်ပါလို့ ပါတို့
အသစ်တွေက အထာမကျသေးရင် စိတ်ညစ်သွားမယ်
ကျေးဂျူးတင်ဘာဒယ် အာဘ
ကျုပ်ကိုသိရင် ပြန်လာရင် ပဲလှော်ဝယ်ခဲ့ဘာ
အောဇီ ပဲလှော် စာဂျင်လို့
ညှင်းညှင်းး
Was this answer helpful?
LikeDislikeThis solution has been deemed correct by the post author
ဒီလိုဗျ။
ကျုပ်တို့ကပဲ မဆီမဆိုင် မျက်စိနောက်မိနေလားလို့ တိုင်ပင်ကြည့်လိုက်တော့။
သတင်းတွေကို မျက်စိမနောက်ပါဘူးးး
တစ်နေ့တစ်နေ ပို့(စ) တွေပွထနေတာကို စိတ်ညစ်တာ။
ကိုယ်ပိုင် အတွေးအရေးနဲ့ အားစိုက်ရေးသူတွေကို သနားစရာဗျာ။
:hint:
ဒီမိုရွာတော့ ဒီမိုရွာပေါ့။
လုပ်ချင်တိုင်းလုပ်နေလို့တော့ တယ်ဟန်မကျဝူးရယ်။
ရေးပါ့လားးး
တစ်ပတ်စာ သတင်းသုံးသပ်ချက်တို့ ဘာတို့။
:hint:
Was this answer helpful?
LikeDislikeခွက်ဒစ်တူ တဂျားးး
သူ သင်ပေးတာပါ။
ကိုဘက်နဲ့ မတ်မင်း မြှောက်ပေးလို့ ပြောရတာပါ။

Was this answer helpful?
LikeDislikeပြောလက်စနဲ့ ဆက်ပြောမယ်။

နာ လည်း ကြာရင် ဒုတိယ အော့ကြောလန်ဖြစ်တော့မယ်။
အရင် က မျက်စိပိတ်နားပိတ်မို့ ဒီလို သတင်းတွေက ထူးဆန်းပေမဲ့ ေ
ဖဘုတ်ခေတ်ကြီး …မှာ
ကြိုက်ရာသိချင် ကလစ်တစ်ချက်ထောက ခေတ်ကြီးမှာ မှာ ဒီလို ရှယ်တဲ့ သတင်းလောက်တော့ မဖတ်ချင်တော့တာအမှန်ပဲ။
သတင်းစုံမျိုးကို သုံးသပ်ချက်ပါ ပါရင် ကြိုဆိုမယ်။
ဒါပဲ။
:boss:
ဒါတောင် ခုန က အာတီဒုံ သတိပေးစာလေးဖတ်မိလို့ ဘရိတ်နဲ့ ထိန်းပြောတယ်မှတ်ပါ။
Was this answer helpful?
LikeDislikeဘီဇီးပေးဘာဒယ်
Was this answer helpful?
LikeDislikeနာ့ ကို ရွာသူရွာသားတွေက သိပ်ချစ်ကြတာ။
ရိုက်ပေါက် ကော်မန့်ဆို ဘီဇီးပေးတာချည်းပဲ။
:s:
Was this answer helpful?
LikeDislikeဪ…
ယာကူဇာ ဂိုဏ်းခေါင်းဆောင်ပဲ အဲ့လောက်တော့ လုပ်ပေးရမှာပေါ့လေ
ငိငိ
Was this answer helpful?
LikeDislikeဝေ့ ဒီ ခင်ဇော်ဆိုတဲ့ ကောင် ဘာကောင်လဲဝေ့။
ဒီကောင့် ငါ့ကြည့်မရ။
ရွာထဲတွေ့ရင် ရိုက်မယ်။ သတိသာထားနေ
ခင်ဇော်ရေ့။
Was this answer helpful?
LikeDislikeဇ မရှိပဲ အကောင့်ပုန်းနဲ့ တက်မလာနဲ့။
တောက်ချလိုက်မှာ။
ဒမာ
မက်နှာမြင်ပြီး (အဲလေ) မက်နှာပြပြီး လူမိုက်လုပ်နေတာ။
ဒါမိုးမကြောက်လို ရွာရိုးလျှောက်နေတာ။
:boss:
Was this answer helpful?
LikeDislikeလူမိုက် ကို နောက် က လက်ခုတ်တီး အားပေးနေတာ စုန်းမ ဟေ့နော်။ :-)))
Was this answer helpful?
LikeDislikeအလဲ့..ဆော်နေကြပါလားဟရို့…နာတောင်ရွာနဲ့နဲနဲအဆက်ပြတ်သွားလို့ မျောက်စိတွေလည်နေB :buu:
Saw Faw Shaw ခေသူမဟုတ်..မဟာမင်းလှ ဝဏ္ဏကျော်ထင် အော့ကြောလန်ကတော့ လူမိုက်လိုလိုဘာလိုလိုနဲ့..တကယ်မျက်နှာပြပီး ဗြောင်မိုက်နေတဲ့…လူမိုက် ခင်ဇော် ကိုတော့ ကျောက်ရို့
ဘီဇီးပေးသတဲ့..စံပဲ :boss: (အပေါ်ကကူးတဲ့ပုံမို့ ခွက်ဒစ် ဇီဇီ)
Was this answer helpful?
LikeDislikeဟေ့ နာမည်အရင်းနဲ့မိုက်မယ့်
ညောင်တုန်း က နက်ချောလာပြီဟေ့…။
ခင်ဇော် ဆိုတဲ့ ကောင်ထက် ပိုမိုက်တယ်ကွ…။
ကိုယ့်အရက်ကိုယ်ဝယ်သောက်တာ ဘူ့ဂုစိုက်ရမလဲ…။
အေ့…။
Was this answer helpful?
LikeDislikeတင်ပြ (အဲလေ)
မျက်နှာပါပြလိုက်။
ပိုကြောက်သွားအောင်။
နာ က ပိုမိုက်တယ်ကွ။
အရက်ကို ဘယ်တော့မှ ဝယ်မသောက်ဘူးးး
သူများကို တိုက်ခိုင်းတာ။ ငိငိ
:boss:
Was this answer helpful?
LikeDislikeဗေ ပုံ ထီ ပုံ ထီ
ဖြောင်းးးးးးးဖြောင်းးးးးးးးးးးးဖြောင်း
လာပြီနော်
ကဲ ရွာသား ဆို တော့ ကိုယ့် ရွာအကြောင်း အရင်ပြော မယ် ဗျာ
မော့ တွေ ဘယ်သူ ဆို တာ ကျုပ် တို့ သိ ဘို့ မ လို ဘူး ဗျာ
ဒီ နေရ ာ မှာ လာ ပြီး ပွင့် လင်းမြင် သာ တွေ ဘာ တွေ လာ မပြောနဲ့ မလိုဘူး
ဘယ် သူ တွေလဲ ဆို တာ သ ိ စ ရာ မလို သလို သူ တို့ ကလဲ ကျုပ် တို့ ဘယ်သူ ပါ ဆို တာ
ထုတ်ပြော စ ရာ အကြောင်း မ ရှိ ဘူးလေ။
သူ တို့ အ လုပ် က ဖြူတ် ဖျက် ပြင် ဘဲ လေ။
အမြင် မတော်တာ တွေ ကို ဖြုတ် ရ ဖျက် ရ ပြင်ရ မယ် လေ။
မောဒ့် ဆို က တည်း က အခြေ ခံ အားဖြင့် အယ် ဒီ တာ ချုပ် ကြိုက် လို့ ရွေး ထား တာ ဆို တော့
ခေ သူ မဟုတ်လို့ တွက်လို့ ရတယ် ဗျာ။
သူတို့ မှာ လဲ ယုံ ကြည်စွာ တာ ဝန် ပေး ခဲ့ ရ လို့ သာ လုပ် လိုက် ရ တယ် ကိုယ့် အလုပ် နဲ့ ကိုယ်ဆိုတော့
အချိန် ပြည့် မလုပ် နိုင် တာ ကို နား လည် တယ် ဗျာ။
ကျုပ် လာ ပေး လဲ အမြဲ တမ်း တော့ မ လုပ် နိုင် တာ အမှန် ဘဲ။
အခု တော့ကျုပ် သိ သေ လာက် မော့ တွေ အပိုင်း က ဘာ မှ ထိ ထိ ရောက် ရောက် မလုပ် နိုင် တာ ကို တွေ့ နေ ရ တယ် ဗျာ။
ဒီ တော့ တာ ဝန် မယူ နိုင် သူ က မယူ နိုင် တော့ တဲ့ အကြောင်းေ ပြာ လိုက် ဗျာ။
သူ ကြီး က သင့် တော် သူ ထပ် ရွေး လိမ့် မယ်။
နောက်တစ်ချက် သူ ကြီး မေ့ နေတ ာ လား ဘာ လား တော့ မသိ ရွာ ထုံး စံ လေး တစ် ခု ပျက် နေတယ် ။
အရင် က အမှတ် တစ် သိန်း ပြည့် လို့ ကျပ် တစ် သိန်း ရ ပြီး ရင် တော့ တင်း လစ် မှ မမြင်ရ တော့ ဘူး ဗျာ။
အခု တော့ ကျပ် တစ် သိန်း ကျော် နေတာ တောင် တော့ တင်း က မဆင်း သေး ဘူး။
သူ ကြီး က တစ် သိန်း မပေး ရ သေး လို့ လား
ဒါ မှ မဟုတ် နာ မယ် စာ ရင်း က ဖယ ်ဘို့ မေ့ နေ သ လား ။
ကဲ ……………
ဗြောင် တစ် ဗြောင် ထီ
ဗြောင် တစ် ဗြောင် ထီ
Was this answer helpful?
LikeDislikeအဲ့တယောက်ဆီက.. ရပြီးကြောင်းသတင်းမရသေးလို့…. လို့ပြောရမလား..
အရင်လို လွယ်လွယ်နဲ့ ပွိုင့်၁သိန်းလျှော့လို့မရလို့လို့.. ပြောရမလား..
လားတခုခုပဲဗျို့..။
Was this answer helpful?
LikeDislikeအဟမ်း
သူကြီးမင်းခင်ဗျ
ပို့လိုက်တဲ့ ငွေတစ်သိန်းကျပ်ကို ရပြီးပါကြောင့်
လူကြုံဆီကို သွားယူလိုက်တာ အဆင်ပြေပါကြောင်း
ရကြောင်း မပြောဖြစ်တာ ကျနော့် ပေါ့လျော့မှု ဖြစ်ပါကြောင်း
သတင်းပြန် မပို့ဖြစ်တဲ့အတွက် တောင်းပန်ပါကြောင်း
Top 10 ရဲ့ ထိပ်ဆုံးမှာ ကျနော့်နာမည် ( ပွိုင့်တစ်သိန်းကျော်နဲ့အတူ ပြထားသေးတာကို ) မမြင်လို မတွေ ့လိုသူတွေ
မုဒိတာမပွါးနိုင်ပဲ ဖယ်ရှားစေလိုသူတွေ ရှိရင်ဖြင့်
သူတို့ကို စိတ်ချမ်းသာစေလိုပါကြောင်း
လေးစားချစ်ခင်လျက်
ဆက်ဆက်
ဘယ့်နှယ် မဆိုင်တာတွေပါ အသားလွတ်ထည့်တိုက်ခိုက်ကုန်ကြပါလိမ့်
ကလေးကလား
Was this answer helpful?
LikeDislikeအလင်းဆက်ရေ
ဒီ လို မေး လာ တာ ကို စိတ် မဆို း ပါ နဲ့
မနာ လို လို့ မေး တယ် လဲ မသတ်မှတ်ပါနဲ့။
ဘာလို့ လဲ ဆို တော့ အလင်း ဆက် ရှေ့ က တစ် သိန်းး ပြည့် ဘူး သူ တွေ တုံး က
တစ်သိန်းလဲ ပြည့် တယ် ပိုက် ဆံ လဲ ရ တယ် ဆို တာ နဲ့
အဲ ဒီ လူ နာ မယ ်ကို ဖယ် လိုက်။
နောက်က ဒု တိ ယ လူ တက်
အဲ အောက်က နောက်တစ်ယောက်တက် ပေါ့။
အခု တော့ အလင်း ဆက် အမှတ် တစ်သိန်းပြည့် သွား ပြီ
သူ ကြီး က ပိုက် ဆံ မပို့ သေး ဘူး လား ……..(မပေး ရ သေး ရင် မြန်မြန်ပေး စေချင်တယ်)
သူ ကြီးက ပေး တဲ့ ပိုက်ဆံ ရ ပြီ အကြောင်း မပြန်သေး လို့ မဖြုတ် သေး ရင် ရ ကြောင်း အကြောင်း ပြန် ပေး လိုက်
နောက် က ဒု တိယ လူ လဲ ရှေ့ တက် ။
ဒါ က ဖြစ် သင့် တဲ့ ဟာ မဖြစ ်သေး တဲ့ အတွက် ထောက်ပြ တာ ပါ။
မု ဒိ တာ မပွားနိုင် လို ့ မဟုတ် ဘူ လို့ ထင် ပါ တယ်.
တကယ် လို့ တစ် သိန်း ကို ဖြုတ်လို့ ခက် နေတယ် ဆို ရင် တော့ မဖြုတ် ဘဲ သား ထား လိုက်ပါ ။
လူ တစ်ယောက်နာမယ် ထိပ်ဆုံးက ရှိ နေ လဲ ဘာ မှ မဖြစ် ပါဘူး။
အေးဆေးပါ ။
ကဲ တွေ့ မရှောင် ရေ ခင် ဗျား သိ ချင် တဲ့ အဖြေ ရ ပြီ နော်
Was this answer helpful?
LikeDislikeblack chaw @ကိုယ့်အရက်ကိုယ်ဝယ်သောက်တာ ဘူ့ဂုစိုက်ရမလဲ…။အေ့…။
ပွဒါပဲဟေ့..ညနေ ညောင်တုန်းက နက်ချော ဝယ်တိုက်မယ်တဲ့.. မိုက်ကြပါ..မိုက်ကြပါ..
ကျုပ်နာမည်လေးမှမထောက် :boss:
Was this answer helpful?
LikeDislikeအမည်မိုက် ပါရုံနဲ့ တကယ်မမိုက်နိုင်ပါ
အကြောင်းမဲ့မိုက်ရန်လည်းမလိုပါ
မိုက်သင့်မှမိုက်ပါရန်
Was this answer helpful?
LikeDislikeရွာဆူဘာလားဝေ့။ ရှင်းကြလင်းကြတောထုပ်ကြပါဝေ့
Was this answer helpful?
LikeDislikeရွာထဲ သဘုံဝင်နေပီ စာရေးဖို့ဖီးငုတ်နေတာ သူဒို့က တစ်မှောက် ဟင်းးးးး ငါစိတ်ရှည်လာဘီနော် အဲ့ တိုလာဘီနော်
Was this answer helpful?
LikeDislikeသိနေတယ်လေ။ ဒါမျိုးထွက်လာမယ်ဆိုတာ။
တမင် စောင့်နေတာဟဲ့။
ဟင်း ဟင်း ဟင်း။
:-))))
Was this answer helpful?
LikeDislikeကဗျာစည်းကမ်းနဲ့အညီ ဆိုလို့ကောင်းပြီး အသံသာသား။
စာလုံးပေါင်းလေး နည်းနည်းစစ်လိုက်ရင် ပိုကောင်းမယ်။
တစ်ခုပဲ…….. မော့ မော့ တွေကို ဗြောင်တီးတာကလွဲလို့
Was this answer helpful?
LikeDislikeသများလို ဖုန်းနဲ့သုံးနေရတဲ့ သူတွေအတွက် အဲဒီပို့စ်တွေက အတော်ဒုက္ခပေးနေပါကြောင်း
Was this answer helpful?
LikeDislike