မော့စ် မဟုတ်တဲ့ မိုးဒီ ပြောပြတဲ့ ( ပထမ ဂွဇွတ် ရွာတွင်းစစ် ၂၀၁၄ )

Foreign ResidentJune 29, 20145min25824

မော့စ် မဟုတ်တဲ့ မိုးဒီ ပြောပြတဲ့ ( ပထမ ဂွဇွတ် ရွာတွင်းစစ် ၂၀၁၄ )

 

ဟီ ဟိ ။

ဒီ Post ကတော့ ဂွဇွတ် က မော့စ် ( Moderator ) မဟုတ်တဲ့ မိုးဒီကြီးက ပြောပြတဲ့ ၊

ပထမ ဂွဇွတ် ရွာတွင်းစစ် ၂၀၁၄ ( ရင်တွင်းဖျစ် ) ပါ ။ ဟီ ဟိ ။

အဲဒီ့ Moderator ကြီးက ဘယ်သူလဲ ဆိုတာကိုတော့ ၊

သတ်ရင် သတ်ပြစ်လိုက် ၊ ပြောပြဖူး ။ ဟီ ဟိ ။

 

အပြောင် အပျက် ရေးထားတာ ဖြစ်တဲ့အတွက် ၊

သိပ်ပြီး အမှန်အကန် အလေးအနက် မခံစားကြနှင့် ဦးနော် ။

တားတား က နောက်ထှာ ( Credit to ကိုဘက် ) ။

 

၁ ။

 

အမှန်ကတော့ ၊ ဒီ ဂွဇွတ် က Moderator တွေမှာ အာဏာ သိပ် မရှိလှပါဘူး ။

အဲ ၊ အာဏာ ကို သိပ်မသုံးချင်ဘူး လို့ဆိုရင် ၊ ပိုမှန်ပါတယ် ။

Moderator တွေ နှင့် သူကြီး နှင့် ထုတ် ပြော ထားပေမယ့် ၊

အကြမ်းဖျင်း နားလည်ထားကြတာကတော့ ၊

 

၁ ။ ပုဂ္ဂိုလ်ရေး ဆဲရေး တိုင်းထွာ စော်ကားတာတွေ ။

၂ ။ လူမျိုးရေး ဘာသာရေး အဓိကရုဏ်း ဖြစ်မယ့်ဟာတွေ ။

အဲလို ကိစ္စတွေကို အချိန်မှီ ( အချိန်မှီ ) တားမယ် ။ ဒီလောက်ပါဘဲ ။

 

၂ ။

 

မှန်တာပြောရရင် ၊ Moderator တွေဟာ ၊ အာဏာ နှင့် တားဆီးတာထက်စာရင် ၊

အဆင်မပြေဖြစ်နေတဲ့ ရွာသူားတွေကို ( နောက်ကွယ်ကဘဲ ဖြစ်ဖြစ် ) ကူညီတာက ပိုများပါတယ် ။

 

( အဲလို ကူညီနေရင်း နှင့်ဘဲ ၊ ကျေနပ်နေချင်သူတွေလည်း များပါတယ် )

( Moderator တွေကို စည်းကမ်းကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ပါ ဆိုပြီး ၊

အတင်းအကျပ် သွားခိုင်းလို့လဲ မရဘူးလေ ။ Voluntary ကူညီနေသူ တွေကိုး )

 

ကျန်တဲ့ အပိုင်းတွေ ကိစ္စတွေ ကို ရွာသူားတွေကဘဲ ၊

အချင်းချင်း ( အချင်းချင်း ) ထိန်းကျောင်းပြီး သွားနေကြတာပါဘဲ ။

 

အဲဒီလို လွတ်လပ်လို့ ၊ ထိန်းကျောင်းနေတဲ့ လက်မဲကြီး ပေါ်မနေလို့ လဲ ၊

ရွာဟာ နေပျော်စရာလေး ဖြစ်နေတာပါ ။

 

၃ ။

 

” Kai သို့.. အိတ်ဖွင့်ရော… အိတ်ပိတ်ရော ပေးစာ ” ထဲမှာ ၊

သူကြီး Kai မန့်ခဲ့သလိုပါဘဲ ။

 

kai says:

” မန်ဘာ ( ရွာသူား ) တဦးတယောက်ရေးပုံ.. ဆိုပုံက….

အများစုသဘောနဲ့မကိုက်ညီတာတွေ့ရင်.. ဝိုင်းဝန်းဖြောင်းဖျကြ.. ညှိပေးကြစေလိုပါတယ်..။

( ဖြစ်နိုင်ရင် ).. အခြေအနေတခုရောက်တဲ့အထိ.. သူ့အလိုလို သိတတ်သွားတဲ့အထိ..

အချိန်တခုပေး.. စောင့်ကြည့်ကြစေလိုပါတယ်…။ “

 

ကြုံလို့ ပြောရရင် ၊ အဘ ကလည်း အဘ သဘောထားကို ၊

” ဂွေဇွတ် သင်ပုန်းကြီး ဖွတ်စာ ” Post ထဲမှာတောင် ၊ ဒီလို မန့်ခဲ့ပါသေးတယ် ။

 

Foreign Resident says:

” ပြောတဲ့သူတွေလဲ ပြောနေကြပါပြီ ။ ခဏလေး ၊ သည်းခံကြပါကွယ် ။ “

 

ပြောရမယ် ဆိုရင် ၊ ” အချိန်တခုပေး.. စောင့်ကြည့် သည်းခံ ကြစေလိုပါတယ် ” ပေါ့နော် ။

 

၄ ။

 

ပထမ တိုက်တိုက်ဆိုင်ဆိုင် ။

ကံက ဆိုးချင်တော့ ၊ ဘယ်ဂလိုဖြစ်တယ်မသိ ၊ ဒီ တစ်ပါတ်လောက်အတွင်းမှာ ၊

 

၄ – က ။ ရွာသူား ဟောင်း တော်တော်များများလည်း စုပြုံပြီး ရုတ်တရက် ပြန်ပေါ်လာကြပါတယ် ။

၄ – ခ ။ ရွာသူား အသစ်တွေလည်း တော်တော်များများလည်း စုပြုံပြီး ပေါ်လာကြပါတယ် ။

 

ပြီးတဲ့အခါ ၊ အဲဒီ ရွာသူား ဟောင်း နှင့် ရွာသူား အသစ်တွေ က ၊

ဘယ်လို ပြောရမလဲ ၊ Copy / Paste အမျိုးအစား Post တွေကို ဝိုင်းတင်ကြပါတော့တယ် ။

 

အဲဒါကို Moderator တွေက မ သိတာ မဟုတ်ပါဘူး ၊ သိပါတယ် ။ စောင့်ကြည့်နေပါတယ် ။

အမှန်ပြောရရင် ၊ Moderator တွေကိုယ်နှိုက်က ၊ ဒီ ကိစ္စ ဟာ ၊

ရိုးရိုး တိုက်ဆိုင်မှုလား ၊ ဦးတည်ချက် တစ်ခုခု နှင့်များ ၊ တမင် လာလုပ်သလား ဆိုပြီး ၊

တမင်ကို ၊ စိတ်ရှည်ရှည်ထားပြီး လွှတ်ပေး စောင့်ကြည့်နေခဲ့တာပါ ။

 

ရွာသူား ဟောင်း အချို့ကလည်း ၊ မိုးဒီ ( Moderator ) ဆီ Mail / Chat နှင့် ပြောကြပါတယ် ။

မိုးဒီ ( Moderator ) ဆီ ပြောကြတဲ့သူတွေကိုတော့ ၊

ခဏလေး သည်းခံ စောင့်ကြည့်ပါဦးလို့ ဖြောင်းဖျထားခဲ့ပါတယ် ။

 

အဲဒီ အချိန်လောက်အတွင်းမှာ ၊ သည်းမခံနိုင်တော့တဲ့ ရွာသူားဟောင်း တစ်ချို့ က ၊

အဲလို Copy / Paste အမျိုးအစား Post တွေ အများကြီးကို ၊

တင်နေတဲ့ ဆရာသမားတွေကို သွားပြော / သတိပေးကြပါတယ် ။

( ဪ ၊ လူငယ်တွေ ဆိုတော့လည်း ၊ စိတ်ထက် / စိတ်မြန် ကြပေသကိုး )

 

၅ ။

 

ဒုတိယ တိုက်တိုက်ဆိုင်ဆိုင် ။

သည်းမခံနိုင်တော့တဲ့ ရွာသူားဟောင်း တစ်ချို့ က ၊ သွား သတိပေးတဲ့ နေရာမှာ ၊

( တိုက်တိုက်ဆိုင်ဆိုင် ) ရွာသူားဟောင်း တွေဖက်ကလည်း တစ်ပြိုင်နက် နီးနီးကို ဝင်လာကြပါတယ် ။

 

၅ – က ။ တစ်ဦးချင်း ပေါ်တင် မူရင်း ရွာသူားဟောင်း Account နှင့် သတိပေးတဲ့သူ ။

၅ – ခ ။ လွတ်လွတ်လပ်လပ် အမနာပ ပြောလို့ရအောင် Account အသစ် နှင့် သတိပေးတဲ့သူ ။

၅ – ဂ ။ ဂိုဏ်း အဖွဲ့ပါ ဖွဲ့လာပြီး ပြောမယ့်သူ ၊ ဆိုပြီးကို ရှိလာခဲ့ပါတယ် ။

 

သောက်ကျိုးနည်း ၊ ပြောရရင်တော့ ၊ စစ်ဖြစ်နေသလား မှတ်ရတယ်ကွယ် ။ ကြမ်းချက် ။

( ပထမ ဂွဇွတ် ရွာတွင်းစစ် ၂၀၁၄ ) ဘဲ ။ ဟီ ဟိ ။

 

၆ ။

 

အဲဒီ အချိန်မှာတော့ ဂွဇွတ် က Moderator တွေ ခမျာမှာလဲ ဝင်ပါရတော့တာပေါ့ ။

သတိထားကြည့်ရင် ၊ Moderator တွေ Comment ရေးရင်း ဝင်ဖြန်ဖြေတာကော ၊

တစ်ချို့ Moderator တွေက Post ပါရေးပြီး ရှင်းပြတာတွေပါ ရှိပါတယ် ။

 

( ပထမ ဂွဇွတ် ရွာတွင်းစစ် ၂၀၁၄ ) မှာအားသာတဲ့သူကတော့ အထင်းသားကြီးပါ ။

အားလဲကောင်း ၊ စည်းကမ်းအရလဲ မှန်နေတဲ့ ရွာသူားဟောင်း တွေဖက်က ပါဘဲ ။

အခုမှ Post အသစ်တင်တဲ့ ရွာသူားအသစ်လေးတွေမှာတော့ မျက်စိသငယ် ပေါ့ ။

 

ပုံမှန်အားဖြင့် ၊

၅ – က ။ ပေါ်တင် မူရင်း ရွာသူားဟောင်း Account နှင့် သတိပေးတဲ့သူ တွေကို ၊

Moderator တွေအနေနှင့် ဘာမှ ပြောစရာ မရှိပါဘူး ။ အားတောင် ပေးသေး ။

 

ဒါပေမယ့် ၊

၅ – ဂ ။ ဂိုဏ်း အဖွဲ့ပါ ဖွဲ့လာပြီး ပြောမယ့်သူ ။ ကိစ္စမှာတော့ ၊ တစ်မျိုး ဖြစ်သွားပြီ ။

ဂွဇွတ် မဟန စည်းကမ်း ထိန်းသိမ်းရေး အာဏာပိုင် အဖွဲ့လို ဖြစ်လာမယ့်ပုံ ။

( လွတ်လွတ်လပ်လပ် ရေးဖို့ တွေးဖို့ လာပါတယ် ၊ သူ့လဲကြောက်နေရမယ့်ပုံ ဖြစ်နေတယ် )

 

ပြောရမယ်ဆိုရင် ၊ အဲဒီ ဂွဇွတ် မဟန အဖွဲ့ ဂိုဏ်း အဖွဲ့ ဖွဲ့ပြီး ဝေဖန်မယ့် ပုံစံကို မကြိုက်လို့ ၊

ရွာသူားဟောင်းတွေ အထဲကဘဲ တစ်ချို့က ကန့်ကွက်ပြီး Post တွေ ပြန်တင်ကြပြန်ရော ။

 

ဒီအထဲမှာ ၊ အားငယ်ရတဲ့ ရွာသူား အသစ်လေးတွေက ၊

” တော်ပါပီ….ချိတ်ကုန်ဒယ်… ” ဆိုပြီး ၊ ထွက်တော့မယ် ပြောလိုပြောပေါ့လေ ။

 

တကယ့် ၊ ( ပထမ ဂွဇွတ် ရွာတွင်းစစ် ၂၀၁၄ ) ပါဘဲ ။

သပွတ်အူတောင် သူ့လောက် ရှုပ်ဖူးရယ် ။ ဟီ ဟိ ။

 

ရ ။

 

အဲဒီမှာ ၊

အားနည်းတဲ့ ရွာသူားအသစ်လေးတွေဘက်ကို သနားတာကော ၊

လွတ်လပ်ခွင့် ကို ထိပါးလာရင် လုံးဝ လုံးဝ အထိပါး မခံနိုင်တဲ့ ၊

ရွာထဲမှာ Comment ပေးခဲ ၊ Post တင်ခဲ တဲ့ ၊ ပေါ်တော်မူကြီး Moderator – 7 က ၊

ဂိုဏ်းဖွဲ့တဲ့ Post တစ်ပုဒ်မှာ Edit / Moderate ဝင်လုပ်လိုက်ပါလေရော ။

 

ပြောရမယ် ဆိုရင် ၊ ဒီ အချိန်ဟာ Tempo အမြင့်ဆုံးဘဲ ။

တကယ့် စစ်ပွဲကြီး ( ပထမ ဂွဇွတ် ရွာတွင်းစစ် ၂၀၁၄ ) စကြတော့ မလိုပါဘဲ ။

 

ဒါပေမယ့် ၊ စိတ်မပူကြပါနှင့် ၊ ရွာသူားတို့ရေ ။

အဘ အထင် ၊ အဲဒီ Moderator – 7 နှင့် ၊

ဂိုဏ်း အဖွဲ့ ဖွဲ့မယ့် ဆရာသမားတွေ က ၊ အပြင်မှာလဲ လူချင်း သိကျွမ်း ခင်မင်ပြီး ၊

တစ်ဦး စိတ်ရင်း တစ်ဦး သိနေတဲ့သူတွေ ဖြစ်ပုံရပါတယ် ။

( ပထမ ဂွဇွတ် ရွာတွင်းစစ် ၂၀၁၄ ) ကြီးက စစ်ပွဲကြီး မဖြစ်တော့ဘဲ ၊

ဒီမှာတင် စစ်ပြေငြိမ်းမှု ရသွားပါလေတော့တယ် ။ တော်ပါသေးရဲ့ ။

 

သည်းခံပေးတော်မူခဲ့တဲ့ ၊ ဂိုဏ်း အဖွဲ့ ဖွဲ့မယ့် ဆရာသမားတွေ ကိုလည်း ၊

ကျေးဇူးတင်မိပါရဲ့ ။

 

ဟင်းးးးးးး ၊ အခုမှ သက်ပြင်းချနိုင်တော့တယ် ။ ဟီ ဟိ ။

 

မော့စ် ( Moderator ) မဟုတ်တဲ့ မိုးဒီကြီးက ပြောပြတဲ့ ၊

ပထမ ဂွဇွတ် ရွာတွင်းစစ် ၂၀၁၄ ( ရင်တွင်းဖျစ် ) ။

 

အသာ လုပ်ကြပါကွယ် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

 

အပိုဆု အနေနှင့် ၊ မြန်မာပြည်က လောလော လတ်လတ် တီထွင်လိုက်တဲ့ ၊

၃ ထပ်ခွဲ တိုက် ဆောက်တဲ့ နေရာမှာ သုံးတဲ့ ( ဂုဏ်ယူစရာ ) ၊

Pile Driving System ကြီးကို တင်ပြလိုက်ရပါတယ် ။

 

ဆောက်မယ့် နေရာက ၊ ရေကန်ကို မြေ ပြန်ဖို့ထားတဲ့ ဒိုက်တောမှာတဲ့ ။

ဆောက်မှာက ၃ ထပ်ခွဲ တိုက် တဲ့ ( ဖုယား ၊ ဖုယား ) ။

 

အဲဒီမှာ အဆောက်အဦး ရဲ့ အခြေခံ Pile တိုင် ကို ရိုက်သွင်းမယ့် စံနစ်သစ်က ၊

လူအား နှင့် နိုင်လွန်ကြိုး ကို ဆွဲပြီး သစ်သားတုံးနှင့် ထုကြသတဲ့ ။

( ဖုယား ၊ ဖုယား x အခါ တစ်သိန်း )

 

ဪ ၊ ဒို့ မြန်မာလူမျိုးတွေရဲ့ ၊

တီထွင်နိုင်စွမ်းအားကလည်း အံ့မခန်းပါဘဲလား ။ သာဒု ၊ သာဒု ။

 

( Credit to : https://www.facebook.com/thaungtancho/posts/10152556802404656 )

 

အဲဒီ ကန်ပေါ်မှာ မြေဖို့ထားတဲ့ ၃ထပ်ခွဲ တိုက်ပေါ်မှာ နေရမယ့် လူတွေကိုဘဲ သနားမိတော့တယ် ။

အကောင်းဖက်က မြင်ကြည့်ရင်တော့ ၊ ဘုရား တရား မြဲစေတာပေါ့လေ ။ ဟီ ဟိ ။

 

ဆောက်မယ့် နေရာက ၊ ရေကန်ကို မြေ ပြန်ဖို့ထားတဲ့ ဒိုက်တောမှာတဲ့ ။ ၃ ထပ်ခွဲ တိုက် တဲ့ ( ဖုယား ၊ ဖုယား ) ။

ဆောက်မယ့် နေရာက ၊ ရေကန်ကို မြေ ပြန်ဖို့ထားတဲ့ ဒိုက်တောမှာတဲ့ ။ ၃ ထပ်ခွဲ တိုက် တဲ့ ( ဖုယား ၊ ဖုယား ) ။
ဆောက်မယ့် နေရာက ၊ ရေကန်ကို မြေ ပြန်ဖို့ထားတဲ့ ဒိုက်တောမှာတဲ့ ။ ၃ ထပ်ခွဲ တိုက် တဲ့ ( ဖုယား ၊ ဖုယား ) ။

 

အခြေခံ Pile တိုင်ကို ရိုက်သွင်းမယ့် စံနစ်သစ်က ၊ လူအား နှင့် နိုင်လွန်ကြိုး ကို ဆွဲပြီး သစ်သားတုံးနှင့် ထုကြသတဲ့ ။

အခြေခံ Pile တိုင်ကို ရိုက်သွင်းမယ့် စံနစ်သစ်က ၊ လူအား နှင့် နိုင်လွန်ကြိုး ကို ဆွဲပြီး သစ်သားတုံးနှင့် ထုကြသတဲ့ ။
အခြေခံ Pile တိုင်ကို ရိုက်သွင်းမယ့် စံနစ်သစ်က ၊ လူအား နှင့် နိုင်လွန်ကြိုး ကို ဆွဲပြီး သစ်သားတုံးနှင့် ထုကြသတဲ့ ။

 

 

 

 

အ ဟိ ၊ ပြောမယ့်ပြောတော့ ၊ မထူးတော့ပါဘူး ။

နောက် ဂုဏ်ယူစရာ တစ်ခုကိုလည်း ၊ တစ်ခါထဲ တွဲပြောလိုက်တော့မယ် ။

 

” ခြင်္သေ့ကျွန်းမှာ မြန်မာ အိမ်ဖေါ် ( အိမ်ဖေါ် ) တွေကို ဈေးလျှော့ပေးနေပြီတဲ့ “

 

ဒီတစ်ခါ ပါလာတာကတော့ အယ်ဂျာဇီးယား ဆိုတဲ့ ကမာ္ဘကျော် သတင်းဋ္ဌာနက သတင်းပါ ။

ဓါတ်ပုံ နှင့် တကွ ချီးမြှင့်တော်မူထားလေတော့ကာ ၊

နိုင်ငံတကာက ပိုပြီး ကွက်ကွက် ကွင်းကွင်း မြင်ရလေတော့ ၊

အမိ မြန်မာနိုင်ငံတော်အတွက် ပိုပြီး ဂုဏ်တက်ရပေသပေါ့ကွယ် ။ သာဒု ၊ သာဒု ။

 

( Credit to : http://www.aljazeera.com/indepth/features/2014/06/buy-discount-maid-at-singapore-malls-201462495012940207.html )

 

ရေးထားတာကတော့ ၊

” In Singapore, maids are put on display and

made available for ‘purchase’ in central shopping malls. “

 

” put on display and made available for purchase ” ဆိုတဲ့ ၊

စာသားကြီးကို အဘ ဘာသာ မပြန်ရက်တော့ဘူးကွယ် ။

 

အခုတစ်လော ၊ ဟိုးအရင် ၊ ကျွန် ပိုင်ရှင်ခေတ်က ၊

ကျွန်ရောင်းတဲ့ ဈေးကွက်ကိုဘဲ စိတ်ထဲ အမှတ်ရနေမိတော့တယ် ။

( ဟယ် ၊ ငါ ဘာတွေ တွေးနေ ရေးနေမိပါလိမ့် ။ ခွက်ဒစ် : ကိုဘက် )

 

အ ဟိ ၊ သာမီး ငယ်ငယ် ချောချောလေးတွေက ဝယ်ပြီး ၊

ပက်ပက် စက်စက် ကို ခိုင်းမှာ ဆိုရင်တော့ ၊

အဘ လဲ ” put on display and made available for purchase ” ထဲမှာ ၊

ဝင်ပြီး တန်းစီမိမလား မ သိ ။ ဟီ ဟိ ။

( ဟယ် ၊ ငါ ဘာတွေ တွေးနေ ရေးနေမိပါလိမ့် ။ ခွက်ဒစ် : ကိုဘက် )

 

ခြင်္သေ့ကျွန်းမှာ မြန်မာ အိမ်ဖေါ် ( အိမ်ဖေါ် ) တွေကို ဈေးလျှော့ပေးနေပြီတဲ့ ။

ခြင်္သေ့ကျွန်းမှာ မြန်မာ အိမ်ဖေါ် ( အိမ်ဖေါ် ) တွေကို ဈေးလျှော့ပေးနေပြီတဲ့ ။
ခြင်္သေ့ကျွန်းမှာ မြန်မာ အိမ်ဖေါ် ( အိမ်ဖေါ် ) တွေကို ဈေးလျှော့ပေးနေပြီတဲ့ ။

 

 

24 comments

  • lu lu

    June 29, 2014 at 8:51 am

    ရှင်းချင် သလိုတော့ဖစ်လာဘီ
    ဆက်စောင့်နေပါတယ် ဘာတွေဖစ်အူးမလဲလို ့
    😆

  • ဇီဇီ

    June 29, 2014 at 8:53 am

    ဖုယား ၊ ဖုယား

    CD to FR

    😀

  • နှူးဘာ မိဂီ

    June 29, 2014 at 9:09 am

    ဟိုက်
    ပထမ ဂွဇက် ရွာတွင်းစစ် ဆိုပဲ

    ကျော်တော့ ရွာသူလေးတေ ပါတဲ့ဘက်ကနေမယ်…

    ဒိုင်းညှောင့် ……

    :mrgreen:

    ဒက်ဂလောက် ဒက်ဂလောက်

  • surmi

    June 29, 2014 at 9:17 am

    ရွာဆူလေ သဂျီးပျော်လေ ဟေးဟေး
    ဒီတစ်ခါပျော်နိုင်ပါ့မလားမသိ

  • ဦးကျောက်ခဲ

    June 29, 2014 at 9:21 am

    အဟတ်… ” အချိန်တခုပေး.. စောင့်ကြည့် သည်းခံ ကြစေလိုပါတယ် ” ဆိုတော့…
    အဘဖောလည်း ဘန်ကီမွန်း လမ်းစဉ်လိုက်သွားဘီ… အာဟိ

    ရွာထဲက အရေးအခင်းမှာ ကျောက်စ်လည်းမပါ ၊ သဘောတူ၏ မတူ၏ ဝင်လည်း မပြောဖူးတာမို့ …
    ဖို့မြေပေါ်မှာ ပိုင်ရိုက်တဲ့ အကြောင်းဘက် လှည့်ပါရစေ …
    ဟုတ်ကဲ့… ဖို့မြေ ၊ နွံတော (Swamp) တင်မဟုတ်… ရေထဲမှာလည်း ပိုင်ရိုက်ပြီးဆောက်လို့ရပါတယ်…
    ပိုင် အောက်ခြေကို အားပြုတာမို့ သစ်တုံးနဲ့ရိုက်ရိုက် ၊ ကျောက်တုံး သံတုံးနဲ့ရိုက်ရိုက်…
    ပိုင်တိုင် အရွယ်အစားပေါ်မူတည်ပြီး သတ်မှတ် အမြင့် အလေးချိန်နဲ့ အချက်ရေ (Blow Count) ရှိပါတယ်…
    အဓိက ကတော့ အောက်ခြေ အမာခံမြေလွှာပေါ်ကို ထိထိမိမိ ထိုင်မိဖို့ပါ…
    ဘန်ကောက်လို နုံးမြေနု နွံတောပေါ်မှာ ဒီလိုပဲ ဆောက်ပါတယ်…
    မယုံမရှိပါနဲ့ စင်ကာပူက ၄ထပ် တိုက်တစ်လုံးကို ဖျက်တော့ အောက်က သစ်သား ပိုင်တိုင်တွေနဲ့… ဟိ
    ဆိုတော့… အဲဒါက သမားရိုးကျနည်း (Conventional Method) ပါ…
    မြန်မာများ ရွှေဉာဏ်တော်စူးပြီး ကွန့်တာမဟုတ် ၊ ရတာနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်တယ်လို့ပဲ…
    😀

    • Foreign Resident

      June 29, 2014 at 10:47 am

      ဦးကျောက်ခဲ says:
      ” ဖို့မြေ ၊ နွံတော (Swamp) တင်မဟုတ်… ရေထဲမှာလည်း ပိုင်ရိုက်ပြီးဆောက်လို့ရပါတယ် ”
      ” ပိုင် အောက်ခြေကို အားပြုတာမို့ သစ်တုံးနဲ့ရိုက်ရိုက် ၊ ကျောက်တုံး သံတုံးနဲ့ရိုက်ရိုက်…
      ” အဓိက ကတော့ အောက်ခြေ အမာခံမြေလွှာပေါ်ကို ထိထိမိမိ ထိုင်မိဖို့ပါ ”

      ဦးကျောက်စ် ပြောတာတွေကို လက်ခံပါတယ် ။
      ကြောင်ရုပ်နှင့်ဘဲ ဖြစ်ဖြစ် ကြွက်သေဖို့ အဓိက ပါ ။

      အဘ နိုင်ချံဂါးမှာ မြင်ရလေ့ ရှိတဲ့ Pile တိုင်တွေကလေ ၊
      သံပိုက် တိုင် / ကွန်ကရစ် တိုင် အကြီးကြီးတွေ ဆိုတော့ကာ ၊
      အခု ခြံစည်းရိုး တိုင်လောက် ဟာလေးတွေကို အားမရမိတာတော့ အမှန်ဘဲ ။

      သူတို့တွေ အောက်ခြေ အမာခံမြေလွှာပေါ်ကို ထိထိမိမိ ထိုင်တဲ့ အထိ ၊
      ရိုက် မရိုက် ကတော့ ၊ သဗ္ဗေ သတ္တာ ကမ္မ သကာ ဘဲ ။ ဟီ ဟိ ။

    • Foreign Resident

      June 30, 2014 at 12:25 am

      ဦးကျောက် ရေ ။
      Myanmar Civil Engineer ကတော့ ဒီလို ပြောသဗျ ။

      ၂၀၀၃ ခုနှစ် ၊ ကျနော် မိုးမိတ်ဘက်က လမ်းဆိုဒ်တခုမှာ လုပ်တုန်းက
      ပေ ၁၅ဝ လောက် ရှည်တဲ့ ကင်းချောင်းဘေလီ တံတားဆောက်တော့
      သစ်သား တံတားတိုင်အတွက် ပိုင်တိုင်တွေဖိရာမှာ
      သစ်သားတုံးကို လူဆွဲပြီး လွတ်ချတဲ့ ပိုင်ရိုက်နည်းလမ်းနဲ့ ဆောက်တာပါပဲ။

      တံတားပြီးတော့ ကုန်ကားတွေ ၊ သစ်ကားတွေ ဖြတ်နိုင်တာပါပဲ။
      မိုးတွင်း တောင်ကျရေ လာတော့ တိုင်တွေ ရေစီးမှာ ၊ ပါ ကုန်တာ ပါ ၊ မ ပါတာ မ ပါနဲ့ ။

      လူအားနဲ့ ပိုင်ရိုက်တာဟာ တချို့ အဆောက်အဦတွေ အတွက် လုပ်ကောင်းပေမယ့် ၊
      အဓိက structure တွေအတွက် လုံးဝ မလုပ်ကောင်းပါဘူး။
      code , standard တွေ အသာထား .. သာမန် engineering sense ,
      engineering knowledge နဲ့ တောင် မလုပ်ရမှန်း သိနိုင်ပါတယ်။

      ဥပမာ .. လူတွေ အများကြီးနေမယ့် တိုက်ခန်းတွေ ၊
      ရောင်းချမယ့် တိုက်ခန်းတွေကို လူအား ပိုင်ရိုက်နည်းနဲ့ ဘယ်လိုမှ မလုပ်သင့်ပါဘူး။
      နောက်ပြီး pile foundation နဲ့ ဆောက်ထားတာပါ ဆိုပြီး ၊
      မသိနားမလည်သူတွေကို ဈေးတင်ရောင်းချရင်လည်း မကောင်းပါဘူး။

      foundation failure ဆိုတာမျိုးက ချက်ခြင်း ဖြစ်ချင်မှ ဖြစ်တာပါ။
      ဆောက်ပြီး နှစ် အနည်းငယ် ကြာမှ တဖြည်းဖြည်း ဖြစ်လာတတ်တာမျိုးပါ။

      —https://www.facebook.com/327152140707173/photos/a.561619693927082.1073741861.327152140707173/661387877283596/?type=1—

      • ဦးကျောက်ခဲ

        June 30, 2014 at 8:42 am

        အဲသည့် Page ကို သိပါတယ် အဘဖောရယ်…
        Practical Knowledge မပါတာမို့ အချိန်ကုန်လို့ သွားမဖတ်ပါဘူး…

        ရှေ့မှာပြောခဲ့တဲ့အတိုင်း ပိုင်ရိုက်တယ်ဆိုတာ စံညွှန်းအတိုင်းအတိအကျဆို… လူအားပဲသုံးသုံး မြင်း/နွားနဲ့ပဲဆွဲဆွဲ စက်နဲ့ပဲရိုက်ရိုက်… (ဆိုပါစို့)… ၃ပေ အမြင့်က ပေါင်၁၀ဝ ကိုလွှတ်ချမယ်ဆို တူမျှတဲ့အားပါပဲ…
        အဲသည့်လိုပါပဲ ၁ပေပတ်လည်ပိုင်တိုင်အစား သွားကြားထိုးတံ (သဘော ပြောတာပါ) အချောင်း တစ်သန်းနဲ့ရိုက်လည်း အောက်ခံမြေအမာပေါ် သေသေခြာခြာထိုင်မိရင် ဝန်အားခံနိုင်မှု အတူတူပါ ၊ Soldiers Pile Group လို့ ခေါ်ပါတယ် ။ အဟတ်… မြန်တျန့်မှာ သစ်တုံးနဲ့ရိုက်လို့ ဂုဏ်ငယ်တယ်လို့ ခံစားနေရပုံရတယ် ။ ဒီမှာတော့ သစ်အမာစားမရလို့ (ဈေးကြီး ရေရှည်မခံ) သံတုံး (Counter Weight) ကို သစ်ပြားခံပြီး ရိုက်နေရတာ ။ တကယ်တော့ သစ်သား ဝိတ်တုံးက ပိုင်တိုင် ထိပ်ခေါင်း (Pile Cup) တွေလည်းမပျက်စီး ၊ ကွန်ကရစ်ပိုင် ကွဲတာလည်း အလွန်သက်သာတယ် ခင်ဗျ ။ နောက်ပြီး တုန်ခါမှုနဲ့ ဆူညံသံကို အရမ်းသက်သာစေပါတယ် ။

        ရေရှည် ခံနိုင်မခံနိုင် ၊ Foundation Failure ဖြစ်မဖြစ်ဆိုတာ ချက်ချင်း Pile Load Test စမ်းလိုက်ရင် အဖြေထွက်နေတာကို အဲသည့်ဆြာကလည်း ဒွတ်ခ ။ Conventional Method ရဲ့ အားသာချက်တွေကို လစ်လျှူရှုထားပုံရတယ်… စာတွေ့ချည်းပဲ ရှိတယ်ထင်ပါရဲ့ ။

        ကျောက်စ်တို့ လောကမှာ ဆိုရိုးရှိတယ်ခင်ဗျ … တကယ်လက်တွေ့ ဆိုဒ်မဆင်းဖူးပဲ ရုံးခန်းကနေထိုင်ပွါးနေရင် “ငဖြီး” လို့ ခေါ်ပါတယ် ခင်ဗျာ…။ အဟီး အဲသည့်ဆြာများကို အူယားလို့ ပြောရဦးမယ် Engineering Sense , Engineering Knowledge ဆိုတာ အဂျင်္င်မပါရင် အလုပ်မလုပ်ရဘူးလို့ပြောတာမဟုတ် ၊ ရနိုင်သမျှနဲ့ အကောင်းဆုံး ဖြစ်အောင်လုပ်တတ်တာပါ ခီညာ…။

        အဟိ… အသေးစိတ်သိချင်ရင်တော့ အဘဖော Mansion / Tower ဆောက်ရင် ကျောက်စ်ကို Foundation Specialist ငှါးလိုက်ပါ ၊ အတွေ့အကြုံ နှစ်၂ဝလောက် ရှိပါတယ် ခီညား ။
        😀

  • ဝင် ငန် လိုက်ပါအုံးမယ်

    အခု ကျနော ် နေ တဲ့ တိုက်ခန်း က
    1997 က စဆောက်တာ အခု 2014
    အခြေ အနေကေ တာ့ မကောင်း တကောင်း
    ကိုယ်မျက်စေ့ စောင်းလို့ လား တော့ မသိ တစ်ဖက်နိမ့် နိမ်လာ သလို ဘဲ ။
    သဗ္ဗေသတ္တာ ကမ္မသကာ။

    • ဦးဦးပါလေရာ

      June 29, 2014 at 12:50 pm

      1997 ကစဆောက်တာ 2014 မှာ တဖက်နိမ့်လာသလို လောက်ပဲ ရှိသေးတော့
      သိပ်မဆိုးလှပါဘူး ကိုပေါက်ရေ…
      ရေကျော်က ဧရာမတိုက်ကြီးတစ်လုံးဆိုရင် စဆောက်ပြီး ဆယ်နှစ်မပြည့်ခင် စောင်းသွားလိုက်တာ ဘေးကတိုက်ကို သွားထိပြီး ဖေါက်တောင်ဝင်သွားသေး…. 😀

  • အရီးခင်

    June 29, 2014 at 2:18 pm

    Post လေးအတွက် ကျေးဇူးပါ ကိုအဘဖော။
    ပြသနာ မဟုတ်ခဲ့တဲ့ ပြသနာပြီးသွားပြီလို့ မှတ်လိုက်ကြရအောင်လား။

    ကော်ပီပွါးခဲ့တဲ့ ရေမြေသနင်း ကလဲ သူ ကော်ပီ မလုပ်တော့ပါဘူး ပြောပြီးပြီ။
    ဒါဟာ ကောင်းတဲ့ အဆုံးသတ်ခြင်းပါ။
    သူလဲ သူ့ကိုယ်ပိုင်စကားလေးတွေ နဲ့ ဆက်တင်မယ် မျှော်လင့်ပါတယ်။

    သင်ခန်းစာကတော့ နောင်အတွက် ဒါမျိုး ဖြစ်ခဲ့ရင် ပွင့်ပွင့်လင်းလင်း နဲ့ အကျိုးအကြောင်းပြ တိုက်ရိုက် ပြောပြီးဖြေရှင်း ကြဖို့ပါ။

    အင်မတန်ရှင်းတဲ့အဖြေရပြီးပြီးသွားတာ ကို ဆက်ပြီး အဖြေရှာနေဦးမယ် ဆို နေရင် တစ်ခြား ပိုပြီး ကောင်းတဲ့ စကား တွေ ပြောဖို့ အခွင့်အလမ်း လွတ်သွားပါမယ်။

    ရွာကို ဂရုစိုက်တဲ့ ချစ်တဲ့ သူတွေ အများကြီးပေါ်လာတာ ကျေးဇူးတင်ပါတယ်။
    ဒါပေမဲ့ တစ်ခုခုတိုးတက်အောင်မြင်ဖို့အတွက်
    “မျိုးချစ်စိတ် တစ်ခုထဲ ရှိနေ ပြနေ အော်နေရုံ နဲ့ မလုံလောက်ဘူး” ဆိုတာပါဘဲ။

    ဒီမှာ ကော်ပီပွါးပါတယ်။ ဟိုဘက် Post က Member Only ဖြစ်နေလို့။
    ဒီ ရွာမှာ Member မဟုတ်တဲ့ စာဝင်ဖတ်နေသူတွေ ကိုလဲ ကျေးဇူးတင်ကြောင်း လေးစားကြောင်းကြုံ တုန်းပြောလိုပါတယ်။

  • ခင် ခ

    June 29, 2014 at 2:28 pm

    အန် အရီးကျေးဇူးတင်တဲ့ထဲပါအောင် မန်ဘာဝင်အဖြစ်က ရပ်စဲပြီး စာဝင်ဖတ်တဲ့အလုပ်ဘဲ လုပ်ရင်ကောင်မလားဘဲ

    • အရီးခင်

      June 29, 2014 at 2:32 pm

      လာပြီ ကိုခ။
      စာကို တည့်တည့်ဖတ်ပါဗျ။ PLEASE do understand what I mean. :-)))))

      ရွာထဲဝင်ဖတ်နေတာ Member တွေတင်မဟုတ်တဲ့သူ တွေ ကို အဲဒီ Member only က ဖယ်ဖယ်ထားသလို ဖြစ်နေမစိုးလို့ပါ။
      တစ်ချို့ မှာ စာဖတ်ဖို့ ဝါသနာရှိပေမဲ့ မှတ်ချက်တွေ ပေးနိုင်ဖို့ အကြောင်းအမျိုးမျိုး က ကာဆီးတတ်တာ ကိုယ်ချင်းစာမိလိုက်လို့ပါ။

    • အရီးခင်

      June 29, 2014 at 2:37 pm

      Member တွေ ကိုတော့ ကျေးဇူး ပိုပြီး တင်ရပါတယ်ရှင်။
      ကျေနပ်ပါတော့။
      ခွက်ဒစ် – စိုင်းခမ်းလိတ် :-))))

  • kai

    June 29, 2014 at 4:09 pm

    အခုထိဖတ်မိ/သိမိသလောက်တော့.. အီမိုးရှင်းတွေနည်းနည်းပြင်းထန်သွားတာကလွဲရင်…
    ဘယ်သူ့ဘယ်သူမှ အမှားမရှိဘူးမြင်မိတာပါပဲ..။
    မော်မော်တွေလုပ်တာကိုရော.. ရွာသူားတွေတုံ့ပြန်တာကိုရော.. ပြောစရာထောက်စရာမရှိ…
    စေတနာနဲ့လုပ်နေတာလို့ပဲ.. မြင်ပါတယ်..
    စေတနာမယ်.. အပြစ်မရှိစကောင်း..။

    ဆိုတော့…
    ကြားထဲက.. အရီးလတ်နဲ့ အဘဖောကိုတော့.. အထူးကိုကျေးဇူးတင်ပါတယ်..။
    စေတနာပါပါနဲ့.. ဝင်ပြီးညှိပေး.. ရွာသူား(ရင့်)တွေကိုလည်း..” ကျေးဇူးမှတ်ချက်တေးထား” ပါတယ်လို့…။ ခရစ်ဒစ်ပေါ့…။

    ကြုံလို့.. ရွာသူားတွေကို အသိပေးရရင်..
    ရွာသူား ၁သောင်းကျော်မို့.. အခြေအနေအရ.. မော်မော်၁ဝယောက်ရှိသွားပြီဖြစ်ပါကြောင်းရယ်လို့..။
    မော်မော်တွေကို လုပ်ပိုင်ခွင့်အပြည့်ပေးထားပါတယ်.။ ယုံကြည်လို့.. အပ်နှံထားတာဖြစ်တဲ့အတွက်.. ယုံကြည်မှုကိုမထိခိုက်သ၍… ကျုပ်အနေနဲ့ သူတို့လုပ်ပိုင်ခွင့်ကို တိုက်ရိုက်.. ဝင်စွက်ဖက်မယ်မဟုတ်ပါ..။

    တွေ့ရသလောက်တော့.. သူတို့ဟာ.. သူတို့လုပ်ပိုင်ခွင့်ထဲကကို.. တော်တော့်ကိုလျှော့ပေါ့ပြီး လုပ်ပေးနေကြတယ်လို့ရယ်ပါ..။

    ဒီလိုဆိုတော့.. ရွာသူားတွေခမြာမယ်.. ပြုသမျှနုရတော့မယ်မဟုတ်..
    မှန်တယ်ထင်ရင်.. ကိုယ့်အခွင့်အရေးအတွက်အပြည့်(အပြည့်) ပြန်ချေပပြောခွင့်လည်း ရှိပါကြောင်းရယ်လို့..။
    အက်ဒ်မင်.. မော်မော်တွေအပါအဝင်.. မည်သူနဲ့မဆို.. တိုက်ရိုက်လည်း ညှိနှိုင်းနိုင်ကြပါတယ်လို့..။
    ရှောင်ထွက်သွားခြင်း.. ငုံ့ခံနေခြင်း.. မရှိကြစေလို…။
    လုပ်သင့်တယ်ထင်ရင်.. ရဲရဲသာလုပ်ကြစေလို…။
    ဒါပေမယ့်.. ဘေးဝန်းကျင်..တခြားမန်င်ဘာတွေ… အခြေအနေနဲ့လည်း.. မိမိဖာသာ ထိမ်းညှိကြစေလို…။

    • အရီးခင်

      June 29, 2014 at 8:58 pm

      ရှင်ကြီးက အဲ့လို ပြောတော့ ကျုပ်မှာ ဘယ်လို နေရမယ်တောင် မသိတော့ဘူး။
      lol :-))))
      Anyway …. thanks.

  • kyeemite

    June 30, 2014 at 9:03 am

    ကျုပ်တော့ ဘာမှမပြောလိုကြောင်းသာပြောလိုပါတယ် 😀

  • ဇီဇီ

    June 30, 2014 at 10:29 am

    အနှစ်ချုပ်လိုက်တော့ နယ်ပယ်တိုင်းမှာ ဥပဒေ မစိုးမိုးတာပါပဲ။
    =====================================

    India မှာ တိုက်ပြိုကျတဲ့သတင်းနဲ့ ရန်ကုန်မှာ ကန်ထရိုက်တိုက်ဆောက်ဖို့အတွက် precast piles အုတ်မြစ်တိုင် တွေကို လူအားနဲ့သစ်သားတုံး နဲ့ဆောင့်ရိုက်သွင်းတဲ့ သတင်းပုံတွေကို ဖဘ မှာ တနေ့ထဲတွေ့ရပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံကလူများရဲ့ ဖြစ်ကတတ်ဆန်းလုပ်ဆောင်တတ်ပုံကိုပြနေသလိုပါပဲ။ အန္ထရာယ်ကြီးလှပါတယ်။ အလွန်ကြောက်စရာကောင်းပါတယ်။

    မြန်မာပြည်မှာ အခုနိုင်ငံခြားပညာရှင်များနဲ့တွဲဘက်လုပ်နေတဲ့ Piling Company တွေလည်းရှိနေ ပါပြီ။ သူတို့က ကြီးကြီးကျယ်ကျယ် အဆောင်အဦးတွေအတွက်ပဲ လုပ်နေပြီး ဒီလို လူနေအိမ် သေးသေးမွှားမွှားတွေအတွက် ဘာဥပဒေ လုပ်ထုံးစည်းမျဉ်းများ design drawing များ ရေရေရာရာမရှိသေးတာလား။ စစ်ဆေးသူတွေက မတတ်တာလား။ မစစ်ဆေးတာလား။ လာဘ်ယူပြီး လက်မှတ်ထိုးနေတာလား။ လိုင်စင်ရအင်ဂျင်နီယာများ ဘာလုပ်နေကြပါသလဲ။ အလုပ်သမားတွေကတော့ ဘာနားလည်မှာလဲ။ခိုင်းတာလုပ်မှာပေါ့။ ဝယ်သူတွေကနားမလည် တာကို အခွင့်ကောင်းယူ ဖြစ်သလိုလုပ်နေတာလား။ နေထိုင်ကြမဲ့ လူ့အသက်တွေ၊ ဝယ်သူများက ပေးထားတဲ့ အိမ်တန်ဘိုုးတွေကိုလေး စားကြဖို့ကောင်းပါ တယ်။0ယ်သူတွေလည်း တတ်ကျွမ်းနားလည်သူခေါ်ပြီး ဆောက်လုပ်စဉ်မှာ သွားကြည့်ရှုသင့်ပါတယ်။ ကွန်ပလိန်းတက်သင့်ပါတယ်။

    ကျနော် 1999 ခန့်က စင်ကာပူမှာ ပိုက်ဆံလေးနည်းနည်းစုပြီး ခဏပြန်လာ၊ ဆင်ရေ တွင်းနားက တိုက်ခန်းဝယ်၊ ပြုပြင်တော့ ပန်းရန်သမားတွေက မီးဖိုခုံအတွက် အောက်ကနေ ကဒ်ထူပြားတွေခံ ဝါးကဒ်ခင်းနေတာတွေ့လို့ ကျနော်က မြွေတွေ့သည့်သဖွယ် ပျာပျာသလဲ အော်ငေါက်ပြီး တီ ၁၃ သံချောင်း ၄-၅ချောင်းတော့ ခံမှပေါ့လို့ပြောတော့ ကျနော့်ကို အရူးလိုဝိုင်းကြည့်ကြတာခံရပါတယ်။ ပြောလိုက်သေးတယ်။( ဆရာ ဒီခုံပေါ် မင်းသား တက်ကမှာမှမဟုတ်ပဲ )တဲ့
    By Min Aung Khaing

  • Crystalline

    June 30, 2014 at 1:10 pm

    အထက်က ကိစ္စတွေကတော့ သူတို့က ရွာချစ်ကြီးတွေမို့ဖြစ်ရတာပါ.. ကျမကတော့ မချစ်တော့ ဘာတွေတွေ့တွေ့ ဘာမှမခံစားရ… အဆဲခံချင်လို့.. :mrgreenn:
    အောက်ဆုံးပန်းရောင်ဝတ်တွေတွေ့တော့မှ တကယ့်ကို နင့်သွားတယ်… ကိုယ်လည်းဘာမှမလုပ်ပေးနိုင်ဘူး.. :cryy:

  • black chaw

    June 30, 2014 at 1:43 pm

    ဒီကိစ္စဟာတကယ်တော့မလွယ်ပါဘူး
    မလွယ်ဘူးဆိုပေမယ့်လည်းခက်တော့လည်းမခက်ပါဘူး
    ဘယ်လိုပြောရမလဲဆိုတော့ ဟိုဗျာ..
    ခင်ဗျားတို့လည်းသိမှာပါ၊သိပြီးသားတွေပါ ဟုတ်တယ်မဟုတ်လား
    အဲဒါပဲဗျ အဲဒါပဲ
    တကယ်တော့ရှင်းပြီးသားတွေပါ
    ခင်ဗျားတို့မရှင်းဘူးဆိုတာကိုပဲ ကျွန်တော်မရှင်းဘူးဖြစ်နေတယ်
    တကယ်တော့စောစောကကျွန်တော်ပြောခဲ့သလိုပေါ့
    ဘယ်လိုလဲဆိုတော့ အဲဒီလိုပေါ့ဗျာ…
    ကျွန်တော်ပြောတာရှင်းတယ်မို့လား
    ရှင်းရမယ်လေ ခင်ဗျားတို့လည်းဦးနှောက်ရှိတဲ့လူတွေပဲဟာ
    ခင်ဗျားတို့စဉ်းစားကြပေါ့
    တကယ်တော့ရှေ့ကအထုပ်တွေကို ကျွန်တော်တို့ကဆက်ပြီးထမ်းနေရတာပါ
    ရှေ့ကလူတွေဆိုတာကလည်း ခင်ဗျားတို့သိတဲ့အတိုင်းပဲ
    ကျွန်တော်တို့အားလုံးဟာ သမိုင်းအမွေကိုဆက်ခံနေကြရတာမဟုတ်လား
    ခင်ဗျားတို့အတွက်စိတ်မကောင်းပါဘူးဗျာ တကယ်ပါ
    ကိုယ့်ကိုယ်ကိုယ်လည်းသနားမိပါတယ် ဟဲဟဲ

    ကျွန်တော် သိတ်ကြိုက်တဲ့ ကိုရွေးရဲ့ ကဗျာတစ်ပိုင်းတစ်စပါဗျာ…။

  • Ma Ma

    June 30, 2014 at 3:22 pm

    ရွာထဲမှာ ပြောင်းဆန်ခတ်နေလို့ အထုပ်ဆွဲပြီးပဲ ပြေးရတော့မလို …..
    မိုးဒီနဲ့တွေ့တော့မှပဲ သက်ပြင်းချနိုင်တော့တယ်။ 🙂

  • Choo

    July 1, 2014 at 1:01 pm

    ငါးစဲ့ကိုးဝလုံး အဲမှားလို့ ငါးအချောင်းဂငယ် (၅ – ဂ) ကိုကံ့ကွက်ဘာဒယ် 😛

Leave a Reply