အကြည်တော် ရဲ့ Sexy Pose

Paing LayJune 28, 20141min1648

အခုရေးမယ့် ပို့စ်ကို ရွာသူားအားလုံး ညစ်ညမ်းသည်ဟု မထင်စေချင်ပါ။ ဆရာအကြည်တော် ၏ ဟာသအမြင်အဖြစ် မြင်စေလိုပါသည်။ @ Paing Lay

 

အခုခေတ် မော်ဒယ်လ်တွေများ ကော့၊ကော်၊ ကန်၊ကား ပြီး Sexy Pose ပေးတာလောက်တော့ ပျင်းသနားတာပေါ့။ ကျွန်တော်တို့ကတော့  မွေးကတည်းက Sexy ဖြစ်ပြီးသား။ ခင်ဗျားတို့သိပ်သိချင်သလား သိချင်ရင်လည်း ပြောပြရတာပေါ့ဗျာ။

 

ဒီလိုဗျ။ ကျွန်တော်တို့ ငယ်ငယ်ကဆိုရင် အဖေက ကျွန်တော်တို့ မောင်နှမ ရယောက်မှာ အကြီးဆုံးအတွက်ပဲ အကျီတစ်ထည်ဝယ်ပေးတယ်။ ကျွန်တော်တို့ မောင်နှမက တစ်ယောက်ကို ၂နှစ်စီခြားတော့ အကြီးဆုံးက မတော်တော့ရင် အကြီးရဲ့ အကျကို အငယ်တွေက လက်ဆင့်ကမ်းဝတ်သွားရတယ်။ ကျန် ၄ယောက်အတွက် ပြဿနာမရှိပေမယ့် ကျွန်တော်တို့ အငယ်၃ယောက်က ပြဿနာဖြစ်လာတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုဆန်းရဲ့ အထက်မှ အမလေး မချောကရှိနေတော့ ဥပမာ-အကိုတွေရဲ့ ကျောင်းစိမ်းပုဆိုးကိုဆိုရက် အထက်ဆင်တွေ ထည့်ချုပ်လိုက်တာမျိုးပေါ့။ အဲဒီတော့ ကျွန်တော်တို့ အငယ်တွေလည်း မဝတ်ချင်လည်းဝတ်ရပေါ့။ ကျောင်းကဆရာမတွေလည်း မခန့်မလေးစားလုပ်ရကောင်းလားဆိုပြီး ရိုက်ခံခဲ့ရတာလည်း ခဏခဏပါပဲ။ ဒါကြောင့်ပြောတာ ငယ်ငယ်လေးကတည်းက နှုတ်ခမ်းမွေးစစနဲ့ဆိုတော့ အလိုလိုနေရင်းကို Sexy Pose ဖြစ်နေပြီးသားပါဆို။

 

ကျွန်တော့် တို့အစ်ကို ပန်းချီကိုဆန်း ကတစ်နေ့မှာ အသစ်ဝယ်လာတဲ့ ဂျင်းဘောင်းဘီကို ထုတ်ကြွားပြီး “ဘယ်လိုလဲ ငါနဲ့လိုက်ရဲ့လား” ဘာညာပေါ့။ ကျွန်တော်တို့လည်း ညီအစ်ကို အချင်းချင်းဆိုတော့ မိုက်တယ်ဘာညာပေါ့။ ကျွန်တော်တို့ ကိုဆန်းရဲ့ ပုံစံကို ပြောရမယ်ဆိုရင် လူပုံက ဝဝဖိုင့်ဖိုင့်နဲ့ မျက်နှာက စိတ်မရှည်တဲ့ ဘိန်းမုန့်သည်က မကျက်သေးတဲ့ မုန့်ပေါ်ကို နှမ်းနှစ်စက်ကျဲထားသလိုမျိုး မျက်ပေါက်ကလည်း ကျဉ်းကျဉ်းလေးမှ ကျဉ်းကျဉ်းလေး။ ဘယ်သွားမလို့လဲမေးတော့ ဒီနေ့ ကွန်ပျူတာ ဂရပ်ဖစ် ဒီဇိုင်းဆွဲတဲ့ ဆိုင်က ကောင်မလေးတွေကို သွားရှိုးမယ်ပေါ့။

 

အဲဒီအချိန်တုန်းကလည်း ဒီဇိုင်းဆရာတွေက ကွန်ပျူတာ မသုံးတတ်သေးတော့ အဲဒီဆိုင်တွေပဲ အားကိုးရတာကိုး။ အဲဒီဆိုင်တွေလည်း ဒီဇိုင်းဆရာတွေ မှလာမအပ်ရင် ပုန်းမမှန်တဲ့ အချိန်ကိုး။ ဆိုင်ရောက်တော့ အလယ်ခုံမှာ ထိုင်နေတဲ့ ကောင်မလေးနားကိုအသာကပ်ပြီး သူ့ဘေးနားကနေ တင်ပါးနောက်ပစ်လို့ “ညီမလေး ဒီနားလေးက အလင်းနည်းနည်းများနေတယ် လျှော့ပေးဦး။ ဒီနားလေးကို Color Shape နည်းနည်းဖြည့်လိုက် Ok” တခြားခုံက ကောင်မလေးတွေကလည်း ပြုံစိစိနဲ့ ကြည့်နေကြတယ်ဗျ။ ဒီလိုနေ့မှာ ဒီဇိုင်းလန်းတယ်အထင်နဲ့ပေါ့။ နောက်မိနစ်အနည်းငယ်အကြာ ဆိုင်ထဲမှာရှိတဲ့ကောင်မလေးတွေက ထထွက်သွားကြရော။ အထာပေးရင် ဆရာလေး အဲလေ နှမလေးတောင် မရှောင်ဘဲ သူ့နားကို ရောက်ခါနီးမှာ။ “ခဏလေးနော် သမီး အိမ်သာသွားလိုက်ဦးမယ်” ဆိုတော့ မိန်းကလေးပဲ စိတ်လှုပ်ရှားလာရင် ဒီလိုဖြစ်တတ်ပါတယ်ဆိုပြီး ဖြည့်တွေးလေး တွေးလိုက်တယ်။ ကိုဆန်းလည်း ဆီးသွားချင်လာတာနဲ့ အိမ်သာထဲဝင်လိုက်တယ်။ ဘောင်းဘီကို ဆွဲအချွတ်မှာ သူ့မှာ ဟာတာတာကြီးဖြစ်နေတယ်လို့ ခံစားရတယ်။ အောက်ကိုငုံ့ကြည့်လိုက်တော့ တင်ပါးအောက် ကနေ ခါးစပ်နားအထိ ထွာစိုင်လောက် ချုပ်ရိုးအပြဲကို တွေ့လိုက်ရတယ်။ ကိုဆန်းလည်း ထိတ်လန့်သွားပြီး အိမ်သာတံခါးကို မသိမသာဖွင့်ကြည့်တယ်။ ဆိုင်မှာလည်း တစ်ယောက်မှမရှိတော့ဘူး ရှင်းသွားပြီ သံတံခါးလည်း စေ့ထားရက်ပဲဆိုတော့ အေးဆေး သူ့ ဘောင်းဘီကို ပြန်ချုပ်ဖို့အတွက် အပ်ချည်လိုက်ရှာတယ်။ အဆင်မပြေဘူး။ နောက်တော့ သူဒီဇိုင်းဆွဲရင် သုံးတဲ့ ဆေးဘူးတွေကို အသုံးချရတော့တယ်။ ပြောရမယ်ဆိုရင် ကျွန်တော်တို့အမျိုးကလည်း ရှင်းရှင်းပဲဗျ။ ညီအစ်ကိုတွေအားလုံး နီးပါး တစ်ထပ်ပဲဝတ်တယ်။ ၂ထပ်ဝတ်ရင် ကြီးကျယ်လွန်းတယ်ဆိုပြီး ထင်ကြတဲ့ အမျိုးပါ။ ဒါနဲ့ ကိုဆန်းလည်း ဆေးရောင်စုံခြယ်လိုက်ပြီး အသည်းပုံအလယ်တည့်တည့်မှာ အစိမ်းရောင်မြှားလေး စိုက်နေတဲ့ပုံပေါ့။မသိရင် အတွင်းခံ ဝတ်လာသလိုလိုပေါ့ ဟဲဟဲ။

 

အပြင်ရောက်လာတော့ လေတိုးလို့ အေးတိအေးစက် ဖြစ်သွားတာက လွဲရင် အားလုံး Ok။ ဒါပေမယ့် ဆီ/ရေဆးတွေဆိုတော့ ကြာကြာမခံပါဘူး ချွေးတွေနဲ့ အရည်ပျော်ကုန်တယ်။ တောင်ဒဂုံကို ပြန်ဖို့ ကားဂိတ်ကိုရောက်လာတယ်။ အဲဒီအချိန်တုန်းကလည်း ဒီဘက်လို Taxi မပေါသေးဘူး။ ရှိလည်း မစီးနိုင်ကြသေးဘူးပေါ့။ အဲဒီတော့ ဒိုင်နာယာဉ်တွေကိုအားကိုးပြီး ပြန်ရတယ်။ အဲဒီတော့ ကိုဆန်းက သူ့အရှက်ကို ကာကွယ်တဲ့ အနေနဲ့ တွယ်တက်စီးတယ်ပေါ့။ ဒီလိုနဲ့ ၄မှတ်တိုင်ကျော်လာတော့ “ညီလေးရေ……….တွယ်တက်နေတဲ့ ခရီးသည်တွေကို အထဲဝင်ထိုင်ခိုင်းလိုက် ရှေ့မှာ ဘဲဥတွေ။ သူတို့ကို လုပ်ကျွေးရလိမ့်မယ်” အဲဒီတော့မှ ကိုစပယ်ယာက “အစ်ကို အထဲကိုမြန်မြန်ဝင် အဖမ်းခံရလိမ့်မယ်ဗျ” ကိုဆန်းလည်း မတတ်သာတော့ဘဲ စပယ်ယာပြောတဲ့အတိုင်း ကုန်းဝင်လိုက်ရတယ်။ အဲဒီမှာ ထွက်လာတဲ့ အသံတွေက“ မဝင်စေချင်ရင် မဝင်စေချင်ဘူးပြောပေါ့ကွာ အခုမှ ဖင်ကုန်းပြီး လာမိုက်ရိုင်းပြနေတယ် ထွီ……………….” “ဟုတ်ပတော် သူမို့ အရှက်မရှိ ဝင်ရဲတယ်” နောက်တစ်မှတ်တိုင်သို့ ရောက်ခါနီးတွင် စပယ်ယာက “ဆွဲဆရာရေ………..တစ်မှတ်တိုင်မှ မနားနဲ့တော့ ဂိတ်ဆုံးသာဆွဲပေတော့ ဒင်းကိုမြင်ရတာ ဒီနေ့ ထမင်းစားလို့ ဝင်တော့မယ်မထင်ဘူး” ဒီလိုနဲ့ ဂိတ်ဆုံးကိုရောက်တော့မှ ကိုဆန်းထိုင်ခဲ့တဲ့ ထိုင်ခုံကို စက္ကူနဲ့ အသာလေးကပ်ပြီး သူ့ Sign ပြန်ထိုးပြီး ဒရိုင်ဘာကို အမှတ်တရလှမ်းပေးလိုက်သေးတယ် ခင်ဗျားတို့အတွက် ကျွန်တော့်ရဲ့ အမှတ်တရ ပန်းချီလက်ရာပေါ့ဗျာ။ ကိုဆန်းလည်း ပြန်လာတော့ ကျွန်တော်တို့ကို ပြောပြတယ်။ “ဒီဇိုင်းဆွဲရင် အခက်ဆုံးနေရာကိုပြောရမယ်ဆိုရင် ကိုယ့်ဖင်ကို ဒီဇိုင်းပြန်ဆွဲရတာ အခက်ဆုံးပဲတဲ့”။ ပြောသားပဲ ကျွန်တော်တို့က အလိုလိုနေရင်းကို Sexy Pose ဖြစ်နေပြီးသား။

 

P.S-ယနေ့ ဖတ်ခဲ့တော့ မြင်ကွင်း မဂ္ဂဇင်းမှ ဖော်ပြထားတော့ Sexy Pose ဝတ္ထုတိုကို အနော့်အိုင်ဒီယာနှင့်ပေါင်းစပ်ရေး ပုံဖော် တင်ပြသော ပို့စ်ဖြစ်ပါသည်။ တိုက်ရိုက်ကူးချသည်ဟု မထင်စေလိုပါ။ ကြိုက်လွန်းလို့။ အားပေးတယ်ဆိုရင်တော့ ကိုအရိုးရဲ့ Sexy Pose ကိုပါတင်ရန် အစီအစဉ်ရှိပါကြောင်း :mrgreen:

 

အားလုံးကိုလေးစားတဲ့

Paing Lay 🙂

8 comments

  • alinsett (gazette)

    June 28, 2014 at 8:29 pm

    စိတ်ရှုပ်နေချိန်မှာ..ဒါလေးဖတ်မိတော့…ပေါ့ပါးသွားသလိုပဲ…
    ဝေမျှ တင်ပြပေးတာ ကျေးဇူးပါ ။

  • Paing Lay

    June 29, 2014 at 2:29 pm

    အားပေးတဲ့ အတွက် ကျေးဇူးပါ ကိုအလက်ဆင်းရေ။ အနော့ကို ကျေးဇူးပြုပြီး Copy/Paste ကနေ Aha Joke! ပြန်ပြောင်းပေးပါဦးဗျာ။ မနေ့က တင်ခါနီး လိုင်းက စုတ်နေတော့ ဘာပဲ ထည့်ထည့် မဝင်ဘူး ဖြစ်နေလို့ 😀

  • အရီးခင်

    June 29, 2014 at 3:00 pm

    မူရင်း မသိပေမဲ့ မင်းရေးတာလဲ ဖတ်လို့ ကောင်းပါတယ်။
    ပိုပြီး ကောင်းတဲ့ ကိုယ်ပိုင် စာလေးတွေ ကိုလဲ မျှော်နေပါတယ်။
    ဒါထက်
    အရီးကတော့ အစ်ကို့ အကျ ရှပ်အကျီင်္ ပွပွ တွေ လိုချင်လွန်းလို့ တောင်းတာ မပေးတော့ ခိုး ပြီး ဝတ်လိုက်သပေါ့။ :-))

  • Paing Lay

    June 29, 2014 at 3:23 pm

    မူရင်းက ဆရာ အကြည်တော်ရဲ့ Sexy Pose ဝတ္ထုပါ။ အခု လုံးချင်းလည်း ထုတ်ဝေပြီးသွားပါပြီ။ ရုတ်တရက် ဖတ်လိုက်ရင် ညစ်ညမ်းတယ်လို့ ထင်ရပေမယ့် ဖတ်ပြီးတွေးလေ ပိုရယ်ရလေပဲဗျ :mrgreen:

  • ဇီဇီ

    June 29, 2014 at 6:04 pm

    မဖတ်ဖူးဘူးးး
    ဒီဟာကို။
    🙂

  • Mr. MarGa

    June 30, 2014 at 10:40 am

    @Paing Lay
    စ တင်ကတည်းက ဖတ်မိပါတယ်
    comment ပေးဖို့ ဘယ်လိုမှ စိတ်မပါတာကြောင့်ရယ်။ မန့်လိုက်ရင်လည်း မရောက်တာကြောင့်ရယ်မို့ ကနေ့မှ မန့်ဖြစ်တယ်
    အရိုးရဲ့ sexy pose ကို မျှော်နေမယ် လို့

  • Paing Lay

    June 30, 2014 at 3:44 pm

    Ok………Mr.Sugar Man အဲလေ အူးသိကြားရေ ကိုအရိုးရဲ့ Sexy Pose တင်ရန် စိုင်းပြင်လိုက်ဦးမည် 😀

  • Choo

    July 1, 2014 at 8:25 am

    အာ့ဂျောင့် သူသိပ်ရောင်းမကောင်းတာနေမှာ မမချွီ့ဒေါင် မသိဝူးဆိုဒေါ့လေ …. 😛

Leave a Reply