ဒီနေ့ ကိုငှက် မွေးနေ့ဗျ… ဟုတ်တယ် သူက ၁၉၆၃ ဇူလိုင် ၁ရက်မှာ မွေးသူဆိုတော့ ..။

သူရှိနေရင် သည်နေ့ အသက် ၅၁ နှစ် ပြည့်မှာပေါ့ဗျာ။

ဘာလိုလိုနဲ့ သူဆုံးတာတောင် ၁၀နှစ် ပြည့်တော့မှာပါလာ (သြဂုတ် ၁၄ ဆိုရင်)

သူရှိနေရင် … အင်း သူရှိနေရင် … နောက်ထပ် အဖန်ဖန်တောင် သေချင်မလားပဲ..။

သည်ဘက်ခေတ် ဂီတ ရေစီးကြောင်း ကို ကြည့်ပြီးသကာလလေ…။

ဟိုဆြာသမား ပြောသလို ခင်ဗျား စောစော သေတာပဲ အေးပါတယ် ဘိုးတော် ရာ …။

လို့ပဲ ပြောရမလိုလို…။ ဒါ စကားအဖြစ်ပြောတာပါ…။

 

 

 

ပိုမို ဖွံ့ဖြိုးလာတဲ့ နည်းပညာ ပိုမိုခေတ်မီလာတဲ့ အတတ်ပညာရှင်တွေနဲ့..

အသစ် ထွက်လာတဲ့ ရှားပါး (မျိုးကောင်း) အနုပညာသမား အသစ်တချို့နဲ့

သူသာရှိနေရင် ဘာတွေ ဘယ်လို ပေါင်းစပ် ဖန်တီး မွေးမြူမလဲ ဆိုတာတော့

ကျနော်တို့ မြင်ခွင့်မရတော့….တာ ၀မ်းနည်းစရာပါ…။

တလောက ဖတ်ရတယ်… ကိုငှက် ၁၀နှစ်ပြည့် တခုခု လုပ်ကြမယ်တဲ့…။

လုပ်ကြပါ ဆြာတို့ရယ်… ကျုပ်တို့လည်းအဲ့ ဘီးကျဲကို လွမ်းပါတယ်

 

 

 

(ဆြာတွေစကားငှားပြောရရင်)

မထင်မရှားနဲ့ နယ်က တက်လာတဲ့ သူ က လက်ကြီး၂ဖက်ဆန့်တန်းပြီး ဂီတလောကထဲ မားမားကြီး ၀င်ခဲ့ ဖူးတဲ့ …

မိုင်နာ ကော့ဒ် တွေနေရာမှာ လက်သန်းလေး တချက်ထောက်ပြီး မေဂျာဆဲဗင့်သ် နုတ်တွေနဲ့ အသံဝဲ၀ဲလေးတွေသုံး

တနိုင်ငံ လုံးကို လှုပ်နှိုးခဲ့ တဲ့ …ရှေးမဆွကပင် လေမှုတ်တူရိယာတွေ နှစ်သက် ထည့်သွင်း သီဆို ခဲ့တဲ့ ..

ကော်ပီကောင်တွေပါကွာလို့ ကမ္ဘာက သိနေပေမယ့် ဒင်းတို့ကို ငဒို့လူမျိုးထဲ သည်လို တတ်-သိ-ကျွမ်းကျင် တဲ့ ပညာရှင်

ရှိသကွ ထုတ်ပြရဲလောက်အောင် ပြောင်မြောက်ခဲ့တဲ့ ဘိုးတော်..။

ဦးညွှတ်လျက်ပါ ဘိုးတော်ရာ။

 

 

 

htoo
(ပုံကိုတော့ ကိုကန့် ဆီက တောင်းလာတာဖြစ်ပါတယ် … သည်ပုံ တခါတင်ဖူးပါရဲ့..)

 

 
ကောင်းကင်ဘုံမှာ ၀ိုင်းခြင်း ခတ်နေတဲ့ ကိုငှက်သို့။

 

 

7.1.2014

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011