ဂဃနဏ

ko sixJuly 2, 20141min1425

နရံကအသံကိုလက်​မခံဘူး
ဆတိုးပြန်​​အော်​တယ်​
မီး​တောက်​ဟာ
ဘဝကူးတဲ့အခါ အခိုးအ​ငွေ့ခပ်​ထားတဲ့ပြာပုံ
၂၅ ရာခိုင်​နှုန်​းဆိုတာ
လူမကြိုက်​​တော့တဲ့ကစားကွက်​ပါ
အ​ပြောင်​းအလဲ​တွေလုပ်​​နေခြင်​းက
အရပ်​သားဝတ်​စုံကိုဆိုလိုသလား
​ရေစီး​ရေလာမ​ကောင်​း​ကြောင်​း
နိုင်​ငံပိုင်​ရုပ်​သံက မဆိုင်​သလို​နေပါတယ်​
သတင်​းနဲ့အတင်​းဟာ
ကန်​သင်​းတစ်​ခုခြားတာပဲအဖတ်​တင်​တယ်​
ခု​ခေတ်​စား​နေတဲ့ သီချင်​းက
ယုန်​မမြင်​ဘဲ
ချုံထွင်​​နေကြတဲ့ ဘရာဗို​တွေတဲ့။
ကိုစစ်​

5 comments

  • Ma Ma

    July 2, 2014 at 6:01 am

    ဂဃနဏ တော့ ဖတ်သွားတယ်။
    ဂဃနဏ တော့ မသိဘူး။
    ဝိုးတိုးဝါးတားနဲ့ သိသလိုလိုတော့ ရှိသားးးးးး 🙂

  • kyeemite

    July 3, 2014 at 2:48 pm

    ၂၅ ရာခိုင်​နှုန်​းဆိုတာ
    လူမကြိုက်​​တော့တဲ့ကစားကွက်​ပါ
    အ​ပြောင်​းအလဲ​တွေလုပ်​​နေခြင်​းက
    အရပ်​သားဝတ်​စုံကိုဆိုလိုသလား
    ​ရေစီး​ရေလာမ​ကောင်​း​ကြောင်​း
    နိုင်​ငံပိုင်​ရုပ်​သံက မဆိုင်​သလို​နေပါတယ်​……ကြိုက်တယ်ဗျာ…ထိထိမိမိလေးပါပဲ :buu:

  • တိမ်မည်း

    July 3, 2014 at 5:01 pm

    ဂဃနဏ မသိတဲ့လူတွေ များနေတာတော့ ခက်သားရယ်…..

  • black chaw

    July 3, 2014 at 8:36 pm

    ကိုယ့်အထာနဲ့ ကိုယ်မီသလောက်
    အတွေးဆန့်သွားပါတယ်ဗျာ…။

  • အလင်းဆက်

    October 16, 2014 at 6:06 pm

    နိုင်ငံအရေးကို…အဲဒီလို
    (ဟောဒီ ကဗျာလို)
    အနုပညာပညာနဲ့..တို့ကြည့် ထိကြည့်ရမှာ ဖြစ်ပါကြောင်းး

Leave a Reply