တော်ပါပီ….ချိတ်ကုန်ဒယ်…

Mee WahJune 28, 20141min17910

သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးလို့ ဒီ မန်းဒလေး ဂဇက် ကိုဝင်ဖတ်ကြည့်ပီး တစ်ယောက်ရေးထားတာကို ကျန်တဲ့သူတွေ မန့်ကြ ၊ ပြန်ဖြေကြနဲ့ ပျော်ဖို့ကောင်းသလို တချို့ပို့စ်လေးတွေကလည်း အန်တာတိန်း ဖြစ်လို့သဘောကျနေတာကြာပါပီ..အလုပ်တစ်ဖက်နဲ့မို့မဝင်ဖြစ်ခဲ့ပါ။ဒီဇွန်လမှပဲ ဝင်ဖြစ်ခဲ့ပါတယ်….စာရေးဆရာ၊ကဗျာဆရာ မဟုတ်ပါ…ပို့စ်တင်၊မန့်ကြ၊အဲဒါလေးကိုပျော်တာနဲ့ စည်းကမ်းချက်လေးတွေဖတ်ပြီး မတက် တတက် နဲ့ မတောက် တခေါက်လေး ဝင်ရေးမယ်ပေါ့..ဒါပေမယ့် မရဲတာနဲ့ ဒီမန်းတလေး ဂဇက် မှာရှိတဲ့ ရွာသူ၊ရွာသားတွေနဲ့ ခင်မင်အောင်ဆိုပီး အရင် လူလက်ခံလောက်မယ့်ပို့စ်လေးတွေကို အရင်တင်ကြည့်တာပါ…ကိုယ်ပိုင် ရေးထားတဲ့ ကဗျာ၊စာလေးတွေတော့ ပီးမှပဲ တင်မယ်လေဆိုပီး အရင်ရင်းနှီးအောင်လုပ်တာပါ…ဒါပေမဲ့လည်း ဆရာ့ဆရာမဂျီးများ တချို့ တချို့ပေါ့လေ အသစ်လေးတွေကို လက်တွဲမခေါ်ပဲ အကောင့်သစ်တွေနဲ့$ဖောင်းထုပါတယ်…ပို့စ်တွေ လိုက်ဖတ်ကြည့်တော့ ဘယ်သူ၊ဘယ်သူဆိုတာ ရိပ်မိသလိုလိုပါပဲ…:)

လယ်တီဆရာတော်ဘုရားကြီးရဲ့ ကဗျာလေးကောင်းလို့ ဖတ်စေချင်တဲ့စေတနာပါရှင့်….ပိုက်ဆံ 200 ကြောင့်မဟုတ်ပါ….အဲဒီနေ့က အလုပ်မှာ အဆင်မပြေမှုလေးတွေ ရှိလို့ ခံစားချက်လေးနဲ့လည်းတိုက်ဆိုင်ပီး ဆရာတော်ကြီးရဲ့ကဗျာကလည်းထိထိမိမိ ရှိတာကြောင့် တင်လိုက်မိတာတောင်းပန်ပါတယ် ဆရာဂျီးများ၊ဆရာမဂျီးများရှင့်…

စိတ်ကောင်းစေတနာကောင်းနဲ့ လက်တွဲခေါ်တဲ့ မန်ဘာများနဲ့လည်း ခင်မင်ခွင့်ရလို့ အတိုင်းမသိဝမ်းသာပါတယ်ရှင့်…ကျေးဇူးပါရှင့်….ပွိုင့်တက်ဖို့၊ကိုယ်တင်တဲ့စာဖုံးမှာကြောက်ကြတဲ့ ဆရာဂျီး၊ဆရာမဂျီးများကိုလည်း ကျေးဇူးပါရှင့်….သာမီးက ပွိုင့်တက်တာလည်းမမက်ပါရှင့်..ပို့စ် တပုဒ် 200 လည်းမမက်ပါရှင့်….မန်ဘာများနှင့် ခင်မင်ရင်းနှီးချင်ရုံသက်သက်မို့ ဒီလိုမျိုးတွေ ကြုံလိုက်ရတော့ တော်ပါပီချင့်….:)

10 comments

  • Yae Myae Tha Ninn

    June 28, 2014 at 12:23 pm

    စိတ်တော့ မကုန်ပါနဲ့.. Mee Wah.. အသစ်တွေကို လက်ကမ်းကြိုပါတယ်.. ကိုကောင်းရင် ခေါင်းမရွှေ့ပါဘူး.. ကျွန်တော်လဲ အခုပဲ ပို့စ်တခုတင်ထားပါတယ်… Admin kai ဆီကိုပါ.. ဒီရွာပျက်သုဉ်းမယ့်အရေးတော့ ရင်လေးပါတယ်.. အခုပဲ ဝင်လာတယ်.. စိတ်ပျက်လို့ ထွက်မယ့်သူတွေ သလာစီနေတာ မကောင်းပါဘူး.. kai ရေ လုပ်ပါဦး.. ဒီတိုင်းကြည့်နေမှာလား..

    • Ko chogyi

      June 28, 2014 at 8:04 pm

      ရွာပျက်သုန်းမှာ ရင်လေးရင် ဘေးထွက်ထိုင်နေလိုက်ပေါ့

  • မင်း ခန့် ကျော်

    June 28, 2014 at 4:25 pm

    အောင်မယ်မင်းရယ်တဲ့မှ

    ဦးအောင်မင်းးး

    ဟာမှားသွားလို့ပါအန်တီရေ :mrgreen:

    မြန်မာပြည်အစိုးရလုပ်ပုံကိုင်ပုံတွေထက်များ

    ချိတ်ကုန်စာချိယော့သနားဂင်!!!!

    ဒါလောက်ကတော့တက်မလာနဲ့

    တောက်ချလိုက်မဟဲ့

    ကတောက် !!!

    လုပ်စမ်းဘါးး :mrgreen:

    ပွိုင့်မမက်တာတော့မဖြစ်နိုင်ဘူး။

    အနော်ဆို ပွိုင့်ကို သွေးတိုးအောင်ထိကိုးးးခွါစားတာ

    (နေကြာစေ့ဟုမပြောတော့ပါ)

    ဖိုက်တင်

    ဟီးးးး :mrgreen:

    ကျတော်ချိတ်ကုန်းတာတထုပဲချိတယ်။

    အိုက်တာ အမ်ပီတီ ။ သူကိုတော့အရှုံးပေးပီးသား :mrgreen:

  • ခင် ခ

    June 28, 2014 at 4:51 pm

    ပိုစ့် ၁ဝ ခု နဲ့ စိတ်ကုန်တယ်ဆိုပါလား ကလေးမရယ်။
    အမြဲအစဉ်ချောတဲ့အရာ ဒီ ဗမာပြည်မှာ မရှိသလောက်ရှားသလို အမြဲတမ်းလည်း ထွက်ပေါက်မရှိတဲ့ ပြသနာမျိုး ဒီဗမာပြည်မှာမရှိဘူး ဆိုသလိုပါဘဲ။
    ကိုယ်ရွေးချယ်တဲ့လမ်း ကိုယ်လျှောက်ချင်သလောက် လျှောက်ခွင့်ရှိတာကတော့ ဒီဂဇက်ပါဘဲ

  • Foreign Resident

    June 28, 2014 at 6:03 pm

    သမီး Mee Wah ရေ ။

    စိတ် မညစ်ပါနှင့် ၊ သိပ်ပြီးလဲ ခံစားမနေပါနှင့်ကွယ် ။
    ဒီလိုပါဘဲ ၊ ရွာထဲမှာက ၃ / ၄ လ တစ်ခါလောက်တော့ လှုပ်လှုပ်ရွရွ ဖြစ်တတ်တယ် ။
    အဲဒီ အချိန် နှင့် တိုက်ဆိုင်သွားတာပါ ။

    ကူးချတာမှန်သမျှ ခွင့်မပြုဘူးတော့လည်း မဟုတ်ပါဘူး ။
    ကူးချတာတွေချည်းဘဲ ဆက်တိုက် မဟုတ်ရင် ပြီးတာပါဘဲ ။
    ဘာပဲဖြစ်ဖြစ်ပါ ၊ ရွာသူားကြီး တစ်ယောက်အနေနှင့် သမီးကို ကြိုဆိုပါတယ် နော် ။

  • တစ်ခု တော့ ပြော ချင် ပါ သ ဗျာ

    ရွာ ကို ကျ နာ် ရောက်ခဲ့ တဲ့ အချိန် ကတည်း က ဆို ရင် ရွာသူား တွေ ဝင် လိုက် ထွက် လိုက်ပါဘဲ

    ဒါ ပေ မယ် ့ ဘယ်သူ ဘယ်ဝါ ထွက် သွား လို့ ရွာ ပျက် တယ် မရှိ သ လို

    အခြား သော ဆိုက် တွေ လို ဟို ကောင့် ကို ဘမ်း တယ် ဒီ ကောင့်ကို ဘမ်း တယ် ထုတ် ပစ် တယ် ဆို တာ မရှိ ပါ ဘူး

    ( အဲ ပိုစ်တွေ တော့ လူ မမြင် အောင် ဖယ ် လိုက် တာ မျိုး ရှိတာ ပေါ့ ဒါ က လဲ အမြင် မတော် လွန်း မှ ပါ)

    အဲ တော့ လူ ထွက် လို့ ရွာ ပျက် သွားမှ မ ပူ ပါ နဲ့

    ရွာ ကြီး ကတော့ နေ မြ ဲ ဘဲ ရှိ နေ မှာပါ

    ဒါ ကတော့ ကျနော် ရှိ နေ ချိန် မှာ ဖြစ် ပျက် တာကို ကြည့် ပြိး ပြော ပြ တာ ပါ

  • ဦးကြောင်ကြီး

    June 29, 2014 at 12:22 am

    မီးဝါလေးနဲ့ ချိန်းပီး တနေရာရာမှာ ကံဂျင်တယ်ကွယ်…

  • ဟို ဒင်း

    June 29, 2014 at 12:06 pm

    ဟိုဒင်းလေ – ဘယ်လိုကြီးလဲ –
    တားနဲ့ရောကန်မှာလား အုကြောင်ရီး ခစ်ခစ်

  • ဝင့်ပြုံးမြင့်

    June 30, 2014 at 6:15 am

    စိတ်မကုန်ပါနဲ့ မီးဝါရေ။ တဖြည်းဖြည်းနေသားကျသွားမှာပါ။ တဖြည်းဖြည်း ပျော်လာမှာ။ မတို့ဆိုရင် ဝင်စတုန်းက ကွန်မင့်ကို ပြန်ဖြေပေးရမယ်ဆိုတာတောင် မသိဘူး။

  • kyeemite

    June 30, 2014 at 10:45 am

    အားပေးမဲ့သူ တစ်ယောက်ရှိရင်တောင်ရေးပျော်ပါတယ်လေ…ဆက်ဆွဲစမ်းပါဗျ…
    ကျုပ်တို့ရွာက ဒီလိုပဲ..တစ်ခါတစ်ခါ တောခြောက်တတ်တယ်…ပြီးတော့လည်းကောင်းသွားတာပါပဲ
    သေချာတာကတော့ ဒီရွာသူားတွေဟာ တစ်ယောက်နဲ့တစ်ယောက် အညှိုးအတေးထားလေ့မရှိကြပါဘူးနော..

Leave a Reply