သိပ္ပံနှာခေါင်း စမ်းသပ်တီထွင်

bolayAugust 12, 20101min881

သိပ္ပံနှာခေါင်း စမ်းသပ်တီထွင် အမေရိကန်နိုင်ငံ မိန်ပြည်နယ် ရူပဗေဒ စက်မှုအင်ဂျင်နီယာ တက္ကသိုလ်မှ မကြာမီက ထုတ်ပြန်ကြေည်ရာတွင် သိပ္ပံနှာခေါင်းကို စမ်းသပ် တီထွင်ခဲ့သည်မှာ အတော်တိုးတက်အောင်မြင်မှု ရှိသည်ဟု ဆိုပါသည်။ ယခု စမ်းသပ်တီထွင်ထားသော သိပ္ပံနှာခေါင်းသည် ကန့်သတ်၊ သတ်မှတ်သည့် အကွားအနေရာ၌ ဗုံး၊ ဆီးချိုသွေးချို ဝေဒနာရှင်များ၊ ကင်ဆာရောဂါ ဝေဒနာရှင်များ ရှိမရှိ နှာခေါင်းဖြင့် အနံ့ခံ သိရှိနိုင်သည် ဆိုပါသည်။ အဆိုပါ မိန်းပြည်နယ်မှ ရူပဗေဒ စက်မှုအင်ဂျင်နီယာ တက္ကသိုလ်၊ ဇီဝဆေးပညာ အင်ဂျင်နီယာ (ဗဟိုဌာန) ဒုတိယ တာဝန်ခံ ဦးစီးအရာရှိ သုတေသီပညာရှင် အမေရိကန်နိုင်ငံသား တရုတ်နွယ်ဖွားဖြစ်သူ မစ္စတာ ကျန်စုကွမ်းက သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော် ပြောကြားရာတွင် နောက် မကြာမီကာလ၌ သိပ္ပံနှာခေါင်းသည် အနံ့ခံကောင်းသော စုံထောက်ခွေး၊ ရဲခွေး၊ စစ်ခွေးတို့ကို အစားထိုး၍ အသုံးချကာ ဓာတုဗေဒ အဆိပ်လက်နက်၊ ဗုံး စသည်တို့ကို အနံ့ခံသွားနိုင်လိမ့်မည်ဟု ဆိုပါသည်။ ထိုနည်းတူစွာ ရနံ့မတူ၊ ထူးခြားကွဲပြားသည်ကို အနံ့ခံခြင်းအားဖြင့် ဘိန်းစွဲသူ၊ ဆေးစွဲသူ ခံစားနေရသော ရောဂါဝေဒနာ အမျိုးမျိုးတို့ကို အနံ့ခံ၊ အာရုံခံပြီး ချက်ချင်းထိုးဖောက်သိရှိနိုင်သည် ဆိုသည်။ လူသားရိုးရိုးသည် ရနံ့အမျိုးပေါင်း ၄၀ဝ ကျော်ခန့်ကိုသာ အနံ့ခံ၊ အာရုံခံသိရှိနိုင်၏။ ခွေးနှင့်ကြွက်တို့ကတော့ လူသားတို့ထက် ပိုမို အနံ့ခံ၊ အာရုံခံနိုင်ပေသည်။ ယခု အောင်မြင်စွာ စမ်းသပ်တီထွင်ထားသည့်သိပ္ပံနှာခေါင်းသည် ရနံ့ ၁၀၀ဝခန့်ကို အနံ့ခံ၊ အာရုံခံနိုင်သည်ဟု သိရ၏။ ၎င်းထက်ပို၍လည်း အနံ့ခံနိုင်ပေသေး၏။ ထူးခြားလှပေသည်။  သိပ္ပံနှာခေါင်းကို နှစ်ပေါင်း ၃ဝ ခန့်ကြာ စမ်းသပ်တီထွင်ခဲ့သော အင်္ဂလန် ဝါးဝေခက်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ မစ္စတာ ဒေါင်တာက ထုတ်ဖော် ပြောကြားရာ၌ နှစ်ပေါင်းများစွာ စမ်းသပ်တီထွင်၊ ပင်ပန်းကျိုးနပ်သည်ဖြစ်၍ ကန့်သတ်၊ သတ်မှတ်ထားသော အကွာအဝေးနေရာမှ ကော်ဖီရနံ့လား၊ လက်ဖက်ရည်ရနံ့လား ဆိုသည်ကို မမှားမယွင်းရလေအောင် အနံ့ခံ သိရှိနိုင်သည်ဟုဆိုပါသည်။ သို့ရာတွင် သိပ္ပံနှာခေါင်းသည် ရိုးရိုးနှာခေါင်းကဲ့သို့ပင် အနံ့ကို ခံနိုင်သော်လည်း အရေအတွက်၊ အလေးချိန်၊ အချိုးအစားကိုတော့အနံ့ခံပြီး မသိရှိနိုင်ပေ။ အင်္ဂလန် သိပ္ပံပညာရှင်တို့က စမ်းသပ်တီထွင် ပြုလုပ်ထားသော သိပ္ပံနှာခေါင်းမှာ အနံ့ခံ၊ အာရုံခံ စက်ပစ္စည်းကိရိယာ ၁၂ မျိုး (ဝါ) လျှပ်ညှို့ကိရိယာ (ခေါ်) အင်ဒတ်တာ (Inductor) 12 ခုရှိသည်ဆိုသည်။ ယင်းကိရိယာများသည်ကား အီလက်ထရွန်းနစ် စနစ်အရ အလုပ်လုပ်လေသည်၊ အမြင်အာရုံကိုလည်းရရှိစေ၏။ တစ်ဖန် လူသားတို့၏ ရိုးရိုးနှာခေါင်းအတွင်းရှိ အမွေးအမှင်များသည် ကိုယ်ခန္ဓာပြင်ပမှ ပန်းမှုန့်၊ အညစ်အကြေးများ၊ ဖုန်မှုန့်များတို့ကို ကောင်းစွာ မတားဆီး မကာကွယ်နိုင်သော်လည်း ယခု တီထွင်ထားသည့် သိပ္ပံနှာခေါင်းကမူ ဖုန်မှုန့်၊ အညစ်အကြေးများကို ကောင်းစွာ ကာကွယ်တားဆီးနိုင်သည် ဆိုသည်။ ထို့ပြင် သိပ္ပံနှာခေါင်းပေါက်ကို ကောင်းစွာ ဆေးကြော သန့်စင်နိုင်၏။ သို့ရာတွင် သိပ္ပံနှာခေါင်းကို ပိုမို တိကျ ကောင်းမွန်အောင် ဆက်လက် သုတေသနပြုရန် ရှိသေးသည်ဟု ဆိုသည်။

One comment

  • lilflame

    August 13, 2010 at 1:00 pm

    ိီနှာခေါင်းများများသုံးရတဲ့သူတွေ အပိုဆောင်ထားလို့ရပြီ

Leave a Reply