နရံကအသံကိုလက်​မခံဘူး
ဆတိုးပြန်​​အော်​တယ်
မီး​တောက်​ဟာ
ဘဝကူးတဲ့အခါ အခိုးအ​ငွေ့ခပ်​ထားတဲ့ပြာပုံ
၂၅ ရာခိုင်​နှုန်းဆိုတာ
လူမကြိုက်​​တော့တဲ့ကစားကွက်​ပါ
အ​ပြောင်းအလဲ​တွေလုပ်​​နေခြင်းက
အရပ်​သားဝတ်​စုံကိုဆိုလိုသလား
ရေစီး​ရေလာမ​ကောင်း​ကြောင်း
နိုင်​ငံပိုင်​ရုပ်​သံက မဆိုင်​သလို​နေပါတယ်
သတင်းနဲ့အတင်းဟာ
ကန်​သင်းတစ်​ခုခြားတာပဲအဖတ်​တင်​တယ်
ခု​ခေတ်​စား​နေတဲ့ သီချင်းက
ယုန်​မမြင်​ဘဲ
ချုံထွင်​​နေကြတဲ့ ဘရာဗို​တွေတဲ့။
ကိုစစ်

ko six

About ko six

ko six has written 103 post in this Website..

ဘဝဆိုတာ အပိုင်းနှစ်ပိုင်းနဲ့ရွေ့နေတဲ့ ဂေါက်သီး။ ရယူမှာလား။ ပေးဆပ်မှာလား။ အဲ နှစ်ခုစလုံးတော့ကြုံရမယ်။ ဘယ်ဟာကို အရင်ကြုံချင်လဲဆိုတာမှာ လူတော်လူညံ့ကွဲကုန်တာ။ CJ # 1122014