ရွှေအကြောင်းသိကောင်းစရာ 27,28

Zaw AungJune 26, 20141min500

ရွှေအကြောင်းသိကောင်းစရာ(၂၇)
ရွှေနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကရွှေတူးတာ၊ရွှေချွတ်တာ၊ရွှေအရောင်းအဝယ်လုပ်တာ၊ရွှေဆိုင်ဖွင့်တာ
ရွှေပန်းတိမ်လုပ်တာ၊ရွှေအပေါင်ခံတာတို့ရှိတယ်။အခုထိရေးခဲ့တာတွေကတော့ ရွှေအရောင်းအဝယ်နဲ့
ပတ်သက်တာတွေများတယ်။ ရွှေအရောင်းအဝယ်မှာလဲ လေပတ်ကားနဲ့ အသား(လက်တွေ့) အရောင်းအဝယ်
နှစ်မျိုးရှိတယ်။ ဈေးကွက်အခေါ် ‘ရေမြန်’ ပေါ့။ တစ်ချို့လုပ်ငန်းတွေက အရှုံးအမြတ် ကြမ်းတယ်။ ဥပမာ-ရွှေတူးတာပေါ့
ကံလိုက်တဲ့ လူကသိန်းကို ထောင်သောင်းချီပြီး ရသလောက် ကံမလိုက်တဲ့လူက ထောင်ချီပြုတ်သွားရော။ ရွှေ online
(internet) ကစားတာလဲ အရှုံးအမြတ်ကြမ်းတာပါပဲ အမှတ်(၂၃) မှာရေးခဲ့ပါတယ်။
ရွှေတူးလုပ်ငန်းနဲ့ ရွှေဆိုင်လုပ်ငန်းအကြောင်း နောက်မှဆက်ရေးပါအုံးမယ်
ရွှေအကြောင်းသိကောင်းစရာ(၂၈)
ရွှေအထည် (လက်ကောက်တို့ကြိုးတို့) ဝယ်ဝတ်ပြီး ပြန်ရောင်းရင် ဘာလို့ရှုံးတာလဲမေးကြတယ်။
ဝယ်တဲ့အချိန်မှာရွှေဘိုးနဲ့ အလျော့တွက်ဘိုးပါပေးရပြီး။ (အလျော့တွက်အကြောင်း အမှတ် ၁၈ မှာပြောထားပါတယ်)
ပြန်ရောင်းတဲ့အခါ ရွှေဘိုးပဲပြန်ရတော့ အလျော့တွက်ဘိုး ရှုံးသွားတာပေါ့။ အရှုံးသက်သာချင်ရင်
အလျော့တွက်သက်သာတဲ့ဆိုင် ရွေးဝယ်ရမယ် အလျော့တွက် သက်သာတဲ့အထည် ရွေးဝယ်ရမယ်။
အလျော့တွက်တွေက တစ်ဆိုင်နဲ့တစ်ဆိုင်တော်တော်ကွာကြတယ်။ ကျွန်တော့ဆိုင်မှာ သုံးရွေးယူတဲ့ ပစ္စည်း
တစ်ချို့ဆိုင်က ခြောက်ရွေးလောက်ယူတာ တွေ့ဖူးတယ်။ အခေါက်လက်စွက် လက်ကောက်ဝယ်ရင်တော့ ။
အလျော့တွက်ပေးဘို့မလိုဘူး။ ဈေးနှုန်းတော့ နဲနဲပိုပေးရတာပေါ့