” အ တယ် လို့တော့ မထင်လေနဲ့ကွယ်”

ခင္ခJune 28, 20141min1417

” အ တယ် လို့တော့ မထင်လေနဲ့ကွယ်”

 

ဂဇက် မှာ စာတွေရေးပြီး ဖတ်စေချင်တဲ့စိတ်နဲ့ လာတင်ကြတယ်

အဲဒီရေးတင်တဲ့ ပိုစ့်စာတွေကိုဖတ်ပြီး ဂဇက်မန်ဘာဝင် ရွာသူားတွေက ပြန်မန့်ကြရေးကြတယ်

အဲလိုရေးတဲ့အခါ တစ်ချို့များဆို အကိုးအကား အထောက်အထားနဲ့တောင် ပြန်ငြင်းကြ

ဆွေးနွေးကြ ရေးကြပေါ့ဗျာ။ အဲဒီထဲက တွက်ကြည့် တွေးခေါ်တတ်မှုရှိ၊ မရှိဆိုတာကို။

တစ်ချို့ပိုစ့်တွေကို ဗဟုသုတရစရာတွေ မှတ်သားစရာတွေတောင် ပါတတ်သလို

တစ်ချို့ပိုစ့်တွေဆို ဟာသလူရွှင်တော်တစ်ဦးရှေ့ရောက်သွားတယ်ထင်ရအောင် ရယ်စရာတွေဖတ်ရတယ်။

တစ်ချို့များ ကိုယ့် ကိုယ်တွေ့ကို အခြေခံပြီးရေးကြတာ စိတ်ဝင်စားရလောက်ပါတယ်

တစ်ချို့အရေးအသားတွေဆို ဝတ္ထုတစ်ပုဒ်လားအောင်းမေ့ရလောက်အောင် ချီးမွှမ်းရမည့်အရေး အတွေး။

ဒီလိုမျိုးရှိတဲ့ ဂဇက်ဆိုတော့ မန်ဘာဝင်တွေအားလုံး တွေးတတ် စဉ်းစားတတ် ရေးတတ် ကြတယ်ဆိုတာ

အကဲခတ်တတ်ရင် အကဲခတ်လို့မြင်ပါလိမ့်မယ်။

အဲလို ရေးတတ်ကြတဲ့ တွေးတတ်ကြတဲ့ ရွာသူား မန်ဘာတွေမှာ အချာပင်တော့ တစ်ယောက်မှမပါဘူး

အဲဒီတော့ကာ ရွာသူားတွေမန်ဘာများကို လှည့်စားဖို့တော့ မကြိုးစားပါနဲ့ မိတ်ဆွေ။

ရွာသူား မန်ဘာတွေက ဘာမှမသိလောက်ပါဘူး၊ ပြောကြမှာဟုတ်ဘူးဆိုပြီး ” အ ” တယ် လို့ တော့မထင်လေနဲ့ကွယ်

မပြောချင်လို့ ကြည့်နေတာကြာပြီမှတ်။

အခုတလောရွာထဲ ဆရာကြီးလိုလို သဘာကြီးလိုလို ကလေးထိန်းမလို အဲ စည်းကမ်းဘဲထိန်းမလိုလို နည်းလမ်းဘဲပြောသယောင်ယောင်

ဗယုတ်ဘယက်နဲ့ ကသုက်ကယက် ပိုစ့်တင်ခဲ့သော သူတွေကို ရည်ညွှန်းလျှက်………

 

 

ခင်ခ။

7 comments

  • Yae Myae Tha Ninn

    June 28, 2014 at 2:43 pm

    ဟုတ်တယ်ဗျ.. ဟော်ကီလာလုပ်တာတော့ သဘောမကျဘူး.. ကျွန်တော်တင်တဲ့ ပို့စ်တခုဆို လာမန့်တယ်.. တချို့က ပညာရှင် ဆန်တယ်.. တချို့ကတော့ ဆရာကြီး သက်သက်လာလုပ်တာဗျ.. ဒါပေမဲ့ မပြောပါဘူး.. သူတို့ထက်ဆိုးတာတွေ ရှိတာကိုး.. သူတို့ကမှ ဆရာကြီးလုပ်တာ တချို့က မိုက်ရိုင်းတာာ.. အဲတော့ မိုက်ရိုင်းတာထက်စာရင် ဆရာကြီးလုပ်တာ လက်ခံမိပါရဲ့… 🙁

    • Ko chogyi

      June 28, 2014 at 6:04 pm

      ဆရာကြီးအလုပ်မခံချင်ရင် လိမ်မာပေါ့ကွယ်

  • ခင် ခ

    June 28, 2014 at 2:52 pm

    အမှန်အတိုင်းပြောရရင် အခုတလော ကျုပ်အလုပ်များလွန်းလို့ မောင်ရင်ပိုစ့်တွေကို ကျုပ်သေချာမဖတ်ဖြစ်လိုက်ဖူးဗျ၊ အခု ပြန်ရှာပြီး လိုက်ဖတ်လိုက်အုံးမယ်။
    ပိုစ့်တွေမှာ ဝင်ပြီး ဝေဖန်ခွင့် ဆရာကြီးလုပ်ခွင့် ရှိပြီးသားပါ၊ မောင်ရင်ပြောသလို မိုက်ရိုင်းမယ်ဆိုရင်တောင် ဝင်ပြီး မိုက်ရိုင်းဆဲအုံးတော့ ကိုယ့် နစ်နိန်းဖော်ပြပြီး အပြီအပြင် ဝင်ပြောပေါ့ဗျာ အခုတော့ မဟုတ်ပါဘူး ဟို လူဒီလူတွေပါတဲ့ လူဟောင်းတွေပါဟဲ့ ဆိုပြီး နစ်နိန်းဖျောက်က အုပ်စုလိုလို ဗိုလ်လိုလို ခိုးချောင်ခိုးဝှက် ရွာထဲ ကလေးထိန်းမလို့ ဆိုတာကတော့ ဘယ်လိုမှ ခံစားမရဘူးဗျာ။

  • Yae Myae Tha Ninn

    June 28, 2014 at 3:00 pm

    ဟုတ်.. ဖတ်ကြည့်ပါ.. ဆရာကြီး တယောက် မန့်သလိုဆို.. ကူးရေး ကူးချပေါ့ဗျာ… ဒါပေမဲ့ တခုစီတိုင်းမှာ.. စေတနာ နဲ့ ရည်ရွယ်ချက်ပါပါတယ်… ပရိသတ်က လူစုံတော့ ပို့စ်လဲ အစုံတင်ရတာပေါ့ဗျာ… သိပ်အထင်ကြီးစရာ မရှိပါဘူး.. ကျွန်တော့ စာတွေက… 🙁

  • မင်း ခန့် ကျော်

    June 28, 2014 at 3:59 pm

    ဒီပိုစ်နဲ့ကျတော်အလိုတူအလိုပါဖြစ်ပါတယ်။
    ဒီထက်ပိုမပြောချင်တော့ပါဘူး။

  • ဟုတ် တယ် ကို ခ

    ထွန်း အိန္ဒြာဘိုသီချင်းဘဲ ဆို ုလို်က် တော့ မယ်

    ” တကယ်ဆိုရင်ရှင်းရှင်းလင်းလင်းပြော ပေါ့ အခု တော့ အားလုးံ စိတ် ညစ် ရ ပြီ တွေ့ မရှောင်ရယ် မင်း က တရား ခံ”

  • lu lu

    June 28, 2014 at 11:15 pm

    မှန်တယ် ဦးခ အပြည့်အဝကို ထောက်ခံမဲပေးလိုက်ပြီ
    သူတို ့ပြောနေတဲ့ပုံက စိတ်ပျက်စရာဂျီး းးးး
    🙁

Leave a Reply