The true is true in the world.


ဗုဒ္ဓဘာသာကို “ကမာ္ဘ့ အကောင်းဆုံး” ဘာသာတရားတရားအဖြစ် ဆုရွေးချယ်ချီးမြှင့်
By abma | August 8, 2010

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့အခြေစုိုက်အပြည်ပြည်ဆိုင်ရာဘာသာရေးနှင့် အသိဉာဏ်မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဗုဒ္ဓဘာသာကို “ကမ္ဘာ့အမွန်မြတ်ဆုံး၊ အကောင်းဆုံး” ဘာသာတရားအဖြစ် ဆုချီးမြှင့်ခဲ့ပါတယ်။

အဆိုပါ အထူးတစ်လည်ချီးမြှင့်ခဲ့တဲ့ဆုကို ကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ် ၂၀ဝ ကျော်ကရွေးချယ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ပို၍ဝမ်းမြောက်အံ့ဩဖွယ်ကောင်းသည်မှာ ပါဝင်ရွေးချယ်သည့် ဘာသာရေးခေါင်းဆောင် အများစုက အဆိုပါအဖွဲ့အစည်းတွင်အဖွဲ့ခွဲဝင် အနည်းဆုံးဖြစ်သော ဗုဒ္ဓဘာသာကို မိမိတို့ ဘာသာထက်ကျော်လွန်ပြီး ဆန္ဒမဲပေးခဲ့ ကြခြင်းဖြစ်သည်။

ပါဝင်ဆန္ဒမဲပေးခဲ့သူလေးဦးက ပြောဆိုခဲ့ရာတွင်…

အဆိုပါအဖွဲ့ကြီး၏သုတေသနညွန်ကြားရေးမှူး Jonna Hult က ” ဒီကမ္ဘာ့အမွန်မြတ်ဆုံး၊ အကောင်းဆုံး ဘာသာတရားဆုကို ဗုဒ္ဓဘာသာက ရရှိတာအံ့ဩစရာမရှိပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာကြောင့် ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့ စစ်ပွဲဆိုတာမရှိခဲ့ပါဘူး။ တစ်ခြားဘာသာများနဲ့ မတူတာကအဲဒါပါပဲ။ တစ်ခြားဘာသာတွေက အကယ်၍ဘုရားသခင်သာ မှားယွင်းခဲ့ယင်ဆိုတဲ့ အတွေးနဲ့ လက်နက်တွေကို အရံသင့် ထားကြပါတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ(ဘာသာရေးအတွက်နဲ့) စစ်တိုက်တာကို တွေ့ရဖို့ အတော်ခဲယဉ်းပါတယ်။ တစ်ခြားဘာသာဝင်တွေရဲ့ အစဉ်အလာအလေ့အထနဲ့ ဆန့်ကျင်စွာပဲ ဗုဒ္ဓဘာသာဟာ ကို်ယ်ကိုယ်တိုင်ကျင့်ကြံတဲ့ တရားကိုသာသူများကို ဟောကြားခဲ့တာပါပဲ” လို့ဆိုခဲ့ပါတယ်။

Belfast မြို့မှ ကက်သလစ်ဘုန်းတော်ကြီး Ted O’Shaunghnessy ကတော့ ကက်သလစ်သာသနာကို မြတ်နိုးကိုကွယ်ပေမယ့် လူသားတွေကိုမေတ္တာဂရုဏာထားရန် ဟောကြားပြီး လူသားတွေကိုပဲ သတ်ဖြတ်ကာ ဘုရားသခင်ရဲ့ အလိုဆန္ဒ နားလည်ပါတယ်လို့ ပြောကြတာက စိတ်အနှောက်အယှက်အဖြစ်ရဆုံးပါပဲ။ ဒါကြောင့် မွန်မြတ်တဲ့ ဗုဒ္ဓဘာသာကို မဲပေးခဲ့တာပါလို့ အမိန့်ရှိခဲ့ပါတယ်။

ပါကစ္စတန်က မွတ်ဆလင်ဘာသာရေးခေါင်းဆောင် Tal Bin Wassad ကလည်းဒီအဆိုကိုသဘောတူထောက်ခံခဲ့ပါတယ်။ အဆိုပါအဖွဲ့ကြီးရဲ့ ပါကစ္စတန်နိုင်ငံမွတ်စလင်အစည်းအရုံးဆိုင်ရာ မဲပေးရေး အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ သူက “ကျွန်တော်ဟာ အစ္စလာမ်ဘာသာကိုနှစ်နှစ်ကာကာ ယုံကြည်သူတစ်ယောက်ပါ။ သို့သော်လည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်ထက် ဘာသာရေးကို အကြောင်းပြပြီး အမျက်ဒေါသတွေထွက်ကြ၊ သွေးမြေကျကြရတာတွေကို တွေ့မြင်ခံစားရပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကတော့ အဲဒါကို သိမြင်နားလည်သဘောပေါက်ခဲ့ကြပါတယ်။ ပြောရယင်ကျွန်တော့်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေတစ်ချိူ့ဟာ ဗုဒ္ဓဘာသာဝင်တွေပါ ” လို့ပြောခဲ့ပါတယ်။

အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့က ဂျူးဘုန်းတော်ကြီး Shmuel Wasserstein ကတော့ “ကျွန်တော်လဲ ကျွန်တော့်ဘာသာဖြစ်တဲ့ ဂျူဒါအစ်ဇင် ကိုနှစ်သက်မြတ်နိုးပါတယ်။ ကို်ယ့်ဘာသာမို့ကိုယ် ဒါဟာကမ္ဘာ ပေါ်မှာ အကြီးမြတ်ဆုံး ဘာသာတရားလို့ လည်းထင်ပါတယ်။ ဒါပေမယ့် ရိုးရိုးသားသားဝန်ခံရယင် ကျွန်တော်ဟာ နေ့စဉ်ဂျူးဘာသာအရ ဝတ်မပြုခင် ဝိပဿနာတရားကိုကျင့်ကြံ အားထုတ်နေတာ ၁၉၉၃ ခုနှစ်ကတည်းကပါ။ ဒါကြောင့် အခုလို မဲပေးလိုက်ပါတယ်” လို့ ပြောလိုက်ပါတယ်။

သို့သော် စိတ်မကောင်းစရာ အချက်တစ်ခုက အဆိုပါအဖွဲ့ကြီးအနေဖြင့် ထိုဆုကိုလက်ခံမည့်သူတစ်ယောက်ကိုမျှ မတွေ့ခဲ့ရပေ။ သူတို့ ဆက်သွယ်ပြောဆိုသမျှ ဗုဒ္ဓဘာသာဝင်အားလုံး ကထိုဆုကိုလက်ခံဖို ့ငြင်းပယ် ခဲ့ကြခြင်းဖြစ်သည်။

အဘယ်ကြောင့် ထိုဆုကိုလက်ခံရန် ငြင်းဆန်ရကြောင်းမေးမြန်ခဲ့ရာ မြန်မာဗုဒ္ဓဘာသာအသင်း ဘုန်းတော်ကြီး ဂုရတ္တက “ယခုလိုမိမိတို့ဘာသာကို အသိအမှတ်ပြုချီးမြှင့်သည့်အတွက် ဝမ်းမြောက် ကျေးဇူးတင်ကြောင်း၊ သို့သော် ဒီဆုကို အမြတ်ဆုံး လွတ်မြောက်မှုနိက္ခမဓါတ်၊နိဗ္ဗာနဓါတ် ကြိုးစားအားထုတ်ကာရရှိနိုင်သည့် လူသား အားလုံးကို မိမိတို့ မျှဝေပေးအပ်ပါကြောင်း…” မိန့်ကြားခဲ့ပါတယ်။

အဖွဲ့ကြီးအနေနဲ့ ထိုဆုကို လက်ခံရယူပေးမယ့် သူကိုဆက်လက် ဆက်သွယ်နေဦးမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

Freedom From Religion: Buddhism Wins Best Religion in the World Award

Wednesday July 15, 2009

In advance of their annual Leading Figure award to a religious figure who has done the most to advance the cause of humanism and peace, the Geneva-based International Coalition for the Advancement of Religious and Spirituality (ICARUS) has chosen to bestow a special award this year on the Buddhist Community. “We typically prefer an under-the-radar approach for the organization, as we try to embody the spirit of modesty found in the greatest traditions,” said ICARUS director Hans Groehlichen in a phone conference Monday. “But with organized religion increasingly used as a tool to separate and inflame rather than bring together, we felt we had to take the unusual step of creating a “Best Religion in the World” award and making a bit of a stir, to inspire other religious leaders to see what is possible when you practice compassion.”

Groehlichen said the award was voted on by an international roundtable of more than 200 religious leaders from every part of the spiritual spectrum. “It was interesting to note that once we supplied the criteria, many religious leaders voted for Buddhism rather than their own religion,” said Groehlichen. “Buddhists actually make up a tiny minority of our membership, so it was fascinating but quite exciting that they won.”

Criteria included factors such as promoting personal and community peace, increasing compassion and a sense of connection, and encouraging preservation of the natural environment. Groehlichen continued “The biggest factor for us is that ICARUS was founded by spiritual and religious people to bring the concepts of non-violence to prominence in society. One of the key questions in our voting process was which religion actually practices non-violence.”

When presenting the information to the voting members, ICARUS researched each of the 38 religions on the ballot extensively, offering background, philosophy, and the religions role in government and warfare. Jonna Hult, Director of Research for ICARUS said “It wasn’t a surprise to me that Buddhism won Best Religion in the World, because we could find literally not one single instance of a war fought in the name of Buddhism, in contrast to every other religion that seems to keep a gun in the closet just in case God makes a mistake. We were hard pressed to even find a Buddhist that had ever been in an army. These people practice what they preach to an extent we simply could not document with any other spiritual tradition.”

At least one Catholic priest spoke out on behalf of Buddhism. Father Ted O’Shaughnessy said from Belfast, “As much as I love the Catholic Church, it has always bothered me to no end that we preach love in our scripture yet then claim to know God’s will when it comes to killing other humans. For that reason, I did have to cast my vote for the Buddhists.” And Muslim Cleric Tal Bin Wassad agreed from Pakistan via his translator. “While I am a devout Muslim, I can see how much anger and bloodshed is channeled into religious expression rather than dealt with on a personal level. The Buddhists have that figured out.” Bin Wassad, the ICARUS voting member for Pakistan’s Muslim community continued, “In fact, some of my best friends are Buddhist.” And Rabbi Shmuel Wasserstein said from Jerusalem, “Of course, I love Judaism, and I think it’s the greatest religion in the world. But to be honest, I’ve been practicing Vipassana meditation every day before minyan (daily Jewish prayer) since 1993. So I get it.”

Groehlichen said that the plan was for the award to Buddhism for “Best Religion in the World” to be given to leaders from the various lineages in the Buddhist community. However, there was one snag. “Basically we can’t find anyone to give it to,” said Groehlichen in a followup call late Tuesday. “All the Buddhists we call keep saying they don’t want the award.” Groehlichen explained the strange behavior, saying “Basically they are all saying they are a philosophical tradition, not a religion. But that doesn’t change the fact that with this award we acknowledge their philosophy of personal responsibility and personal transformation to be the best in the world and the most important for the challenges facing every individual and all living beings in the coming centuries.”

When asked why the Burmese Buddhist community refused the award, Buddhist monk Bhante Ghurata Hanta said from Burma, “We are grateful for the acknowledgement, but we give this award to all humanity, for Buddha nature lies within each of us.” Groehlichen went on to say “We’re going to keep calling around until we find a Buddhist who will accept it. We’ll let you know when we do.”

Link: http://blog.beliefnet.com/onecity/2009/07/freedom-from-religion-buddhism-wins-best-religion-in-the-world-award.html#more#ixzz0vOVAHild

by A.B.M.A

7 comments

  • shwemoenyo

    August 13, 2010 at 2:32 am

    လူတွေဟာ ကိုယ်ကိုးကွယ်နေတဲ့ဘာကို ကိုယ်ကိုယ်တိုင် အမှန်အတိုင်းလက်ခံတာ အကောင်းဆုံးပါပဲ…..အများအားဖြင့် လူတွေက မိဘကိိုးကွယ်တဲ့ဘာသာကို ကိုယ်ပိုင်ဘာသာအဖြစ်ဆက်ခံကြတာများပါတယ်။
    ဒါအယူအဆကို ခုလို အတွေးအခေါ်တွေတိုးတက်နေတဲ့ ခေတ်မှာ လူတိုင်းကိုယ့်ဘာသာကိုပြန်စမ်းစစ်ပြီိးမှလက်ခံသင့်လာပါပြီ။ ကိုယ်ဝမ်းဝဖို့သူများအသားကို သတ်စားမှတရားမျှတယ်ဆိုတာမျိုး၊ ကိုယ့်ဘာသာရဲ့ တမန်တော်ကပဲ ကိုယ့်ဘာသာကောင်းစားဖို့ အနှောင့်အယှက်မှန်သမျှကို သတ်ဖြတ်ရင်ကောင်းကင်ဘုံက အသင့်ကြိုနေတယ်ဆိုတာမျိုးကို စဉ်းစားကြည့်ပါဦိး။
    creatorက သတ္တဝါအားလုံးကို ဖန်ဆင်းးထားပါတယ်ဆိုရင် ဘာလို့အခွင့်အရေးတွေ ခွန်အားတွေ ဉာဏ်ပညာတွေကြတော့ တူအောင်createလုပ်မပေးခဲ့တာလည်း။
    ကိုု်ယ်ပြုသမျှကံ ကိုယ်သာခံ ကိုယ်လုပ်သမျှရမယ် ကိုယ့်ဝစီကံကိုယ်သာ တာဝန်ယူ ဘယ်လောက်ကောင်းတဲ့အယူအဆလဲ …..ဘယ်လောက်ရှင်းလဲ။
    သတ္တဝါအားလုံးကို ကိုယ်နှင့်နှိုင်းကာ ကိုယ်ချင်းစာ၊
    အရာရာကိုမေတ္တာနဲ့ကြည့် သူများ ဘာသာတရားကိုမပုတ်ခတ်ရ၊ သူများယုံကြည်ကိုးကွယ်ရာ ဘာသာတရားရုပ်ထုများကိုလည်း မဖျက်စီးနဲ့ ကိုယ်ချင်းကိုယ်သာကိုယ်ချင်းစားကြ၊
    ကိုယ့်ကိုကိုယ်သာကိုးကွယ်ရာမှန်သော်လည်း အမှန်တရားနဲ့ကျင့်ကြံဖို့။ မင်္ဂလာ တရားနဲ့အညီနေဖို့ကစလို့၊ စကားကြီး ခြောက်ခွန်းးအထိ အသေးစိတ်သင်ပေးခဲ့တဲ့ ဘာသာတရား….အယူဝါဒတခုနဲ့ မပြောင်းလဲတဲ့ သစ္စာ လေးပါးကိုရဖို့ အမှန်တရားတခုကိုရဖို့ လေးသချေင်္နဲ့ကမ္ဘာတစ်သိန်းလုံးလေ့လာအားထုတ်ကိုယ်တိုင်ကျင့်ကြံခဲ့တဲ့ ဆရာ………
    ကိုယ်တိုင်သိသမျှကိုသာ သင်ပေးခဲ့တဲ့ဆရာ….
    သံသရာရဲ့လွှတ်မြောက်မှုကိုသာ အလေးထားပေးခဲ့တဲ့ဆရာ…..
    သံသရာက မလွှတ်သေးသရွေ့ ဒီဘာသာကိုသာ ကိုးကွယ်ရသူ ဖြစ်ပါရစေ ဘုရား

  • Shwemannmay

    August 13, 2010 at 3:21 am

    ဗုဒ္ဓဘာသာကို ကိုယ်စားပြုသူတွေပာာ ဗုဒ္ဓဘာသာဝင်တွေပါပဲ ။

  • bigcat

    August 13, 2010 at 3:51 am

    ဆုရတာဝမ်းသာစရာပါ။ ဒါပေမဲ့ သတိပြုသင့်တာက တစ်ခါတရံမှာ ပေးသူက ရသူက ပိုပြီးတော့ ဂုဏ်ရှိတယ် ဆိုတာပါပဲ။ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် တူရကီနိုင်ငံမှာရှိတဲ့ တချိန်တုန်းက ခရစ်ယန်ဘုရားရှိခိုးကျောင်းကို ငုံပြီးထပ်ဆောက်ထားတဲ့ မွတ်စလင်ဗလီဝတ်ကျောင်းကို သွားပြီးဝတ်ပြုသလိုပေါ့။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ လူပုံအလယ်မှာ သူတို့ရ.ဲသဘောထား ကြီးမှုက ရန်သူဟောင်းရဲ. ့ဘုရားဝတ်ကျောင်းမှာ ဒူးထောက်ခဲ.ရတာထက် ပိုပြီးအမြတ်ထွက်သွာတယ် လို့ထင်ပါတယ်။

  • yawhan

    August 13, 2010 at 4:22 am

    အကျင့်သီလကို ကိုယ်တိုင်ကျင့်ပါ၊ ကောင်းကျိုးဆိုးကျိုးဆီုတာ ကိုယ့်အပေါ်မှာဘဲမူတည်ပါတယ်။ဘယ် တမန်တော်၊ဘယ်တန်ခိုးရှင်မှ ကိုယ်လုပ်ခဲ့တဲ့အပြစ်ကိုပြေအောင်၊ကျေအောင်မလုပ်ပေးနှိုင်ပါဘူး။ကျနော်ကိုယ်တိုင်လဲ(—ဘာသာမှ) ဗုဒ္ဒဘာသာသို့ကူးပြောင်းခဲ့သူဖြစ်ပါတယ်။
    ဆရာတော် ဦးဇောတိက ဟာလည်း xxxဘာသာမှကူးပြောင်းလာသူ ပညာတတ်တစ်ယောက်ပါ။
    မျက်စေ့စုံမှိတ်ပြီး ငါ့ဘာသာ ငါ့အယူ ဆိုတဲ့တယူသန်သမားတွေအတွက် လေ့လာစေချင်ပါတယ်။http://dhammaanalysis.multiply.com/
    http://www.dhammaransi.com/index.php?option=com_weblinks&view=category&id=40&Itemid=70

  • MandalayThar

    August 13, 2010 at 7:09 am

    ဒီပို့စ်ကြီးက အရင်တခေါက် mandalay gazette မှာ တင်ပြီးသားပါ။ အဲဒီတုန်းက comment တွေပြန်ရှာဖတ်ကြည့်ပါဦး။ ဆင်ခြင်ဉာဏ်သုံးဦးနော်.. ရမ်းတင်တိုင်းမယုံနဲ့ မိမိဘာသာ ပြန်လည်စဉ်းစားပြီး ဖြစ်နိုင်တဲ့ဟာလား။ ဆိုတာယုံကြပါ။

  • aye aye

    August 13, 2010 at 1:13 pm

    ဖြစ်နိုင်ရင် ဘာသာရေးတွေသိပ်မတင်စေချင်ဘူး…..
    ဘာသာရေးနဲ.မှဘလော.ရေးချင်ရင် ကိုယ်.ဘာသာနဲ.ပတ်သက်တဲ.နေရာမှာသွားရေးပါ
    လို.အကြံပြုချင်ပါတယ်
    လူတိုင်းက ကိုယ်.ဘာသာကို အလေးထားကြတာ အားလုံးသိပါတယ်….
    ကိုယ်.ဘာသာကို အကောင်းဆုံးလို.ထင်ကြတာလူတိုင်းပါ
    ဒါကြောင်.စာဖတ်သူတွေထဲ ဘာသာအမျိုး၂ရှိကြတဲ.အထဲ….ဒိလို အစွဲမျိုးတွေကို တင်ချင်ရင်
    ကိုယ်.ဘာသာရေးဝက်ဆိုက်မှာသွားတင်ပါ….
    မနေနိုင်လို. ဒီလိုရေးသွားပါတယ်

    • Al Yin Htee

      August 13, 2010 at 2:00 pm

      Let me ask you.
      why did you မနေနိုင်???
      Are you communist ??

Leave a Reply