၅၁နှစ်ပြည့်ပြီ (HPBD ကိုငှက်)

ムラカミJuly 1, 20141min2436

ဒီနေ့ ကိုငှက် မွေးနေ့ဗျ… ဟုတ်တယ် သူက ၁၉၆၃ ဇူလိုင် ၁ရက်မှာ မွေးသူဆိုတော့ ..။

သူရှိနေရင် သည်နေ့ အသက် ၅၁ နှစ် ပြည့်မှာပေါ့ဗျာ။

ဘာလိုလိုနဲ့ သူဆုံးတာတောင် ၁ဝနှစ် ပြည့်တော့မှာပါလာ (ဩဂုတ် ၁၄ ဆိုရင်)

သူရှိနေရင် … အင်း သူရှိနေရင် … နောက်ထပ် အဖန်ဖန်တောင် သေချင်မလားပဲ..။

သည်ဘက်ခေတ် ဂီတ ရေစီးကြောင်း ကို ကြည့်ပြီးသကာလလေ…။

ဟိုဆြာသမား ပြောသလို ခင်ဗျား စောစော သေတာပဲ အေးပါတယ် ဘိုးတော် ရာ …။

လို့ပဲ ပြောရမလိုလို…။ ဒါ စကားအဖြစ်ပြောတာပါ…။

 

 

 

ပိုမို ဖွံ့ဖြိုးလာတဲ့ နည်းပညာ ပိုမိုခေတ်မီလာတဲ့ အတတ်ပညာရှင်တွေနဲ့..

အသစ် ထွက်လာတဲ့ ရှားပါး (မျိုးကောင်း) အနုပညာသမား အသစ်တချို့နဲ့

သူသာရှိနေရင် ဘာတွေ ဘယ်လို ပေါင်းစပ် ဖန်တီး မွေးမြူမလဲ ဆိုတာတော့

ကျနော်တို့ မြင်ခွင့်မရတော့….တာ ဝမ်းနည်းစရာပါ…။

တလောက ဖတ်ရတယ်… ကိုငှက် ၁ဝနှစ်ပြည့် တခုခု လုပ်ကြမယ်တဲ့…။

လုပ်ကြပါ ဆြာတို့ရယ်… ကျုပ်တို့လည်းအဲ့ ဘီးကျဲကို လွမ်းပါတယ်

 

 

 

(ဆြာတွေစကားငှားပြောရရင်)

မထင်မရှားနဲ့ နယ်က တက်လာတဲ့ သူ က လက်ကြီး၂ဖက်ဆန့်တန်းပြီး ဂီတလောကထဲ မားမားကြီး ဝင်ခဲ့ ဖူးတဲ့ …

မိုင်နာ ကော့ဒ် တွေနေရာမှာ လက်သန်းလေး တချက်ထောက်ပြီး မေဂျာဆဲဗင့်သ် နုတ်တွေနဲ့ အသံဝဲဝဲလေးတွေသုံး

တနိုင်ငံ လုံးကို လှုပ်နှိုးခဲ့ တဲ့ …ရှေးမဆွကပင် လေမှုတ်တူရိယာတွေ နှစ်သက် ထည့်သွင်း သီဆို ခဲ့တဲ့ ..

ကော်ပီကောင်တွေပါကွာလို့ ကမာ္ဘက သိနေပေမယ့် ဒင်းတို့ကို ငဒို့လူမျိုးထဲ သည်လို တတ်-သိ-ကျွမ်းကျင် တဲ့ ပညာရှင်

ရှိသကွ ထုတ်ပြရဲလောက်အောင် ပြောင်မြောက်ခဲ့တဲ့ ဘိုးတော်..။

ဦးညွှတ်လျက်ပါ ဘိုးတော်ရာ။

 

 

 

htoo
(ပုံကိုတော့ ကိုကန့် ဆီက တောင်းလာတာဖြစ်ပါတယ် … သည်ပုံ တခါတင်ဖူးပါရဲ့..)

 

 
ကောင်းကင်ဘုံမှာ ဝိုင်းခြင်း ခတ်နေတဲ့ ကိုငှက်သို့။

 

 

7.1.2014

 

6 comments

  • ဇီဇီ

    July 1, 2014 at 9:11 am

    အရမ်းး ကြိုက် ပြီးးး တစ်ခွေလုုံးးး နားထောင် နိုုင် စွမ်းးမရှိ တဲ့ ထဲ သူ့ သီချင်းးတွေ လည်းး ပါသပေါ့

    :hint:

  • kyeemite

    July 1, 2014 at 10:24 am

    သူ့အသံမှာ ကရုဏာ သံပါတယ်…
    ထူးအိမ်သင်သီချင်းသံစကြားဖူးတာ ၁၉၈၆ လောက်ကထင်ရဲ့…အသက်ငယ်ငယ်နဲ့
    ထွက်သွားတာနှမျောပါတယ်ဗျာ…

  • ဦးကြောင်ကြီး

    July 1, 2014 at 12:51 pm

    ကင်းကောင်ဗုံပါကွ…

    ချက်မှတ်။ သူ့သမီးဓာတ်ပုံ တလောဂ တွေ့လိုက်သယ်.. ဂွတ်ထှ..

  • Paing Lay

    July 1, 2014 at 3:08 pm

    ဒီနေ့ ပေါ်ပြူလာမှာ ဖတ်လိုက်ရပါတယ်။ သူ့သမီး မိကွန်ထောလေး တောင်မှာ 10နှစ်ပြည့် အထိမ်းအမှတ်မှာ ပါဝင်သီဆိုဦးမယ်တဲ့ဗျ။ ပြီးတော့ IC နဲ့ Emperor ပါဦးမယ်ဆိုရင်တော့ တကယ့်ကို မြိုင်ဆိုင်မယ့် ပွဲကြီးပွဲကောင်းပါပဲဗျာ 🙂

  • black chaw

    July 1, 2014 at 4:33 pm

    ကိုငှက်
    ခင်ဗျားထွက်သွားတာတောင် ဆယ်နှစ်ပြည့်တော့မယ်နော်…။
    ခင်ဗျားမရှိတော့ပေမယ့်
    ခင်ဗျားရေးထားခဲ့တဲ့ သီချင်းတွေနဲ့ ကျွန်တော်တို့ အလွမ်းဖြေလို့ရနေတယ်…။
    ခင်ဗျားက ကျွန်တော်တို့အတွက်တော့
    မှော်ဆရာတစ်ယောက်ပါ…။
    ဂီတ မှော်ဆရာပေါ့…။
    စိမ်းရက်လေအား လို အသည်းကွဲသီချင်းမျိုးတွေ ကို ခင်ဗျားရေးတတ်သလို
    ညီလေးရေ နဲ့လည်း ခင်ဗျားကျွန်တော်တို့ကို ဆုံးမခဲ့ဖူးပါတယ်…။
    အမေ့အိမ်လို့ မိခင်မေတ္တာဖွဲ့ သီချင်းမျိုး ခင်ဗျားရေးတတ်သလို…
    တုနှိုင်းမဲ့ရတနာလို ဖခင်မေတ္တာဖွဲ့ သီချင်းမျိုးလည်း ခင်ဗျားဆိုခဲ့ဖူးတယ်…။
    ရာဇဝင်များရဲ့ သတို့သမီးလို သီချင်းမျိုးနဲ့ ခင်ဗျား ဧရာဝတီကိုချစ်ပြခဲ့သလို
    အဆုံးသတ်တိုက်ပွဲလို သီချင်းမျိုးနဲ့ ခင်ဗျား ရဲရင့်ခဲ့ဖူးတယ်…။
    ခေါင်းစဉ်တစ်ခုတည်းအောက်မှာ သေဆုံးပစ်လိုက်ရမှာ ခင်ဗျား ကြောက်ခဲ့ဖူးတယ်…။
    အဲဒါကြောင့် ကော်ပီသီချင်းတွေလည်း ခင်ဗျားဆိုခဲ့ဖူးတယ်…။
    ဝင်းမင်းထွေးနဲ့ အရင်အတိုင်း၊ မြင့်မိုးအောင်နဲ့ စကားလုံးမရှိတဲ့ ကောင်းကင် စီးရီးတွေက
    ကော်ပီတွေပေါ့။
    ခင်ဗျားနဲ့ ပတ်သက်ရင် တော်တော်များများကို ကျွန်တော်က မှတ်မိနေခဲ့တာပါ။
    စုံတွဲသီချင်းတွေကိုလည်း ခင်ဗျား တစ်ရှိက်မက်မက် သီဆိုခဲ့ဖူးတာလည်းမှတ်မိနေခဲ့။
    ပေါက်ပေါက် နဲ့ ဝေးသွားတဲ့ အခါ၊ ကာရံမညီသော…၊
    အိအိ နဲ့ ဆိုခဲ့တဲ့ ရင်ခုန်ရင်အချစ်…ကို မေဆွိနဲ့လည်း ခင်ဗျားပြန်ဆိုခဲ့ဖူးရဲ့။
    ဖြူသီကြီး နဲ့တောင် လမ်းပြကြယ် ကို စုံတွဲဆိုခဲ့ဖူးသေးတယ်ဗျာ…။
    အောင်ရင်နဲ့ မဆုံးတဲ့ သီချင်း…၊ လေးဖြူနဲ့ ရင်ထဲကမိုးစက်များ၊
    ဘိုဘိုနဲ့ နေရာချင်းသာလဲလိုက်ချင်တယ် သီချင်းတွေကို ယောက်ျားခြင်း စုံတွဲဆိုခဲ့ဖူးရဲ့…။
    ဟာမိုနီကာ မှုတ် တာလည်း ခင်ဗျားရဲ့ ဝါသနာပဲ ထင်ပါရဲ့…။
    စန္ဒယားလှထွဋ်ကြီးရဲ့ ပန်းတွေနဲ့ဝေကို ခင်ဗျား ပြန်ဆိုခဲ့ဖူးတာလည်း မှတ်မိနေခဲ့…။
    အောင်ဆန်းကွင်းရှိုးတစ်ခုမှာ အမေ့အိမ် သီချင်းကို ခင်ဗျားနဲ့ လေးဖြူ
    စိတ်ပါလက်ပါ အတူတူ ဆိုခဲ့ကြဖူးတာလည်း မှတ်မိနေခဲ့…။
    ကျော်ဟိန်းရဲ့ ဓါးတောင်ရုပ်ရှင်ဇာတ်ကားမှာ ဇာတ်ဝင်သီချင်းတစ်ပုဒ် ကိုလည်း
    ခင်ဗျားဆိုခဲ့ဖူးတာလည်း မှတ်မိနေခဲ့…။
    ဇော်လတ်တို့ရဲ့ The Ants အခွေမှာ ငပျင်းသီချင်းကို ခင်ဗျားဆိုခဲ့ဖူးတာလည်း မှတ်မိနေခဲ့…။
    အကြင်နာအိပ်မက် MTV ကို စိုးမြတ်ကလျာ နဲ့ ရိုက်ခဲ့တာလည်း မှတ်မိနေခဲ့…။
    မဟာဝီရ အိုဗုဒ္ဓ သီချင်းနဲ့ ဗုဒ္ဓကို ပူဆော်ခဲ့ဖူးတာလည်း မှတ်မိနေခဲ့…။
    မစ္စတာ ဂစ်တာမှာ ခင်ဗျားစိတ်လိုလက်ရရှိရင် သီချင်းတက်တက်ဆိုတတ်တာလည်း မှတ်မိနေခဲ့…။
    ခင်ဗျားနဲ့ ပတ်သက်ပြီး မှတ်မိနေတာတွေက ပြောလို့ကုန်မှာ မဟုတ်ပါဘူး…။
    အခု ခင်ဗျားလစ်သွားတာ ဆယ်နှစ်ပြည့်တော့မယ်နော်…။
    ခင်ဗျားကတော့ ကောင်းကင်ရဲ့ တစ်နေရာမှာ ဟာမိုနီကာ လေးနဲ့ ငြိမ့်နေလောက်ရောပေ့ါ…။
    ကျွန်တော်တို့မှာသာ လွမ်းကောင်းတုန်း…။

  • ကြောင်ဝတုတ်

    July 9, 2014 at 2:24 pm

    ငွေထုပ်ပိုက်နောက်ကလိုက်တဲ့ ပရိုဂျူဆာတိုင်း…
    အလုပ်မဖြစ်လိုက်ပွဲပျက်လိုက်နဲ့ စိတ်ညစ်ကုန်ပြီ…
    ငြင်းငြင်းပြီး မောင်းထုတ်တတ်တဲ့အဆိုတော်ကြီး အရမ်းပဲဂွကျသေး…

    ကိုညီထွဋ်ရဲ့သီချင်းလေးနဲ့
    ထပ်ဆင့်ဂုဏ်ပြုလွမ်းခဲ့ပါတယ်…

    သီချင်းတွေနဲ့ဆိုပုံဆိုပေါက်…
    ဂီတပညာအရမ်းလေးစားပြီး…
    အသံကိုလုံးဝမကြိုက်သော ကျွန်တော်မြတ်နိုးတဲ့အဆိုတော်ကြီးတစ်ယောက်ပါဗျာ…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

Leave a Reply