Valentine Day

bolayAugust 12, 20101min852

Valentine Day ၏အစဖြစ်သော အချစ်ပွဲတော်အား ရှေးဟောင်းရောမများက Spiritual Love စိတ်ဝိဉာဉ် အချစ်အား ဖေါ်ထုတ်သော နေ့တစ်နေ့ အဖြစ် ကျင်းပခဲ့သည့် အစဉ်အလာမှ စတင်ခဲ့ပါသည်။ရောမများက ဖေဖေါ်ဝါရီလ၏ အလယ်တစ်ရက်တွင် ယင်းပွဲတော်အား ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ၎င်းပွဲတော်ကျင်းပရသည့် အကြောင်းအရင်းမှာ ရောမမြို့တော်ကိုတည်ထောင်ခဲ့သည့် ရိုမြူလပ်စ်အား မြေခွေးမတစ်ကောင်၏ နို့တိုက်ကျွေးခြင်းခံခဲ့ရပြီး ယင်းနို့မှ ခွန်အားနှင့်ဉာဏ်ပညာ တိုးပွားစေသည်ဟု ယုံကြည်ကာ နောင်တွင် ယင်းနေ့ရောက်တိုင်း ခွေးတစ်ကောင်နှင့် ဆိတ်တစ်ကောင်အား သတ်ကာ ခွန်အားဗလတောင့်တင်းသည့် လူငယ်နှစ်ဦး၏ ခန္ဒာကိုယ်တွင် အဆိုပါသွေးများသုတ်လိမ်း၍ ၎င်းသွေးများကို နို့ဖြင့်ဆေးကြောကာ ယင်းလူငယ်နှစ်ဦး၏ လက်တွင် သားရေပတ်တစ်ချောင်းစီ ကိုင်ဆောင်စေကာ မြို့တွင်းသို့လှည့်လည်စေပြီး ၎င်းတို့၏အရှေ့ဖြတ်သွားသောလူများကို ထိုသားရေပတ်ဖြင့် လှမ်းရိုက်စေပါသည်။ မြို့တွင်းရှိရောမများကလည်း လိုလိုလားလားဖြင့်အရိုက်ခံကြကာ ထိုသို့အရိုက်ခံခြင်းဖြင့် မျိုးမအောင်သူများ မျိုးအောင်စေသည်ဟု ယုံကြည်ခဲ့ကြပါသည်။

St.Valentine နှင့်အဆိုပါပွဲတော်ဆက်စပ်မှု

St.Valentine ဆိုသည်မှာ ခရစ်ယာန်ချတ်ချ် သမိုင်းတွင်ပါရှိခဲ့သည့် ခရစ်ယာန် အာဇာနည်ဘုန်းတော်ကြီး(၂) ပါး၏ အမည်ဖြစ်ပါသည်။ Valentine Day သည် ၎င်း၂ပါးအနက် ၁ပါးနှင့်ပတ်သက်လျက်ရှိပါသည်။ ၂၉၆ စီအီးတွင်ရောမမြို့အား အုပ်ချုပ်ခဲ့သော ဂျာမန်ဘုရင် ဃူကေိငကျ သည် ၎င်းခေတ်တွင် ရောမစစ်သားများအား စစ်တိုက်ရာတွင် အင်အားကုန်ခန်းမည်ကို စိုးသဖြင့် အိမ်ထောင်ပြုခြင်းအမှုကို ခွင့်မပြုခဲ့ပေ။ သို့သော်ရောမစစ်သည်တို့သည် အမျိုးသမီးများနှင့်ခိုးဝှက်၍ ပေါင်းသင်းနေထိုင်ခဲ့ရာ ခရစ်ယာန်ဘုန်းတော်ကြီး St.Valentine က၎င်းတို့အား လက်ထပ်ထိမ်းမြားပေးခဲ့ပါသည်။ အဆိုပါအခြင်းအရာကို Claudius သိသွားသည့် အချိန်တွင် St.Valentine အားသေဒဏ်စီရင်ကွက်မျက်ခဲ့သဖြင့် နောင်တွင်ခရစ်ယာန်များက St.Valentine အားဂုဏ်ပြုသောအားဖြင့် ယင်းနေ့အား Valentine Day ကျင်းပခဲ့ပါသည်။ အဆိုပါပွဲတော်နှင့် ပက်သက်၍ လွဲမှားသော အယူအဆ တစ်ရပ်အဖြစ် ရောမများသည် ၎င်းဖေဖော်ဝါရီလ (၁၄) ရက်နေ့ရောက်တိုင်း မြို့လယ်ကွင်းပြင်တွင် အိမ်ထောင်ပြုရန် အရွယ်ရောက်သော အမျိုးသမီးများ၏ အမည်ကို ပေရွက်တွင်ရေး၍ ခွက်အတွင်းထည့်ကာ အရွယ်ရောက်သော အမျိုးသားများက မဲနှိုက်၍ ပေါက်သောအမျိုးသမီးနှင့် တစ်နှစ်အတွင်းပေါင်းသင်းနေထိုင်ခွင့်ရှိပြီး နောက်တစ်နှစ် အဆိုပါပွဲတော်ကျင်းပချိန်တွင် ယခင်စုံတွဲများအနက် ဆက်လက်ပေါင်းသင်းရန် ဆန္ဒမရှိသူ အမျိုးသမီးနှင့် အမျိုးသားများသည် အရွယ်ရောက်သူ ဝင်ရောက်ပါဝင်၍ ထပ်မံမဲရွေးချယ်ကာ နောက်တစ်နှစ်အတွက် ပေါင်းသင်းရန် အတွဲများရှာဖွေကြရပြန်ပါသည်။



2 comments

  • Gong Zhu

    September 14, 2010 at 11:10 pm

    ဒါကြီးကတော့ မမိုက်ပါဘူး . . . ဘယ်လိုမှန်းလဲမသိဘူး . . . တစ်နှစ်ကိုယောကျာ်းတစ်ယောက်ရနေမှာပေါ့နော် . . .

  • pyaesone

    February 15, 2011 at 6:13 am

    ဟဟား
    ဒါဆိုရင် မိန်းမ တွေ တစ်နှစ်တစ်ယောက် ပြောင်းပီ တွဲလို့ရတာပေါ့
    မိုက်သားပဲ

Leave a Reply