တရုတ်တွင် မြန်မာ သတိုးသမီး ဈေး ကျပ်သိန်း (၁၀၀) အထိ မြင့်တက်

mgyinngatayJune 26, 20141min1366

တရုတ်နိုင်ငံတွင် အမျိုးသမီး ရှားပါးမှုကြောင့် မြန်မာ အမျိုးသမီးများကို ဝယ်ယူပေါင်းသင်းလျက ရှိရာ ယခင်က ကျပ်သိန်း (၅၀)ဝန်းကျင်သာ ရှိခဲ့ရာမှ ယခုနှစ်မှ စတင်၍ ကျပ်သိန်း (၁၀၀) ဝန်းကျင် ထိပေး၍ ဝယ်ယူမှုများ ရှိလာကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးရေးနှင့် တိုက်ဖျက် နှိမ်နှင်းရေး(ဗဟို) မှ စုံစမ်း သိရသည်။ တရုတ်နိုင်ငံတွင် အမျိုးသမီးများ ရှားပါးလာမှုနှင့် အတူ လူကုန်ကူး တိုက်ဖျက်ရေး လုပ်ငန်းများကို နိုင်ငံတကာက အရှိန်အဟုန်မြှင့် ဆောင်ရွက်လာ သောကြောင့် ယင်းကဲ့သို့ ဈေးတိုးမြှင့်ပေးဝယ်လာခြင်း ဖြစ်ကြောင်း အဆိုပါ ဌာနမှ ရဲအုပ်မင်းနိုင် ကပြောသည်။

သူတို့က ဝယ်ယူ ပေါင်းသင်းတယ် ဆိုပေမယ့် သားမှတ်မှတ် မယား မှတ်မှတ်ပေါင်းတာထက် ညဖက်မှ သားမယားလို ပေါင်းပြီး၊ နေ့ဖက်မှာ သူတို့ရဲ့လုပ်ငန်းတွေမှာ စေခိုင်းကြတာပိုများတယ် ဟု ၎င်း ကပြောသည်။ ယခင်နှစ် များက တရုတ်နိုင်ငံတွင် မြန်မာ အမျိုးသမီးများ၏ ပေါက်ဈေးမှာ ယွမ်းနှစ်သောင်းမှ သုံးသောင်းဝန်းကျင်ထိ သာရှိခဲ့ရာမှ ယခု နှစ်ပိုင်းတွင် ယွမ်ငွေ ခြောက်သောင်းမှ ခုနှစ်သောင်းဝန်းကျင် ထိ ပေး၍ ဝယ်ယူလာကြခြင်း ဖြစ်သည်။ တရုတ်တွေ ကသာ ဈေးကိုအများကြီးပေးတာ။ ကာယကံရှင်တွေက အဲဒီလောက် မရကြဘူး။ ပွဲစားတွေပဲရတာဟုလူကုန်ကူးမှု တိုက်ဖျက်ရေး နှင့် စပ်လျဉ်းသည့် ပညာပေး ဆောင်းပါးများ ရေးသားနေသော စာရေးဆရာ ဆရာဝင်းနိုင်ထွန်း ကပြောသည်။

ယခု နောက်ပိုင်းတွင် တရုတ် နိုင်ငံသို့ မြန်မာ အမျိုးသမီးများကို ပို့ဆောင်မှုသည် ယခင်ကာလများက ကဲ့သို့ ပွဲစားများက လိမ်လည်၍ ခေါ်ဆောင်ခြင်းမျိုး မဟုတ်တော့ဘဲ ကာယကံရှင်များကို တရုတ် အမျိုးသားများ နှင့်ပေါင်းသင်းရမည်ဟု တရားဝင် ခေါ်ဆောင်မှုများ ရှိလာသည်။ ယင်းကဲ့သို့ ခေါ်ဆောင်ရာ၌ သာမန် အမျိုးသမီးများ ထက် ပြည့်တန်ဆာ လုပ်ငန်းများတွင် လုပ်ကိုင်နေကြသော အမျိုးသမီးငယ်များကို ပိုမို ရွေးချယ်လာ ကြကြောင်း သိရသည်။

ပွဲစားတွေက တရုတ်မှာ အလုပ်ရမယ်လို့ ပြောပြီး လိမ်ခေါ်လာလို့ တာဝန်ရှိသူတွေ စစ်ရင် အမှုမှန်ပေါ်သွားနိုင်တဲ့အတွက် ပွင့်ပွင့် လင်းလင်း ပြောပြီးခေါ်လာကြတယ်။ ဒါပေမဲ့ ပွဲစားတွေက ပြောတဲ့အတိုင်း အမျိုးသမီးတွေ ခံစားခွင့် မရကြဘူး။ ဒါကြောင့် လွယ်လွယ်နဲ့ နားမယောင်ကြဖို့လိုတယ်ဟု ရဲအုပ်မင်းနိုင် က ဆက်လက် ပြောကြားသည်။ လူကုန်ကူးမှု တားဆီးရေးနှင့် တိုက်ဖျက် နှိမ်နှင်းရေး ဗဟို၏ ထုတ်ပြန်ချက်များ အရ မြန်မာနိုင်ငံမှ ပြည်ပ သို့ လူကုန်ကူးမှု အများဆုံး ပြုလုပ်လေ့ရှိသည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး အမျိုးသမီးများမှာ အများဆုံး ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ မေလ အတွင်း ဖြစ်ပေါ်ခဲသော လူကုန်ကူးမှုများမှာလည်း တရုတ် နိုင်ငံသို့ပင် ဦးတည်နေကြောင်း သိရသည်။ ယခုနှစ် တွင်း လူကုန်ကူး မှုပေါင်း(၃၂)မှု ဖြစ်ပေါ်ခဲ့ရာ တရုတ်နိုင်ငံ သို့ လူကုန်ကူးမှုမှာ (၂၂) မှု ရှိပြီး၊ ထိုင်းနိုင်ငံသို့ လေးမှု၊ မလေးရှား နိုင်ငံသို့ တစ်မှုနှင့် ပြည်တွင်း ငါးမှု ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ (၃၂)မှုတွင် အမျိုးသား (၂၀) ဦးနှင့် အမျိုးသမီး (၄၆) ဦး လူကုန်ကူးခံခဲ့ရကြောင်း စုံစမ်းသိရသည်။

Source : Messenger

6 comments

  • kai

    June 26, 2014 at 3:39 pm

    ခုတလော လူဟောင်းတွေရော..အသစ်တွေပါ.. တခြားသတင်းဌာန..ဝက်ဘ်ဆိုက်တွေကသတင်းတွေ တိုက်ရိုက်ကူးတင်နေတာတွေ့ရပါတယ်..။
    Copy/Paste Category တောင်မရွေးထားတာမို့.. ရှေ့မျက်နှာမှာ ပေါ်နေတယ်ပေါ့..။
    ကိုယ့်အတွေးအခေါ်လေးထည့်.. အပြန်အလှန်ဆွေးနွေးကြပါလို့..။
    ပို့စ်တင်တာရတဲ့ ပွိုင့်ထက်.. အပြန်အလှန်ဆွေးနွေးကြရင်..ပေးတဲ့ပွိုင့်လည်း မနည်းပါဘူးလို့နော..။

    နောက်ပြီး…
    အောက်ကစည်းကမ်းလေး.. သေသေချာချာ ဖတ်ကြစေလို..။

    4. အခြားမီဒီယာ၊ Websiteများ၏ သတင်းနှင့်ဆောင်းပါးများ၊ forwarded email မှစာများ (မူရင်းအစစ်အမှန်ကို ညွန်းဆိုခြင်းမရှိပဲ၊ ကိုယ်ပိုင်အတွေးအခေါ်မထည့်ပဲ)တိုက်ရိုက်ကူးတင်ခွင့်မရှိ။

    • မဟာမင်းလှ ဝဏ္ဏကျော်ထင် အော့ကြောလန်

      June 26, 2014 at 3:45 pm

      ဂလိုလုပ်ပါ ဘောစိရဲ့
      ငပိသည်အိပ်နေပြီး
      ဆားသည်ခွေးမောင်းနေရတဲ့ကိန်းဗျ

  • alinsett (gazette)

    June 26, 2014 at 5:57 pm

    သတင်းတွေ လိုက်ဖတ်ရတာ
    ဆက်ဆက်လေ
    ဖတ်ဖတ်ကို မောနေပြီ
    မောရတာနဲ့လည်း မတန်ဘူး။
    FB တို့ တခြားသတင်းဌာနတို့မှာ ဖွတ်ဖွတ်ညက်ညက်ကြေနေပြီးသားသတင်းတွေ

    အော် ဂဇက် ဂဇက်
    သတင်းရွာလား
    အတင်း(ဇွတ်) ရွာ လား

    🙁

    တစ်ခုခုတော့ဖြစ်နေပြီ

  • Saw Faw Shaw

    June 27, 2014 at 12:19 pm

    မပြောမပြီးမတီးမမြည်တဲ့။
    ဆိုရေးရှိက ဆိုအပ်လှသည်ပေါ့။
    ဒါမျိုးလက်ရဲဇက်ရဲ တွေကို ပြောမှသိမှာမို့
    သိဖို့ ပြောကြစို့။

  • kyeemite

    June 27, 2014 at 3:36 pm

    ဘောစိလည်းအိပ်ပျော်နေရာကနိုးလာပါပေါ့ :buu:

  • TNA

    June 27, 2014 at 5:59 pm

    ခက်ခက်ခဲခဲဖွင့်ဝင်ရတဲ့ဒီရွာကို တန်တန်ရာရာပိုစ့်ေတွေနဲ့ပဲမြင်ချင်ပါတယ်။ တသိန်းရဖို့အတွက်သာဆို ဖဘတော်ကြီးတခုလုံးဘာသာပြန်ပီးနေ့တိုင်းတင်လိုက်ချင်ပါရဲ့။

Leave a Reply