“စုန်းမ” စာ – To my girls

မြစပဲရိုးJune 28, 20141min18714

လုံမများသို့

အခုချိန်မှာ
မိန်းကလေးတို့ဟာ
ဂဇက်ရွာ စာမျက်နှာပေါ်က စာတွေလိုပေါ့။
အမြဲ ဖတ်ပြီး ဝေဖန်မဲ့ သူတွေက
အများသားလား။

အဖြစ်ကလည်း
ဝိုင်းကလိ ပြီး ကြည့် နေကြတဲ့ အခါပေကိုး။
သေချာ လေ့လာ စဉ်းစား ပြီးမှ
ရေးတင်ပါကွယ်တို့။

အများ သိပြီးသား
အကြောင်း ရေးတင်မိလို့
ကော်ပီ ဖြစ်နေရင်
သူများ နောက်စာမျက်နှာမှာ အရိုးထုတ်ရတတ်တယ်လေ။

အကြောင်းအရာမရှိတဲ့ စကားတွေ ကို
တစ်ကြောင်း နှစ်ကြောင်း လောက်ပဲဆိုရင်ကော။
သူများ အဖိုးတန် အချိန် တွေ ကို
ကိုယ် ပွိုင့်ယူချင်စိတ် တစ်ခုထဲနဲ့
လဲယူ တင်လိုက် ချင်ရင်တော့
ဘယ်တရားပါ့မလဲနော်။

ဟို ဆရာလို အပြာချယ်လိုက် ရင်ရော
လူရှေ့  မှာ တရားဝင်မဖတ်ရဲ ကြဘဲ
မွေ့ရာအောက်တော့ ထိုးထားခံရမယ်။

ရွာ ထွက် စာတိုင်းဟာ ချို့မြိန် အဟာရရှိတဲ့
အသီးလေး တွေလို အရသာနဲ့
ဖြစ်နေခဲ့ရင်တော့
မြည်းစမ်းကြည့်လိုက်သူတိုင်း ပီတိပွါးလို့ ကျေးဇူးတင်နေပေလိမ့်မပေါ့။

ပုံ
စုန်းမ
(ဦးမင်းလူ ၏”ညီငယ်များသို့” ကဗျာ အား ဆင်တူရိုးမှား တဲ့တိုး ခိုးချထားပါကြောင်း အများသိစေအပ်ပါသည်။)

ဘာရယ်မဟုတ် ရွာဘုရားပွဲ ထဲ မပါလိုက်ရမစိုးလို့ အတင်းရတဲ့ နည်း နဲ့ ဈေးတန်းထဲအအပြေး ဝင်လာရတာ။
အဟိ။ :-))))

witch_reading_bookImage From – www.wpclipart.com

14 comments

  • လူမိုက် ခင်ဇော်

    June 28, 2014 at 7:01 am

  • လူမိုက် ခင်ဇော်

    June 28, 2014 at 7:03 am

    Totally…
    Definitely…
    Absolutely .. agree…!

    :mrgreen:

  • Crystalline

    June 28, 2014 at 7:21 am

    လုံမဆိုတော့ ညားတို့ပါဘု….ညားတို့က နည်းနည်းငယ်သေးတယ်… :mrgreenn:

  • alinsett (gazette)

    June 28, 2014 at 7:34 am

    အခုအချိန်မှာ တကယ်လိုအပ်တဲ့ ဆုံးမစာလေးပါနော်

  • Ma Ma

    June 28, 2014 at 8:20 am

    ရွာ့လုံမေတွေအတွက် ရွာ့အရီးရဲ့ တိုးတိုးစာ။ :kwi:

  • kyeemite

    June 28, 2014 at 8:53 am

    အရီးစာလိပ်
    ပုတီးလာစိတ်
    ခရီးကွာလိမ့်
    အပြီးမှာငြိမ့်…..လုံမလေးတို့ရေ..ပုံပြင်လေးကတော့ဒါပါပဲကွယ်။ 😀

  • surmi

    June 28, 2014 at 9:29 am

    အရီးး
    ဗျို့ အရီးးးးးးး
    လုံထီးတွေ လုံကြီးတွေအတွက်ရောမပါဘူးလား 🙂
    သာဓုဗျာ သာဓု သာဓု
    တကယ် သာဓုပါဗျို့ :mrgreen:

  • မဟာရာဇာ အံစာတုံး

    June 28, 2014 at 9:57 am

    အေးဆေးဘဲ
    လုံမ များ ဆိုဒေါ့
    ကျော်ဒို့ ပါဘူး ….

  • Mr. MarGa

    June 28, 2014 at 10:03 am

    to my girls တဲ့
    အနော်တို့လဲ မပါဝူး
    ကြည့်ရတာ ဆုံးမစရာ မလိုအောင်ကို လိမ္မာနေကြလို့ပဲဖြစ်ရမယ် :mrgreenn:

  • နှူးဘာ မိဂီ

    June 28, 2014 at 1:33 pm

    ဘာတွေယဲဟင်
    မသိ မသိ…
    သများ မသိ…
    သများ သိတာ
    ခြစ်တာ တထုပဲ သိတယ်

  • TNA

    June 28, 2014 at 3:50 pm

    လုံမဆိုတော့သညားလဲလွတ်တယ်။ တညားဒို့က အပျိုခေါင်း အဟိ။

  • surmi

    June 28, 2014 at 3:58 pm

    ထင်ရတာတော့ အခုတလောအကောင့်တွေက
    ယောက်ကျားနာမည်နဲ့ မိန်းကလေးတွေထင်တယ် ။
    ရေးကြပါ ။
    ရေးနိုင်သူများ များများရေးကြပါ ။
    စာဖတ်သူများဆုံးဖြတ်ပေးပါလိမ့်မယ်

  • ဦးကြောင်ကြီး

    June 29, 2014 at 12:42 am

    ..သာမီးလေးဒွေပျော်ပါစေ
    ..ကြောင်ကြီးမှာလေ
    ..အခြစ်တွေဝေ..
    ..အပေအတေ
    ..သွားရည်ပေ
    ..အခြေအနေ
    ..တပေရှည်
    ..မသေမကြေ
    ..သွားရည်ပေ..

Leave a Reply