2015 ရွေးကောက်ပွဲမှာ ဘာဖြစ်မယ်ထင်လဲ?

2015 အလွန်နိုင်ငံရေးအခြေအနေ
ဘာလဲ?
ဘယ်လဲ?
မြန်မာပြည်က
နိုင်ငံရေး လေ့လားနေသူများ
စိတ်ဝင်စားနေသူများ
အတော်လေးစိတ်ဝင်စားနေတဲ့
အကြောင်းအရာပါ။
အကြောင်းအရာသက်သက်မဟုတ်ဘူး
ဆိုတာလဲသိပြီးသားပါ။
ဒီ2015နှစ်ကုန်ပိုင်းမှာ
လုပ်မယ့်ရွေးကောက်ပွဲမှာဘယ်ပါတီက
အနိုင်ရအစိုးရဖွဲ့နိုင်မလဲဆိုတာပါပဲ။
ဒီမှာကျတော်အမြင်ပြောရရင်
နိုင်ငံတိုင်းမှာ လက်ရှိအာဏရပါတီဟာ
လူထုအတွက် ဘာလုပ်ပေးနိုင်ခဲ့သလဲဆိုတာကို
လူထုကသိပြီးသားမြင်ပြီးသား
ကျေနပ်ရင်လဲကျေနပ်မယ်
ကျေနပ်ယုံအဆင့်ထက်လဲပိုချင်ပိုမယ်။
ဒီရလဒ်နဲ့ပြောင်းပြန်
ဖြစ်ချင်လဲဖြစ်မယ်။
ဒီတော့ လက်ရှိအာဏာရပါတီဟာ
ရွေးကောက်ပွဲမတိုင်မှီမှာ
လက်တွေ့လုပ်ဆောင်ချက်တွေအရ
အသာရလေ့
ရှုံးနိမ့်လေ့
ရှိနေတတ်ပါတယ်။
ဒါက
နိုင်ငံတကာက
ဒီမိုကရေစီအစိုးရ
ရွေးကောက်ပွဲတွေရဲ့
မြင်သာနိုင်တဲ့
ရွေးကောက်ပွဲ
မတိုင်မှီက
အခြေအနေတွေပါ။
ဒီတော့မြန်မာ့
ဒီမိုကရေစီအစိုးရ
ရွေးကောက်ပွဲမှာရော?
2015 ရွေးကောက်ပွဲမှာရော??
ဘာဖြစ်လာနိုင်မလဲ?
ဖြစ်လေ့ဖြစ်ထ
နိုင်ငံတကာ
ဒီမိုကရေစီ အစိုးရ
ရွေးကောက်ပွဲတွေရဲ့
အနေအထားနဲ့ချိန်ထိုးကြည့်မယ်ဆိုရင်။
လက်ရှိ
အာဏာရပါတီဟာ
အလားအလာမကောင်းပါဘူး။
အတိုက်အခံက
အလားအလာကောင်းနိုင်ပါတယ်။
ဒါပေမဲ့။
ဒါပေမဲ့ကို
တွက်ထားတတ်ဖို့တော့
လိုပါလိမ့်မယ်။
မြန်မာပြည်မှာ
ဒီမိုကရေစီဆိုတာ
မြန်မာလူထုက
မပိုင်သေးဘူးဆိုတာရယ်။
အပိုင်စီးထားတဲ့
အာဏာရှင်တွေ
က
အပိုင်ပေးချင်သလား?
တဝက်ပဲပေးချင်သလား?
မပေးချင်သေးဘူးဖြစ်နေသလား?
ဒီဘောင်ကိုကျော်ဖို့တော့
သတိထားရပါလိမ့်မယ်။

ဘာကြောင့်
ဒီလိုပြောရတာလဲဆိုရင်။
အခမဲ့
ရုပ်သံလိုင်းတွေကနေတဆင့်
အစိုးရကိုယ်စား
ဒိုင်ယာလော့ယောင်ယောင်
ဆွေးနွေးပွဲယောင်ယောင်
သုံးသပ်ချက်ယောင်ယောင်
ယောင်ပေါင်းများစွာနဲ့
သူများပါးစပ်ကို
ဌားပြီး
ပြောသံ
ဆိုသံတွေကို
နာကြားနေရလို့ပါ။

လက်ရှိ
သတိမမေ့သင့်တာက
အာဏာရပါတီရဲ့
ဥက္ကဌ ဟာ
လွတ်တော်ဥက္ကဖြစ်နေပြီး
သမ္မတ မလုပ်တာက
အကြောင်းတခုတော့ရှိပါလိမ့်မယ်။

2015 ရွေးကောက်ပွဲမှာ
ဘာဖြစ်မယ်ထင်သလဲ??

46 comments

  • ဟို ဒင်း

    June 30, 2014 at 3:48 pm

    ဖွတ်ကလေးတို့ရယ်တဲ့ ငြိမ်ဝပ်ပိပြား (အသက်သေ)
    အတိုက်အခံလေးရယ်တဲ့ ပွထ ( အပုပ် နံ့တစ်ဟောင်ဟောင်)
    ရင်လေးပါဘိတော့ နှစ်ထောင့်ဆယ့်ငါး :mrgreen:

    • မင်း ခန့် ကျော်

      June 30, 2014 at 4:26 pm

      အမယ် ဟို ငြိမ်းချမ်းစင်တာကဆရာကြီးတွေကတော့
      ဘယ်လိုဖြစ်ချင်လဲဆိုတဲ့ပြည်သူတွေအပေါ်မူတည်ပါသတဲ့။
      တော်သေးတယ်။ပါစပ်ပေါက်နဲ့ပြောတာမို့ :mrgreen:

  • ဇီဇီ

    June 30, 2014 at 3:58 pm

    တန်ရာ တန်ရာဖြစ်လိမ့်မပေါ့။
    အရေးကြီးတာက တရားမျှတဖို့မဟုတ်လားးး
    လက်ရှိအာဏာရပါတီဂျီးးးး က
    ကြိုတင်မဲ
    ခိုးမဲ
    ကလေးကွက်
    ညစ်တီးညစ်ပတ်ကွက်
    ရှုံးမဲ မဲကွက်
    နောက်ကြောင်းပြန် ကွက်တွေ တစ်ခုမဟုတ် မသုံးရင်ကို ကျေးဇူးတင်ရပါဦးမယ်။

    :mrgreen:

    • မင်း ခန့် ကျော်

      June 30, 2014 at 4:29 pm

      နောက်ကြောင်းကတော့
      ပြန်နေတာတနှစ်လောက်ရှိရော့မယ်။
      တတိုင်းပြည်လုံးသတိမထားမိတာ
      ဖြစ်မယ်။
      ကျုပ်တယောက်ကလွဲရင်ပေါ့။
      အဟိ :mrgreen:

  • kai

    June 30, 2014 at 4:03 pm

    ခုလောလောဆယ်..
    တိုင်းပြည်မဏ္ဍိုင်၃ခုမှာ…
    အုပ်ချုပ်ရေး = ပြည်ခိုင်ဖြိုး
    ဥပဒေပြု = ပြည်ခိုင်ဖြိုး
    တရားရေး = ပြည်ခိုင်ဖြိုး
    မို့…
    သာမန်အားဖြင့်…
    အုပ်ချုပ်ရေး = ပြည်ခိုင်ဖြိုး + ဒီချုပ်
    ဥပဒေပြု = ဒီချုပ်
    တရားရေး = ပြည်ခိုင်ဖြိုး
    အဲလိုဖြစ်လာဖို့ လိုမယ်ထင်မိတယ်..။
    ဆိုတော့…
    ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်မယ့်ဖက်ပေါ့…။
    သူကသာ.. သမ္မတဖြစ်ရင်.. နိုင်ငံရေးချိန်ခွင်လျှာ လွဲသွားမယ်ဖြစ်တာမို့.. စစ်တပ်ကဝင်ပါ(အာဏာသိမ်း)ပါလိမ့်မယ်..။

    ချွင်းချက်က…
    မြန်မာပြည်ရဲ့ အင်အားအကြီးဆုံး အား၃အား/သား၃သားထဲမှာ..
    စစ်သားနဲ့ ဘုရားသား(ဘုန်းကြီး) ပေါင်းမိနေတာပါ..။
    ဒါကို မရှင်းထုတ်နိုင်သမျှ.. နှစ်ဘယ်လောက်ကြာကြာ.. တိုင်းပြည်ကောင်းမယ်လို့.. တယ်… မ…ထင်..။ :mrgreen:

    • မင်း ခန့် ကျော်

      June 30, 2014 at 4:35 pm

      အကယ်၍သာ
      ဒေါ်စုက
      သမ္မတ ဖြစ်ခွင့်မရှိနိုင်လို့(ခြေ/ဥမပြင်လို့)
      သူ့ပါတီ
      ရွေးကောက်ပွဲကို
      မဝင်ဘူးလို့များ ဖြစ်သွားရင်??
      သို့မဟုတ်

      ဒေါ်စုသမ္မတ မဟုတ်တဲ့ NLD ပါတီ
      ရှေ့ဆက် အနိုင်ရ အစိုးရဖွဲ့ခွင့်ရခဲ့ရင်
      အကွဲအပြဲများးးးး???

    • မင်း ခန့် ကျော်

      July 1, 2014 at 2:25 pm

      နောက်
      တိုင်ပြည်ရဲ့ သားသုံးသားမှာ
      စစ်သား
      ဘုရားသား
      ကျောင်းသား
      ဒီသုံးသားမှာ
      စစ်သားနဲ့ ဘုရားး
      ပေါင်ထုတ်မိနေတာအမှန်ပါ။
      အမှန်က
      သုံးသားစလုံးပေါင်းသင့်တယ်။
      ပေါင်းစည်းနိုင်လေ
      အောင်မြင်လေလေ။
      ဒါပေမဲ့ အာဏာရှင်လမ်းကြောင်းမဟုတ်တဲ့
      ဒီမိုကရေစီလမ်းကြောင်းပေါ် သွားရမှာ။
      ဒီတော့ 100% ဒေါ်စုက ဒါကို
      ထိန်းကြောင်းပေးနိုင်ဖို့လိုပါတယ်။
      ဒီလိုပြိုင်ဘက်မဟုတ်(တော့တဲ့) တဲ့
      အားသုံးအားဖြစ်တဲ့
      ဒီသားသုံးသားကို ဒေါ်စု မနိုင်ပါဘူး။
      ဒီအချက်ဟာ
      ဒေါ်စုရဲ့ စည်းရုံးရေး ဗျူဟာကို
      မြင်သာလွန်းလှပါတယ်။
      ဒီတော့
      သားသုံးသား ကို ချိန်ခွင်ထဲ
      ထည့်မချိန်နိုင်တဲ့
      ဒေါ်စု မပါတဲ့
      နိုင်ငံရေးကို
      2016 နှစ်ဆန်းပိုင်းမှာမြင်ရဖွယ်ရှိပါတယ်။

      • ဇီဇီ

        July 1, 2014 at 3:20 pm

        ဟုတ်တယ်။
        ဟုတ်တယ်။
        အဲဒီ သား ၃ သားကို တခါတည်း ပေါင်းစည်းနိုင်ဖို့ အာဏာရှင်တွေပဲ တတ်နိုင်ပါတယ်။
        ပြန်ခေါ်ကြပါ။

        အဲ့ သား၃သားကို အကုန်ဖမ်းပြီး ထောင် တစ်ခုထဲသာ ထည့်ထားလိုက် တစ်စုတစ်စည်းထဲဖြစ်ရောပဲ။

        အဲဒီတော့ အာဏာရှင်လမ်းပြန်ချင်တဲ့ ဦးသေးစိမ် အစိုးရကိုသာ မဲပေးသင့်ပါတယ်။
        တဂဒဲ ဂလိုပြောလိုက် ပြီးရောဟာ။
        ဝေ့နေသေးးး
        :kwi:

        • မင်း ခန့် ကျော်

          July 1, 2014 at 4:01 pm

          စိတ်ထဲတင်းမသွားပါနဲ့ဗျာ။
          ဒေါ်စုကို ဝန်ရံတဲ့ခေတ်ကုန်သွားပြီလို့ယူဆစေချင်တာပါ။
          ဒေါ်စုအစား
          ပါတီကိုဝန်ရံရမဲ့ခေတ်ရောက်ပါပြီ။
          2015အမှီ
          ဒေါ်စုကိုယ်ပွား အမတ်လောင်းများ
          ဝန်ကြီးချုပ်လောင်းများ
          သမ္မတလောင်းများ
          မွေးထုတ်ဖို့ စင်ပေါ်တင်ဖို့
          မိတ်ဆက်ပေးဖို့လိုလာပါပြီ။
          ကိုယ်ပွားထုတ်နိုင်ပြီလား။
          ဒါဟာ ရသလောက်အပေါက်ထဲက
          အများဆုံနှိက်ယူနိုင်မဲ့နည်းပါ။
          တခြားနည်းတော့ မစဉ်းစားတတ်သေး :mrgreen:

  • နှူးဘာ မိဂီ

    June 30, 2014 at 7:41 pm

    သံချောင်းပါတီ အနိုင်ရမယ် ထင်ပါတယ်

  • ဦးကြောင်ကြီး

    July 1, 2014 at 12:17 pm

    သောက်အုပဒေသာ ပြင်ဖို့စဉ်းစားပါကွယ်.. ဘွားဒေါ်ဂေါ ၈၈တွေပါ အဲဒီဖက်ပဲ အာရုံစိုက်နေတယ်..။ ၂၀၁၅ ရွေးဂေါက်ပွဲက လိုပါသေးတယ်..

    • မင်း ခန့် ကျော်

      July 1, 2014 at 2:12 pm

      အူးပဒေပဲပြင်ဖို့သန်း၆၀ဝလောက်လက်မှတ်ထိုးလဲ
      ဟိုက မလိမ့်တကါတ်နဲ့ 2015 ကိုခုန်ကူးသွားမှာ
      လွတ်တော်ထဲ တအုပ်တမ ဝင်နိုင်ဖို့က ပထမအူးစားပေး
      လုပ်ရမှာ။
      မြန်ပြည်သူတွေကလဲ
      ဒေါ်စုကိုရွေးရမလားး?
      ပါတီကိုရွေးရမလားးး?
      အဲသလိုဖြစ်အောင်ကိုးးး
      ဟိုက စေ့ထားတာ။

      • ဦးကြောင်ကြီး

        July 1, 2014 at 2:27 pm

        ခံပေါ့ကွယ်.. ဒလောက် အမှတော့.. အသနားဗာ…

        • Wow

          July 1, 2014 at 3:37 pm

          ရွာထိန်းမယ် ဆီရောင်းတဲ့သူ နှစ်ယောက်ရှိတယ် ဒက်ကြောင်…

          ငင်င်င်… နာမြန်းပို့စ်မှား လာမန့်မိသလား :mrgreen:

        • ဇီဇီ

          July 1, 2014 at 3:40 pm

          – ဒေါ်စုကို ဆန့်ကျင်နေသူအားလုံးကို တခုမေးမယ်။

          – သူမကို သမတအဖြစ် ၅ နှစ်တည်း တာဝန်ပေးရမှာ
          – ဘာလို့ သေမလောက် ကြောက်နေတာလဲ။

          – နေဝင်း ၂၆ နှစ်
          – သန်းရွှေ ၂၂ နှစ်
          – အုပ်ချုပ်ပြီး ပြည်ဖျက်သွားတာကို အစင်းသား ငုံခံလာပြီးမှ

          – ဒေါ်စု ၅ နှစ်ကို ဘာကြောက်နေတာလဲ။

          – နောင် ဆယ်စုနှစ်ပေါင်းများစွာ အတွင်း ဒုတိယနေဝင်း၊ ဒုတိယသန်းရွှေ၊
          – ဒုတိယသိန်းစိန်တွေ ရိုက်သတ်လို့မကုန်အောင် ရှိနေမှာ မပူပါနဲ့ ..

          – ဒုတိယဦးအောင်ဆန်း၊ ဒုတိယဒေါ်စု ထပ်ရှိလာဖို့ မသေချာဘူး

          – Credit to D Myo Chit

          ငင်င်င်… နာမြန်းပို့စ်မှား လာမန့်မိသလား (CD to Wow)
          :mrgreen:

  • kai

    July 1, 2014 at 3:41 pm

    အခုအခြေအနေတွေအရကောက်ပြီး.. မှန်းပြောတာနော..

    ၂၀၁၅မှာ ဒီချုပ်က အမတ်နေရာအများစုနိုင်လိမ့်မယ်..။
    တိုင်းရင်းသားပါတီတွေနဲ့ပေါင်းလိမ့်မယ်..။

    ဆိုတော့..
    ဒေါ်စုကို သမ္မတနေရာပါပေးရရင်.. အစိုးရအဖွဲ့မှာပါ ဒီချုပ်ဖြစ်ရင်.. အခုပြည်ခိုင်ဖြိုးဘယ်နေလိမ့်မလည်း..
    တိုင်းပြည်ရှုပ်အောင်.. ယုတ်မှာပေါ့..။ စစ်တပ်ပြန်ဝင်လာမှာပေါ့..။

    နောက်ပြီး ပါတီတခုတည်းကလည်း.. မဏ္ဍိုင်၂ခု ချုပ်ကိုင်နိုင်ရင်.. တိုင်းပြည်နိုင်ငံရေးချိန်ခွင်လျာပျက်မယ်လို့.. ထင်မိတယ်..

    ဆိုတော့…. ၄၃၆ပြင်ခွင့်ရမယ်.. ၅၉(စ)တော့.. မရ..
    ရလည်း.. ဒေါ်စုက.. ဒုသမ္မတ.. ဒါမှမဟုတ်.. လွှတ်တော်ထဲအကြီးအကဲတနေရာ..ဒါမှမဟုတ်.. ပြည်နယ်တိုင်းဝန်ကြီးချုပ်နေရာနဲ့.. ပြီးသွားလိမ့်မယ်..။

    အဲလိုထင်…။

    ဘာပဲဖြစ်ဖြစ်.. ဒီမြန်မာပြည်… ဒီဘာသာရေးနဲ့.. လက်ဆယ်ချောင်း.. ၂ခါ.. ၃ခါ… :mrgreen:

    • Mလုလင်

      July 1, 2014 at 9:51 pm

      လွှတ်တော် ထဲ အကြီးအကဲ ဆို . . . . လွှတ်တော် ဥက္ကဋ္ဌ ဖြစ်ဖို့ အနီးစပ် ဆုံးပဲ သူဂျီး ရဲ့

    • မင်း ခန့် ကျော်

      July 2, 2014 at 10:28 am

      ဖြစ်နိုင်ချေများပါတယ် ခင်ဗျာ။
      ဒါပေမဲ့
      ပြောစရာတခုရှိတာက
      တိုင်းရင်းသားပါတီတွေနဲ့ပူးပေါင်းမဲ့ကိစ္စ။
      ကျတော်တော့ပူးပေါင်းဖို့ရာတိုင်းရင်းသားတွေ
      ဘက်ကမမြင်မိဘူး။
      ပူးပေါင်းဖို့ရာက အဓိက လိုအပ်တာက
      မက်လုံး။
      ခုအချိန်မှာတော့တိုင်းရင်းသားပါတီတွေအနေနဲ့
      အခြေအနေအရ ဒေါ်စုကို ဆက်ဆံရေး တွေ
      ကောင်းနေမှာပဲ။
      ရွေးကောက်ပွဲပြီးသွားရင်တော့
      နင်ကဘာလဲ?
      ငါကဘာလဲ?
      ဖြစ်လာပါလိမ့်မယ်။
      ဒီတော့ဒေါ်စုအနေနဲ့
      ဘာမက်လုံးပေးနိုင်မလဲအပေါ်
      မူတည်လာပါမယ်။
      ရွေးကောက်ပွဲပြီးလို့
      ဒီအခြေအနေဆိုက်လာခဲ့လို့
      ဒီလိုမဖြစ်ခဲ့ဘူးဆိုရင်
      ကျတော်မှားသွားကြောင်း
      ဝန်ခံပါ့မယ်။

    • Mg Yit Htoke

      July 2, 2014 at 6:19 pm

      ဒဂျီး ဒဂယ် လက်ဆယ်ချောင်း.. ၂ခါ.. ၃ခါ…လား
      တော်တေး အနှစ်တစ်ထောင်ကျိန်စာ မဟုတ်လို့ :mrgreen:

      • kai

        July 7, 2014 at 6:38 am

        အနှစ်၁၀၀ဝ ကျိန်စာက.. ရှင်အရဟံ(ဆိုတဲ့) ခေတ်ကစတွက်တာလေ…။
        တလောက.. သမိုင်းပညာရှင်တယောက်နဲ့စကားပြောဖြစ်တဲ့.. မြန်မာပြည်ကအတွေးအခေါ်တွေပြောင်းပြောင်းလာတာ… မူကွဲတွေတက်တက်လာတာ.. နှစ်၁၀၀ဝ ထဲ.. ၃-၄ခါလောက်ထပ်ရှိနိုင်သေးဆိုပဲ..။

        ဆိုတော့…
        ခုခေတ်လူငယ်/ရွယ်တွေ.. ဖေ့စ်ဘုတ်ကျေးဇူးနဲ့.တော်တော်ပွင့်ထွက်..အသိတိုးလာတော့ကာ..
        ကံကောင်းရင်(ကံကောင်းရင်) … အခြေခံပညာအဆင့်လောက်မတတ်သူတွေ.. ခေါင်းဆောင်လုပ်… ပြောစကား… နားမထောင်..လိုက်မလုပ်တဲ့ခေတ်.. မြန်မြန်ရောက်မယ်ထင်ပါတယ်..

        ဆိုတော့.. လက်ဆယ်ချောင်း.. ၂ခါ.. ၃ခါ… :mrgreen:

        • အရီးခင်

          July 7, 2014 at 1:58 pm

          အခုရော အဲဂလို ခေတ်မဟုတ်လို့လား သူကြီးမင်းရဲ့။ 🙄

  • ဟို ဒင်း

    July 1, 2014 at 8:51 pm

    ဟိုဒင်းလေ တထု ပြောဗျဇေ –
    အီပေါ်ဂ ဆြာ Kai ပြောဇဂါး မန်မယ် –
    ဆယ်ချောင်း ၂ ဂါ ၃ ဂါ ဆိုသမို့ – နစ်တုံးချယ် – :mrgreen:

  • naywoon ni

    July 1, 2014 at 10:22 pm

    သိပ်​ပြီး​မျှော်​လင်​့ချက်​မထားပါရ​စေနဲ့ကွယ်​ ​မျှော်​လင်​့ထားသမျှ ဖြစ်​မလာရင်​ အသီးကွဲရလွန်​းလို့ ။ ကျုပ်​က​တော့ သိပ်​ပြီးထူးခြား ​ပြောင်​းလဲလာမယ်​မထင်​ဘူး ။ လူ​တွေရဲ့ အကျင်​့​တွေမပြင်​သ၍ ဒီအတိုင်​းပဲ ဒီအတိုင်​းပဲ ခရီးဆက်​​နေအုန်​းမှာပဲ

    • မင်း ခန့် ကျော်

      July 2, 2014 at 10:36 am

      ဟုတ်ပါတယ်။
      အာဏာရှင်စနစ်အောက်ကလွတ်ချင်လှပါပြီ။
      လူတွေရဲ့အကျင့်ကိုတော့ဖြင့်
      ပြင်စေချင်လွန်းလို့
      အမုန်းခံပြီး
      ရေးနိုင်သလောက်နဲ့
      တင်ပြပေးတာပါ။

  • ဝင့်ပြုံးမြင့်

    July 3, 2014 at 12:00 am

    ဟိုဘက်က နိုင်ငံရေးသူငယ်နာ နဲ့ပေါင်းပြီး ၂ပို့စ်ပေါင်းကို ဖတ်နေတာ ၅ခေါက်လောက်ရှိပြီ။
    ဇီဖီနဲ့ ဝေါင်းရေ … ခန့်ခန့်ပြောတာ သေချာဖတ်ကြည့်ကြပါဦး။ သူက အမေစုကို သမ္မတ မဖြစ်စေချင်တာ လုံးဝမဟုတ်ဘူး။ သူပြောတာ အရမ်းနည်းလမ်းကျတယ်။
    ခန့် ပြောတာက : (၁) လက်ရှိ သတိမမေ့သင့်တာက အာဏာရပါတီရဲ့ ဥက္ကဌ ဟာ လွတ်တော်ဥက္ကဖြစ်နေပြီး သမ္မတ မလုပ်တာက အကြောင်းတခုတော့ရှိပါလိမ့်မယ်။ (၂) အမေစုကို မဟုတ်ဘဲ NLD ကိုဝန်းရံသင့်တဲ့ အချိန် ဆိုတာရယ်။ (၃) 2015အမှီ ဒေါ်စုကိုယ်ပွား အမတ်လောင်းများ ဝန်ကြီးချုပ်လောင်းများ သမ္မတလောင်းများ မွေးထုတ်ဖို့ စင်ပေါ်တင်ဖို့ ဆိုတာရယ်။
    ၂၀၁၅ အမီ ၅၉ စ ကို မပြင်နိုင်လောက်ဘူး။ ဒါဆို အမေစု သမ္မတဖြစ်ဖို့အတွက် နောက်တစ်ချီ စောင့်ရဦးမယ်။ အချိန် ၅နှစ်နာသွားပြီ။ အဲဒီ နာသွားတဲ့ ၅နှစ်အတွင်းမှာပဲ တိုင်းပြည်တစ်ခြမ်း ရောင်းစားသွားနိုင်ကြပါလိမ့်မယ်။ တောင်တွေ မြစ်တွေ စကားထဲ ထည့်မပြောဘူး။ ဒါကြောင့် အမေစု ဆိုတာချည်းပဲ မဟုတ်တော့ဘဲ NLD ကိုသာ ဝန်းရံသင့်တယ်။ ခန့်ခန့် ပြောတာ အရမ်းနည်းလမ်းကျတယ်။

    • ဇီဇီ

      July 3, 2014 at 7:43 am

      အမှန်တော့ ဒီ ပို့(စ) တွေ မလာတော့ ဝူးလို့ ဆုံးဖြတ်ထားတာ၊
      အနော့ အမ ဝင့်ကို ရှင်းပြချင်လို့ ဝင်လာတာပါ။
      .
      .
      ကျနော်တို့ ပို့(စ) ဆိုလိုရင်းကို မသိလို့ ထင်ရာမန့်တာမဟုတ်ပါဘူး အမရယ်။
      လူရဲ့ ဆိုလိုရင်းကို သိနေလို့မန့်ရခြင်းပါ။
      .
      .
      ခန့်ခန့် ရွာထဲ စဝင်ဝင်ချင်း ပို့(စ) တွေတုန်း က အမဖတ်မိရင် ….
      ဒါမှမဟုတ် ဖွဘုတ်မှာ ဖရန့်ဖြစ်ထားရင် … အမ သိမှာပါ။

      နိုင်ငံရေးမှာ တော့…..
      ကျနော် မျက်နှာ ၂ မျိုးကို မကြိုက်ပါဘူးးး။
      သူ့လူ ကိုယ်ဘက်သား လုပ်တာမျိုးကိုလည်း မနှစ်သက်ပါဘူးးးး
      နိုင်ငံရေးမှာ……
      ကြားနေဆိုတာ အားနည်းတဲ့သူဘက် မလိုက်ရဲတာတို့….
      မှန်တဲ့ဘက် မနေရဲတာတို့ …
      မှားတဲ့ဘက်မှာ ပြောင်မနေချင်တဲ့ သူတို့ … လို့ ပဲ မှတ်ပါတယ်။
      ဘက်လိုက်ချင်း လိုက်ရင် ကာကွယ်ခြင်း ကာကွယ်ရင် ကိုယ့် နိုင်ငံ အတွက် စေတနာရှိတဲ့ ခေါင်းဆောင်မျိုးဘက်က လိုက်မိလို့ လည်း ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး အမ။

      ဝါး ရေးတဲ့ ကော်မန့်တွေက အလကား ရေးတာလည်း မဟုတ်ပါဘူးးး
      မနေ့ကပဲ ခန့်ခန့် ဖဘမှာ ……
      အန်အယ်ဒီ က သူငယ်နာမစင်ဘူး ဆိုတဲ့ ပို့(စ) ရယ်…
      စု က သမ္မတ မဖြစ်သင့်ဘူး ဆိုတဲ့ ပို့(စ) ရယ်…. ရှယ်ပါတယ်။

      အမရယ်။
      လူထုခေါင်းဆောင် လုပ်သမျှ ထိုင်ဝေဖန်ဖို့က တော့ အလွယ်လေးပါ။
      ကိုယ့် အကြိုက်နဲ့ မညီရင် ….
      လမ်းဘေးက ဘယ်သူမဆို ဘွားတော်ကို လက်ညှိုးထိုးပြီး အပြစ်ပြောလို့ရပါတယ်။

      အဲဒီလောက်တောင်တော်နေတဲ့သူတွေ စု အကျယ်ချုပ်တုန်းက ဘယ်နားသွား အိပ်ပျော်နေလည်းပဲ ကျနော်တို့ မသိခဲ့တာပါ။
      :hint:
      စု ကို မကြိုက်ရင် မကျေနပ်ရင် ရှင်းရှင်း ပြောတဲ့ အကောင့်မှန်သမျှ ကျနော်ထားပါတယ်။

      ရဲမိုးတို့လို ဆရာကြီး ဒီဇိုင်းနဲ့ စစ်အစိုးရကို ချစ်တယ်လည်း ပြောင်မပြောရဲပဲ ….
      စု ကို ဝေဖန်လေကန်တဲ့ ဆရာကြီး အထာတွေတော့ တောက်မြင်ကပ်တယ် အမ။
      ရှင်းရှင်းပြောတာပါ။
      ဘာမှန်းမသိတဲ့ နားဝေတိမ်တောင်တွေကို ဟိုလိုလို ဒီလိုလိုဖြစ်သွားစေ တဲ့ ပို့(စ) တွေမို့ပါ။
      သူများ က အဟုတ်ထင်ပြီး စု ကို မကောင်းပြောနေတာကို ကြားက နား အရသာ ခံတဲ့ ဆိုက်ကို လို့ပဲ ယူဆပါတယ်။

      ဒါ ဒီ ပို့(စ) တွေရဲ့ ကျနော့ နောက်ဆုံး ကွန်မန့်ပါ။

      • Wow

        July 3, 2014 at 8:24 am

        မဝင့်နဲ့ ချွိကို အားနာလို့သာလာတာ ရပ်တည်ချက်ခိုင်ခိုင်မာမာမရှိတဲ့သူမျိုး ကျွန်တော် သိပ်မုန်းတာ အပြင်မှာလဲဒီလိုပဲ… အစပိုင်းတုံးက ကကြောင်တောင် ဘွားဒေါ်လုပ်ရပ်တွေ အားမလိုအားမရဖြစ် ပို့စ်တွေတင်သေးတယ်… ဒါပေမဲ့ စေတနာပါတော့ လေသံက သိသာတယ်… စကား စကား ပြောပါများ စကားထဲက ဇာတိပြဆိုသလို ကျွန်တော်တို့က ဇာတိကို မြင်ပါတယ် မဝင့်ရယ်…

        ခုတော့ ကျွန်တော်လဲ ကျားကျားမီးယပ်တွေနဲ့ သိပ်မပြောချင်တော့လို့ လူမိုက် အဲလေ… ကြောင်မိုက် ငှားထားတယ်… ကကြောင်ရီး အမြင်မတော်ရင်လာပြောလိမ့်မယ် :mrgreen:

  • မင်း ခန့် ကျော်

    July 3, 2014 at 10:15 am

    အမ ဝင့်ပြုံးမြင့် သုံသပ်ချက်အတိုင်းကျတော်ဆိုလိုတာပါ။

    အောက်ကဒေါ်ဇီဇီ နဲ့ Wow အတွက်ကျတော်ပြန်မန့်ပေးခဲ့ပါတယ်။

    ၁။ ကျတော်သည် မည်သူ့နောက်လိုက်မှမဟုတ်ပါ။

    ၂။ လူသည်တဖြည်းဖြည်းရင့်ကျက်နိုင်သလို အတွေးအခေါ်သည်

    လည်း တချိန်နဲ့တချိန်မတူနိုင်ပါ။ လှေနံဓါးထစ်

    အယူအဆမျိုးကျတော့်မှာမရှိပါ။

    ၃။ နိုင်ငံအတွင်း ဖိအားမျိုးစုံအောက်မှာလက်ရှိနေထိုင်ပါသည်။

    နိုင်ငံသားတိုင်းဖိအားအတိုင်းအတာမတူညီကြောင်းအမှန်သိကြ

    ပါစေ။

    ၄။ ကျတော့်နိုင်ငံကို ဒီမိုကရေစီစစ်စစ်ကျင့်သုံးရေးသည် ပထမ

    ဦးစားပေးဖြစ်ပြီး အရည်အချင်းပြည့်ဝသူနှင့်ယှဉ်ပြိုင်၍ရွေးချယ်

    ခိုင်းလျှင် သန်း ၆ဝ အတွက် ဒီမိုကရေစီကိုပဲရွေးချယ်ပါမည်။

    ၅။ ဒေါ်အောင်ဆန်းစုကြည်၏ နောက်လိုက်ဟု မခံယူ။

    ဒေါ်အောင်ဆန်းစုကြည်သည် ကျတော်အပါအဝင် သန်း ၆၀

    သောလူထု၏နောက်လိုက်ဟု ယုံကြည်သည်။

    ၆။ ဖေ့ဘုတ်တွင် ကျတော်ရှယ်သမျှသည် ကျတော့်စိတ်ကြိုက်တခု

    မှမပါပါဘူး။ ကျတော့် friends တွေ ထဲက အွန်လိုင်းမသုံး

    တတ်သေးသူတွေ အချိန်မရတဲ့သူတွေ သုတအစုံ ဘက်ပေါင်း

    စုံ လေ့လာမှတ်သား ဆင်ခြင်နိုင်ဖို့ပါ။

    ၇။ ငါနဲ့ဘက်မတူရန်သူ ဆိုတဲ့စိတ် မမွေးတတ်သေးပါ။

    ၈။ NLD နဲ့ ဒေါ်စု နောက် ခိုင်ခိုင်မာမာ ရပ်တည်ပါသည် ဟု

    ခံယူထားသူများ၏ လုပ်ရပ်နှင့်ပြောဆိုမူ့များသည် တဖက်

    ပြိုင်ဘက် ခံယူချက်ထားသူများထက် လိမ္မာ ပါးနပ်ဖို့လိုပါသည်။

    မျိုးချစ်အုပ်စု ရပ်တည်နိုင်ခြင်းသည် ဤကဲ့သို့ မဆင်မချင်

    ပြောဆိုမူ့များကြောင့်ဟု ကောက်ချက်ချလုနီးပါးဖြစ်နေရပါသည်။

    ၉။ကျတော်သည် အာဏာပိုင်များကိုကြောက်ပါသည်။မကြိုက်ပါ။

    ဒီရွာထဲတွင် ကျတော့်ရပ်တည်ချက်များကြောင့် မည်သူ့ကိုမှ

    မကြောက်ပါ။ မည်သူ့ကိုမျှအားမနာနိုင်ပါ။ တယောက်ကိုမျှမရှက်

    ပါ။ ကျတော်ရပ်တည်ချက်ကို ရဲရဲပြောပါမည်။ ပြောတတ်သလို

    ပြောပါမည်။ ကျတော့်ကို အရောင်ဆိုးချင်သလို ဆိုးနိုင်ပါသည်။

    လက်ခံနိုင်ပါက လက်ခံပါမည်။ လက်ခံနိုင်အောင်တော့ပြောနိုင်

    ဆွေးနွေးနိုင်ပါသည်။

    အပြင်က အာဏာပိုင်တွေကို ကြောက်ပါသည်။

    ဒီနေရာမှာတော့ ကျတော့်ရပ်တည်ချက်နှင့်ပါတ်သတ်၍

    မည်သူ့ကိုမျှ (သူကြီးအပါအဝင်) မည်သည့်အဖွဲ့ ကိုမှ

    မကြောက်ပါ။ ရှင်းအောင်တော့ပြောထာချင်ပါသည်။

    စိတ်မဆိုးပါ။

    ဒါပေမဲ့စိတ်တော့မကောင်းပါ။ (သူငယ်နာမစင်လို့ :mrgreen:)

    ဒါ့ကြောင့်မို့လို့ နောက်ထပ် ပိုစ့်တွေ

    အချိန်ရသလို ထပ်ရေးပါအုံးမည်။

    အမြင်မတူ ငါ့ရန်သူလုပ်ကြအုံးပေါ့။လုပ်ခွင့်ရှိပါသည်။

    ဒီမိုကရေစီပဲဟာကို :mrgreen:

    တကြောင်းစွဲ လူတစ်ဦးအပေါ် မြင်တဲ့အကျင့်တွေတော့

    ပျောက်စေချင် :mrgreen:

    ကျတော်ကတော့ မန့်ရင်မန့်သလောက် ပြန်လာပါ့မယ်။

    • ဦးကြောင်ကြီး

      July 3, 2014 at 2:11 pm

      မဟုတ်မှလွဲရော.. ဒင်းကြည့်ရဒါ ထောက်လှမ်းရေး ဖြစ်မယ်…. စရဖလား အက်စ်ဘီလား ကြံဖွတ်လား.. ဘာရယ်လို့ ငါ့တံဆိပ် မခက်ချဉ်ဗူး… နင့်ဟာနင် ဖြေဇမ်း…

  • အရီးခင်

    July 3, 2014 at 1:03 pm

    ဒေါ်အောင်ဆန်းစုကြည် ကို ၈၈ နဲ့ ၉ဝ အထိ အစ မှာ သိပ်အားမထားခဲ့ပါ။

    နောက်ပိုင်း မှာတော့ သူ ကလွဲ လို့ သူ့လောက် တော်တဲ့၊
    သူ့လောက် မြန်မာပြည်ကိုချစ်တဲ့၊
    ပြည်သူလူထုအတွက် သူ့ဘဝ ကို ရင်းခဲ့တဲ့ တစ်ခြားသူမှ မရှိတာ တွေ့လာ၊
    ကိုယ်အစွမ်းကလဲ သူ့ ခြေဖျားက မြေမှုန် လောက်တောင် မမှီတာမို့
    အစွမ်းရှိ ရုံ မက စေတနာ ပါရှိနေ သူကိုမှ အားမကိုး ရင် ဘယ်လို လုပ်ကြပါ့မလဲ။။

    ကိုယ်အစွမ်းမရှိဘဲ အာဏာနဲ့ ကိုယ်ကျိုးရှာသူ များကလွဲ လို့ တစ်ခြားသူများ က သူ့ကို မကြိုက်စရာ၊ မချစ်စရာမရှိ လို့လဲ မြင်ပါတယ်။။
    ဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံခေါင်းဆောင် အဖြစ် လက်မခံချင်သူ ဆိုရင် တိုင်းပြည် အတွက် မသိတတ်သူ၊ ကိုယ့်အတွက်ဘဲ သိတတ်သူ လို့ စွပ်စွဲမိရင် လွန်လား။

    လူတစ်ယောက် ကိုဘဲ အားမကိုးချင်ပါ။
    တစ်ပါတီထဲ ကို ဘဲ မကြိုက်ချင်ပါ။
    ကိုယ့်တိုင်းပြည် တိုးတက်ဖို့ အတွက် စေတနာ အမှန် ထုတ် ပြနိုင်တဲ့ ပါတီ တွေ အများကြီး ထဲ က ကိုယ်ကြိုက်ရာ တစ်ခု ကို ခေါင်းခေါက် ရွေးလိုက်ချင်စမ်းပါဘိ။

    အဲလိုမှမဖြစ်တာလေ။
    NLD ပါတီထဲလဲ ဟိုလူဒီလူ နဲနဲ ဘဲ အားကိုးစရာမြင်ရတယ်။
    တစ်ချို့များ ပါတီထောင်ပြီ ဆိုလိုက်ကထဲက တိုင်းပြည်အတွက်ထက် ကိုယ် အာဏာရဖို့ ဖွဲ့တာတွေ မြင်နေရသလားဘဲ။
    လောလောဆယ် မှာ ဒီဖွတ်ပါတီ ကိုဖယ်လိုက်မဲ့ အားကိုးရတဲ့ ပါတီကောင်း တစ်ခုကိုအရင် စည်းစည်းလုံးလုံး နဲ့ ရဖို့ လိုနေတာ။

    တကယ်တော့ တိုင်းပြည် ထဲမှာဘဲ တိုင်းပြည်ကို စေတနာရှိတဲ့ လူတော်တွေ အများကြီး။
    ဒီအချိန်မှ ဝင်လိုက်ရင် အဘ တို့ အငြိုအငြင် မခံရဲတာရော၊ လက်ရှိ အခြေအနေလေးေပျောက်မှာ စိုးလို့ရော၊ သာကူး အခေါ်ခံရမှာရော နဲ့ စကားတွေ ဝဲ နေတာ။
    တကယ်သူတို့ ဝင်ပေါင်းရင်ရော လက်ရှိ NLD ပါတီထဲ လူတွေက သဘောထားကြီးကြီး နဲ့ လက်ခံနိုင်မလားဘဲ။

    ချီးကျူးးခဲ့ဘူးပါတယ်။
    ဒေါက်တာမြတ်ဉာဏစိုး ကို။
    လုပ်သင့်တာတစ်ခု ကို မှန်မှန်ကန်ကန် လုပ်ခဲ့တာလို့။ (အရီး ကိုယ်ပိုင် သဘောပါ)
    ဒီလို လူမျိုး တွေ အဓိက လူသိများတဲ့ ပညာရှင်စစ်စစ် တွေ NLD ထဲ ကို ဝင်ပြီး ပေါင်းရဲ စေချင်တယ်။ မဝင်ရင်တောင် အသေအချာ မြင်မြင်သာသာ ပံ့ပိုးပေးစေချင်တယ်။
    အခု ဒီလိုလူတွေ က ဒေါ်အောင်ဆန်းစုကြည် အတွက် ဘယ်လောက် ပံ့ပိုးပေးနေလို့လဲ။
    ပျားလဲစွဲသာ၊ ရှဉ့်လဲလျှောက်သာ လုပ်နေကြတဲ့ အထဲ ကိုယ်တွေလဲ ပါပါတယ်။
    ဒီတော့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် သမားတွေ နေရာမဖယ်တော့တာ အဆန်းမဟုတ်။

    ကိုယ့်ဟာကို “ကံ” ကောင်းတယ် လိုယုံကြည် ရင် ကိုယ့်လို “ကံ” မကောင်းနိုင်သူ တွေလဲ “ကံ”ကောင်း နိုင်စေဖို့ စေတနာ နဲ့ အားပါတဲ့လက်တွေ လှမ်းပေးဖို့ လိုမယ်ဆိုတာ ဘယ်လို နားချရပါ့။
    (မီလင်ဒါဂိတ်စ် စကား ကို ယူထားပါတယ်)

    သူတို့ အမှန်တရားဘက် ကို ရပ်ရဲလိုက်တဲ့ နေ့ (ကိုယ့်ဘက်ကကြည့်ရင်ပေါ့)
    “ကံ” ကို ပုံနေရတဲ့ သူတွေ အတွက် “ကံကောင်း” လာစေမဲ့ လက်တွေ ကမ်းလာတဲ့နေ့
    အဲဒီနေ့ ကို ၂၀၁၅ မှာ မရသေးရင်တော့
    အောက်ခြေလူထု အတွက် “သဗ္ဗေသတ္ဘာ ကမ္ဗသကာ” လို့သာဘဲ။

    ဒါပေမဲ့ နောက်ဆုံးတော့လဲ
    “အင်မတန် ကံကောင်းစွာ နှစ်ပေါင်း ၃ဝ နီးပါး ပိုင်ဆိုင်ထားခဲ့တဲ့ ခေါင်းဆောင်ကောင်း” ကို ဘာမှ အသုံးမချနိုင်ဘဲ
    တစ်နှစ်ပြီး တစ်နှစ် နဲ့ ဒီအတိုင်း ကြည့်နေခဲ့တဲ့ တိုင်းပြည် က ပြည်သူ ဖြစ်နေရတဲ့ …
    ဘာကိုမှ ထူးထူးခြားခြားပြောင်းလဲ အောင် မပါဝင်နိုင်သေးတဲ့ …
    ကိုယ့်ကိုယ် ကို ရဲ့ အသုံးမကျချက်ကို အပြစ်ဖို့ ရင်း။

    We all wish for change, but there is no guarantee that change will take place or that it will live up to expectations.
    There is always an element of risk when we step out into the unknown.

    (Aung San Su Kyi – The Essential Flame)

    PS –
    တစ်ခုတော့သတိထားဖို့က ဘုရားပြီးမှ ငြမ်းဖျက် ဆိုတာလေးလဲ မမေ့စေလို။
    ဘုရား ကို မတည်ချင်တော့ ရင်လဲ တစ်မျိုးပေါ့လေ။

    တကယ်က ဝန်းရံတာ လို့ ဆိုတာလဲ မဟုတ်ပါဘူး။
    ဝန်းရံဖို့ထက် ပူးပေါင်း ပံ့ပိုးတာ လို့ ပြောမှ ပိုပြီး အနှစ်ရှိမယ်ထင်ရဲ့။
    ဝန်းရံ ဆိုတာက အသာလေး ဘေးက နေရုံဘဲ။
    အကာအကွယ်ပေးရုံကလွဲ လို့ ဘာမှ ထူးလုပ်မပေးနိုင်ဘူး။
    ပူးပေါင်း ပံ့ပိုးတာ ကမှ တစ်ခုခုကို ကိုပိုပြီး အောင်မြင် ထူးခြားသွားစေနိုင်တာ။
    (အထင်)
    :-)))

  • kogyi mind

    July 3, 2014 at 1:55 pm

    ဒီမယ်ဗျ..
    (ဒါ်စုကို ဝန်ရံတဲ့ခေတ်ကုန်သွားပြီလို့ယူဆစေချင်တာပါ။
    ဒေါ်စုအစား
    ပါတီကိုဝန်ရံရမဲ့ခေတ်ရောက်ပါပြီ။)
    အဲဒါနဲ့ပတ်သက်ပြီး.တစ်ခုပြောပြမယ်.. အခုကဝန်းရံတာ၊ မဝန်းရံတာဆိုတဲ့ ပုဂ္ဂလစွဲနဲ့မဆိုင်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံတာ တရားမျှတမှုကို လိုလားတယ်ဆိုတဲ့ သင်္ကေတကို ဖော်ဆောင်နေတာ၊ ဥပမာပေးရလျှင် အစိုးရက မလိုက်လျောဘူးဆိုတာသိရဲ့နဲ့ ဆန္ဒထုတ်ဖော်နေကြတာ ရူးနေလို့မဟုတ်ဘူးဗျ၊၊ အစိုးရမတရားမှုကိုပြုနေပါတယ်..ကြည့်ကြပါတော့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တရားမျှတမှုဘက်ကို လူတွေစိတ်ညွှတ်လာအောင်လုပ်နေတာ.. ဒေါ်အောင်ဆန်းစုကြည်ကို ဒီလောက်ဝန်းရံထားတာတောင် အာဏာရှင်တွေ လိုက်လျောမှုမရှိရင် ဘာကိုပဲ ဝန်းရံဝန်းရံ မထူးဘူးဆိုတာ သိစေချင်တယ်.. ပင်လယ်ရေငံမငံသိဖို့ အကုန်သောက်ကြည့်စရာမလိုဘူးဗျ.. အခု သမ္မတရာထူးနဲ့ထိုက်တန်တယ်ဆိုတာ ယုံကြည်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံတယ်ဗျာ..အာဏာပိုင်တွေက မလိုက်လျောဘူးဗျာ..ဒီတစ်ချက်နဲ့တော့ လူတွေဟာခေတ်မမှီတော့တဲ့နည်းလမ်းဖြစ်တဲ့ ဒေါ်အေင်ဆန်းစုကြည်ကိုဝန်းရံထားလို့ ဆိုတဲ့အကြောင်းပြချက်မလိုပါဘူး.. ကိုယ့်သမ္မတဖြစ်စေချင်တဲ့သူကို မဝန်းရံလို့ ဘယ်သူ့ကိုဝန်းရံမလည်း.. ဒါကြောင့်မှားတယ်လို့ မဆိုသာပါဘူး.. နောက်တစ်ချက် ၂၀၁၅ ဘာဖြစ်လာမလည်းဆိုတာ အကောင်းဆုံးဖြစ်လာမယ်လို့မြှော်လင့်တယ်..မဖြစ်သေးလည်း တစ်ချိန်ချိန်ဖြစ်လာရမယ်ဆိုတာ ယုံကြည်တယ်..ဒါလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်စိတ်ဓါတ်ပဲ..အဲသလိုပဲ ကိုယ်လည်းခံယူတယ်..

  • ဝင့်ပြုံးမြင့်

    July 3, 2014 at 11:50 pm

    ရွာထဲမှာ ခုတလော ကီးတွေမြင့်နေကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုရွာမှာ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ရှိတဲ့အတွက် ခန့်ခန့် ရေ … ရေးချင်တာသာ ဆက်ရေးပါ။ အခုရေးတာတွေလည်း ဘာမှ မှားတယ်လို့ မထင်ဘူး။ ရွာထဲမှာ တစ်ယောက်ကို တစ်ယောက် အထင်အမြင်လွဲမှားတာ ဖြစ်တတ်ကြပါတယ်။ တော်တော်ကြာရင်လည်း အားလုံး စိတ်ပြေသွားကြမှာပါပဲ။ ပိုးစိုးပက်စက် အတုံးလိုက် အတစ်လိုက် ပြောတတ်တဲ့ ကဘုန်းကျော်ကြီးကိုတောင် တဖြည်းဖြည်း လက်သင့်ခံသွားနိုင်ကြတာပဲ။

    ဇီဇီနဲ့ ဝေါင်းရေ အမတော့ လူတစ်ယောက်မှာ ကိုယ်ပိုင်အချိန်ရှိသင့်တယ်ထင်လို့ ဖွဘုတ်ကို ဒီတစ်သက် သုံးဖြစ်မယ် မထင်ဘူး။ ပြီးတော့လေ ဒီရွာထဲမှာ စာတစ်ပုဒ်ရေးဖို့ဆိုတာ စိတ်စေတနာလေးကလည်း ရှိမှဖြစ်တာ။ ဒါကြောင့် အရမ်းကြီးအလွန်အကျွံ မစဉ်းစားကြပါနဲ့နော်။
    —-
    ၂၀၁၅ အမီ ၅၉ စ ကိုမပြင်နိုင်ရင် ဘာဆက်လုပ်ကြမလဲ မသိဘူးနော်။ အခု ၄၃၆ ပြင်တာတောင် သူတို့က ရှေ့က ကြောင်းပေးနေသလိုပဲ။ ခုတလော ဆြာပု ပျောက်နေတယ်။ သူဘာပြောမလဲ သိချင်တယ်။

  • မဟာရာဇာ အံစာတုံး

    July 4, 2014 at 11:19 am

    ၂၀၁၅ ရွေးကောက်ပွဲမှာ
    ရေကြီးလိမ့်မယ် ထင်ပါတယ်

  • TNA

    July 4, 2014 at 1:49 pm

    ပါတီကိုဝန်းရံဖို့ အဲ့ကိတ်စဒေါ်စုလုပ်နေပါတယ်။ အသက် ၂ဝ ကနေ ၃ဝ ကြား လူငယ်တွေကိုမြို့နယ်အလိုက် ခေါ်ယူစုဆောင်းပြီး နိုင်ငံရေးဘာသာရပ်တွေ လူမှု့ဆက်ဆံရေးတွေကိုဒေါ်စုက်ုယ်တိုင်ကိုင်တွယ်လေ့ကျင့်ဖို့စီစဉ်နေပါတယ်။ ဒေါ်စုဟာသူ ငါးနှစ်တာအာဏာရဖို့ ၂၀၁၅ မှာ အာဏာရဖို့ ခြေဥပြင်ဖို့လုပ်တာမဟုတ်ပါဘူး။ အမျော်မြင်မဲ့စွာ ငါးနှစ်ပြီးငါမသိဘူးဆိုတဲ့စိတ်လုံးဝမရှိပါဘူး။ သူအာဏာရတဲ့ငါးနှစ်မှာတိုင်းပြည်ကို မျိုးဆက်သစ်တွေလက်အပ်ဖို့ပြင်နေတာမို့ အခလုပ်နေကြတာတွေဟာ ဒေါ်စုကိုဝန်းရံဖို့လုပ်နေတာမဟုတ်ပဲ ပါတီကိုကော နိုင်ငံကိုပါ ကာကွယ်ဖို့လုပ်နေတာပါဆိုတာလေးလာပြောတာပါ။

  • မင်း ခန့် ကျော်

    July 4, 2014 at 3:43 pm

    ကွန်နရှင်အခက်အခဲကြောင့်ဒီမှာပဲ ပြန်စာ မန့်ပါရစေဗဦးကြောင်ကြီး
    ဦးကြောင်ကြီး
    July 3, 2014

    မဟုတ်မှလွဲရော.. ဒင်းကြည့်ရဒါ ထောက်လှမ်းရေး ဖြစ်မယ်…. စရဖလား အက်စ်ဘီလား ကြံဖွတ်လား.. ဘာရယ်လို့ ငါ့တံဆိပ် မခက်ချဉ်ဗူး… နင့်ဟာနင် ဖြေဇမ်း…

    ဒီပိုစ့်ကိုတင်တာ ၂၀၁၅ အတွက်ဘယ်လိုမြင်ကြသလဲဆိုတဲ့
    ကိုယ်ပိုင်အမြင်လေးတွေကို ပြောချင်ကြမလားဆိုပြီး ကျတော့်အမြင်
    ကို ပိုစ့်လုပ်ပြီးတင်လိုက်တာပါ။
    ကျတော်သည်ဘာဖြစ်နေဖြစ်နေ ပိုစ့်နဲ့ဆိုင်တဲ့အကြောင်းအရာအပေါ်မှာပဲဆွေးနွေးချင်တာပါ။
    ရည်ရွယ်ရင်းနဲနဲပျောက်သွားသလို ဖြစ်သွားတဲ့အတွက်
    ကျတော့်ပေါ့ဆမူ့လို့ပဲခံယူပါတယ်။
    ဒီရွာထဲမှာ ဒေါ်စု သို့ nld ထောက်ခံတဲ့ပိုစ့်သာတင်ရမယ်လို့
    သတ်မှတ်မထားပါဘူး။
    ဒီတော့ ကိုယ်ပိုင်အမြင်ယူဆချက်ကလေးတခုက ဒေါ်စုနဲ့nld
    ကိုထိခိုက်ကောင်းထိခိုက်ပါလိမ့်မယ်။ဒါပေမဲ့ကျတော့်အမြင်က
    တိုင်းပြည်အတွက်ပြောတာပါ။
    ဒီမိုကရေစီကိုဒေါ်စုနဲ့nld ကပဲလုပ်ပိုင်ခွင့်စီမံပိုင်ခွင့်မရှိပါ။
    ဒီတော့တခြားအမြင်ရှု့ဒေါင့်ကနေ တင်ပြချက်ကို အပြန်အလှန်ဆွေးနွေးအဖြေရှာနိုင်ဖို့ ဦးကြောင်ကြီးသင်ယူပါ။
    မေးထားတဲ့အတိုင်းကျတော်ဖြေပါမယ်။
    ကျတော်က အစိုးရမှဘာအမူ့ထမ်းအရာထမ်းတယောက်မှမဟုတ်။
    ဘယ်ပါတီကိုမှ မဝင်ထား။
    ပြင်ပ၌သာမကအွန်လိုင်းပေါ်မှာပါ မည့်သူ့နောက်မှလိုက်သူမဟုတ်
    သလို တပည့်တပန်းလည်းမမွေးသူ။
    တခုတော့ရှင်းရှင်းပြောထားမယ်နော်
    ၂၀၁၅မှာ ကျုပ်အဝေဖန်ဆုံးပါတီကိုပဲမဲပေးမှာ။

    အရီးခဗျား
    ဒီလိုပြန်မန့်ခဲ့ရလို့ကျတော့်ကိုနားလည်ပေးမယ်လို့
    မျော်လင့်မိပါတယ်။
    အရီးရဲ့ထင်မြင်ချက်ကိုကျတော်လေးးပါတယ်။
    အရီးပြောတဲ့ဒီတချက်ကိုတော့ကျတော်ပြန်မန့်ပါရစေ။

    ““အင်မတန် ကံကောင်းစွာ နှစ်ပေါင်း ၃ဝ နီးပါး ပိုင်ဆိုင်ထားခဲ့တဲ့ ခေါင်းဆောင်ကောင်း” ကို ဘာမှ အသုံးမချနိုင်ဘဲ
    တစ်နှစ်ပြီး တစ်နှစ် နဲ့ ဒီအတိုင်း ကြည့်နေခဲ့တဲ့ တိုင်းပြည် က ပြည်သူ ဖြစ်နေရတဲ့ …”

    ကျတော်တို့လိုချင်တဲ့ခေါင်းဆောင်ကို ကျတော်တို့အသုံးချခွင့်
    မရအောင် အာဏာရှင်များက ပိတ်ပင်တားဆီးကြတာပါ။
    ကျတော်တို့ပြည်သူတွေ အသက်သွေးချွေး ကျခဲ့ရသည့်တိုင်အောင်
    ဒီကနေ့အထိ မရိုးနိုင်တဲ့ကန့်သတ်ချက်တွေနဲ့ပိတ်စို့ထားတာပါ။
    ကျတော်တို့ပြည်သူတွေအားလုံးညီညွတ်စွာနဲ့အာဏာရှင်တအုပ်စု
    လုံးကိုပြန်လှည့်စားပြီးချေမူန်းချင်တာပါ။
    ဟုတ်ကဲ့ပါ။

    kogyi mind
    ဟုတ်ကဲ့ ၂၀၁၅ရွေးကောက်ပွဲမှာဘာဖြစ်မယ်ထင်သလဲ??
    အခုလိုထင်မြင်ချက်ကိုပြောပြသွားတာကျေးဇူးတင်ပါတယ်ဗျာ။
    ကျတော်က ဒေါ်စုရဲ့အသက်အရွယ်နဲ့ အမြန်ဆုံးပြည်သူ့တွေအတွက်သမ္မတ ဖြစ်နိုင်ခွင့်ကို အလေးပေး
    တင်ပြတာပါ။
    တိုက်ပွဲကနှစ်ဆင့်တိုက်ရမှာပါ။
    အပေါ်ကမန့်ချက်တွေကိုပြန်ဖတ်စေချင်ပါတယ်။
    ကျေးဇူးပါဗျာ။

    ဝင့်ပြုံးမြင့်
    July 3, 2014

    ရွာထဲမှာ ခုတလော ကီးတွေမြင့်နေကြတယ်။
    ဟုတ်မှန်ကြောင်းဝန်ခံပါရစေ။
    ရွာထဲမဝင်တာကြာတာရယ်
    နဂိုကတဲကဒေါင့်မကျိုးတဲ့ကျတော့်အရေးအသားရယ်
    ဖေ့ဘုတ်ထဲကဝုန်းကနဲ့တတ်လာတာရယ်
    (ဟီးဟီး ကိုဘုန်ကျော်တောင် ကျတော်f/b fri လုပ်ထားသေး)
    ဒါကြောင့် ကီးကမာစတာကိုကျော်ပြီး ပါရဂူအထိမြင့်သွားရတယ်။
    ကျတော့်ကြောင့်စိတ်ညစ်ရသူများအားလုံးကိုလည်း
    တောင်းပန်ပါတယ်ဗျာ။
    ဟုတ်ကဲ့ပါ။

    မဟာရာဇာ အံစာတုံး
    မဟာရာဇာ အံစာတုံး
    July 4, 2014

    ၂၀၁၅ ရွေးကောက်ပွဲမှာ
    ရေကြီးလိမ့်မယ် ထင်ပါတယ်

    ကျတော့်အထင် နိုဝင်ဘာ ၂၀၁၅ လောက်မှာ ရွေးကောက်ပွဲ
    လုပ်ဖြစ်မယ်ထင်တာပဲ။ရေကြီးရင်တော့ကြည့်ကောင်းပဲ။

    TNA
    TNA
    July 4, 2014

    “ပါတီကိုဝန်းရံဖို့ အဲ့ကိတ်စဒေါ်စုလုပ်နေပါတယ်။”
    ကျတော်မသိသေးတာမို့ကျေးဇူးပါ။
    ခြေဥပြင်တာ ငါးနှစ်အတွက်မဟုတ်ဘူးဆိုရင်
    ဒီလောက်အင်စိုက်အားစိုက် လှုပ်ရှားတာတွေကိုနှမြောမိပါတယ်။
    ဒါပေမဲ့လူထုရဲ့အိပ်ပျော်နေတဲ့နိုင်ငံရေးလူပ်ရှားမူ့ကိုနိုးထစေလို့
    အကျိုးအမြတ်တော့အများကြီးရှိပါတယ်။
    ၂၀၂ဝ မှာတော့ဒေါ်စုအုပ်ချုပ်တဲ့အုပ်ချုပ်မူ့အောက်မှာနေချင်ပါသေးတယ်။
    ဟုတ်ကဲ့ပါ။

    • TNA

      July 5, 2014 at 5:06 pm

      ဘယ့်နှယ့်ကြောင့် ၂၀၂ဝ မှဒေါ်စုကိုသမတပေးဖြစ်ချင်တာပါလိမ့်။ ခိုးလို့မဝသေးလု့ိများလား။ ဒါမှမဟုတ် ငါတို့သေမှဖြစ်ပါစေဆိုတဲ့ရည်ရွယ်ချက်များလား သိချင်လိုက်တာ။

      • မင်း ခန့် ကျော်

        July 6, 2014 at 2:00 pm

        ဟုတ်ကဲ့အမရေ။
        ၂၀၂ဝမှဘာလို့ပေးချင်ပါလိမ့်ဆိုတာကိုပြောရရင်
        ကျတော့်အမြင်ကိုပြောကြည့်ပါမယ်။
        ခုနေကျတော့်ရှေ့မှာ
        ဦးသိန်းစိန်
        ကာချုပ်ရယ်
        ဦးရွှေမန်းရယ်ကို
        ဒီလိုမေးပါမယ်။
        ဒေါ်စုကို၂၀၂ဝလောက်ကျရင်လူထုထောက်ခံတဲ့အတိုင်း
        လွဲပေးချင်သလားလို့မေးလိုက်ရင်
        ပေးချင်ပါတယ်ဖြေချင်ဖြေလိမ့်မယ်။
        ဒါပေမဲ့စိတ်ထဲကတော့
        ၂၂၀ဝ ထိတောင်မပေးချင်ဘူးကွလို့တွေးပါလိမ့်မယ်။
        ကျတော်ပြောချင်တာက
        ဟပေးထားတဲ့ရွေးကောက်ပွဲကနေ
        ယူဖြစ်အောင်ယူနိုင်ဖို့နည်းလေးတင်ပြပေးတာပါ။
        ဟုတ်ကဲ့ပါ။

  • nicolus agral

    July 4, 2014 at 4:19 pm

    နင့်ဘကြီးမှဘဲ
    ဒေါ်စုကို ၂၀၂ဝ လောက်မှမှန်းနေ
    ဆုတောင်းလေ … ဆုတောင်း အောင်တော်မူမှာသွားဆုတောင်း
    ဒေါ်စုအသက်ဘယ်လောက်ရှိပြီမှတ်လို့တုံး
    ၄၀….၅၀…မို့လို့လား
    မျက်စိနောက်တယ်ကွာ

  • မင်း ခန့် ကျော်

    July 5, 2014 at 10:37 am

    nicolus agral
    nicolus agral
    July 4, 2014

    နင့်ဘကြီးမှဘဲ
    ဒေါ်စုကို ၂၀၂ဝ လောက်မှမှန်းနေ
    ဆုတောင်းလေ … ဆုတောင်း အောင်တော်မူမှာသွားဆုတောင်း
    ဒေါ်စုအသက်ဘယ်လောက်ရှိပြီမှတ်လို့တုံး
    ၄၀….၅၀…မို့လို့လား
    မျက်စိနောက်တယ်ကွာ

    မျက်စေ့နောက်တော့ကြည်သွားအောင်လုပ်လေ။
    အမြင်မှမကြည်လင်ရင်ဘာမှမြင်နိုင်မှာမဟုတ်တော့ဘူး။
    ၂၀၁၅မှာ အာဏာရှင်တွေဆီက
    သမ္မတရာထူးကို ဒေါ်စုက ယူနိုင်သည်ဖြစ်စေ
    သူတို့ကအသာတကြည်ပေးသည်ဖြစ်စေ
    ရခဲ့မယ် ဆိုရင်
    ကျုပ်ပိုစ့်တင်ပါမယ်။
    ခင်ဗျားအပါအဝင်
    ကျန်တဲ့မကျေနပ်သူတွေ
    ကျတော်ကို
    ဝိုင်းဆဲကြပါ။
    ကလော်တုတ်ကြပါ။
    သူကြီးကလည်း စည်းကမ်းနဲ့အညီမဟုတ်ပေမဲ့
    ချွင်းချက်ခွင့်ပြုပေးပါ။
    ၂၀၁၅ မှာမရခဲ့ဘူးဆိုရင်
    ခင်ဗျားကျုပ်ကို” ဆော်ရီးပါဗျာ”
    လို့တခွန်းတည်းမန့်ပေးနိုင်မလား?

    ကျတော်က လက်တွေ့ကျတဲ့လူတမျိုးမို့ပါ။

  • nicolus agral

    July 5, 2014 at 11:06 am

    ဆောရီးဟုတ်လား
    ရော့လေ ….ရော့
    လူကြီးတွေမရှိသေးလို့နောက်မှလာတောင်းလည့်

  • ဝင့်ပြုံးမြင့်

    July 5, 2014 at 11:56 pm

    နိုင်ငံရေးဆိုတာ ချက်စ်ထိုးသလို ကစားကွက်တစ်မျိုးဖြစ်ပါတယ်။ အပြောင်းအလဲဖြစ်စ နိုင်ငံငယ်လေးတွေမှာ မျိုးချစ်စိတ်ဓာတ်တွေ၊ သူရဲကောင်းကိုးကွယ်တာတွေဟာ ဖြစ်မြဲဓမ္မတာတွေပါ။ အဲဒါတွေကို ကျော်လွန်နိုင်မှ လက်ကြီးသမားတွေ ကစားတာကို မခံရမှာ။ အခုက ခန့်ခန့်ပြောတာက ပုဂ္ဂိုလ်ရေးဖယ်ပြီးတွေးလိုက်ရင် ရိုးရိုးရှင်းရှင်းလေး။ ကစားကွက်ကိုပဲ ပြောသွားတာ။ ဒါကို ဖတ်တဲ့သူတွေက အမေစုကို ထိပြီမှတ်ပြီး ဝိုင်းဆော်ကြတာ။ ဟုတ်ပါပြီ။ ၂၀၁၅မှာ လူထုက ထောက်ခံရင်ပဲ သူ သမ္မတဖြစ်မှာလား။ ဘယ်တော့ပြင်မှာလဲ။ ၅၉ စ ကို။ ဘယ်အချိန်မှာ ပြင်ကြမှာလဲ။ ဒါကို မပြင်နိုင်လို့ အမေစုကိုယ်ပွား ကို မွေးထုတ်ဖို့ပြောတာပါ။ အမေစုကသာ ဒါကျမ ကိုယ်ပွားပါဆိုရင် အားလုံးက စကားနားထောင်ကြမှာပါပဲ။ ဒါဟာသာလျှင် သူ့ရဲ့ အလှပဆုံး နိုင်ငံရေးကစားကွက်ဖြစ်လိမ့်မယ်။ ဘယ်အချိန်မှာ ဘယ်သူ့ကို စင်ပေါ်တင်မလဲ။ ဒါဟာသာလျှင် သူ့ရဲ့ ကမာ္ဘကျော် ကစားကွက်ဖြစ်လိမ့်မယ်။ တိုက်ပွဲက ၂ဆင့်လာရမယ်။

    • မင်း ခန့် ကျော်

      July 6, 2014 at 2:07 pm

      အမရေကျေးဇူးပါဗျာ။
      ကျတော်အမြင်ကို မြင်ပေးလို့ပါ။ (လက်ခံတယ်ဆိုတာကကျတော့်အပိုင်းတော့
      မဟုတ်ပါဘူးဗျာ)
      နောက် ဒီလိုကျတော်စဉ်းစားမိသလို
      ပုံစံမျိုး ဒေါ်စုကခင်းကျင်းလာခဲ့ရင် (တထပ်တည်းမဆိုလိုပါ)
      ရှေ့မှာရှိတဲ့အတားအဆီးမှန်သမျှကို
      ကျတော်တတ်နိုင်သည်ထက်ပိုပြီး တိုက်ခိုက်မှာပါ။
      ကျတော်ကထောက်ခံပြီဆိုရင် စကားနဲ့တင်ထောက်ခံတတ်သူမဟုတ်လို့ပါ။(မည်သူ့ကိုမှ
      မရည်ရွယ်ကြောင်းပါ)
      ဟုတ်ကဲ့ပါ။

  • nicolus agral

    July 6, 2014 at 12:11 pm

    ကျနော် လူတော်တယောက်မဟုတ်ပေမဲ့လူအတော့လဲမဟုတ်ပါဘူး
    diplomat ကစားကွက်
    strategy ကစားကွက်
    တွေကို ခပ်ပါးပါးတော့နားလည်ပါတယ်

    ပြီးတော့ဘဝနာဖူးသူတယောက်အနေနဲ့
    ဘယ်သူ့စကားက ပိသလေးနဲ့ပစ်သလိုပြောပေမဲကစေတနာပါတယ်
    ဘယ်သူ့စကားက အပြောချိုပေမဲ့ စေတနာစကားလိုနဲ့ တကယ်တမ်းမကောင်းတဲ့ဟာဆိုတာ
    နားလည်ပါတယ်အန်တီပြုံး

    • မင်း ခန့် ကျော်

      July 6, 2014 at 2:13 pm

      ဟုတ်ကဲ့ပါအကိုရေ။
      ဒေါ်စုကိုထောက်ခံတယ်ဆိုတဲ့အချက်တချက်နဲ့
      ဒီမှာဝင်ပြီး ဆွေးနွေးနေတဲ့သူတယောက်အနေနဲ့
      တိုင်ပြည်တာဝန်ကို အခုလက်ရှိအုပ်ချုပ်နေတဲ့
      အဘ တွေထက်အများကြီးသာပါတယ်လို့ကျတော်မြင်ထားပါတယ်။
      မန့်ပေးတဲ့အတိုင်းအပေါ်မှာပြန်မန့်ပေးတာမို့ နားလည်ပေးပါဗျာ။
      ဟုတ်ကဲ့ပါ။

  • ဖြစ် ချင် တာ တွေ ဖြစ ်သင့် မှာ ကို စဉ်း စား ကြည့် ဘို့ လို မယ် လို့ ဘဲ ပြော ချင် ပ ါတယ်။

    ဖြစ် ချင် တာ ပြော ရ မယ် ဆို ရ င်တော့ အများ ကြီး ပါဘဲ။။

    တစ်ဦး တစ်ယောက် ထဲ လက် ထဲ ရောက် သွား တဲ့ အခါ
    ကြုံ တွေ ခဲ့ တဲ့ ရလာဒ် ဆို း တွေ တော့ မမေ့ သေးဘူး လို့ ဘဲ ပြော ချင် ပ ါတယ။်

    ဘာ လို့ လဲ ဆု ိတာ အထက် က လူ က အောက်က လူ ကို မထိန်း တာ ခေတ် အဆက်ဆက် မှာ ကြုံ ဘူး လို့ ပါဘဲ။

    အသေး စိတ် ရေး ပြ မယ် ဆို ရင် အခန်း ဆက် ရေး မှ လုံ လောက် မယ် ထင် ပါ တယ်

    • မင်း ခန့် ကျော်

      July 7, 2014 at 9:49 am

      ဟုတ်ကဲ့ပါလေးပေါက်ရေ။
      မြန်မာ့နိုင်ငံရေးမှာက
      ပြည်သူတွေရဲ့ ဖြစ်ချင်တာတွေ ဆိုတာတွေနဲ့
      ဒီလိုဖြစ်သင့်ပါတယ်ဆိုတဲ့သဘော တွေက တအုပ်စု။
      မဖြစ်ချင်တာတွေနဲ့ မဖြစ်သင့်တာတွေကိုပဲပေးနေတာ
      တအုပ်စု လို့ကျတော်အုပ်စုနှစ်စုခွဲမြင်မိပါတယ်။
      ပြည်သူတွေရဲ့ဖြစ်ချင်တာတွေနဲ့ဖြစ်သင့်တာတွေကို
      မဖြစ်အောင် ပေးနေတဲ့အာဏာပိုင်များက စည်းလုံးညီညွတ်
      နေပြီး
      ဖြစ်ချင်တဲ့ဆန္ဒ နဲ့ ဖြစ်သင့်တဲ့အရာ ကို ကိုယ်စားပြုနေတဲ့
      ပြည်သူ တွေမှာတော့ ကွဲပြားနေတယ်လို့လဲမြင်ပါတယ်။
      ကျတော့်အနေနဲ့ ဖြစ်ချင်တာနဲ့ဖြစ်သင့်တာကို
      ဘယ်လိုရအောင်လုပ်မလဲ ဆိုတာကို ပိုစိတ်ဝင်စားမိကြောင်းပါ။
      ဟုတ်ကဲ့ပါလေးပေါက်ရေ။

Leave a Reply