Window 8

 

 

တကယ်တော့ Window 7 ကပဲ ငြိမ်သေးတာပါ…

ဒါပေမဲ့ အခု ကွန်ပျူတာ အသစ်တလုံးသာ ပြေးဝယ်လိုက်… အကုန်တင်ပေးပါနော်လို့ ပြောလိုက်ရင် စိတ်သာချ Window 8 ပဲ တင်ပေးပါလိမ့်မယ်…

Window 8 တင်ပေးလိုက်လို့… ဟာ.. ငါ့စက်က Window 8 ဆိုပီး ဂုဏ်ယူစရာကို မရှိတာပါ…

အခုတွေ့သလောက် သုံးသလောက် Window 8.1 Pro လောက်ပဲ သဘောကျတယ်.. ကျန်တာတွေက သိပ်မငြိမ်သလားပဲ..

နဂို Window က မငြိမ်ရတဲ့ ကြားထဲ.. Office ကလဲ အသစ် 2013 ဆို လှပီ…

Activation ကလဲ မရဆို.. အွန်လိုင်းသုံးသလိုပဲ.. တခုခု ဖွင့်လိုက်ရင် လည်တယ် လည်တယ် နဲ့ တက်မလာတော့ဘူး…

ဘာကောင်းလို့ တင်ပေးလိုက်လဲဆိုရင် အသစ်အဆန်းမို့ တင်ပေးကြတာ.. တကယ်တော့ အခု Window 7 တင်ထားတဲ့ စက်တွေလဲ… အခုပြောတဲ့ အတိုင်းရှိရင် Window 8 တင်လို့ရပါတယ်…

CPU   1 GHz or Faster တဲ့..

Memory  1 GB( 32 bit) ဆိုရင်.. 2 GB(64 bit) ဆိုရင်…

Hard Disk Space  16 GB(32 bit) ဆိုရင်.. 20 GB(64 bit) ဆိုရင်… အဲလောက် အနည်းဆုံး ရှိရင် တင်လို့ရပြီ…

ဆိုလိုတာက  အခု သာမန်သုံးနေတဲ့ စက်တလုံးလောက်မှာကို တင်လို့ ရတယ်.. ဒါပေမဲ့ အဲထက် နည်းနည်း ပိုရင် ကောင်းတာပေါ့… အထူးသဖြင့် Memory ပေါ့… 2 GB အနည်းဆုံးလောက်တော့ ရှိပေါ့…

တကယ်တမ်းပြောကြကြေးဆိုရင် Window 8 က မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်.. ကော်နက်ရှင်ကောင်းရင်… အဲဒါက ပြသနာ..

သူ့မှာ အပိုအနေနဲ့ Tablet ဆန်တဲ့ Andriod ဆန်တဲ့ Display ပါလာတယ်.. Data တွေကို အွန်လိုင်းမှာ တက်ပြီး သိမ်းလို့ရတဲ့ Feature တွေပါလာတယ်(Cloud Storage)… Window Store ကနေ

မေးလ်တွေ ဓာတ်ပုံတွေ ပြက္ခဒိန်တွေ အတွက် Application သစ်တွေ ရမယ်…

အထူးခြားဆုံးကတော့ Laptop တွေကိုပါ Touch ရစေတယ်… ဒါကတော့ Window 8 ရဲ့ အားသာချက်ပဲ.. အဲဒီ Laptop ကို Window 7 တင်လိုက် Support မလုပ်တော့ဘူး…

(HP 14 – SleekBook မှာ လက်တွေ့)

Window 8 ကို Core, Professtional, Enterprise ဆိုပီး ခွဲထားသေးတယ်…

ကဲ ဒီပို့စ်ကို ဖတ်တဲ့သူတွေထဲမှာ လက်ရှိသုံးနေတဲ့သူတွေ ရှိသလို စမ်းတင်ချင်တဲ့ သူတွေလဲ ရှိလိမ့်မယ်..  အဲဒီအတွက် Key တွေ မျှပေးလိုက်မယ်… အသုံးတည့်ပါစေဗျာ…

လက်ရှိလဲ အဲဒီ Key တွေပဲ သုံးနေတာပါ… ဘယ်အိုင်တီဆိုက်ကိုမှလဲ မတင်ပေးထားပါ…

Core: 334NH-RXG76-64THK-C7CKG-D3VPT
Professional: XHQ8N-C3MCJ-RQXB6-WCHYG-C9WKB
Enterprise: MNDGV-M6PKV-DV4DR-CYY8X-2YRXH

ဒါက ပထမ အဆင့် Key ပါ…

 

ဒုတိယ အဆင့် Key ကတော့ KMSpico_setup.exe ဆိုတာ ရှာပီး ဒေါင်းလိုက်ပါ.. ပီးရင် အဲဒါလေးကို Install လုပ်လိုက် OK သွားပါလိမ့်မယ်..

 

လုံးဝ ရွှေဆိုတာ အာမခံတယ်.. စမ်းမယ့်သူများ စမ်းကြည့်ပေါ့… မရှင်းရင် မန့်ထားခဲ့လေ… ဖြေရှင်းပေးပါ့မယ်… :)

About Yae Myae Tha Ninn

Yae Myae Tha Ninn has written 115 post in this Website..

မြိတ်သား၊ မိတဆိုး၊ ကလေးအဖေ၊ သားကောင်းဖခင်ကောင်းခင်ပွန်းကောင်းသားမက်ကောင်း ဖြစ်အောင် ကြိုးစားနေသူ... အောင်မြင်ခြင်း မအောင်မြင်ခြင်းကတော့ အခြေအနေအချိန်အခါအကြောင်းအရာပေါ်မူတည်မှာပဲ...