You Tube မှ Video File Download လုပ်နည်း…

ကုိ ထြဋ္July 1, 20141min37713

အုန်းကျွန်းတပုဒ်ပီးတော့ နောက်တပုဒ်ကို ဖျစ်ညှစ်ဖို့ ကြိုးစားနေတုန်း…

စကြာဝဠာအစွန်းသိုု့ ခရီးနှင်ခြင်း ဆိုတဲ့ ပို့စ်လေးကို တွေ့တော့ ဝင်ကြည့်လိုက်တယ်…

ဟဲ ဟဲ.. အချိုရှာ သကာတွေ့ဆိုသလိုပဲ.. ပို့စ်ကလဲ တင်ချင်  နဂိုကတည်းက အကြောင်းအရာမထွက်နဲ့မှာ အဆင်ပြေသွားတယ်…

ဒါဟာ ကူညီတာလဲ ဟုတ်သလို ပို့စ်တခုလဲရသွားတယ်… လေကြောနည်းနည်းတော့ ရှည်ခွင့်ပြုဗျာ..

တကယ်တော့ ကျွန်တော်က အိုင်တီသမားတယောက်ပါ… ကိုယ့်ရဲ့ နေ့စဉ်မှတ်တမ်းကိုပဲ ထူးထူးခြားခြား ပြင်ရတဲ့ အရာလေးတွေကို ပို့စ်အနေနဲ့ တင်မလားလဲ စဉ်းစားတယ်ဗျ..

ဒါပေမဲ့ ဒါက အိုင်တီဆိုက်လဲ မဟုတ်ဘူးပေါ့.. အဲလို တွေးမိတယ်..  ဘော်ဘော်တို့ရော.. မန့်ပေးကြနော် ဒါကိုလဲ… ရေးရမယ်ဆိုရင်တော့ အများကြီးပဲ… 🙂

ကဲပါ.. လိုရင်းပဲ ပြောကြမယ်…

၁  ကိုယ်ဖွင့်လိုသော You Tube ဖိုင်တခုကို ဖွင့်လိုက်ပါ…

၂  သူ့ရဲ့လိပ်စာကို Copy ကူးပါ… (ဆိုလိုသည်မှာ Google ခေါ်လိုလျှင် ရိုက်ထည့်သောအကွက်မှ စာများအားလုံးကို ကူးပါ Example http://www.youtube.com/watch?v=8SRcN76Gieg)

၃  http://www.ixconverter.net/ ကို New Tab တွင် ခေါ်ပါ…

၄  ခုနက You Tube လင့်ကလေးကို ixconverter မှ အကွက်ထဲတွင် ထည့်ပါ…

၅  ပြီးလျှင် ကို ဒေါင်းလုပ် လုပ်လိုသော Format ကို ရွေးပြီး Convert လုပ်ပါ…

၆  Convert % 100 ပြီးလျှင် လင့် တခုကျလာလိမ့်မည်… Save ကိုရွေးပါ… ဒေါင်းလုပ်ဆွဲပါလိမ့်မည်…

၇  Internet Download Manager နှင့် ဆွဲလိုသူများက ခုနက Save လုပ်ပြီး ဒေါင်းလုပ်ဆွဲနေသောဖိုင်ကို ကလစ်နှိပ်ပြီး ထွက်လာသော ဖိုင်တွင် Right ကလစ် ထပ်နှိပ်ပြီး Copy Download Link ကိုရွေးပြီး IDM တွင် Paste လုပ်ပြီး ဒေါင်းလုပ်ဆွဲပါ… IDM နှင့် ဆွဲသဖြင့် ပိုမြန်ပါလိမ့်မည်… အင်တာနက်ဆိုင်တွင် သုံးလျှင်တော့ သဘောကောင်းသော ဆိုင်တွင် ရပြီး.. မကောင်းသောဆိုင်တွင် မရပါ…

PS: မရှင်းလျှင် ကော်မန့်တွင် ရေးပြီး မေးနိုင်ပါသည်…  ဟဲ မပိုင်လား တချက်ခုတ် ၂ ချက်ပြတ်… သူ့များ အကျိုးဆောင် ကိုယ့် အကျိုးအောင်… ပို့စ်က မတင်ရရင် မနေနိုင်တာ ခွင့်လွှတ်… 😛

 

 

13 comments

  • Ma Ma

    July 1, 2014 at 4:29 pm

    အခုလို ပညာပေးစာမျိုးကိုလည်း ကြိုဆိုပါတယ် ရေမြေ့သနင်း ပြည့်ရှင်မင်းရေ။ 😀

  • Yae Myae Tha Ninn

    July 2, 2014 at 12:12 pm

    အဆင်ပြေရင် ပြီးတာပဲ.. အဆင်ပြေရင် ပြီးတာပဲ… 🙂 🙂

  • ကျေးဇူးတင်စွာဖြင့် ပို့စ်ကို save ထားလိုက်ပါကြောင်း။
    အိုင်တီနဲ့ ပတ်သက်တာတွေ တင်ပေးမှာကိုလည်း စောင့်နေပါမယ်လို့။

  • Yae Myae Tha Ninn

    July 2, 2014 at 3:24 pm

    အဲလို မြှောက်ပေးရင် ကွေးနေအောင် ကတာနော်.. အဟီး.. ဒီနေ့ ပို့စ်တခုမှ မတင်ရသေးတာ.. တင်ပြီနော်.. ဒါဆို နောက်ထပ် အိုင်တီ တပို့စ်.. ဒါပေမဲ့ အားလုံး မလွဲမသွေ ကြုံရမယ့် ပို့စ်ပါ… 🙂

  • Foreign Resident

    July 2, 2014 at 3:48 pm

    ဘာဖြစ်လို့ ဒီလောက် ရှုပ်ရှက်ခတ်အောင် လုပ်နေကြရတာလဲ ။

    ကျနော်က Fire Fox Browser မှာ
    Internet Download Manager ထည့်ထားတယ် ။

    အဲဒီတော့ You Tube Video Page တစ်ခု ဖွင့်လိုက်ရင် ၊
    Internet Download Manager က ဒီ VDO ကို Copy လုပ်မလားလို့ ၊
    သူ့ဘာသာသူ လာမေးတယ်လေ ။

  • Yae Myae Tha Ninn

    July 2, 2014 at 4:31 pm

    ဟုတ်ပါတယ်…ဘဘဖောရယ်.. ဘဘဖောတို့လို နိုင်ငံခြားကတော့ ဘယ်သိမလဲ.. ဒီမှာက ဖွတ်ချက်ဖွတ်ချက်ကို လင့်ပေါ်တာ စောင့်ရင် ဆံပင်ဖြူသွားမယ်… ပြီးတော့ ဆိုင်တွေမှာက IDM ပေးတင်ဦးမှကိုး… ရှိသည့်တိုင် IDM Full Version ရဖို့ဆိုတာက သိပ်မလွယ်ဘူး.. ကျွန်တော်တောင် Version 6 ပဲ သုံးရတာ.. Crack Key မရှိလို့.. အဲတော့ ဒီနည်းက လုံးဝ ရသေ့ စိတ်ဖြေရယ်.. ထစ်ထစ် မကြည့်ရအောင်.. ဒေါင်းမယ်.. ဒေါင်းရင်လဲ Flv နဲ့ဒေါင်းမယ်.. ဒါဆို ဆိုက်သေးမယ်.. ဆိုက်သေးတော့ မြန်မြန်ဒေါင်းလို့ ရမယ်… အဲဒါပါ ဆရာကြီးရဲ့.. လိုအပ်ချက်လေးကို ရေးပြီးတင်ပေးတာပါ.. 🙂

  • kyeemite

    July 3, 2014 at 10:58 am

    လုပ်ကြည့်တာမရဘူးဗျာ..ကွန်နက်ရှင်မကောင်းလို့ထင်တယ်… 🙁

  • Yae Myae Tha Ninn

    July 3, 2014 at 11:18 am

    မရှုပ်ပါဘူး.. ဘဘဖောရယ်… ဒီမှာက အွန်လိုင်းက ဖွတ်ချက်ဖွတ်ချက်ရယ်.. လင့်ပေါ်တဲ့ထိစောင့်လို့ကတော့ ဆံပင်ဖြူသွားမယ်… နဂိုကတည်းက ငဝိုင်းက ခပ်လည်လည်ရယ်.. ပြီးတော့ ဟိုနေ့က အက်ဒမင် ပြောသလို မန်ဘာ တသောင်းကျော်လုံးက ဘဘဖောလို ကိုယ်ပိုင် ကွန်ပြူတာနဲ့ သုံးနေတာ ဟုတ်ဘူးလေ… အင်တာနက်ဆိုင်မှာသုံးတာလေ.. အဲတော့ IDM ကို ပေးတင်ပါ့မယ် အားကြီး.. ဘန်ဝတ်တောင် ကန့်သတ်ထားတာလေ… ဒီဆိုက်ကလေးနဲ့ဆိုရင် flv နဲ့ ဒေါင်းပီးမှ ကြည့် အိုကေပီလေ.. ဟုတ်ဘူးလား.. အများအတွက်ပါ ဆရာကြီးရဲ့… 🙂

  • Yae Myae Tha Ninn

    July 3, 2014 at 11:29 am

    ဟုတ် 100 % မပြည့်သေးဘဲ.. နဂို ထည့်ဖို့ အကွက်လောက်ပဲ ပေါ်သေးရင် ထပ် Convert ကို နှိပ်ပြီး စောင့်ပါ.. စကြာဝဠာခရီးစဉ်ကြည့်ဖို့ဆိုရင် flv လောက်ပဲ အဆင်ပြေမယ်.. မိနစ်ကများတော့ ဆိုက်ကြီးလောက်မယ်.. အကြည်ကြည့်ချင်လို့ Mp4 နဲ့ ဒေါင်းရင် ကြာမယ်ဗျ.. သာမန် MTV တပုဒ်လောက်ကို စမ်းကြည့်ပါ.. အိုကေပါလိမ့်မယ်.. ကျွန်တော်လက်ရှိသုံးတာ ဒီဆိုက်ပဲဗျ… 🙂

  • Paing Lay

    July 3, 2014 at 2:35 pm

    Handset ထဲကနေ ဒေါင်းနည်းလေးလည်း ပြောပြပါဦးဗျ။ Tube Mate က သိပ်မမြန်သလိုပဲ

  • Yae Myae Tha Ninn

    July 4, 2014 at 1:40 pm

    ကျွန်တော် မစမ်းဖူးသေးဘူးဗျ.. ဒါပေမဲ့ လုပ်ကြည့်ဦးမယ်… နည်းသိရင် ပြန်ပြောပါ့မယ်…

  • ခင် ခ

    September 17, 2014 at 11:23 pm

    Viber ဗီဒီယိုဖိုင်ရဖို့ ဘယ်လိုလုပ်ရမလဲ ရေးပါအုံး ကိုယ့်ဆရာ

Leave a Reply