ဘော့လုံးပွဲ တစ်ပွဲ ကန်တယ်….
တစ်သင်းက ညစ်ပြီး နိုင်နေတယ်….ဒါပေမယ့် ခြေအနေအထားက မကောင်းတော့ဘူး…သေချာပေါက်လောက်နီးပါး ရှုံးတော့မယ်…
ရှုံးနေတဲ့ အသင်းကလဲ ပရိတ်သတ် အားကိုးနဲ့ ကဘောက်တိ ကဘောက်ချာ ကန်နေတယ်…
ဒိုင်ကလဲ ဒိုင်လို့ သာ ပြောရတာ…
နိုင်တဲ့အသင်း ဂျာစီပေါ်က ဒိုင်ဂျာစီ ကြီး ထပ်ဝတ်ပြီး နိုင်တဲ့ အသင်းဘက်ကို ညစ်နိုင်သလောက် ညစ်ပေးနေတယ်…
လုံခြုံရေးစောင့်နေတဲ့ သူတွေကလဲ လုံခြုံရေးလို့သာ ပြောရတာ…နိုင်တဲ့ အသင်းကလူတွေပဲ ဂျာစီ ပြောင်းဝတ်ထားကြတာ…
တစ်ယောက်နဲ့ တစ်ယောက် ကပ်ခါရှိသေး….

ရွှီး…

.ဖောင်းဘော…
နိုင်တဲ့ အသင်းဘက်ကကြီး အမြဲ ကန်ခွင့်ရနေတယ်…
ဧရိယာအတွင်းထဲရောက်ရင် ပယ်နယ်တီ ချပေးဖို့ ဒိုင်ကလဲ ပါးစပ်မှာ ခရာက အဆင်သင့်…
ရှုံးတဲ့ အသင်းကလဲ ညစ်နည်း ပေါင်းစုံနဲ့ အညစ်ခံနေရမှန်းတော့ သိတယ်…
ဒါပေမယ့် ဒိုင်ကို မနည်းမျက်နှာလုပ်နေရတယ်…
ပရိတ်သတ်တွေကတော့ ညစ်နည်းပေါင်းစုံနဲ့ ညစ်နေတဲ့ အသင်းကိုကော…ဒိုင်ကိုကော ကွင်းထဲဆင်း သတ်ချင်စိတ်တွေ တဖွားဖွား ပေါ်နေကြပြီ…
အကြံကုန် ဂဠုန်ဆားချက်…နောက်ဆုံးလက်နက် ထုတ်သုံးဖို့ ကြံနေတယ်…
(နောက်ဆုံးလက်နက်)…
ပရိတ်သတ် ကွင်းထဲ ဆင်းတာနဲ့ ရှုံးတဲ့ အသင်းကို ဒဏ်ရိုက်…ကွင်းပိတ်…နိုင်တဲ့ အသင်းကို 3း 0 နဲ့ ဆက်အနိုင်ပေး…ဒီ ဂွင်ကို ဒိုင် နဲ့ နိုင်တဲ့ အသင်း ပေါင်းပြီး ဇွတ်ဆင်နေကြတယ်….
ရှုံးတဲ့ အသင်း ခမျာ…ဒေါသထွက်နေတဲ့ လူအုပ်ကြီးပဲ ရှုံးတဲ့ကြားထဲက ကွင်းထဲ ဆင်းမလာဖို့ ဇွတ်တောင်းပန်နေရတယ်….

ညစ်နိုင် နိုင်နေတဲ့ အသင်းရယ်…ဒိုင်ရယ်…လုံခြုံရေးရယ်က တဖက်…
ရှုံးနေတဲ့ အသင်းနဲ့ ပရိတ်သတ်ရယ်က တဖက်နဲ့….
ပွဲပြီး ရင်တော့ ဘာဆက်ဖြစ်ကြမယ်တော့ မသိ…

ကွင်းထဲမှာပဲ အညစ်ခံ ကန်ရင်း ပြန်နိုင်အောင် ကန်နိုင်မလား….
ပရိတ်သတ်တွေ ကွင်းထဲဆင်း…ပွဲရပ်…လုံခြုံရေးအကြောင်းပြ…နိုင်တဲ့အသင်း ဆက်အနိုင်ပေး…ပေါ်တင် ဆင်နေတဲ့ ဒီဂွင်ထဲပဲ ၀င်သွားမလား…
ပရိတ်သတ်တွေ ကွင်းထဲဆင်း…လုံခြုံရေးတွေ ထိမ်း…ထိမ်းမနိုင် သိမ်းမရ ဖြစ်…ပစ်ကြ ခတ်ကြ…သေကြ…ကြေကြ…ဒီလို မြင်မကောင်း ရှုမကောင်းတွေ ဖြစ်ကြမလား…

 

အားလုံးကတော့ အသက်တောင် ရှုမိကြသလားတောင် မသိတော့….

 

တထိတ်ထိတ်နဲ့ပေါ့…

 

ဟူး…

 

ရင်လေးပါ့…

 

မြန်မာ့ဖလား ရယ်….

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...