ကျောင်းဖွင့်ချိန် စိန်ပန်းပင်လည်း စည်ပင်ခုတ်လို ့သေ

moonpoemJune 26, 20141min31416

ကျောင်းဖွင့်ချိန်စိန်ပန်းတွေလည်း
်မြေမှာကြဲပြန့်နေ…။

အဲဒီသီချင်းမဆိုနဲ့တော့ သားရေ စိန်ပန်းကကြွေစရာမရှိတော့ဘူး။
စည်ပင်ကအပင်တွေခုတ်ပစ်
လိုက်ပြီတဲ့ကွ။

ဟုတ်ကဲ့ဆရာ သား
သီချင်းပြောင်းဆိုလိုက် မယ်နော်။

ကျောင်းဖွင့်ချိန်စိန်ပန်းအပင်
လည်းစည်ပင်ခုတ်လို့်သေ…။

အေးဒီလိုမှပေါ့ကွယ်။ကဲနောက်
်တစ်ယောက် အလှည့်။

တစ်မိနစ်နောက်ကျသွားပြီ ရထားကြီးထွက်လို့သွားပြီ။
တစ်မိနစ်မြန်ထားတဲ့ကိုယ့်နာရီ
ီလည်းတကယ်တမ်းသုံးလို့
မရဘူးကွယ်။

အဲဒီသီချင်းမဆိုနဲ့သားရယ်။
တို့ဆီကရထားကတစ်နာရီ
နောက်ကျပြီးသွားတောင်
ထွက်သေးတာ
မဟုတ်တော့ဘယ်လိုဖြစ်ဖြစ်မီတယ်။

ဟုတ်ကဲ့ဆရာ သားသိပါပြီ်။

တစ်ရက်လောက်နောက်ကျသွားပြီ ရထားကြီးထွက်လို့သွားပြီ။
ဓာတ်ခဲရပ်သွားတဲ့ကိုယ့်နာရီ ီလည်းတကယ်တမ်းသုံးလို့
မရဘူးကွယ်။

အေးဒီလိုမှပေါ့ကွယ်။ကဲ
နောက်တစ်ယောက် အလှည့်။

်အနိုင်ဂိုးကိုသွင်းသွားတာကိုကိုပါ။အိမ်ရောက်ရင် ပန်းကုံးစွပ်ကာ ကြိုရမှာ။

သမီးရေ ဒီသီချင်းကလည်းလေ..။

ဟုတ်ကဲ့ဆရာ သမီး သဘောပေါက်ပါတယ်။

်အနိုင်မရရင်ခဲနဲ့ထုတာကိုကိုပါ
ဒိုင်တားရင်ဆွဲလို့ထိုးကာအပီ
ကြွေးတာ ။

သမီးလေးတော်တယ်ကွယ် ကဲနောက်တစ်ယောက်လာပါဦး။

ဟဲလိုဒါလင် မတွေ့ရတာကြာပြီ
နော်။အရင်လိုကြည့်ကောင်းနေ
တုန်းပဲအချစ်ရယ်ဆုံတွေ့ရတာတို
့ဝမ်းသာ။

သမီးရယ် တို့ဆီမှာ ဟဲလိုဆိုပြီး ဖုန်းထူးရတာ ဘယ်လိုနည်းနဲ့မှ ဒီလောက်မမြန်ဘူး။

ဟုတ်ကဲ့ဆရာ မီးနားလည်ပါပြီ။

ဟဲလိုဒါလင် လိုင်းမမိတာကြာပြီ
နော်။အရင်လိုခေါ်မရနေတုန်းပဲ
အချစ်ရယ်အော်မပြောရတာ တို့ဝမ်းသာ။

ကဲ နောက်ဆုံးတစ်ယောက်။

တိမ်လိုနိမ့်သွားလိုက်တိမ်လိုမြင့်
သွားလိုက်နာကျင်မယ့်ငရဲလား
ကောင်းကင်ဘုံလေးလားမင်းနဲ့တို
့၂ယောက်ရွက်လွှင့်ခဲ့နူးညံ့တဲ့အမိန့်တော် အတိုင်း။

ကြည့်စမ်းဒီသားလေးအတော်ဆုံးပဲ။ခေတ်နဲ့စနစ်နဲ့အထင်ဟပ်ဆုံး သီချင်းဆိုတော့ပြင်ဆိုစရာမလို
တော့ပါဘူးကွယ်။

ကျောင်းသူ၁ဦး မတ်တပ်ရပ်ပြီး ထမေး၏။အဲဒီနူးညံ့တဲ့ အမိန့်တော်အတိုင်းသီချင်းက
ဘာကိုပြောတာလဲဆရာ။

ဪ သမီးရေ မသိရင်မှတ်ထားကွဲ့။သတင်းစာမှာ ပါတတ်တယ်လေ ရာထူးမှနှုတ်ထွက်ခွင့်ပြုသည်တို
့ဘာတို့ဆိုတာ။အလုပ်ဖြုတ်ပစ်တာဆိုပေမယ့် အဲဒါမျိုးကို နူးညံ့တဲ့
အမိန့်တော်ခေါ်တာပေါ့ကွယ်။
ပြီးတော့ဒီသီချင်းက အင်မတန်လေးနက်သကွဲ့။

ဆက်ရှင်းရရင် တိမ်လိုနိမ့်ဆင်းသွားတာ ဦးဆန်းဆင့်။တိမ်လိုမြင့်သွားတာက အသစ်ခန့်လိုက်တဲ့ သမ္မတအကြံပေးတွေ။

နာကျင်မယ့်ငရဲလားဆိုတာက
တော့အခု ဆန္ဒပြလို့ ထောင်ကျသွားတဲ့
ကိုထင်ကျော်။ကောင်းကင်ဘုံ
ကတော့ လက်ရှိအစိုးရပေါ့ကွယ်။

ကဲဘယ်လောက်ကောင်းတဲ့သီချင်းလည်းကွယ်။

ဟုတ်ကဲ့နားလည်ပါပြီ ဆရာကြီး။

ကလောင်ကလောင်။

ထိုအချိန်၌ကျောင်းဆင်းခေါင်းလောင်းထိုးလေ၏။

16 comments

  • Mr. MarGa

    June 26, 2014 at 8:02 pm

    အဲ.. ကျောင်းတောင်ဆင်းပြီပဲ
    ကျူရှင်ကိုဆက်သွားပါတော့မယ် ဆရာကြီး
    ကျူရှင်မှာ ဆက်တွေ့ပါမယ် ဆရာကြီး
    :mrgreenn:

  • Shwe Poe

    June 26, 2014 at 8:49 pm

    goooooooooooooooood
    လကဗျာ ရဲ ့ပို ့စ်တွေကိုကျ နော်သတိထားမိတယ်ဗျ
    တိုတိုလေးနဲ ့ထိထိမိရေးတတ်တယ်
    ဟာသဉာဏ်လည်းတော်တော်ကောင်းတယ်
    အားပေးနေမယ်
    :mrgreen:

  • ဇီဇီ

    June 27, 2014 at 8:06 am

    ဟိုနေ့က ဖတ်ပြီး မျက်စိထဲ မြင်ယောင်ပြီး ရီနေရတယ်။
    ဇာတ်လမ်းတိုလေးရိုက်ရရင် ကောင်းမယ်လို့ စိတ်ထဲတွေးမိသေးး

    :mrgreen:

  • JackSkellington

    June 27, 2014 at 9:07 am

    ဒီ သီချင်း လေး က တော့ ခေတ်မှီ် နေတုန်း ထင်ပါတယ်…
    “ကြားလား ကြားလား ကြားလား ကြားရဲ့လား….” ဆိုတာ… 😛

  • မဟာမင်းလှ ဝဏ္ဏကျော်ထင် အော့ကြောလန်

    June 27, 2014 at 9:55 am

    တစ်ကွက် ကာတွန်းလိုဘဲ
    ကောင်းဒယ်
    အားမရဘူး
    ရှည်ရှည်ရေး

  • moonpoem

    June 27, 2014 at 12:09 pm

    ဟာသလူရွှင်တော်တစ်ခါလောက် လုပ်ကြည့်ချင်တယ်ဗျာ။

    • Ma Ma

      June 28, 2014 at 9:00 am

      တစ်ခါမက လုပ်ပါဗျာ။
      အားပေးပါတယ်။
      အင်းးးးးးးးးး လက်ရှိလူရွှင်တော်တွေအတွက်တော့ ရင်လေးမိတယ်။ 😀

  • နောင် ရိုး

    June 27, 2014 at 2:00 pm

    အရေးအသားတွေ သဘောကျစရာပါဗျာ….
    လွှတ်ကောင်းပါတယ်…လို့…

  • kyeemite

    June 27, 2014 at 2:36 pm

    ကောင်းတာပေါ့..ဆက်လုပ်..အားပေးတယ်
    ဟာသဉာဏ်ပါရမီပါပုံရတယ်…

  • Paing Lay

    June 27, 2014 at 2:44 pm

    စာသင်ဝိုင်းမှာ တားတားဒို့ဂို ဆက်ရှင်းပြပါအုံး 😀

  • Crystalline

    June 27, 2014 at 3:32 pm

    မင်းသားဦးခေါင်ပြန်လာရင် ဂဇက်ဇာတ်ကရအောင်… လကဗျာလေးကလူရွှင်တော်လုပ်.. ဟိုမင်းသမီး လူရွှင်တော်တွေထက်သာမှာသေချာတယ်… :mrgreenn:

  • ကို ငြိမ်းမောင်

    June 27, 2014 at 3:53 pm

    ညီမလေးကို တစ်ခုမေးချင်တယ် ဦးဇာဂနာနဲ့ အဖွဲ့တူသလားလို့။
    ရေးတတ်ပုံလေး သဘောကျမိလို့ပါ။

  • kai

    June 27, 2014 at 4:10 pm

    အာအိုင်တီက.. စွယ်တော်…
    ဆေးကျောင်းက..စိန်ပန်း
    ရန်ကုန်တက္ကသိုလ်က.. ကန့်ကော်.. အဲလိုမှတ်မိတယ်..။

    အမှတ်တရပြောကြည့်တာပါ..။

  • စုန်းမ

    June 28, 2014 at 3:24 am

    အတော် ဟာသဉာဏ်ရှိတဲ့ ကလေးမ။
    အနားထားလို့ ကတော့ အမြဲ ပါးညောင်း နေတော့မယ်။
    :-)))

Leave a Reply