သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးလို့ ဒီ မန်းဒလေး ဂဇက် ကိုဝင်ဖတ်ကြည့်ပီး တစ်ယောက်ရေးထားတာကို ကျန်တဲ့သူတွေ မန့်ကြ ၊ ပြန်ဖြေကြနဲ့ ပျော်ဖို့ကောင်းသလို တချို့ပို့စ်လေးတွေကလည်း အန်တာတိန်း ဖြစ်လို့သဘောကျနေတာကြာပါပီ..အလုပ်တစ်ဖက်နဲ့မို့မ၀င်ဖြစ်ခဲ့ပါ။ဒီဇွန်လမှပဲ ၀င်ဖြစ်ခဲ့ပါတယ်….စာရေးဆရာ၊ကဗျာဆရာ မဟုတ်ပါ…ပို့စ်တင်၊မန့်ကြ၊အဲဒါလေးကိုပျော်တာနဲ့ စည်းကမ်းချက်လေးတွေဖတ်ပြီး မတက် တတက် နဲ့ မတောက် တခေါက်လေး ၀င်ရေးမယ်ပေါ့..ဒါပေမယ့် မရဲတာနဲ့ ဒီမန်းတလေး ဂဇက် မှာရှိတဲ့ ရွာသူ၊ရွာသားတွေနဲ့ ခင်မင်အောင်ဆိုပီး အရင် လူလက်ခံလောက်မယ့်ပို့စ်လေးတွေကို အရင်တင်ကြည့်တာပါ…ကိုယ်ပိုင် ရေးထားတဲ့ ကဗျာ၊စာလေးတွေတော့ ပီးမှပဲ တင်မယ်လေဆိုပီး အရင်ရင်းနှီးအောင်လုပ်တာပါ…ဒါပေမဲ့လည်း ဆရာ့ဆရာမဂျီးများ တချို့ တချို့ပေါ့လေ အသစ်လေးတွေကို လက်တွဲမခေါ်ပဲ အကောင့်သစ်တွေနဲ့$ဖောင်းထုပါတယ်…ပို့စ်တွေ လိုက်ဖတ်ကြည့်တော့ ဘယ်သူ၊ဘယ်သူဆိုတာ ရိပ်မိသလိုလိုပါပဲ…:)

လယ်တီဆရာတော်ဘုရားကြီးရဲ့ ကဗျာလေးကောင်းလို့ ဖတ်စေချင်တဲ့စေတနာပါရှင့်….ပိုက်ဆံ 200 ကြောင့်မဟုတ်ပါ….အဲဒီနေ့က အလုပ်မှာ အဆင်မပြေမှုလေးတွေ ရှိလို့ ခံစားချက်လေးနဲ့လည်းတိုက်ဆိုင်ပီး ဆရာတော်ကြီးရဲ့ကဗျာကလည်းထိထိမိမိ ရှိတာကြောင့် တင်လိုက်မိတာတောင်းပန်ပါတယ် ဆရာဂျီးများ၊ဆရာမဂျီးများရှင့်…

စိတ်ကောင်းစေတနာကောင်းနဲ့ လက်တွဲခေါ်တဲ့ မန်ဘာများနဲ့လည်း ခင်မင်ခွင့်ရလို့ အတိုင်းမသိဝမ်းသာပါတယ်ရှင့်…ကျေးဇူးပါရှင့်….ပွိုင့်တက်ဖို့၊ကိုယ်တင်တဲ့စာဖုံးမှာကြောက်ကြတဲ့ ဆရာဂျီး၊ဆရာမဂျီးများကိုလည်း ကျေးဇူးပါရှင့်….သာမီးက ပွိုင့်တက်တာလည်းမမက်ပါရှင့်..ပို့စ် တပုဒ် 200 လည်းမမက်ပါရှင့်….မန်ဘာများနှင့် ခင်မင်ရင်းနှီးချင်ရုံသက်သက်မို့ ဒီလိုမျိုးတွေ ကြုံလိုက်ရတော့ တော်ပါပီချင့်….:)

About Mee Wah

Mee Wah has written 10 post in this Website..