သို ့…… သူဂျီး

Shwe PoeJune 28, 20141min26022

ကျနော် ဒီရွာထဲဝင် လာတာ
စာပေ ရသ သုတ အနုပညာယဉ်ကျေးမှု
ကိုချစ်မြတ်နိုးလို ့ပါ ။
မအားမလတ်တဲ့အချိန်နဲ ့ခက်ခဲလွန်းတဲ့
internet line တွေကိုအချိန်ပေးပြီးဝင်
ရောက်ဖတ် ရှုရတဲ့အတွက် ကိုယ်အတွက် အကျိုးရှိပြီး အ မောပြေ
စေမယ့်စာပေ တွေကိုဖတ်ချင် ပါတယ် ။
သူဂျီးသတ်မှတ်ထားတဲ့စည်းကမ်းချက်
တွေထဲမှာနိုင် ငံ ရေး ၊ ဘာသာရေးထိခိုက်
စေမယ့်အ ကြောင်းတွေမ ရေးရဘူးလို ့
ဆိုထားပါတယ် ။
အခုတော့တ ဖြေ းဖြေးနဲ ့ဒီရွာထဲမှာ
အတင်းအဖျင်းတွေပုဂ္ဂိုလ်ရေးတိုက်ခိုက်
တာတွေပါ ရှိလာပါပြီ ။ သုတရသ စာပေ
တွေအနုပညာယဉ်ကျေးမှုတွေ ကွယ်
ပျောက်လာပြီ လို ့ခံစားရပါတယ် ။
ကျ နော်နားမလည်တော့လို ့မေးပါရ စေ
ဒီရွာက အနုပညာစာပေယဉ်
ကျေးမှုအတွက်ဖွင့်ထားတဲ့ဆိုက်မဟုတ်
လို ့လား ။ အသိပညာရမယ့်စာပေ အ
တွက်သီးသန် ့ဖွင့်ထားပေးတဲ့ဆိုက် ရှိရင်
လည်းသိချင် ပါတယ် ။ ပြောပြကြပါ။
စိတ်အပမ်းပြေ စေမယ့်သုတရသ စာ
ပေ တွေကို တစ်ယောက်နဲ ့တစ်ယောက်
တိုင် ပင် ဆွေးနွေး ပညာယူ ရတာကိုပို
သ ဘောကျမိလို ့ပါ ။

အခုလို ဖွင့်ပြောမိတဲ့အတွက်လည်း
အမှားပါရင် တောင်းပန်ပါတယ် ။

စာပေယဉ်ကျေးမှုကိုမြတ်နိုးတန်ဖိုးထားတဲ့

ရွှေပိုး

22 comments

  • alinsett (gazette)

    June 28, 2014 at 11:51 am

    တိုက်ခိုက်သံ
    ထိုးနှက်သံ
    ကတ်ကတ်လန်အောင် ရန်တွေ ့ကြသံ
    မနာလို အူတို အမုန်းပွါးသံတွေ
    အခုတလောတော့ ညံနေတာပဲ
    (ကိုယ်တိုင်လည်း အတိုက်အခိုက်ခံတစ်ယောက်လိုတောင်ဖြစ်လို့)

    အဲဒီ မသတီစရာ အသံတွေကြားမှာ
    အနုပညာ ရသ ဆိုတဲ့ ပိုစ့်လေးတွေလည်း ကြားညပ်ပြီး
    ရှိနေပါသေးတယ်လေ
    ကျနော်တောင် ဒီမနက် ကဗျာတိုလေးတစ်ပုဒ် တင်လိုက်ပါသေးတယ်
    စိတ်ရှုပ်စရာ ပိုစ့်တွေ ကြားမှာ ကဗျာလေးလည်း သိမ်ငယ်ရှက်ရွံ ့စွာ
    ကြားညပ်လို့ပေါ့။
    လေးဘလက်ချောတို့ တင်ထားတဲ့ သတင်းကို ရသခံစားနိုင်အောင် ပြန် တင်ပြတာလေးတွေ
    ကဗျာဆရာအကြောင်း ပြောတာလေးတွေလည်း ရှိပါသေးတယ်

    ဒီတော့ ဒီရွာထဲမှာ ဒီလို သူပုန်ထတဲ့ကိစ္စတွေနဲ့အတူ
    အနုပညာဆန်သော ပိုစ့်လေးတွေလည်း ရှိနေပါသေးတယ်
    ဒါကြောင့် တခြားမသွားပဲနဲ့
    ရှိတဲ့အထဲက မကောင်းတာ ပယ် ကောင်းတာလေးရွေး ခံစား ယူပါဦးလို့
    ကိုယ်တိုင်လည်း ဘယ်သူတွေ ဘာပြောနေနေ အနုပညာဆန်တာလေးတွေ တင်ပြနေပါဦးလို့
    ကျနော်ပြောချင်ပါတယ်။

    တိုက်ခိုက်သံတွေ ကြားမှာ
    ကိုယ်ယုံကြည်မြတ်နိုးတဲ့ အနုပညာနဲ့ ရသ သုတတွေကို
    ရှာကြံခံစားနေသေးသ၍
    ဖန်တီးတင်ပြနေသေးသ၍
    ဒီရွာလေးကို ချစ်တဲ့ဘက်က
    ကောင်းအောင် နေပေးနေတယ်ဆိုတာလေးကို
    ပြသပါနော်

    လေးစားချစ်ခင်လျက်

    မောင်သူရ

  • ဦး ဂျစ်

    June 28, 2014 at 11:54 am

    ပုထုဇဉ်တွေဆိုတော့ –
    အတင်းအဖျင်းဆိုတာတွေက တခါမဟုတ်တခါ ရှောင်လွဲမရနိုင်ပါ ၊ မနှစ်မြို့ တာ တချု့ိ ကျော်လွှားဖတ်ခြင်းဖြင့် စိတ်သက်သာမှုရယူနိုင်ပါစေ ၊
    ကျနော် လဲ ဒီလိုပဲ ခံယူထားလို့ပါ –

  • Yae Myae Tha Ninn

    June 28, 2014 at 12:16 pm

    ဆရာကြီး အလင်းစက်ကတော့ မပါပါဘူး.. အတိုက်အခိုက် ထဲမှာ… အသစ်တွေကို ကော်မန့်ပေးတယ်.. ပို့စ်တင်တာ ကျော်ရင် သတိပေးတယ်.. ရှယ်ကျူး လုပ်ပေးတယ်… အပြစ်မတင်ပါဘူး… နေမြဲ အတိုင်းပဲ နေ လုပ်မြဲ အတိုင်းလုပ်ပါ… အားပေးပါတယ်… တခုပဲ ရှိတယ်.. အခုဆို စိတ်ကုန်တဲ့သူတွေ များလာနေပီဆိုတာပဲ… လေတိုက်တာတွေ တအားများနေတယ်ဗျ… ကြာရင် ဒီဆိုက်လေးပါ ထိခိုက်မှာစိုးတယ်.. ပွင့်ပွင့်လင်းလင်း ပြောရင်.. ကိုင်ကိုလဲ မေးကြည့်ပါ… ကျွန်တော်တို့ ချွေးတွေလဲ မနည်းပါဘူးလို့… ဒီဆိုက်အတွက်… ကျေးဇူးတင်ပါတယ်… အရမ်းတော်တဲ့ သူတွေ ရှိပါတယ်… ဒီဆိုက်မှာ.. ဒါပေမဲ့ ခုထိတော့ ကိုယ်ပိုင်စာတွေ မရေးသေးတာပဲ အားမရတာပါ… Shwe Poe အားတင်းပြီး ခဏစောင့်လိုက်ပါ…နော်… ထွက်တော့ မထွက်ပါနဲ့…

    • Shwe Poe

      June 28, 2014 at 5:10 pm

      ကျ နော်ထွက်သွားဖို ့တော့စိတ်ကူးမရှိသေးပါဘူး
      ဒီအတိုင်းပဲအားမလိုအားမရဖြစ်မိတာပါ
      ကျ နော်ကိုယ်တိုင် ကစာရေးမ ကောင်းသေးလို ့သင် ယူ လေ့လာနေဆဲမို ့လို ့ပါ
      စီနီယာကြီးတွေကိုအားကျအတုယူသင် ချင် ပါတယ်
      🙂

  • Yae Myae Tha Ninn

    June 28, 2014 at 12:25 pm

    ပြောသာ ပြောရတယ်.. သိပ်မမန့်ရဲဘူး.. အုပ်စုလိုက် လာဖိုက်ရင်လဲ ဒုက္ခ… 🙁

  • ရွှေ ပိုး ရေ ဒီ ရွာ ထဲ မှာ စာ ကောင်းတွေရေး ထားကြတာအများ ကြီး ဖတ် လို့ တောင် မကုန် နိုင်အောင်ပါ ဘဲ

    အလွယ်သိချင်ရင် အောက်ဆုံးမှာ စား လုံး ကြီး တွေနဲ့ ရေး ထား တဲ့ စာတွေကို ရှာဖတ်လိုက်ပါ

    • Shwe Poe

      June 28, 2014 at 5:05 pm

      ဟုတ်ကဲ့ ရှာဖတ်လိုက်ပါ့မယ်
      ကျေးဇူးပါ ဗျ
      🙂

  • Yae Myae Tha Ninn

    June 28, 2014 at 2:22 pm

    ဟုတ်တယ်.. ဒါပေမဲ့ လူတလုံးအာဘော်ကို ရှောင်ဖတ်ပါ.. အဲဒါလဲ အကို ရေးခဲ့.. တင်ခဲ့တဲ့ ပို့စ်တွေ ဖြစ်နေလို့… 🙁

  • မင်း ခန့် ကျော်

    June 28, 2014 at 4:35 pm

    သို့ သဂျီးတဲ့။

    ကျုပ်ရှေ့အပေါ်သွားနှစ်ချောင်းကလဲကြီးနေတာမို့

    ကျုပ်လဲသူဂျီးပဲ။
    (ဘာဖြစ်ဖြစ်ဆွဲယူပစ်မှာပဲ)

    ဘာပဲပြောပြော စာကြီးပေးကြီးဖတ်ချင်ရင်

    ကျုပ်နာမည်ကိုနှိပ်ပြီး ဝင်ဖတ်ပေတော့။

    ဒီထက်ကောင်းတာ မရှိတော့ဘူးရယ် (မရီရ) :mrgreen:

    • kai

      June 28, 2014 at 4:55 pm

      ကိုရင်က.. သွားကြီးတာမို့.. သွဂျီးပဲဖြစ်မှာပေါ့..။

      ကျုပ်ကိုအဲဒီလိုစခေါ်တာ.. အမှတ်မမှားရင်.. ဟိုအပျိုလတ်..။
      ခုတော့..ကလေးအမေ..။ :mrgreen:

      • surmi

        June 28, 2014 at 5:32 pm

        အဓိပ္ပါယ်က
        ကိလေသာဂျီးတွေထူနေလို့ တဲ့

        နောက်လူတွေသဂျီးရာဇဝင်မှတ်သားရအောင်ပြောပေးတာ :kwi:

      • နှူးဘာ မိဂီ

        June 28, 2014 at 5:53 pm

        သဂျီး ကတော့ …သဂျီး နာမည်ပျောက်ပြီး ခေါဂျီး နာမည် တွင်တော့မယ်
        သွားကြီးတဲ့ လူ ဆို ဟိုဘဲ Suarez ကိုပဲ မျက်စိထဲပေါ်နေတယ်….

        ဗြဲ ….

        မုန်းစရာ

        • Mလုလင်

          June 29, 2014 at 10:30 am

          အဲလောက် မေတ္တာ ထားရသလား ကွယ် . . . .

        • တိမ်မည်း

          June 30, 2014 at 2:50 pm

          suarezing = biting

          New Word for dictionary…. 😀

  • Ko chogyi

    June 28, 2014 at 8:10 pm

    ရွာထဲကိုဝင်လာရင် ဝမ်းသာသလို ထွက်သွားရင်လဲဝမ်းနည်းစရာတောမဟုတ်လောက်ပါဘူး

  • surmi

    June 28, 2014 at 8:46 pm

    မောင်ဂီ
    ဒို့သဂျီးကို နာမည်ပြောင်းပေးလိုက်ကြရအောင်
    ဘယ်လိုလဲ 🙂

  • ဦးကြောင်ကြီး

    June 29, 2014 at 12:36 am

    ရွှေပိုးကိုစာမဲ..

  • black chaw

    June 30, 2014 at 2:08 pm

    ဒီကိစ္စဟာတကယ်တော့မလွယ်ပါဘူး
    မလွယ်ဘူးဆိုပေမယ့်လည်းခက်တော့လည်းမခက်ပါဘူး
    ဘယ်လိုပြောရမလဲဆိုတော့ ဟိုဗျာ..
    ခင်ဗျားတို့လည်းသိမှာပါ၊သိပြီးသားတွေပါ ဟုတ်တယ်မဟုတ်လား
    အဲဒါပဲဗျ အဲဒါပဲ
    တကယ်တော့ရှင်းပြီးသားတွေပါ
    ခင်ဗျားတို့မရှင်းဘူးဆိုတာကိုပဲ ကျွန်တော်မရှင်းဘူးဖြစ်နေတယ်
    တကယ်တော့စောစောကကျွန်တော်ပြောခဲ့သလိုပေါ့
    ဘယ်လိုလဲဆိုတော့ အဲဒီလိုပေါ့ဗျာ…
    ကျွန်တော်ပြောတာရှင်းတယ်မို့လား
    ရှင်းရမယ်လေ ခင်ဗျားတို့လည်းဦးနှောက်ရှိတဲ့လူတွေပဲဟာ
    ခင်ဗျားတို့စဉ်းစားကြပေါ့
    တကယ်တော့ရှေ့ကအထုပ်တွေကို ကျွန်တော်တို့ကဆက်ပြီးထမ်းနေရတာပါ
    ရှေ့ကလူတွေဆိုတာကလည်း ခင်ဗျားတို့သိတဲ့အတိုင်းပဲ
    ကျွန်တော်တို့အားလုံးဟာ သမိုင်းအမွေကိုဆက်ခံနေကြရတာမဟုတ်လား
    ခင်ဗျားတို့အတွက်စိတ်မကောင်းပါဘူးဗျာ တကယ်ပါ
    ကိုယ့်ကိုယ်ကိုယ်လည်းသနားမိပါတယ် ဟဲဟဲ
    (ကိုရွေးကဗျာ တစ်ပိုင်းတစ်စ)

    • တိမ်မည်း

      June 30, 2014 at 2:57 pm

      တော်တော်ရှင်းသွားတယ်ဗျာ…
      အေးပေါ့ဗျာ… အကို ရှင်းပြသလိုပေါ့… ရှင်းနေတာပါပဲ…
      ဒီရှင်းနေတာကို ဆက်ရှင်းရမယ်မဟုတ်ဖူး….
      အဲ့တော့လည်း ရှင်းတာပေါ့…
      ဘယ်လိုရှင်းရမလဲတော့ ရှင်းပြတဲ့သူတွေ သိမှာပေါ့….
      သူတို ့ရှင်းပလေ့စေ……. ဟီးးးး.

  • တိမ်မည်း

    June 30, 2014 at 3:20 pm

    http://allmyanmarblogs.blogspot.com/

    အဲ့ဒါလေးကလေ blog ဆိုက်တွေ စုပီး စာရင်းပြုစုထားတာ… မြန်မာ ဘလော့ ဆိုက်တော်တော်များပါတယ်….

    ပြုတ်သွားတာလဲရှိသလို… အသစ်တက်တာလေးတွေလည်းရှိပါတယ်… ဒီဆိုက်မှာတော့ ကျွန်တော် စာဖတ်နေတာ ကြာပါပီ………

    အဲ့ဒိတော့ ပိုစ့်ပိုင်ရှင် စိတ်ကြိုက်တွေ ့မယ်လို ့မျှော်လင့်ပါတယ်……

    ကိုပေါက်ပြောသလိုပဲ ကျွန်တော်တို ့ရွာမှာလည်း ရသစာပေ အများအပြားရှိပါတယ်…. သူပြောသလို ရှာကြည့်ပါနော်…..

    ဒီဆိုက်က တော့ ကျွန်တော့်ရဲ့ ချစ်သူ အဟောင်းလိုပါပဲ….. တခြားဆိုက်(ခင်ဝင့်ဝါ) ဘယ်လောက်ချောချော… အခုလက်ရှိလေးကိုပဲ ခင်တွယ်ပါကြောင်း………

Leave a Reply