ဖြောင့်မယ် ကောက်မယ် ညှပ်မယ်

moonpoemJuly 1, 20141min21013

ကျွန်မကလေ တကယ်ပါ ဆံပင်ပုံစံပြင်လို့အကျိုးမပေးတဲ့
အထဲမှာ ပါတယ်။

တက္ကသိုလ်ပထမနှစ်တက်လို့ နှစ်ဝက်ရောက်ချိန်ချစ်စံအိမ်
ဇာတ်ကားထဲကအွန်စောဆံပင်
အကောက်စတိုင်ခေတ်စားတော့
ကိုယ်လည်းအွန်စောထက် လှလိုလှငြားသွားကောက်တယ်။

Mainနားကအလှပြင်ဆိုင်တစ်
ဆိုင်ကိုသွားကောက်တော့
ကံဆိုးချင်တောသင်တန်း
တက်နေဆဲဆိုင်က
ကောင်မလေးရဲ့အစမ်းသပ်ခံ
ဘဝနဲ့သွားတိုးပါလေရောလား။

ဆံပင်အချို့ကနံပါတ်၂၃အလိပ်တံနဲ့အချို့ကနံပါတ်၂၅နဲ့မှားကောက်တာခံရတယ်။ကိုယ်ကတော့ ဘယ်သိမလဲအွန်စောစတိုင်လို့ပ
ဲထင်တာ။ပြီးလည်းပြီးရော ဆံပင်တစ်ခြမ်းကပြေပြေလေး
ကောက် တစ်ခြမ်းကကျ
ခေါက်ဆွဲကောက်သလို ကောက်ချိတ်နေပြီး လူက အသားညိုတော့အွန်စောမဖြစ်ဘဲအိနိ္ဒယစော ဖြစ်သွားလေရဲ့။

စိတ်နာပေမယ့်ကိုယ့်ကိုကိုယ် ဟယ်ရီဘယ်ရီနဲ့နင်လားငါလား
ပါပဲလေဆိုပြီး တစ်နှစ်လောက်
တော့ သည်းခံလိုက်ပါတယ်။

နောက်နှစ်ကျတော့ ဆံပင်ဖြောင့်ဖို့ စိတ်ကူးမိတယ်။ ဖွင့်ခါစ ဆိုင်တစ်ဆိုင်က လျှော့ဈေးဆိုတော့ စိတ်ဝင်စားလို့သွားဖြောင့်လိုက်မ
ိတယ်။

ဖြောင့်ချက်ကလန်းသလားတော
့မမေးနဲ့။ဦးရေပြားထိပ်ကို နည်းနည်းလေးမှ မချန်ဘဲ ဖြောင့်ပေးလိုက်တာ။ထိပ်ကချွန်
ပြီးဘေးဆံပင်တွေကားသွား
တယ်လေ။အာဖရိကလူမျိုးတွေနေတဲ့ တဲအိမ်ကြီး ကျနေတာပဲ။

အဲသဟာတော့လုံးဝမခံစားနိုင်လို
့၃လလောက်အကြာ
ဆံပင်အတိုသွားညှပ်မယ် စိတ်ကူးမိ်တယ်။ညှပ်တာတော
့ဘယ်လိုနည်းနဲ့မှမမှားနိုင်တော့ဘူးလေဟင်းဟင်း။

အဲဒီဆိုင်ရောက်တော့ ဆံပင်ဒီဇိုင်နာကကိုရီးယားမှာ
ခေတ်စားနေတဲ့လှေကားထစ်
်ပုံညှပ်မယ်okလားတဲ့။ကိုယ်က
လည်းခရီရေးရှင်းသမား
မဟုတ်လား okပေါ့။

ညှပ်အပြီး ဆံပင်ပုံက နောက်ကနေကြည့်ရင်လည်း
ဘယ်ကနေ ညာကို လှေကားထစ်ပုံ။အဲ…ရှေ ့နဖူးပေါ် ကျပြန်တော့လည်းညာကနေ
ဘယ်ကိုလှေကားထစ်ပုံစံ။

ကိုရီးယားဖက်ရှင်မဟုတ်ဘဲ တရုတ်ဓားသမားပုံစံ။လက်နက်ပုန်းနဲ့အပစ်ခံရလို့ဆံပင် ပြတ်သွားတဲ့ ဒီဇိုင်း။

အစကတည်းက ပြောပါတယ်။ကျွန်မက ဆံပင်ပုံစံပြင်လို့အကျိုးမပေးပါဘူးလို့ဆို်။

နောက်ဆုံး ဆိုင်ကနေအပြန် ဘဝကတော့ ဟိုသီချင်းလေးအတိုင်းပါပဲ။

မေ့မျက်ရည်ဝိုင်း မေ့မျက်ရည်ဝိုင်း ပြန်တွေးလေတိုင်း ငိုချင်တယ်ပေါ့လေ။

(ဆံပင်စတိုင်ပြောင်းသူတိုင်း လှကြပကြပါစေ။)

13 comments

  • ဇီဇီ

    July 1, 2014 at 9:06 am

    OMG..!
    ဒီ ကလေးမ တော့ စောစောစီးးးစီးးး ရီခိုုင်းးးပြန်ပြီအေ

    :mrgreen:
    :mrgreen:

  • JackSkellington

    July 1, 2014 at 9:08 am

    ဆံပင် သွားညှပ်မိတာများ

    ရန်ကုန် မှာ ညှပ်တုန်းကလဲ ဆံပင်တွေ ရှည်နေလို့ သပ်သပ်ရပ်ရပ် တိုပေးပါကွာ လို့ ပြောတာကို
    ဆံပင်ညှပ်ဆိုင်က ငတိက အီမိုကေလိုလို ဆာမူရိုင်း ကေလိုလို လုပ်မယ် တကဲကဲ ဖြစ်နေလို့
    ဘယ့်နှယ် ဒီ ဆံပင် ဒီလောက် လှိုင်းထနေတာကိုများ ဒင်းက အီမိုကေလို ရှေ့ကို အပြားလိုက်ကြီး ချဖို့ လုပ်ချင်သေးသတဲ့။
    အဲ့ဒါ မနည်း ပြောယူပြီး ကိုယ့်လက်နဲ့ကိုယ်ပဲ ဆံပင် ကို အပေါ်တွေ လှန်တင် တော့မှ
    ဘာတဲ့ “အကို က လူကြီး ပုံ ကြိုက်သကိုး” လုပ်သွားသေးတာ စပ်ဖြဲဖြဲ နဲ့ ဒင်း

    ဒီမှာ ညှပ်တော့လဲ ဆံပင် တိုတို ညှပ်မယ် ဆိုတာကို ညှပ် တဲ့ အမျိုးသမီး က ဘေးနား က ကောင်လေး ကေ ကို ပြတယ် ဒီလို တိုမှာလားတဲ့ ကြည့်လိုက်တော့ ပုံစံ က ဘေး တစ်ခေါင်းလုံး အပြောင် ကို မှ အပေါ်က ဆံပင်တွေက အရှည်ကြီးရယ်
    အဲ့လောက် မတိုဘူး ပြောပြန်တော့လဲ ဘေးတွေက ရှည်နေပြန်ရော ညှပ်တော့။

    ဆံပင် တစ်ခါညှပ် တစ်ခါ ရင်နာစရာတွေ ဖြစ်ဖြစ်လာတယ်ကွယ်။ း)

  • Mi Phyu

    July 1, 2014 at 10:11 am

    ရယ်လိုက်ရတာ မလကဗျာရယ် 😀

  • kyeemite

    July 1, 2014 at 10:45 am

    ဒီတခါဆံပင်ညှပ်ချင်ရင် တောင်လှေခါးကြီးမိုက် နဲ့ ဓါး အာဂ ရှိတယ်လေ…ရွာလယ်ကဆိုင်ကိုသာလာလိုက်ပါ
    အကြွေးလည်းရပါတယ်…ဆယ်အိမ်ခေါင်း ရွှေတိုက်ဆို အဲ့ဆိုင်မှ အဲ့ဆိုင်ပဲ 😀

  • Novy

    July 1, 2014 at 11:26 am

    ဆံပင်နဲ့ပတ်သက်ပြီး ဖြောင့်မယ် ကောက်မယ် ညှပ်မယ်
    လုပ်ပြီးမှ ပုံမကျရင်တော့ အရမ်းကို စိတ်ညစ်ဖို့ကောင်းပါတယ်
    ခံလည်းခံစားဘူးတယ်
    ခေါင်းကြီးလည်းဖြတ်ထုတ်လိုက်လို့ မရ ဦးထုပ်လည်းအမြဲဆောင်းမရ
    မှန်တောင်မကြည့်ချင်ပါ

  • etone

    July 1, 2014 at 12:17 pm

    ညလေး moonpoem ရေ …. ရယ်ရတာ ဗိုက်တောင် အောင့်တယ် …. ။ 😆
    နောက်တခါ ဂဒုံးတုန်း …. သေချာတယ် ပြောတဲ့အတိုင်း စိတ်တိုင်းကျ ဖြစ်မှာ … ဘယ်လိုမှ မလွဲနိုင်တော့ဘူး … ခိခိ :mrgreen:

  • Ma Ma

    July 1, 2014 at 2:40 pm

    ကောက်တယ်။
    မကြိုက်ဘူး။
    ဖြောင့်တယ်။
    မကြိုက်ဘူး။
    ညှပ်တယ်။

    ဆိုင်တွေအတွက်ကတော့ ခေါင်းတစ်ခေါင်းကို ၃ ခါလောက် အလုပ်ရတာပေ့ါ။ :kwi:

  • moonpoem

    July 1, 2014 at 4:07 pm

    အားလုံးက ကတုံးတုံးခိုင်းဖို့ အလိုရှိနေကြပါလား အဟင့် 😀

  • Shwe Poe

    July 1, 2014 at 5:55 pm

    ဟားးးးးးဟားးးးးးးးဟားဟားဟား
    ကတုံးကေ ကစိတ်အချရ ဆုံးပဲဗျ
    စိတ် ရှင်းခေါင်းရှင်းပိုတောင် ကောင်းသေး
    ဒါကြောင့်ကတုံးပဲတုံးလိုက်တော့ ဟီးးးးးး
    😀

  • naywoon ni

    July 1, 2014 at 10:33 pm

    ဆံပင်​နဲ့ပတ်​သက်​ပြီးစိတ်​ချမ်​းသာရ​အောင်​ ကဒုံး တုန်​းကြည်​့ပါလား ပြီး​တော့ ဖွဘုတ်​မှာ ကြွားလိုက်​ သိလား

  • အရီးခင်

    July 3, 2014 at 11:52 pm

    မြောက်ကိုရီးယား ခေါင်းဆောင်ကြီး (လက်ရှိ) ရဲ့ ဘေးပြောင် ဘုတ်အုပ် စတိုင် ထားပါလို့။
    အခု ကမ္ဘာမှာကို နာမယ်ကြီးနေတာနော်။
    သူ ဆံပင်စတိုင်အတိုင်း သူ့နိုင်ငံက ကျောင်းသားတွေ လိုက်ထားရမယ် ဆိုလားဘဲ။
    :-)))

  • ခင် ခ

    September 16, 2014 at 4:08 pm

    ဖြောင့် ကောက် ညှပ် လုပ်ပြီးပြီဆိုတော့ ဒီတစ်ခါ ဆံထုံး ပေါ့။

  • Yae Myae Tha Ninn

    September 17, 2014 at 8:56 am

    ကတုံးတောင် တုံးနေသား သမားမှ ဖြစ်မှ မဟုတ်ရင် ဓားရှရင် ပိုဆိုးတယ်… ကတုံးက ပြောင်နေတဲ့ ကြားထဲ ဓားရာတွေနဲ့… 🙂

Leave a Reply