နိုင်ငံရေးသူငယ်နာ

မြန်မာပြည်မှာနိုင်ငံရေး
တိုးတတ်ဖွံ့ဖြိုးမူ့မရှိရတဲ့အကြောင်း
များစွာထဲမှာ ပြည်သူတွေရဲ့
နိုင်ငံရေးအသိဟာ
သူငယ်နာမစင်သေးတာလဲ
ပါ ပါတယ်။
ကလေးစိတ်မကုန်သေးတာပေါ့။
ဒါဆိုမှဒါ။
ပေးဆိုရင်ပေး။
ဒီလိုတကြောင်းစွဲနိုင်ငံရေးအသိတွေ
ဖြစ်နေတာပါ။
ဒီလိုသူငယ်နာမစင်အောင်လဲ
နှစ်ပေါင်းများစွာ
အတွေးအမြင်တွေကို
မကြီးထွားလာနိုင်အောင်
တိုင်းပြည်အုပ်ချုပ်သူတွေက
ဖန်တီးထားလိုက်တာပါ။
အောင်မြင်မူ့လည်းရလိုက်ပုံပေါ်ပါတယ်။
အမျိုးမှအမျိုး
ဘာသာမှဘာသာ တွေမျိုး
ဒေါ်စုမှဒေါ်စု
nld မှ nld တွေမျိုး
ကိုယ့်တဖက်တည်းစွဲကိုင်လာကြတယ်။
ဒီလိုစွဲလေ
ဖက်တွယ်လေလေ
အာဏာရှင်စနစ်က
တည်မြဲလေလေဖြစ်နေမှာပါ။
အုပ်စုကြီးနှစ်စုကွဲတော့
မသင့်မမြတ်ဖြစ်တော့
အကွဲကွဲ
အလဲလဲ
မောပြီဆိုတာနဲ့
ဟိုကအသာလေး
ကောက်စားသွားပါလိမ့်မယ်။
အမျိုးဘာသာအုပ်စုက
ဘာကိုလုပ်ချင်တာလဲ
ရည်ရွယ်ချက်ကဘာလဲ
ဘယ်ထိသွားမှာလဲ
နိုင်ငံရေးထဲဝင်ပါမယ်ဆိုရင်
ထိထိရောက်ရောက်ပါတီထောင်လိုက်ပါ။
ယုံကြည်လက်ခံသူတွေရှင်းရှင်းလင်းလင်း
ထောက်ခံကြပါလိမ့်မယ်။
မဲပေးပါလိမ့်မယ်။
ရွေးကောက်ပွဲအနိုင်ရရင်
အစိုးရဖွဲ့။
နောက်
ဒေါ်စုကိုထောက်ခံသူတွေ။
ဒေါ်စုက nld ပါတီရဲ့ ဥက္ကဌ ပါ။
ဒေါ်စုကိုထောက်ခံတာလား
ပါတီကိုထောက်ခံတာလား
မသဲကွဲဘူး။
ဒေါ်စုရဲ့နိုင်ငံရေးအမြင်က
ပါတီရဲ့နိုင်ငံရေးအမြင်က
ထပ်တူကြသလား။
ဒေါ်စုမရှိတဲ့နောက် ပါတီကို
ဆက်ထောက်ခံနိုင်မလား။
လူနဲ့ပါတီကို ခွဲခြားပြီးစဉ်းစား
ဖူးကြသလား။
ပါတီကရောဒေါ်စုနဲ့ဘယ်တော့မှ
ထပ်တူကြနိုင်မလဲ။
ဒေါ်စုရဲ့နေရာကိုပါတီကဆက်ခံနိုင်မလား။
ရွေးကောက်ပွဲပြီးသည်ထိ
၅၉ (စ) ကိုမပြင်ဘူးဆိုရင်
ဒေါ်စုသမ္မတ မဖြစ်ဘူးဆိုရင်
ဘာဆက်လုပ်ကြမယ်ဆိုတဲ့အစီအစဉ်ရှိသလဲ။
နောက်
နောက်ထပ်
နိုင်ငံအပေါ်
မျော်မြင်ပြီး
ကောင်းကောင်းဦးဆောင်နိုင်မဲ့
ပါတီအဖွဲ့အစည်း
ဘာလို့မရှိရတာလည်း။
မြန်မာပြည်မှာခေါင်းဆောင်ရှားတာလား
လူထုကပိတ်ထားတာလား။
နိုင်ငံရေးစင်မြင့်ပေါ်မှာ ခေါင်းဆောင်လောင်း
တွေဘာလို့များများစားစားထွက်မလာရတာလဲ။
နိုင်ငံရေးမှာပြည်သူတွေသူငယ်နာစင်မှ
ခေါင်းဆောင်လောင်းတွေများများ
ထွက်ပေါ်လာနိုင်မှာပါ။
တယောက်တည်း
နှစ်ယောက်တည်းဆိုရင်
တိုင်ပြည်က ဒုံရင်းပဲဖြစ်ဖြစ်နေမှာပါ။
နောက်
နိုင်ငံရေးမှာ
ပြည်သူတွေကို
ခေါင်းဆောင်လောင်းတွေနဲ့မိတ်ဆက်ပေး
နိုင်တာ
အသစ်အသစ်တွေ
အလားအလာရှိတဲ့သူတွေကိုဖေါ်ထုတ်ပေးနိုင်တာ
မီဒီယာတွေပဲဖြစ်တယ်။
မီဒီယာတွေလဲ
သူငယ်နာမစင်သေးဘူး။
တခါလာ
ကြံ့ဖွတ်အစိုးရသတင်း
တခါလာ
မျိုးချစ်တွေသတင်း
တခါလာ
ဒေါ်စုသတင်း
တခါလာ
ခရိုနီ တရုတ် ကုလား သတင်း
ဒီအထဲကကိုးမထွက်နိုင်ဘူး။
ဒီထဲကခေါင်းဆောင်လောင်း
နှစ်ယောက်သုံးယောက်ထက်မပိုဘူး။
တခြားမီးခဲပြာဖုံးခေါင်းဆောင်လောင်းတွေ
မီဒီယာလက်နက်နဲ့
မရှာနိုင်တော့ဘူးလား။
စင်မတင်ပေးနိုင်ဘူးလား။
သူငယ်နာစင်မှ
တိုင်ပြည် ရာစုနှစ်တိုင်အောင်
အလားအလာ
ကောင်းနိုင်မှာပါ။

36 comments

  • ဇီဇီ

    July 1, 2014 at 3:27 pm

    သူငယ်နာကင်းစင် ပါတီ တစ်ခွင် သက္ကရစ် ၃၀၀ဝ တွင်
    ………. ဆိုပြီး မွေးခါစကလေးတွေချည်းပဲ ပါတီထောင်လိုက်။
    သက္ကရစ် ၃၀၀ဝလောက်မှာတော့ သူငယ်နာစင်ကောင်းပါရဲ့။။
    သငယ်နာစင်အောင် ဘရိန်းဝပ် လုပ် ထရိန်းထားလိုက်။
    အဟီးဟီးးးး

    :mrgreen:

    • Wow

      July 1, 2014 at 4:07 pm

      လွန်မယ် ဇီဇီ… ဘူမှန်းမသိပေမဲ့ တားပါရဇီ :mrgreen:
      နိဟာက မသိရင် ဝပ်ထရိန်းဆိုတော့ သမဒကြီးခြံထဲက အကောင်အော်သံနဲ့များ တူနေသလားညော်…. :hee:

      NLD က ခေါင်းဆောင်နဲ့ပါတီ မတူဝူးဆို… ဖွတ်တွေများညီချက် တစ်ယောက်က ပြောင်းဖူးကိုင် နောက်တစ်ယောက်က ဖယောင်းတိုင်ထွန်း နောက်ဆုံး လိတ်တက် ဆင်ပေါ်ကတောင် ပိဋကတ်သုံးပုံ သယ်လာလိုက်သေး… သူငယ်နာ စင်ပုံများ :mrgreen:

      • မင်း ခန့် ကျော်

        July 1, 2014 at 4:50 pm

        အပေါ်ဆုံးကနှစ်ယောက်သိစေရန် :mrgreen:

        ဒေါ်စု လဲ နဝတခေတ်မှာတုန်းက ထိပ်တိုက်ထိပ်တိုက်နဲ့

        တိုက်ပိတ် အဲ အကျယ်ချုပ်ခံရတော့ဘယ်သူနစ်နာသတုံး??

        angry bird က ဝက်ဆိုးသခိုးတွေကိုအပြုတ်မတိုက်နိုင်ပဲ ဂန့်သွားရတဲ့

        game ဆော့သလိုဖြစ်နေတယ်။

        အာဏာကို ပါတီအနေနဲ့အရင်ယူပြီးမှ

        လူပုဂ္ဂိုလ်နဲ့ယူ။ ဒီသဘောကိုပြောတာပါ။

        အစိုးရမကောင်းကြောင်းပြောတာရပ်သင့်ပါပြီ။

        အစိုးရမကောင်းမှန်အိမ်က ဘိုနီတောင်သိနေပြီ:mrgreen:

        သူတို့က ဒီလိုလှဲ့ရင်

        ကိုယ်ကဘယ်လိုပြန်လှဲ့မယ်ဆိုတာ လုပ်သင့်နေပါပြီ။

        တကတည်း

        ကျုပ်ကိုယ်ပေါ်ဖွတ်နံ့တောင်ရနေပါပကော :mrgreen:

        • ဇီဇီ

          July 1, 2014 at 5:07 pm

          အာ့ညားးး
          အာ့ညားးးး
          ခန့်ခန့်က ကြီးမေနားမှာ အကြံပေးသွားလုပ်ပါ့လားလို့။
          ဂဒဲမှပဲ။
          ပြောနေရတယ်။ :mrgreen:

          အိမ် က ဘိုနီထိသိဦးးး သူတို့ကို ခု တို့လိုကို မရသေးတာကို။ သိသားနဲ့ လူဇိုးးးး
          😀

          ဂဒဲမှပဲ။
          ကြီးမေဟာကြီးမေ သူ့ အစီအစဉ်နဲ့ ချဉ်းနင်းဝင်ရောက်နေတာကို ဘာတွေ စိတ်လောနေကြလဲ?????

          ဂဒဲမှပဲ။
          ဖေ့ဘုတ်ပေါ်က လိုင်းပေါ်က အော်နေတဲ့ဟာတွေက တကယ် လုပ်နိုင်တဲ့သူဒေဟုတ်ဘူးးး
          မှတ်ထားး :mrgreenn:
          ပြောနေရတယ်။ ဂဒဲမှပဲ။

          အဲတော့ လုပ်နေတဲ့ လုပ်နိုင်တဲ့သူကို ဘာမှ မဝေဖန်ပဲ နေတာ အကောင်းဆုံးမို့လားးး
          သူဖြင့် မိန်းမနဲ့တောင်တစ်ညမခွဲနိုင်ပဲ ကြီးမေကိုပဲ ပြောနေတယ်။
          လူဇိုးးး
          ဂဒဲမှပဲ။

          :mrgreen:

    • Wow

      July 1, 2014 at 5:06 pm

      အောက်အရပ်မှာ နေသော သူကို မစ်တာပို့ပါဒယ်… မင်းကွန်းဆရာတော်နည်းအတိုင်း :mrgreen:

      အစိုးရမကောင်းကြောင်းကတော့ ကောင်းတာလေးတွေလုပ်ပြရင် မပြောတော့ဝူး ဆယ်သက် :kwi:

      ဒေါ်စုတက်ရင် စစ်တပ်ကအာဏာသိမ်းမယ်ဆိုတဲ့ သွေးပျက်သူတစ်စုရဲ့ ခြိမ်း၆လုံးဒွေ ရိုးနေပါပီကွယ်….

      အချိန်သိပ်မရလို့ ပြန်လာခဲ့မယ် စောင့်နေ :kwi:

      • မင်း ခန့် ကျော်

        July 2, 2014 at 11:26 am

        စောင့်နေပါတယ်ဗျာ
        ဆေးခါးကြီးတိုက်ဖို့ :mrgreen:
        ဒီလိုအစိုးရမကောင်းကြောင်း
        မြိန်ရည်ယှက်ရေပြောလေလေ
        အစိုးရကကြိုက်လေလေ။
        ဒါမှလဲတခြားအိုင်ဒီယာအသစ်တွေ
        မထွက်လေလေ။
        ဉာဏ်တုံးသထက်တုံးလေလေ။
        အုပ်ချုပ်ရလွယ်လေလေ။
        ဟိုနားဆွပေးလိုက်
        တပျော်တပါးကြီး အတင်းပြောလိုက်
        အမောပြေလောက်ရင်
        ဒီတကွက်ဟာသလုပ်ပြလိုက်
        ဝိုင်းတုပ်လိုက်ကြ
        အဲသလိုဗျာများလေလေ
        တောင်တွေရောင်းကောင်းလေလေ။
        မြစ်တွေလေလံပစ်လို့ကောင်းလေလေ။
        ခုတောင် ညက မန်းလေးမှာ
        ရုတ်ရုတ်သဲသဲဖန်တီးလို့
        ဆက်သာပြောကြပါ
        အစိုးရမကောင်းကြောင်းကို။
        ဒီအစား
        သူတို့လက်ထဲကအာဏာကို
        ဘယ်လို
        ဘယ်နည်းနဲ့
        လွဲယူနိုင်မလဲဆိုတာ။
        ဗိုလ်ချုပ်အောင်ဆန်းတောင်
        မြန်မာပြည်လွတ်လပ်ရေးရဖို့
        ရန်သူ ဂျပန်နဲ့ရော အင်္ဂလိပ်နဲ့ပါပေါင်းခဲ့ရသေးတာပဲ။
        မကောင်းပြောတာရပ်ပြီး
        အိုင်ဒီယာအသစ်တွေထုတ်ကြစမ်းပါ။
        ခေါင်းဆောင်လောင်းတွေ များများထုတ်ကြစမ်းပါ။
        ဒေါ်စုလိုခေါင်ဆောင်မျိုး
        အယောက်တစ်ရာလောက်ရှိနေရင်
        အာဏာရှင်တွေ ဘယ်လိုဆက်ရှင်သန်နိုင်မှာလဲ?။
        ခုဟာကရှင်းရှင်းလေး။
        ဒေါ်စုကို အပိုင်ချုပ်ရင်
        သန်းခြောက်ဆယ်ငုတ်တုတ်မေ့မဲ့ပုံစံမျိုး။
        ကိုင်းဘာတတ်နိုင်ကြသေးလဲ။
        ဒေါ်စုကို အာဏာရှင်တွေ
        မရှင်းပစ်တာဘာကြောင့်လို့ထင်လဲ?
        သန်းခြောက်ဆယ်ရဲ့မျော်လင့်ချက်ကို
        ဒီတစ်ဦးထဲမှာပဲမျော်လင့်ချက်ထားစေချင်လို့။
        ကိုင်းဘယ်လိုလုပ်ကြမတုံး။
        သန်းခြောက်ဆယ်ရဲ့ဘဝတွေကို လူတစ်ဦးတည်းပေါ်မှာ
        တင်ထားတတ်တဲ့မြန်မာပြည်သူတွေ သူငယ်နာစင်ဖို့လိုပါပြီ။
        တိုင်ပြည်ရဲ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းအပေါ်
        ပုံအပ်ပြီး Plan B မရှိခဲ့လို့
        လုပ်ကြံခံရပြီး အင်္ဂလိပ်အောက်ကတော့လွတ်ပါရဲ့။
        အာဏာရှင်မြန်မာလူတစ်စုလက်အောက်ဒီနေ့အထိရောက်ရတာ
        သမိုင်းကြောင်း အရုပ်ဆိုးလွန်းပါတယ်။
        (ခေတ္တနားပါရစေ မောလို့ :mrgreen: )

      • Wow

        July 2, 2014 at 2:09 pm

        တိုင်နဲ့ဂေါင်းနဲ့လားဟင်… ဆောင့်နေဒါ :mrgreen:

        နာသိပ်မအားလို့ ကြောင်လွတ်လိုက်တယ် အောက်မှာဖတ်ကျိ…. :mrgreen:

  • kai

    July 1, 2014 at 3:52 pm

    မီဒီယာက.. ခေါင်းဆောင်မွေးရတဲ့အလုပ်လုပ်ရမယ့်ပုံပေါ်နေပြီဆြာရေ..

    ဘာပဲဖြစ်ဖြစ်…
    ယူအက်စ်သမ္မတအိုဘားမားက.. ကွန်မြူနတီစည်းရုံးရေးသမားဘဝကစတာ..
    ဆိုတော့..
    မြန်မာပြည်မယ်.. အန်ဂျီအို..အန်ပီအိုတွေက.. ခေါင်းဆောင်မွေးထုတ်လေ့ကျင့်နေတဲ့နေရာတွေဖြစ်မယ်ထင်..
    (ဘာသာရေးကင်းရင်ပေါ့) :mrgreen:

    • မင်း ခန့် ကျော်

      July 1, 2014 at 4:15 pm

      မီဒီယာကမွေးထုတ်ပေးရမယ်မဆိုလိုပါဘူးဗျာ။
      ဒီနယ်မှာ ဒီလူရှိတယ်။
      ဘာတေ့ဖြင်ဘယ်လောက်ရှိတယ်။
      ဒီလိုမျိုးမီးမောင်းထိုးစေချင်တာပါ။
      ဂျာနယ်တွေမှာက
      အစိုးရကိုဆော်လိုက်
      ပရိတ်သတ်ကလက်ခုပ်တီးလိုက်။
      ကုလားအကြောင်းရေးလိုက်။
      ပရိတ်သတ်ကဆဲလိုက်။
      ဒေါ်စုဆိုတာနဲ့
      ပရိတ်သတ်က လက်အုပ်ချီပြီး အမေစု အမေစုနဲ့။
      ဒါနဲ့ပဲလုံးချာလိုက်နေတာပါ။
      အင်္ဂလန်ဘောလုံးအသင်းတောင်မီဒီယာအစွမ်းနဲ့
      တောက်တောက်ပပနဲ့။
      (ဒါပေသိ ကျတော်တော့အတော်ပါသွားတယ် :mrgreen:

  • ဝင့်ပြုံးမြင့်

    July 2, 2014 at 12:07 am

    အစ်မတို့ခေတ်တုန်းက ဆိုရိုးစကားလို စကားတစ်ခွန်းတော့ရှိတယ်။ အိမ်ထောင်ပြုတာနဲ့ ပတ်သက်ပြီးတော့ပေါ့။ ဘုန်းကြီးလူထွက်ရယ်၊ စစ်သားလူထွက်ရယ်၊ ထောင်ထွက်ရယ်မှာ ထောင်ထွက်ကိုယူတဲ့။ အခုကလည်း မြန်မာပြည်အတွက်က အဲလိုမျိုး ဖြစ်နေတာ မဟုတ်ဘူးလား။ အခု ရှိနေတာက စစ်သားလူထွက်ရယ်၊ ဘုန်းကြီးလူထွက်ရယ်၊ ထောင်ထွက်(အကျယ်ချုပ်ထွက်)ရယ်။ တခြားလည်း ဘာမှမရှိတော့ ထောင်ထွက် က ပိုမကောင်းဘူးလား။
    ခန့်ခန့် ပြောသလိုပဲ နောက်ထပ်ရွေးချယ်စရာ plan B ကလည်း မရှိ။
    —–
    Wow says: ဒေါ်စုတက်ရင် စစ်တပ်ကအာဏာသိမ်းမယ်ဆိုတဲ့ သွေးပျက်သူတစ်စုရဲ့ ခြိမ်း၆လုံးဒွေ ရိုးနေပါပီကွယ်….
    ဖြစ်တော့ဖြစ်နိုင်တယ်နော်။ အခုက တိုင်းပြည်က မရှုနိုင်မကယ်နိုင် အနေအထားမျိုး။ ချက်ချင်းကြီးတော့ အာဏာဘယ်သိမ်းမလဲ။ ခိုင်းစားလို့ ဝပြီဆိုမှ သိမ်းမှာပေါ့။ ဒါပေမယ့် လွှတ်ပေးလိုက်ပြီးပြီဆိုရင်လည်း ပြန်ချ ုပ်ဖို့ ခက်ပါတယ်။

    • မင်း ခန့် ကျော်

      July 2, 2014 at 11:00 am

      ကျတော်အဖြစ်စေချင်ဆုံးမြန်မာပြည်သမ္မတက
      ဒေါ်အောင်ဆန်းစုကြည်။
      တိုင်း/ပြည်နယ်ဝန်ကြီးချုပ်တွေမှန်သမျှ
      NLDပါတီ။
      လွတ်တော်ထဲကအမတ်ဟူသမျှ
      NLDပါတီကလူတွေ။
      ဒါကျတော်ဖြစ်စေချင်တာပါ။
      ဒါပေမဲ့
      ဒီလိုဖြစ်လာလို့
      တိုင်ပြည်သွေးချောင်စီးမယ်ဆိုရင်တော့
      သေရမယ့်လမ်းကို
      အရင်မရွေးချင်ဘူး။
      အသက်ရှင်သရွေ့
      ကြိုးစားခွင့်ရှိတယ်
      ဆိုတဲ့စကားလိုပေါ့ဗျာ။
      PLAN B ထွက်လာဖို့
      PLAN A က
      နောက်ကိုဆုတ်ပေးရပါမယ်။
      PLAN A က ရှေ့ကပိတ်နေသရွေ့
      PLAN B ကထွက်နိုင်မှာမဟုတ်။
      နောက်တခုက
      နိုင်ငံတကာအထူးသဖြင့်
      အနောက်နိုင်ငံတွေက
      ဒေါ်စုကို ပေးနိုင်တာက
      ချီးကျူးခြင်း
      အမြင့်ဆုံးသောဆုတံဆိပ်တွေပေးခြင်း
      ဒီလောက်ထက်ပိုပြီး
      သူတို့စစ်တပ်ကို
      မြန်မာပြည်သူတွေအတွက်
      မပေးပါဘူး။
      မြန်မာပြည်သူတွေနဲ့
      ဒေါ်စုအတွက်ကတော့
      မြန်မာစစ်တပ်က
      အသင့်။
      အဖြစ်မှန်မို့
      သူငယ်နာ
      ဆေးခါးကြီးတခွက်တော့
      သောက်ချိန်
      တန်ပါပြီ။

  • တိမ်မည်း

    July 2, 2014 at 11:42 am

    ၄၃၆ ပြင်တဲ့ ကိတ်စ က ဒေါ်စု သမ္မတ ဖြစ်ဖို ့ မဖြစ်ဖို ့ထက် လွတ်တော်တွင်း တပ်မတော် အာဏာ လျော့ကျ ရေး ကို ဦးတည် တယ်လို ့ ကျွန်တော် နားလည်ပါတယ်…..
    ကျွန်တော်က သာမာန်လူပါ…. အဲ့လောက် နားလည်ထားပါတယ်…
    ဒေါ်စုက သမ္မတ ဖြစ်ဖို ့ ၄၃၆ ကိုပြင်ဖို ့ကြိုးစားတယ်လို ့ အစကတည်းက မမြင်မိပါဖူး….
    ကျွန်တော် အမြင် မှားကောင်း မှားနိုင်ပါတယ်….

    ဆက်ပြောချင်တာက NLD ရဲ့ ကိုထောက်ခံတဲ့ကိတ်စပါ….. ဒါကလည်း ရှင်းပါတယ်… ရည်းစားဟောင်းပဲ ထောက်ခံမှာပေါ့…. ရည်းစားသစ် ဖြစ်ချင်ရင် ကြိုးစားလေ… ပြည်သူက ငတ်နေတာပဲ… အချိုပေးရင် ရပါတယ်…. အောင်သိန်းလင်း လို ့တော့ မလုပ်နဲ ့ပေါ့…..

    အမေရိကန်လည်း သူတို ့နောက်မှာ အင်မတန်မှ ကြီးမားတဲ့ သတိန်းကြီးတွေ ရှိပါတယ်… သူတို ့ကြောင့်လည်း နိုင်ငံရေး အပြောင်းအလဲတွေဖြစ်နေတာပါ…. ဘယ်သူတက် ဘယ်သူဆင်းနေတယ်ဆိုတာ အဲ့သထိန်းတွေက လုပ်နေတာလို ့ယုံကြည်တယ်…. ပြည်သူ ထောက်ခံတယ်ဆိုတာ သူတို ့လုပ်လို ့ဖြစ်လာတာပါ… ကြားထဲက ဖောက်ထွက်လာတဲ့ လူတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်… မြန်မာပြည်လည်း အဲ့လို ဖြစ်အောင် လုပ်နေတယ်လို ့ယူဆပါတယ်… ဒါပေမယ့် အဲ့လို မဖြစ်ပဲ တရုတ်လို ့ဖြစ်ရင်တော့ ကောင်းဖူးပေါ့…..

    မီဒီယာတွေ က အပုပ်သတင်းရေးတာတော့ အပြစ်ပြောမရဖူးဗျ…. ဒါက သူတို ့ဂျာနယ် ရောင်းကောင်းရေးပဲ…. နာမည်မရှိတဲ့သူတွေ ရေးတာ အလွန်ကျွံ ဖြစ်မယ်… နာမည်ရှိပီးသား သူတွေက ရေးတာ ကောင်းပါတယ်… အစိုးရ ကောင်းတာတွေလည်း ရေးရှာပါတယ်…. ဥပမာ အဝေးပြေးလည်း ကတ္တရာ ခင်းတဲ့ ကိတ်စ ရေးသားပဲ….. မင်းကိုနိုင်တို ့ ဦးကိုကိုကြီး တို ့အကြောင်းလဲ ရေးသားပဲ… သူတို ့တက်မလာတာတော့ မတက်နိုင်ဖူးလေ…. အစိုးကို အကောင်းမြင်တဲ့ သူတွေလည်း လူလက်တန်းစား အခြေံလူတန်းစား မှာ ရှိပါတယ်… သူတို ့သာ ဖြောင့်ဖြောင့် ဆက်သွားပါ… တချိန် အစိုးရကို အကုန် အကောင်းမြင်လာပါမှာ… ဒါပေမယ့် နှစ် လေးဆယ်လောက် ဖျက်စိး ခံလာရတဲ့ စိတ်တွေကို ငါးနှစ်နဲ ့တော့ ပြန်မကောင်းခိုင်းနဲ ့လေဗျာ… ခံရတဲ့ အနာက မုဒိမ်းကျင့်ခံရတဲ့ အတိတ်လိုပဲ…. တရက် အနာက ဆယ်နှစ်နဲ ့ပျောက်ဖို ့မလွယ်ဖူး….. နှစ်လေးဆယ်အနာကို ငါးနှစ်နဲ ့အကောင်းစွက်မြင်ခိုင်းရင် တော့ နဲနဲ အချိန်စောသေးတယ်လို ့ထင်တယ်….. အခုနေ ဆေးခါးကြီး သောက်ခိုင်းတယ်ဆိုရင် ကိုယ့်ကို မုဒိန်းကျင့်တဲ့သူကို လက်ထပ်လို ့ပြောတာနဲ ့အတူတူပဲ… မျက်စိထဲမြင်ကြည့်ပေါ့ဗျာ… ဘယ်လောက်ပဲ ဖြစ်သင့်ပါတယ်ပြောပြော… ဖြစ်ဖို ့ခဲယဉ်းပါတယ်….

    နိုင်ငံရေးသမား မွေးထုတ်တဲ့ ကိတ်စ နဲ ့ပတ်သက်ပိး သိချင်ရင်…..
    https://www.facebook.com/Myanmardevelopmentresourcesinstitute
    အဲ့မှာ တချက်ကြည့်လိုက်ပါ….. အဲ့မှာ နိုင်ငံရေး သင်တန်းကြောင်းတွေ ဖွင့်ထားပါတယ်….
    ပြည်သူတွေ ကြိုးစားနေပါတယ်…

    အကျဉ်းချုပ်အနေနဲ ့ပြောချင်တာက…
    ကျွန်တော်ဖြစ်စေချင်တာက ဒေါ်စုကို သူ ့လက်ထပ်မှာ နောက်လူတယောက်ကို ပွဲထုတ်စေချင်တာပါပဲ…. NLD ပါတီကတော့ နေရာအားလုံး ရဖို ့အဆင်သင့်မဖြစ်သေးပါဖူး… ၂၀၁၅ မှာ ဝန်ကြီးနေရာအားလုံး ယူမယ်ဆိုရင်တောင် ကန် ့ကွက်မှာပါ…. သူတို ့အဆင်သင့်ဖြစ်တယ်လို ့မထင်ပါဖူး…..
    ကံ ကံရဲ့ အကျိုးပေါ့…. ပျက်တော့လည်း ဘာတက်နိုင်မှာလည်းဗျာ…. အကုန်လုံး အကောင်းဆုံးတော့ လုပ်နေကြပါတယ်….. သူငယ်နာ ဘယ်လောက် မစင်စင် ဆေးခါးတော့ စွက်သောက်ဖို ့မပြောပါနဲ ့ဗျာ… တခါတလေကျရင် ဆေးမသောက်ပဲ သေတာကမှ ကောင်းပါသေးတယ်……

    • ဇီဇီ

      July 2, 2014 at 11:51 am

      အာ့ဒွေ အာ့ဒွေ နာ့ မောင် မိုးတိမ်မည်းကို ချိရတာ။
      ပေါပလိုက်။ အမ စိမ်းသွားပေးတယ်။

      :mrgreenn:

      အကောင်းမမြင်တာ ဆိုးတယ်လို့ ပြောနေတဲ့သူတွေ လာမပြောနဲ့။
      ဂနေ့အထိ အကောင်းမလုပ်ဘူးဆိုတာ သိသိကြီးနဲ့ ထောက်ခံနေတဲ့ သူတွေရှိနေသေးလို့ ပြောနေရတာ။
      ကိုယ်တတ်နိုင်တာ ဒါပဲကိုးးးး
      :mrgreen:

    • မင်း ခန့် ကျော်

      July 2, 2014 at 12:01 pm

      ဟုတ်ပါ့ဗျာ
      ကျတော်ကဆေးခါးကြီးဇွတ်တိုက်နေသကိုး :mrgreen:
      မသောက်လို့မရတော့ဘူးဗျ။
      ဒေါ်စုက အသက် ၇ဝ ။
      အနဲဆုံး ၈ဝ အထိတော့မြန်မာပြည်အတွက် နေပေးမယ်လို့
      ယုံသဗျား။
      ကိုင်းဒီတော့ ၂၀၂ဝ မှာ ဒေါ်စုသမ္မလမ်းကြောင်းပေါ်
      ရောက်ဖို့ ခုကတည်းက ဆေးခါးသောက်ရမှာပါ။
      မသောက်ချင်ရင်တော့
      ဒီအတိုင်း ပဲ
      အနာတဖြည်းဖြည်းကျက်အောင်စောင့်ရင်း
      နောက်ထပ်ဒေါ်စုတယောက်ပေါ်လာတာထိုင်စောင့်ကြတာပေါ့။
      သဂျီးပြောသလို အနှစ်သုံးဆယ်နဲ့လောက်ပါ့မလားပဲ :mrgreen:

    • မင်း ခန့် ကျော်

      July 2, 2014 at 1:00 pm

      တမတ်သားက စစ်တပ်စစ်စစ်
      ကျန်ပြား၇ဝ လောက်က စစ်တပ်ထွက်
      တမတ်သားကိုဖြုတ်လဲ
      ၇ဝသားတော့ကျန်နေအုံးမှာပဲ။
      ကျန်တာကတော့ဦးကြောင်နဲ့သဘောညီပါတယ်။

  • ဦးကြောင်ကြီး

    July 2, 2014 at 12:12 pm

    ခြစ်ကိုယ်ဂျီး မင်းကိုနိုင် ပြောသွားတယ်.. စစ်တပ်က သောက်အုပဒေနဲ့ အာဏာသိမ်းထားတာဒဲ့… ၁၉၈၈တုံးက လူထောင်ချီသတ်ပီး သေနတ်ပြ အာဏာသိမ်းဒယ်.. အခု စစ်ဗိုတမတ်သား လွှတ်တော်ထဲထည့် အဏာသိမ်းထားတယ်။ ဆီစွတ်ထည့်တာနဲ့ ဗလာချည်ထည့်တာပဲကွာတယ်.. ဆီမစွတ်ထည့်တော့ နာတာပေါ့ဗျာ.. ယနေ့လို ဆီလေးဘာလေးပါတော့ အချို့ဒွေအတွက် ချဉ်ပြုံးချဉ်ပြုံးလေး ဖြစ်မည်ထင်အိ..။ သို့ပေမည့် အထည့်ခံရဒါဂျင်းတော့ အတူတူဗဲ..။ တန်ရာတန်ဂျေ းလေး ရလို့ ခံတယ်ဆို မပြောလိုဗူး.. နိုင်ငံရေးသမားအဖို့ နိုင်ငံရေးသိက္ခာမရှိ.. ပြည်သူလူထုဖို့ လူ့အခွင့်ရေး အာမခံချက်မရှိ.. အမျိုးဘာသာ သာသနာဆိုပြီး စစ်အုပ်ချုပ်ရေးခေတ်ကလည်း ဘုန်းကြီးတွေဖမ်း လူဝတ်လဲ ထောင်ချ.. ကျောင်းသိမ်း.. ခုရော ထူးပါသလား.. ဝမ်ပေါင်အရေးအခင်းမှာ သံဃာတွေ မီးလောင်ဗုံးအပစ်ခံရ.. နောက်ဆုံးဖြစ်ရပ် မဟာသတန္တိသုခ အရေးအခင်းမှာ လူဝတ်အလဲခံရ ထောင်ထဲအပို့ခံရ… မာမွတ်နဲ့ လျှာပွတ် အတူတူပါဗဲ။ ဒါကို အာဏာပျံသိမ်းမယ် ကြောက်နေတာ ရယ်စရာသိပ်ကောင်း ခွိ ခွိ ခွိ။ မထင်နဲ့ဗျို့ စစ်ကောင်ဒွေက ခုအခြေအနေ ပိုကြိုက်မယ်..။ အရင်လူတွေ စားလို့ဝါးလို့ အရိုးပေါ်အရေတင်လေး ကျန်နေဒါ သခင်ဂျီးတွေ ပေးကမ်းစာနဲ့ ပြန်ဝဖြိုးလာဒေါ့ ဘယ်မကြိုက်ပဲ ရှိပါ့မလဲ။ လက်ရှိ အနေထားအရ အဲဗရီးသင်း အန်ဒါ ကွန်ထရိုးလေ..။ ဘွားဒေါ်ဂျီး အူကြောင်ကြောင် လုပ်မနေ ပြတ်သားဖို့လိုတယ်.. နို့မို့လို့ဂဒေါ့ ကမော္ဘဒီးယား၊ ဗီယက်နမ်စတိုင် သောက်စည်းကမ်း ဒီမိုကရေစီစနစ်အောက် ယက်ကန်ယက်ကန် သွားဂျဗေဒေါ့..

    • မင်း ခန့် ကျော်

      July 2, 2014 at 1:06 pm

      မင်း ခန့် ကျော် says:

      တမတ်သားက စစ်တပ်စစ်စစ်
      ကျန်ပြား၇ဝ လောက်က စစ်တပ်ထွက်
      တမတ်သားကိုဖြုတ်လဲ
      ၇ဝသားတော့ကျန်နေအုံးမှာပဲ။
      ကျန်တာကတော့ဦးကြောင်နဲ့သဘောညီပါတယ်။

      အပေါ်ကို ချာလပက်ရမ်းပြီးရောက်သွားလို့ :mrgreen:

  • အရီးခင်

    July 3, 2014 at 7:14 pm

    ကိုမင်းခန့်ကျော်

    မီးခဲပြာဖုံး ဆိုတာက သက်မဲ့ မို့ ဒါမှမဟုတ် အစွမ်းရှိပေမဲ့ အစွမ်းမပြနိုင်လို့ အရှိန်ရလာအောင် ပြာဖယ် ပေးရတာပါ။
    အများကိုခေါင်းဆောင်မဲ့ သူက သူများက ပြာဖယ်ပေးနိုင်မှ စွမ်းမတဲ့လား။
    ခေါင်းဆောင်လုပ်ချင်တဲ့ အရွယ်ရောက်ပြီး သက်ရှိ လူ ကြီး တစ်ယောတ် ငုပ်နေတဲ့ အရည်အချင်းရှိသမို့ မီးခဲပြာဖုံးခေါင်းဆောင်လောင်းတွေ ရှာ ကြလို့ ပြောတာ ဟုတ်နိုင်ပါ့မလား။
    ခေါင်းဆောင်ကောင်း ဆိုတာ သူ့ဟာသူ ထွက်လာတာပါ။
    တမင် မွေးပြီး ယူလို့ မရပါဘူး။

    အောင်ဆန်း ဆိုတာ ငယ်ကထဲ က ရိုးဖြောင့်ပြီး မဟုတ်မခံ တိုင်းပြည်ချစ်သူ အဖြစ် ဇာတ်ရုပ်ပေါ်နေပြီးသားပါ။
    အောင်ဆန်းစုကြည် ဆိုတာကလဲ တိုင်းပြည်အတွက် သူ့ကို အလိုရှိချိန် သုံးနိုင်အောင် အမြဲအဆင်သင့် ပြင်ထားခဲ့တဲ့ မိန်းမပါ။

    တကယ်ဘဲ သူတို့ နေရာမျိုး မှာ “က” ချင်ရင် ရှေ့ ကို သူ့ဟာသူ ထွက်လာပြီး ဖြစ်နေမှာပါ။
    နောက်တန်းမှာ ရှိုးတိုးရှန့်တန့် မထွက်ရဲ ဖြစ်နေသူ ကိုတော့ ခေါင်းဆောင် အဖြစ် မွေးဖို့ ဟိုအောက်ဒီအောက် တိုးပြီး မရှာ ပါရစေနဲ့။
    တကယ် စွမ်း ရင် ထွက်လာပါလိမ့်မယ်။
    ရှာပြီး တင်ရတဲ့ မင်းလောင်း ကို တော့ မင်းအဖြစ်မတင်ချင်ပါဘူး။
    လိုတဲ့အချိန် သူ့ဟာသူ ထွက်လာနိုင်မှာပါ။

    လောလောဆယ်တော့ ရှိပြီး သား ခေါင်းဆောင် ကို လက်တွေ့အသုံးချနိုင်အောင် သူ့ဆီမှာ အာရုံစိုက်ပြီး သူ့ကိုဘဲ ဝိုင်းပြီး ပံ့ပိုးကြစို့လား။
    ဒီအချိန်မှာတော့ ဒါကဘဲ အကောင်းဆုံး ဆေးပါ။
    ဟိုဟိုဒီဒီ တောင်ရောက်မြောက်ရောက် တွေးရင်း လမ်းလွဲ သွားဖို့ ကို မလုပ်ချင်ပါနဲ့။

    ဒါနဲ့
    ကျွန်မ ကြားဘူးတဲ့ နိုင်ငံရေး ဆိုတာ

    {{{
    လွတ်လပ်ရေး ဆိုရာ၌ နေထိုင်ရေး လွတ်လပ်မှု၊ လူတစ်ဦး တစ်ယောက် အနေနှင့်လည်းကောင်း၊ တစ်မျိုးလုံး အနေနှင့် လည်းကောင်း၊
    တိုးတက်ကြီးပွါးအောင် စီမံဆောင်ရွက် နိုင်အောင် လွတ်လပ်မှု၊ ကျွန်ုပ်တို့၏ ကာယ၊ ဉာဏ၊ စိတ္တ အဆင့်အတန်း တိုးမြင့်အောင် ဆောင်ရွက် နိုင်ရန် လွတ်လပ်မှု၊ စသည်တို့ ကို ဆိုလိုပေသည်။
    ဤလွတ်လပ်မှု ရယူလိုမှု သည်ပင်လျှင် နိုင်ငံရေး ဖြစ်သည်။
    သို့ဖြစ်ရကား နိုင်ငံရေးသည် လူမှုလူရေး မျှသာဖြစ်သည်။”

    (ဗိုလ်ချုပ်အောင်ဆန်း – ၁၉၄၆ခု ဇန်နဝါရီလ ၂ဝရက်၊ အလယ်ပစ္စယံ ညီလာခံ မိန့်ခွန်းမှ)
    }}}
    ပါတီထောင် မှ နိုင်ငံရေးလုပ် တာ မဟုတ်နိုင်ကြောင်းလေး။

    ============
    ဘယ် လူမျိုး ကိုမှ မစွဲချင်ပါဘူး။
    မြန်မာဆိုတာ က သွေးပါပြီးမို့ ငါမြန်မာ လို့ ပြောခွင့်လေးတော့ပေးပါ။
    ဘယ်ဘာသာ ကိုမှ မစွဲ ပါဘူး။
    အလယ်အလတ်ကျင့်စဉ် နဲ့ သံသရာဖြတ်ဖို့ အေးငြိမ်းကြောင်းတရား ပြခဲ့တဲ့ ဗုဒ္ဓ ကိုတော့ အမြဲဦးခိုက် နေပါရစေ။
    ဘယ် ခေါင်းဆောင် ကိုမှ မစွဲ ပါဘူး။
    အတ္တမကြီး ဘဲ ကိုယ်ကျိုး ကို စွန့် ကမ္ဘာက လေးစားလွန်းတဲ့ ရှားရှားပါးပါး မိန်းမတစ်ယောက် ကို တော့ လောလောဆယ် ဘယ်သူနဲ့ မှ အစားမထိုးပါရစေနဲ့။
    (ကဘာ ဆရာမကြီး မြစာကလေး ကိုယ်ပိုင် သံစဉ်)
    ==============

    တမင် ကန့်လန့်တိုက်တာမဟုတ်ပါ။
    မတူတဲ့ ဘက် က နေလဲ မြင်နိုင်အောင်ပါ။
    :-)))))))))))))))))))))

    • မင်း ခန့် ကျော်

      July 4, 2014 at 4:41 pm

      ဟုတ်ပါတယ်ရှာပြီးတင်ရမဲ့မင်းလောင်ကိုကျတော်လည်းသဘောမကျပါဘူး။
      ဒါပေမဲ့
      အာဏာရှင်တွေ ရဲ့အာရုံက ဒေါ်စုအပေါ်ပဲ
      ရောက်နေတာကိုသဘောမကျတာပါ။
      ဒေါ်စုကိုဖြိုနိုင်ရင်
      သန်း၆ဝ ကို ဖြိုတာနဲ့အတူတူဖြစ်နေတာ။
      စာရိုက်နေတုံး ကျတော်တို့မန္တလေးမှာအခြေအနေမကောင်းလို့
      ဒီလောက်နဲ့ခဏရပ်ပါရစေ။
      အောက်က ထပ်မန့်ပေးကြတဲ့
      ရွာသူားတွေကျတော် အချိန်ရတဲ့နေ့ပြန်လာပါ့မယ်ခင်ဗျာ။
      အားလုံးကိုကျေးဇူးတင်ပါတယ်။

      • ဦးကြောင်ကြီး

        July 5, 2014 at 10:49 am

        စရဖ မင်းကန့်လန့်ကျော် ပြောဗုံဂ လွဲနေဒရယ်… ဘောလုံးစဂါးနဲ့ပြောလျင် ရှူ းဒေါ့ရှူ းဒါဗဲ.. ဂိုးဗားပေါ် ဝါးတရိုက်အကွာရောက်နေ၏။ စစ်အာဏာရှင်ဒွေကြောက်တာ ဒေါ်စုထင်သလား.. နင်ပဲပြောတော့ ပုပ်ကိုယ်တဦးတယောက်အပေါ် အာရုံမစိုက်နဲ့ဆို..။ ဒင်းရို့ကြောက်တာ ဗိုလ်ချုပ်အောင်ဆန်းသမီး ဒေါ်အောင်ဆန်းစုကြည်မဟုတ်၊ အောက်စဖို့တက္ကသိုလ်ကျောင်းဆင်း ဒေါ်စုလည်းမဟုတ်.. အန်အယ်လ်ဒီဥက္ကဌဘွားဒေါ်ဂျးလည်းမဟုတ်… တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ထောက်ခံထားတဲ့ အမေစုအဖြစ်နဲ့ဗျ။ ဒီလိုဗဲ ဒီမိုကရေစီပေးဖို့ တီဆားနဲ့တွန့်သလို ဖြစ်နေတာလည်း မဲပေးရွေးကောက်တဲ့စနစ်ထက် မဲအားလုံးအနိုင်ရသွားမည့် ဗွားဒေါ်ဂျီးကိုပဲ..။ လူနဲ့မူ တွဲမမြင်တာ အကောင်းဆုံးပေမဲ့ မြန်တျန့်ပြည်မှာ ဒီလိုဖြစ်နေတာ အရှိတယား.. နင်တို့ သတ်ပါတီဆိုတဲ့ တပ်သတိရ အင်အားစုတ်တွေ ရီယဲလတီ ပကတိအခြေအနေကိုလက်ခံပါဆိုတာ ဒါကြတော့ မသိခြင်ထောင် ဆောင်နေသလား။ ဘွားဒေါ်ကို မဲမပေးဖို့ ပါတီကို ဝန်းရံဖို့ဆိုတာ အခုအချိန်မှာ စစ်တပ်နဲ့ စစ်တပ်လိုလားသူတွေအတွက် စစ်အာဏာ ပျံမသိမ်းဂင် နောက်ဆုံးနည်းလမ်းဒွေဒဲဂ တခုဖြစ်တယ်။ လူထုအားကို ဖြိုခွင်းဖို့က အဓိက ရည်ရွယ်ချက်ပဲ။ အကယ်၍ လထုဂျီးသာ လောက်လောက်လားလား ဂေါင်းဇောင်မဲ့နေကြည့်.. မဲဆန္ဒဒွေ ကွဲနေကြည့်.. အေဗေးစစ်ကောင်ဒွေ ဒီမိုကရေစီပါမယ် အသံကောင်းနေမှာ သေချာတယ်။ အကယ်၍သာ စစ်ကောင်ဒွေ ဒေါ်စုကိုသာ လက်မခံတာဆိုလျင် ၈၈အင်အားစု ခြစ်ကိုယ်ဂျီး မင်းကိုနိုင်တို့နဲ့ ညှိလို့ရဒယ်။ ဒါမျုးိကြတော့လည်း မကြိုက်…။ ဒင်းတို့ မွေးချဉ်ထှာ ၈၈အမည်ခံ အေးလွင်လို့ ဂေါက်တောက်တောက်တွေ.. အန်အယ်လ်ဒီပဲ့ထွက် မစားရအမဲ သဲနဲ့ပက် အန်အယ်လ်ဒီပဲ့ထွက် အန်ဒီအက်ဖ်ကောင်ဒွေ..။ ဒါနဲ့ နင်အမ်ဒီဖက်တော့ မဟုတ်ပါဗူးနော်..

        • မင်း ခန့် ကျော်

          July 6, 2014 at 4:09 am

          ဦးကြောင်ရေအများကြီးတော့သိပ်မပြောချင်ဘူးဗျ။
          ဒါတောင်တော်တော်ပြောမိနေသလိုဖြစ်နေပြီ။
          တခါတလေနိုင်ငံရေးစကားလုံးတွေထုတ်အန်ကျလာတွေကို
          တဖက်ကအသုံးချသွား အခွင့်အရေးတွေရသွားမှာစိုးသဗျာ။
          သူကြီးပြောတာတခါကြားဘူးတယ်။
          ရွာထဲကဆွေးနွေးပွဲတွေကို အစိုးရအဖွဲ့တွေကလည်းစောင့်
          ကြည့်နေတယ်ဆိုလားပဲ။
          ပီအာစနစ်ကိုအကြီးအကျယ်ကန့်ကွက်တဲ့အထဲကျတော်က
          မြန်မာပြည်မှာပထမဆုံးထဲကလူတယောက်ပါဗျာ။
          နောက်တခုက ၂၀၁ဝ ရွေးကောက်ပွဲကစလို့
          လာမယ့်နှစ်၂ဝထိ ဘယ်လိုဆက်သွားကြမယ်ဆိုတဲ့
          အာဏာရှင် road map ကချထားတယ်ဆိုတာ
          ကောလဟာလတော့မဖြစ်နိုင်ဘူးထင်တယ်။
          ဒါလေးကိုလဲ သတိပြန်ရစေချင်ပါတယ်။
          ဟုတ်ကဲပါဗျာ။

        • အရီးခင်

          July 6, 2014 at 4:35 am

          Good Morning ပါ။
          အစောကြီး ဘော်ပွဲကြည့်နေတာလားရှင့်။
          သူကြီးပြောတာများ အဟုတ်မှတ်လို့ ကိုမင်းခန့်ကျော် ရယ်။
          ဒါထက်
          တကယ်ဘဲ ဝင်ဖတ်နေတာလားဟင်။
          jk :-))))

        • မင်း ခန့် ကျော်

          July 6, 2014 at 4:49 am

          မောနင်းပါ။
          ဟုတ်ကဲ့ပါဘောလုံးပွဲကြည့်နေတာပါ။
          အချိန်ပိုပထမပိုင်းထိတောင်ဂိုးမသွင်းကြသေးလို့။
          အစိုးရပိုင်းကကြည့်တယ်ဆိုတာဟုတ်ချင်လဲဟုတ်မှာ
          us ထက်တောင်အစိုးရ ဝန်ထမ်းတွေများတဲ့တိုင်ပြည်ကိုးး
          အုတ်စာခြောက်နေကြတာနေမှာ :mrgreen:
          ပြောနေရင်း အတင်းတုတ်မိပြန်ပါပြီ မနက်စောစောစီးစီး :mrgreen:

        • အရီးခင်

          July 6, 2014 at 4:52 am

          ဒါထက် သများ က ကြောင်ကြီး မဟုတ်ဘူးနော်။ :-))))
          ဘောပွဲ က ပယ်နတီ ပွဲ ဖြစ်တော့မယ် ထင်ရဲ့။
          US ကလူဆိုရင်တော့ ဘောပွဲ စိတ်မဝင်စားတတ်ဘူးရှင့်။

  • Zaw Thant

    July 3, 2014 at 9:40 pm

    .. ကို မင်းခန့်ကျော် စဉ်းစားတာတွေ ကျွန်တော်စဉ်းစားတာနဲ့တော်တော်တူပါတယ်..
    – ပြည်သူတွေ နိုင်ငံရေး စဉ်းစားချင့်ချိန်မှုအားနည်းတာ
    – ဘက် အစွဲသန်လွန်းတာ
    – တစ်ယောက်ဆို တစ်ယောက်တည်း ပုံအားပေး၊ အားကိုးတတ်ကြတာ
    – ခေါင်းဆောင်သစ် နည်းတာ
    – မီဒီယာတွေ ဖွဖို့ပဲအားသန်နေတာ
    – အစိုးရကို အပြစ်ပြောတာရဲ့ အလွန် ဘာတွေလုပ်ကြမလည်း မစဉ်းစားဖြစ်တာ

    စတာတွေပြောသွားတာ အမြင်တူပါတယ်.. ဒါတွေဟာ သိပ်မကောင်းဘူးဆိုတာလည်း ဟုတ်ပါတယ်.. ဒါပေမယ့် ဒါတွေအားလုုံးဟာ အပေါ်မှာ ကိုတိမ်မည်းပြောသွားတဲ့ နှစ် ၄ဝ ဒါဏ်ရာ လက္ခဏာတွေလို့ပဲပြောရမယ်.. ချက်ချင်းတော့ မပျောက်လောက်ဘူးဗျ.. လောဘကြီးလို့မရဘူး..

    .. ရေရှည်မှာ ဒီအချက်တွေ ပြင်ယူရမှာ မှန်ပေမယ့် လောလောဆယ်တော့ ဒေါ်စု အပေါ်အားကိုးမှုကိုတော့ လျှော့ဖို့ မလွယ်ဘူး (မလျှော့စေချင်ဘူး).. ဘောလုံးအသင်းတွေနဲ့ ဥပမာပေးရရင် တစ်သင်းလုံးညီညီညွတ်ညွတ်ကောင်းတဲ့ (က) အသင်းဟာ ဝါရင့်ကစားသမား တစ်ယောက်တည်းပေါ်အားကိုးပြီးကစားရတဲ့ (ခ) အသင်းထက် ပိုကောင်းတယ်ဆိုရင်မမှားပါဘူး.. ဒါပေမယ့် ကိုယ့်နိုင်ငံအခြေအနေက (ခ) အသင်းလိုဖြစ်နေတယ် (က အသင်းလိုချက်ချင်းဖြစ်ခိုင်းလို့မရဘူး).. ဝါရင့်ကစားသမားကြီးနာသွားရင် ဘယ်လိုလုပ်မလဲဆိုတဲ့ Plan B ထက် လောလောဆယ် သူကစားနိုင်တုန်း ဘယ်လိုနိုင်အောင် ကစားမလဲ ဆိုတဲ့ Plan A ကိုပဲ ဦးစားပေးနေရတယ် (ကစားရမယ့်ပွဲတွေက အရေးကြီးတာကိုး).. လူငယ်ကစားသမားတွေဆိုတာလည်း အထိုက်အလျောက်ခြေစွမ်းရှိမှ နေရပေးလို့ရမှာပါ..

    ကျွန်တော့်အမြင်အရဆိုရင်တော့
    – Plan A က Plan B ထက် ပိုမျှော်လင့်ချက်ရှိတယ်လို့ထင်ပါတယ် (လက်ရှိအခြေအနေအရ)..
    – ရေရှည် အတွက် Plan B ကလည်းစဉ်းစားထားဖို့လိုပါတယ်.. (ဒေါ်စုလုပ်နေတယ်ထင်ပါတယ်)
    – Plan B အကြောင်းဆွေးနွေးရင် ဝါရင့်ကစားသမားကြီးရဲ့ပရိသတ်တွေ ငြို ငြင်တာ ခံရတတ်ပါတယ်.. ဒါအတွက်တော့ အပြန်အလှန်နားလည်မှုရှိဖို့လိုပါတယ်..

    • မင်း ခန့် ကျော်

      July 5, 2014 at 6:20 am

      ကိုဇော်သန့် သက်လုံကောင်းကောင်းနဲ့ဝင်ဆွေးနွေးပေးလို့
      ဝမ်းသာပါတယ်ဗျာ။
      ဒေါ်စုကိုသမ္မတဖြစ်စေချင်သူတယောက်အနေနဲ့
      သူအသက်အရွယ်နဲ့က ၁ဝ နှစ်လို့ပဲမျော်မှန်းနိုင်မယ်။
      ဒီတော့ ဒဏ်ရာဒဏ်ချက်တွေအနှစ်လေးဆယ်မက
      ဒီနေ့အထိပေးနေတဲ့အချိန် ကျတော်တို့အနာကျက်မှဆိုရင်
      ဒေါ်စုမရှိတော့တဲ့နောက် ဟိုးးးးးးမမြင်နိုင်တော့မယ့်အနာဂါတ်
      အဲဒီအထိတောင်သေချာပါ့မလားပဲ။
      ကျတော်တို့ရုန်းထဖို့လိုပါမယ်။ရလာတဲ့ဒဏ်ရာကိုဆေးတို့ရင်
      ချီတတ်ရပါမယ်။ကျလာတဲ့သွေးတွေကိုသုတ်ရင်း ကြိုးစားရပါမယ်။
      ဒဏ်ရာအပေါ်မှာခံစားနေရမယ့်အချိန်မဟုတ်တော့ဘူးလို့ထင်ပါတယ်။
      ခေါင်းကြီးကြီးသုံးသင့်ပါပြီ။
      နောက်ဘောလုံးပွဲဥပမာကိုသဘောကျပါတယ်။
      ကိုယ့်မှာ ကကြီးအသင်းနဲ့ ခခွေးအသင်းရှိတယ်။
      ဒါပေမဲ့သဘောမကျတာ ပြိုင်ဘက်ကအင်အားကြီး ချန်ပီယံကို
      နှစ်တိုင်သိမ်းပိုက်ထားတာ။သူ့မှာက အသင်းကြီး သုံးသင်းစာလောက်
      ရှိနေတယ်။ ပြိုင်ဘက်ကကိုယ့်တသင်းတည်း။
      ဒီတော့ချန်ပီယံအသင်းကိုဖြိုဖို့ နောက်ထက်ပြိုင်ဘက်အသင်းတွေ
      ပါဝင်ကစားနိုင်အောင် ဖိတ်ခေါ်နိုင်ရမယ်။
      ပြိုင်ပွဲများလာရင်ဒီချန်ပီယံမောလာမယ်။
      ကိုယ့်အသင်းလူထုတ်စာရင်းကို ခခွေးအသင်းနဲ့ကန်မယ်ဆိုတာ
      ပြနိုင်ရမယ်။
      ပြိုင်ပွဲများလို့နဲနဲပန်းလာတဲ့ချန်ပီယံ ဒီတပွဲတော့ အေးအေးဆေးဆေး
      အရန်အသင်းနဲ့ရင်ဆိုင်မယ်ဆိုတာဖြစ်လာလိမ့်မယ်။
      ဒီအချိန်မှ အဓိကပလေယာတွေဒုတိယပိုင်းထည့် ။အချိန်ပိုနောက်ဆုံးမိနစ်မှာ
      အနိုင်ဂိုးသွင်း။
      ပွဲသိမ်း။
      ဝါရင့်ကစားသမားတွေရဲ့ပရိတ်သတ်တွေ ပွဲကိုနိုင်ချင်ရင်
      တဖက်ကအထင်သေးလာအောင်လျော့တွက်လာအောင်နည်းလမ်း
      ရှာဖွေကြဖို့က ကျတော့်ရဲ့ရည်ရွယ်ရင်းပါ။
      ဟုတ်ကဲ့ပါ။

      • Zaw Thant

        July 5, 2014 at 3:57 pm

        .. ကို မင်းခန့်ကျော်ရဲ့ ဆိုလိုရင်းကို သဘောပေါက်ပါတယ်.. ကျွန်တော် အရင်က ဒီမှာ ရေးဖူးတဲ့ ပိုစ့်တစ်ခုထဲက ဒီအပိုဒ်ဖတ်ကြည့်ရင် အမြင်ချင်း ဆင်တူကြောင်းသိမှာပါ..

        ”အမှန်တော့ နဂိုကတည်းက ပြည်သူအများစုဆီမှာ အကျိုးရှိမယ့် Constructive Idea တွေ၊ ဒီခရီးဘယ်လိုသွားမလဲဆိုတဲ့ guide line တွေထက် တဖက်အုပ်စုကို ဘယ်လို တိုက်ခိုက်မယ်၊ လှောင်မယ်ပြောင်မယ်ဆို တာက ပိုအားသန်နေပါတယ်.. စာပေဟောပြောပွဲလိုနေရာမျိုးမှာတောင် Strategy ဆန်ဆန် အကြံဉာဏ်တွေ၊ အလားအလာ Vision တွေထက် အတိတ်တုန်းက အရင်အစိုးရမှားခဲ့တာတွေ အပြစ်တွေထောက်ပြတာမျိုး၊ သရော်တာမျိုးကို ပိုသဘောကျ၊ ပိုလက်ခုပ်သံရလေ့ရှိပါတယ်.. အဲဒါကြောင့်လဲ နိုင်ငံရေးသုံးသပ်လေ့လာသူူ တွေထက် သီးလေးသီးအငြိမ့်အဖွဲ့ လိုမျိုးကို လူပိုကြိုက်ကြတာပဲလိုပြောရပါမယ်.. မီဒီယာတွေဆိုရင်လဲ နိုင်ငံရေးနဲ့ပါတ်သတ်လို့ ပြည်သူကို ဦးဆောင်လမ်းညွန်မှုတွေလုပ်တဲ့အဖွဲ့က နည်းပြီး အများစုက ငါးပွက်ရာ ငါးစာချတဲ့သဘော ပြည်သူ့အကြိုက် လိုက်အစိုးရအဖွဲ့ကိုလှောင်တဲ့ ကာတွန်းတွေ၊ဖွတဲ့ အင်တာဗျူးတွေ တွေ့လာရပါတယ် (ဆရာအော်ပီကျယ် လက်ရာမျိုးတွေလို ပညာပါ၊ တွေးစရာလေးပါတာမျိုးဆို ကောင်းပါတယ်).. ဒီနေရာမှာ ပရိတ်သတ်က တောင်းဆိုလို့ပါဆိုပြီး ပေါတောတောကားတွေပဲ လှိမ်ရိုက်နေတဲ့ ရုပ်ရှင်လောကနဲ့ သဘောချင်းတူမလားပဲ.. ဒီပုံစံ တဖြည်းဖြည်းပိုဆိုးလာရင် တချိန်ကအစိုးရသတင်းစာတွေမှာပါဘူးတဲ့ ဒေါ်စုဘာလုပ်လုပ်လှောင်ပြောင်သရော်ထားတဲ့ ဝါဒဖြန့် ကာတွန်း၊ ဆောင်းပါးတွေလောက် အဆင့်နိမ့်သွားပါလိမ်မယ်..”

        ကိုမင်းခန့်ကျော်ပြောသလို ရှေဆက်ဘယ်လိုသွားမယ်၊ ဘယ်လိုနည်းလမ်းတွေ သုံးမယ်ဆိုတာတွေကို ကျွန်တော်လည်းစိတ်ဝင်စားပါတယ် (အချိန်ရရင် ပိုစ့် တစ်ပုဒ်ရေးချင်နေပါတယ်) ဒါပေမယ့် ကိုယ်တိုင်က သာမန်ပြည်သူထဲက ပြည်သူသာဖြစ်တော့ ဝါသနာအရ လျှောက်စဉ်းစားတာသာလုပ်နိုင်တာပါ.. တကယ်လက်တွေ့တော့ ကိုယ်ထက် စဉ်းစားဉာဏ်၊ စေတနာ အစစ သာမယ့် ဒေါ်စု ကိုပဲ အားကိုးထားပါတယ်..

        • မင်း ခန့် ကျော်

          July 6, 2014 at 4:22 am

          ကောင်းပါတယ်။ဒီလိုမျိုးပိုစ့်တင်မယ်ဆိုရင်ကျတော်ဝမ်းသာအားရစောင့်ဖတ်ပါ့မယ်။
          ဒီလိုမျိုး ကျတော့်ထက်အစစအရာရာ အတွေးအခေါ်ကောင်းတဲ့ရေးနိုင်တဲ့
          သူတွေ များများရေးစေချင်ပါတယ်။
          တိုင်းပြည်အတွက်စေတနာစကားတွေမို့အကျိုးရှိပါတယ်။
          ကျတော်လည်းတချိန်လုံး နှစ်လေးငါးဆယ်ကဒဏ်ရာတွေကိုပဲ
          ပြောနေရေးနေတာတွေပဲမြင်နေရတော့အနာဂါတ်ကိုဆိုတာ
          နဲနဲစဉ်းစားချင်လို့ရေးလိုက်တာပါ။
          ကျတော်စဉ်းစားပုံအထဲမှာ အဓိကအနေနဲ့ တိုင်ပြည်လက်ထဲ
          ပြည်သူ့အာဏာအရင်ရောက်စေချင်တဲ့စေတနာပါ။
          ပြည်သူ့အာဏာဆိုတာ ပြည်သူရွေးတဲ့ပါတီပဲဖြစ်ရမှာပါ။
          ကျတော်စိုးရိမ်တာ ၂၀၁ဝ ရွေးကောက်ပွဲလို ဝင်မပြိုင်ဖြစ်မှာစိုးလို့
          နဲနဲ တွန်းလိုက်တဲ့သဘောလဲပါပါတယ်။
          ဟုတ်ကဲ့ပါ။

  • ဝင့်ပြုံးမြင့်

    July 4, 2014 at 12:04 am

    အထက်က ကိုဇော်သန့် ပြောသွားတာတွေ ဘောလုံးအသင်းနဲ့ ဥပမာပေးသွားတာ ရှင်းလင်းပီပြင်ပါတယ်။ အမလည်း စိတ်ဓာတ်ကျတယ်။ တိုင်းပြည်က ဘာမှလည်း တိုးတက်မလာသေးဘူး။ ဒီ ၂နှစ်အတွင်း ကုန်ဈေးနှုန်း နှစ်ဆတက်သွားတာပဲရှိတယ်။ မအူပင်လို အစားအသောက်ပေါတယ်လို့ နာမည်ကြီးတဲ့မြို့တောင် အခု ကြက်သားကို ၁၂၀ဝ ဈေးပေးဝယ်စားရတယ်။ တောကြက်ဥတစ်လုံး ၄၀ဝ ပါ။ ငသလောက် တစ်ပိသာ နှစ်သောင်းဈေးပါ။ မြို့ ပေါ်မှာ ၁လုံး ၂လုံး ၃လုံး ခါတိုင်းလိုပါပဲ။ ဘာမှကို ထူးခြားပြောင်းလဲမသွားဘူး။ ကကြောင်ပြောသလို အဲဗရီးသင်း အစ် အန်ဒါကွန်ထရိုး။
    ဆြာပု ပျောက်နေတာ ဆိုးတယ်။ သူဘာပြောမလဲ သိချင်တယ်။ ခုတလော အလင်းဆက်ကိုလည်း မတွေ့ဘူး။

    • မင်း ခန့် ကျော်

      July 5, 2014 at 6:30 am

      စိတ်ဓါတ်ကျတယ်ဆိုတဲ့အမရေ။
      ဒါကစားဝတ်နေရေးလူမူ့ဘဝတွေမှာကျပါ။
      ကျတော်ဆိုရင်စိတ်ဓါတ်တင်မကဘူး
      အိမ်ထောင်နဲ့မိသားစုနဲ့ဆိုတော့
      ကြောက်တောင်ကြောက်လာတယ်။
      ဒေါ်စုက လူထုကို လမ်းပေါ်တင်မယ့်သဘောဟန်ပြင်တယ်။
      အစိုးရက မန္တလေးလမ်းပေါ် အရင်တင်တယ်။
      ပုဒ်မ၁၄၄ ထုတ်တယ်။
      ဘယ်နေ့ဝါရင်းဒုတ်နဲ့မိသားစုကိုကာကွယ်နေရမလဲ တွေးကြောက်မိတယ်။
      အရင်တုန်းက us ကို မသွားမိတာနောင်တရချင်သလိုလို။
      နိုင်ငံခြားမှာနေတဲ့ရွာသူားများ
      ကျန်းမာကြပါစေ။
      မြန်မာနိုင်ငံရဲ့အရေးမှာလဲပြည်သူတွေအတွက်ထည့်စဉ်းစားနိုင်ကြပါစေလို့ပဲ
      မျော်လင့်မိပါတယ်။
      ဟုတ်ကဲ့ပါ။

      • အရီးခင်

        July 5, 2014 at 2:37 pm

        ကိုမင်းခန့်ကျော်ရယ်

        ဒီလို ပြန်ငြင်း လိုက်တာ ကို စိတ်မပျက် သွားပါနဲ့။
        ရှင့် စိတ်ထဲ ယုံကြည်ရာကို ပြန်သာ ဝေဖန်ပါ။ ဆွေးနွေးပါ။

        ကျွန်မ အပြည့်အဝ ယုံကြည်ပါတယ်။
        ကျွန်မ တို့ အဝေးက လူတွေပါ။
        ဒါပေမဲ့ ကျွန်မ တို့ နှလုံးသားတွေ က ပြည်တွင်းမှာဘဲ ရှိနေလို့ ဒီ ရွာထဲ မှာ ရှိနေတာပါ။

        ကျွန်မလား။ ဒေါ်အောင်ဆန်းစုကြည် အတွက် ဘာဖြစ်ဖြစ် ဂရုစိုက်စရာမလိုပါဘူး။
        ကျွန်မ ဂရုစိုက်တာ တစ်ခါက ကျွန်မ ကြားခဲ့ တွေ့ခဲ့ ရတဲ့ တောရွာက ကလေးတွေ အတွက်ပါ။
        ကျွန်မ အရင် က ကျောင်းအားတိုင်း အဖွာမြို့လေးမှာ ကလေးတို့ ဆရာမ လုပ်အားပေးပါတယ်။
        ဆင်းရဲပေမဲ့ ရိုးသားလွန်းတဲ့ သူတွေ ကြားမှာ ကျွန်မ အရမ်းပျော်ခဲ့ဘူးတယ်။
        မျက်စိ ရှေ့မှာဘဲ ကျောင်းမနေနိုင်တော့ ဘဲ မိဘ ကို ကူ နေရတဲ့ ကျောင်းတက်ချင်လွန်းနေဆဲ ကလေး တွေ အတွက် အားဖြည့်ဖို့ ကြိုးစားခဲ့ဘူးတယ်။
        ဒီတော့ ဘာဖြစ်လဲ သိလား။
        စစ်ဗိုလ်ကတော် တွေကသာ ဒီလို လူမှုရေးအလုပ်တွေ လုပ်ခွင့်ရှိသတဲ့။
        ဒါနဲ့ ဇာတ်လမ်းပြတ်သွားပါတယ်။

        ဒါတင်လား ဆိုတော့ မပြီးပါဘူး။
        အဖွား ရဲ့ ရေလမ်း သယ်ယူပို့ဆောင်ရေး လုပ်ငန်း လေး ကိုလဲ စစ်ပြန် စစ်မှုထမ်းဟောင်း အဖွဲ့ (အခု တော့ မရှိတော့ဘူးလားမသိ) က အနိုင်ကျင့် ဖယ်ပါတယ်။
        လာပြီး ပြိုင်လုပ်တာ မဟုတ်ဘူးနော်။ အနိုင်ကျင့် ပြီး လုပ်ငန်း ကို ရပ်ခိုင်းတာ။
        နောက်ပိုင်း သူတို့လဲ စနစ်ကျကျ ကောင်းကောင်း လုပ်မပေးနိုင်တော့ အရင်မော်တော်အကြီးကြီး တွေ နဲ့ ချောင်ချောင်လည်လည် သွားခဲ့ရတဲ့ ခရီး ကို ကြပ်ကြပ်သေးသေး ပဲ့ကျိတ် လို ဟာလေးတွေ သုံးရပါတော့တယ်။
        ကောင်းကောင်း အလုပ်လုပ်နေသူ တွေ ကို ပံ့ပိုးဖို့ထက် သူတို့ လုပ်ခွင့်ပြဖို့ သာပါဘဲ။
        တကယ် တိုးတက်အောင် လုပ်နိုင်လဲ ကျွန်မ တို့ လုပ်ငန်း ဆုံး ရတာ ကို ဖြေသိမ့်နိုင်ပါ့။
        ဒီမှမဟုတ်တာလေ။

        သူတို့ လက်ထဲ မြန်မာပြည်ဟာ ပိုပိုပြီး ဆိုးလာတာ။ မြို့ပေါ် တင်ကြည့်ရင်တော့ တိုးတက်တယ် ခေါ်ချင်ခေါ်ပါ။
        ဒါပေမဲ့ ကျွန်မချစ်တဲ့ မြို့လေး ကတော့ ပျက်လုနေပါပြီ။
        ကျွန်မ အဖိုး အဖွား လက်ထက်မှာ အင်မတန် စည်ကားခဲ့တဲ့ (ကိုယ်ထူကိုယ်ထနော်) မြို့လေး အခု အတော်လေး နိမ့်ကျခဲ့ပြီ။

        ဒီလို ဆင်းရဲသား တွေ ကြည့်ရင်း တစ်ဖက် ကျွန်မ အသိုင်းအဝိုင်း ထဲ မှာ ပိုက်ဆံ တွေ သုံးမကုန် အောင် ရှိနေတဲ့ သူတွေ ရှိပါတယ်။
        သူအား သူ့အင် နဲ့ရှာနေလို့ ချမ်းသာသူတွေ လဲ ရှိပါတယ်။
        ပြည်သူ့ ဘဏ္ဏာ နဲ့ ကြွယ်ဝ သူတွေ လဲ ပေါပါတယ်။
        ဒါကတော့ မတရားဘူးပေါ့။

        နိုင်ငံတိုင်းမှာ ချစား မကင်းပါဘူး။
        နောက် အစိုးရသစ် တက်လာလဲ ချစား မဲ့ သူတွေ စောင့်နေ ရှိနေမှာပါ။
        ဒါပေမဲ့ ဒီလို အများစုမဖြစ်သင့်ဘူး။ အရှက်ကင်းတဲ့ လူနဲစု သာဖြစ်သင့်တယ်။
        ဒီအတွက် စံနမူနာကောင်း ခေါင်းဆောင် ကောင်း တစ်ယောက် ရှေ့မှာ ရှိပြသင့်တယ်။

        ဒီလို ခေါင်းဆောင်ကောင်း နောက်မှာ ချစားလို့ မရရင် သူတို့ စည်းစိမ်ပျက်မစိုးလို့ ဒေါ်အောင်ဆန်းစုကြည် ကို ဖယ်ဖို့ လုပ်နေတာ မဟုတ်လား။
        ဒါ ရိုးရိုးရှင်းရှင်းလေးပါ။
        ချမ်းသာပြီး ပညာတတ်ပြီး လူများ ကတော့ ကျွန်မ ခံစားနေတဲ့ တောမြို့က လူတွေ အတွက် ကိုယ်ချင်းစာစိတ် မထား တတ်ရင် ဘယ်သူ အာဏာရရ သူတို့ မှာ အထိအခိုက်မရှိ ပါဘဲ။
        ဒီတော့ ကြားနေ တွေ များနေတာ မတရားသူ ကို ပိုပြီး ပံ့ပိုးနေခြင်းပါ။

        လောလောဆယ် ကိုယ်ကျင့်တရားကောင်းကောင်း နဲ့ အသိ ပညာဉာဏ်ပြည့်ဝ လွန်း နေတာ၊
        ပြည်သူ တွေ ကို သူ့ကျောခင်းပေးနေတာ
        ဒေါ်အောင်ဆန်းစုကြည် ဘဲ ရှိနေပါတယ်။
        သူ့ ကို အားပေး ပံ့ပိုးခြင်းဟာ
        ထင်းစည်းကြီးရွက်ပြီး သူများစာသင်တဲ့ ကျောင်းနားမှာ ခိုးနားထောင် ရင်း စာလိုက်ရွတ် နေတဲ့ ကလေးတွေ၊
        ဆေးကုဖို့မပြောနဲ့ ထမင်းနပ်တောင် မမှန်လို့ အငတ်ဘေး နဲ့ သေခြင်း ကို စောင့်နေရတဲ့ လူအိုတွေ၊
        အလုပ်အကိုင်မဲ့ အနာဂါတ်ပျောက် နေတဲ့ လူငယ် တွေ
        အများကြီး အတွက် ပံ့ပိုးပေးခြင်းပါ။
        ကျွန်မ ချစ်ခဲ့တဲ့ မြို့လေးကလူတွေ ကို သာမက တစ်ပြည်လုံး ကို ကယ်တင်နိုင်မဲ့ သူ ကို ရှာကြည့်ပါ။
        ကျွန်မ တစ်သက်မှာတော့ တစ်ခြားဘယ်သူမှ ဒေါ်အောင်ဆန်းစုကြည် နေရာ ကို မရနိုင်တော့ပါဘူး။
        ဒီလို လူ ကိုရှာလို့လဲ မရနိုင်တော့ပါဘူး။

        ဒီအတွက် တစ်ခြား ဘာမှမတွေး ဘဲ သူ့ ကိုသာ ပံ့ပိုးပေးကြပြီး သူပြောတာ နားထောင်ဖို့ပါဘဲ။
        အရေးအကြီးဆုံး က ကိုမင်းခန့်ကျော် ရေ။
        ဒီအချိန် မှာ လူတွေ ကို ကောင်းကောင်း ထိန်းနိုင်တဲ့ စနစ် ကောင်း တစ်ခု မရှိ သေးခင် ရှိ တဲ့ လူကောင်း ကို ဦးဆောင်ပြီး စနစ်ကောင်း စနိုင်ပါစေဦး။
        မဟုတ်ဘဲ လူ စရှာရင်တော့ ဘာဖြစ်မယ် ထင်လဲ။
        သူထက်ငါ အပြိုင်အဆိုင် စိတ်ဓာတ် တွေ အတ္တတွေ ထိုးတက် နေတဲ့ သူတွေ တက် လာတာဘဲ ရှင်မြင်ရလိမ့်မယ်။
        အခုချိန်တော့ သူ့ဆီမှာသာ တိုင်းပြည် ရဲ့ “ကံ” ကို ပုံလိုက်ကြသင့်သလားပါဘဲ။

        မဟုတ်လဲ ဒါထက် ဆိုးစရာရှိနိုင်သေးလို့လား။
        ချမ်းသာသူတွေ က ပိုချမ်းသာပြီး ဆင်းရဲ သူတွေ က ပိုပြီး ဆင်းရဲ ဖို့ဘဲ ရှိပါတယ်။
        ဟိုမရောက် ဒီမရောက် လူတန်းစား တွေ က တော့ ၅၀/၅ဝ ဆိုပါတော့။
        ဒီတော့ ဘယ်လမ်းရွေးချင်လဲ။
        ဒါကတော့ ပြည်တွင်း နေသူများရဲ့ ကိုယ်ပိုင်ဆန္ဒပါဘဲ။

        ကျွန်မလဲ အဝေးကနေ လေဖော နေတာလဲ ဖြစ်နိုင်ပါတယ်။
        ဒါပေမဲ့ တစ်ချိန်ကလဲ မြန်မာပြည် အတွက် ကိုယ်စွမ်းရှိသ၍ အလုပ်လုပ် ပေးခဲ့ဘူးပါတယ်။
        အနာဂါတ်မှာ လဲ ကိုယ်စွမ်းတာလေး တွေ လုပ်ပေးနိုင်ဖို့ ကြိုးစား နေဆဲပါ။
        လောလောဆယ်တော့ ရွာထဲ မှာ လေ နဲ့ ယင်ကောင် တွေ ပိုးကောင် တွေ မောင်းနိုင်မလားလို့ ယပ်တစ်ချောင်း ကိုင် လို့ စောင့်နေမိခြင်းပါဘဲ။

        မှတ်ချက် – ကိုမင်းခန့်ကျော် စာ က သဘောမကျ လို့ ပြောနေတာမဟုတ်ပါ။
        ရှင့် အဓိပ္ပါယ်ကို ကျွန်မ မကြိုက် စကား နဲ့ ဘာသာပြန်သူ ရှိမှာ စိုးလို့ပါ။
        သူတို့လဲ ကျွန်မ ကို တန်ပြန်ပြီး ကန့်ကွက် လို့ ရနိုင်တာပေါ့။
        မဟုတ်လား။
        ကျွန်မလဲ ကျွန်မပြောတာ အဟုတ် လို့ မတွေးပေမဲ့ ကိုယ် ယုံကြည်ရာ ဘက်က ရပ် နေတဲ့ သဘောပါဘဲ။
        ရှင်လဲ ကျွန်မခံစားမှု ကိုနားလည်နိုင်မယ် ထင်ရဲ့။
        စာတွေ ဆက်ရေးပါ။
        တစ်ချိန်မတော့ အမှန်မဟုတ်တောင်မှ သင့်တော်ရာလမ်းမှန် တစ်ခုပေါ်ရောက်မယ်လို့ မျှော်လင့်ပါတယ်။

        ခင်မင်စွာဖြင့် :-))))

  • အရီးခင်

    July 5, 2014 at 2:42 pm

    အခု ကိစ္စမှာလဲ အရင်ထက်စာရင် အများကြီး လူတွေ စဉ်းစားတတ်လာသလားလို့။
    ဖွနေပေမဲ့ ဗြဲလရမ်း အရန်းကြီး ပွ မသွားတာ။
    ဒီတော့ ကြားနေ ၅၀/၅ဝ ဟိုမရောက် ဒီမရောက် လူတွေ အနေအထားမှန်ရင် ကောင်းတဲ့ ဘက် ကို ပြောင်းမယ် လို့ ယုံကြည် နေတာပါဘဲ။
    တိုင်းပြည် မပြောင်းတာ ကြားနေ ၅၀/၅ဝ တွေ အနေအထားမမှန် နိုင်သေးလို့ လို့ မြင်မိလို့။
    အနေအထားမှန် တယ် ဆိုတာက သူတို့ ကို ဆန့်ကျင်ဖို့ မဟုတ်ပါဘူး။
    နီးစပ်ရာ အမှန်တရား အတွက် ရပ်တည်ပေးနိုင်ဖို့၊ ဖော်ထုတ်ပေးနိုင်ဖို့ပါ။
    ဟို ဘက် ပိုင်း နဲ့ ပိုနီး ရင်လဲ သူတို့ ကို ကိုယ်ချင်းစာတရား အသိဝင်ဖို့ ဖျောင်းဖြ သိမ်းသွင်း စည်းရုံး ပေးဖို့ပါ။

    • မင်း ခန့် ကျော်

      July 6, 2014 at 4:42 am

      အရီးရေးကျေဇူးတင်ပါတယ်ဗျာ။
      အရီးတင်မဟုတ်ပါဘူး။
      မတွေးတတ်တွေးတတ်
      မရေးတတ်ရေးတတ်နဲ့
      လူကြမ်းကြီးလုပ်
      ပိုစ်တင်လိုက်တာကို
      အရေးတယူလုပ်
      ဝိုင်ဆွေးနွေးပေးကြတဲ့
      သူကြီးအပါအဝင်ရွာသူးာ
      အားလုံးကိုရော
      ဖတ်ပြီးအတွေးတမျိုးမျိုးရသွားတဲ့သူအားလုံးကိုပါကျေးဇူးတင်ပါတယ်။
      အရီးရဲ့အပေါ်ကမန့်ထားတဲ့စကားတွေဖတ်ပြီးကျတော်တခု
      ပြောချင်တာလေးပေါ်လာတယ်။
      အားလုံးသိပြီးသားဖြစ်ချင်လဲဖြစ်မှာပါ။
      ဒါကတော့ မြန်ပြည်မြောက်ဖျားပိုင်းမှာ မြို့တော်ကြီးတခုအသစ်
      တည်ဆောက်ဖို့ဆွေးနွေးနေကြသလားလို့။
      ဒီအကြောင်းကလည်း အာရုံပြောင်းဖို့ကိစ္စကြီးများထဲကတခုဖြစ်လာနိုင်မလားရယ်
      မထင်မှတ်ပဲ ကိစ္စကြီးတခုဖြစ်လာမလားဆိုတာ
      အမြင်အသိဉာဏ်ကျယ်တဲ့အရီးတို့စဉ်းစားဖို့
      ကျတော်အနေနဲ့တောင်းဆိုချင်ပါတယ်။
      ဒီအရေးနောက်ကိုပဲအာရုံရောက်ကုန်မစိုးလို့ပါ။
      နောက်
      အောက်ကပြောတဲ့အပိုင်းမှာက
      ကျတော်တို့မြို့ခံလူတွေ ဒီတခါထိန်းထိန်းသိမ်းသိမ်းနေတတ်
      သွားပြီးလို့ကျတော်မြင်ပါတယ်။
      ဒီလောက်နဲ့ပဲ သူတို့ရဲ့မအောင်မြင်တဲ့လန်ကျုတ်ဖန်တီးမူ့ဇာတ်သိမ်းသွားပြီလို့
      မြင်ပါတယ်။
      ဟုတ်ကဲ့ပါ။

      • အရီးခင်

        July 6, 2014 at 4:49 am

        ဉာဏ်ကျယ် ဆိုတာ ကာတွန်းအောင်ရှိန် ရဲ့ ဇာတ်ကောင် ပေါ့ ကိုခန့် ရဲ့။ :-)))
        အရီး အမြင် ကတော့ မျက်မှန်တတ်ကြည့်ရင် ကျယ်ပါတယ်။
        ဘောပွဲ က ဇာတ်မြော နေလို့ ဝင် နောက်တာပါ။
        အတည်ပြောရရင် ကျွန်မ က နိုင်ငံရေးအသိ မကြွယ်ပါဘူး။
        ရိုးရိုးပြည်သူတစ်ယောက် အမြင်ကိုဘဲ စိတ်ထဲ ရှိရာ ပြောနေတာပါ။
        ဒါပေမဲ့ ကန့်ကလန့်တော့ တိုက်တတ် တာမို့ ဆရာလုပ် ပြောသလို ဖြစ်ဖြစ်နေရင် နားလည်ပေးပါရှင့်။
        ဆရာလုပ်တာမဟုတ်ပါဘူး။ :-))

  • ဖတ် ရင်း နဲ့ ကို မော သွား တယ် ဗျို့

    အခု ရက် ဘော ပွဲ ဘဲ ပြော နေ ကြ တော့ ဘော စကာ း နဲ့ ဘဲ ပြော မယ်

    မြန် မာ ဘော လုံး သစ် မှာ မျိုး ဆက် သစ် တွေ မွေး မ ထား တော့ အခု ဘာ ဖြစ် နေ သ လဲ

    ဒါ ကို ကျ နော် တို့ န မူ နာ ယူ သင့် တယ်

    အခု အချိန်မှာ နိုင်ငံ ရေး မျုးိ ဆက် သစ် လေး တွေ ကို ချ ခင်း ပြ ရ မယ့် အချိ်န် ရောက် နေ ပါ ပြီ

    ထပ်ပြော ချင် တာ က တော့ တစ် ဖက် သင်း ကို လဲ လျော့ မတွက် ပါ နဲ့

  • မင်း ခန့် ကျော်

    July 7, 2014 at 10:27 am

    ကိုပေါက်(မန္တလေး)
    ကိုပေါက်(မန္တလေး)
    July 6, 2014

    ဖတ် ရင်း နဲ့ ကို မော သွား တယ် ဗျို့

    မောစရာတွေပါပဲလေးပေါက်ရေ။
    နိုင်ငံရေး ပြောတော့မယ်ဆိုရင်
    များသောအားဖြင့် နိုင်ငံရေးသမားတွေ
    လေ့လာစောင့်ကြည့်သူတွေ
    မီဒီယာတွေ စသည်စသည်တို့က
    ဆက်စပ်နေတဲ့သမိုင်းလမ်းကြောင်းတွေ
    ပြင်ပကမ္ဘာ့ သမိုင်းတွေ
    အသွင်တူနိုင်ငံရေးအရွေ့တွေနဲ့ နိုုင်းယှဉ်သုံးသပ်လေ့
    ပြင်ဆင်လေ့ရှိတတ်ကြပါတယ်။
    နောက်သဘောတရားပေါင်းစုံ
    သိအိုရီပေါင်းစုံ စတာတွေ နဲ့လည်း
    သုံးသပ်တတ်ကြပါတယ်။
    ဒါပေမဲ့
    ကျတော်ကတော့ မြန်မာ့လက်ရှိနိုင်ငံရေးအကြပ်အတည်းမျိုး
    မြန်မာ့သမိုင်းမှာလဲ မရှိခဲ့ပါ။
    ကမ္ဘာ့သမိုင်းမှာလဲမရှိခဲ့ပါ။
    ဘာသဘောတရား ညာသီအိုရီ ဘာညာသာရကာအဖြစ်အပျက်
    တွေနဲ့လဲ တိုင်းတာလို့မရတဲ့
    နိုင်ငံအရေးလို့မြင်ထားပါတယ်။
    ဘောလုံးဥပမာနဲ့နိုင်းသာနိုင်းလိုက်ရတယ်။
    ဒါလဲမဟုတ်နိုင်လောက်ဘူးလို့စိတ်ထဲကထင့်နေပြန်ရော။
    ကျတော်တို့နိုင်ငံရေးအခြေအနေကိုကျတော်ပွင့်ပွင့်လင်းလင်း
    မြင်တာပြောရရင်

    “မြန်မာနိုင်ငံကိုစစ်တပ်၏အနီးကပ်ထိန်းချုပ်ရေးအောက်တွင်
    အစိုးရဖွဲ့ပြီး နိုင်ငံတကာကဒီမိုကရေစီလမ်းကြောင်းပေါ်ကမြန်မာ
    ဟုသိမြင်စေရန်သာမက နောင်တက်လာမည့်အစိုးရမှန်သမျှ
    မိမိတို့စစ်တပ်အား ပြန်လှန် ထိန်းချုပ်မည့်အနေအထားသို့
    မရောက်နိုင်စေရ”
    အဲသလိုမြင်ပါတယ်ဗျာ။
    ညကအိမ်မက်မကောင်းဘူးလေးပေါက်ရေ။
    ဟုတ်ကဲ့ပါဗျာ။

Leave a Reply