(((ကမ္ဘာ့ဖလားတော့ မဟုတ်….ဒါက….မြန်မာ့ဖလား…..)))

johnnydeerJuly 2, 20141min1255

 

ဘော့လုံးပွဲ တစ်ပွဲ ကန်တယ်….
တစ်သင်းက ညစ်ပြီး နိုင်နေတယ်….ဒါပေမယ့် ခြေအနေအထားက မကောင်းတော့ဘူး…သေချာပေါက်လောက်နီးပါး ရှုံးတော့မယ်…
ရှုံးနေတဲ့ အသင်းကလဲ ပရိတ်သတ် အားကိုးနဲ့ ကဘောက်တိ ကဘောက်ချာ ကန်နေတယ်…
ဒိုင်ကလဲ ဒိုင်လို့ သာ ပြောရတာ…
နိုင်တဲ့အသင်း ဂျာစီပေါ်က ဒိုင်ဂျာစီ ကြီး ထပ်ဝတ်ပြီး နိုင်တဲ့ အသင်းဘက်ကို ညစ်နိုင်သလောက် ညစ်ပေးနေတယ်…
လုံခြုံရေးစောင့်နေတဲ့ သူတွေကလဲ လုံခြုံရေးလို့သာ ပြောရတာ…နိုင်တဲ့ အသင်းကလူတွေပဲ ဂျာစီ ပြောင်းဝတ်ထားကြတာ…
တစ်ယောက်နဲ့ တစ်ယောက် ကပ်ခါရှိသေး….

ရွှီး…

.ဖောင်းဘော…
နိုင်တဲ့ အသင်းဘက်ကကြီး အမြဲ ကန်ခွင့်ရနေတယ်…
ဧရိယာအတွင်းထဲရောက်ရင် ပယ်နယ်တီ ချပေးဖို့ ဒိုင်ကလဲ ပါးစပ်မှာ ခရာက အဆင်သင့်…
ရှုံးတဲ့ အသင်းကလဲ ညစ်နည်း ပေါင်းစုံနဲ့ အညစ်ခံနေရမှန်းတော့ သိတယ်…
ဒါပေမယ့် ဒိုင်ကို မနည်းမျက်နှာလုပ်နေရတယ်…
ပရိတ်သတ်တွေကတော့ ညစ်နည်းပေါင်းစုံနဲ့ ညစ်နေတဲ့ အသင်းကိုကော…ဒိုင်ကိုကော ကွင်းထဲဆင်း သတ်ချင်စိတ်တွေ တဖွားဖွား ပေါ်နေကြပြီ…
အကြံကုန် ဂဠုန်ဆားချက်…နောက်ဆုံးလက်နက် ထုတ်သုံးဖို့ ကြံနေတယ်…
(နောက်ဆုံးလက်နက်)…
ပရိတ်သတ် ကွင်းထဲ ဆင်းတာနဲ့ ရှုံးတဲ့ အသင်းကို ဒဏ်ရိုက်…ကွင်းပိတ်…နိုင်တဲ့ အသင်းကို 3 း 0 နဲ့ ဆက်အနိုင်ပေး…ဒီ ဂွင်ကို ဒိုင် နဲ့ နိုင်တဲ့ အသင်း ပေါင်းပြီး ဇွတ်ဆင်နေကြတယ်….
ရှုံးတဲ့ အသင်း ခမျာ…ဒေါသထွက်နေတဲ့ လူအုပ်ကြီးပဲ ရှုံးတဲ့ကြားထဲက ကွင်းထဲ ဆင်းမလာဖို့ ဇွတ်တောင်းပန်နေရတယ်….

ညစ်နိုင် နိုင်နေတဲ့ အသင်းရယ်…ဒိုင်ရယ်…လုံခြုံရေးရယ်က တဖက်…
ရှုံးနေတဲ့ အသင်းနဲ့ ပရိတ်သတ်ရယ်က တဖက်နဲ့….
ပွဲပြီး ရင်တော့ ဘာဆက်ဖြစ်ကြမယ်တော့ မသိ…

ကွင်းထဲမှာပဲ အညစ်ခံ ကန်ရင်း ပြန်နိုင်အောင် ကန်နိုင်မလား….
ပရိတ်သတ်တွေ ကွင်းထဲဆင်း…ပွဲရပ်…လုံခြုံရေးအကြောင်းပြ…နိုင်တဲ့အသင်း ဆက်အနိုင်ပေး…ပေါ်တင် ဆင်နေတဲ့ ဒီဂွင်ထဲပဲ ဝင်သွားမလား…
ပရိတ်သတ်တွေ ကွင်းထဲဆင်း…လုံခြုံရေးတွေ ထိမ်း…ထိမ်းမနိုင် သိမ်းမရ ဖြစ်…ပစ်ကြ ခတ်ကြ…သေကြ…ကြေကြ…ဒီလို မြင်မကောင်း ရှုမကောင်းတွေ ဖြစ်ကြမလား…

 

အားလုံးကတော့ အသက်တောင် ရှုမိကြသလားတောင် မသိတော့….

 

တထိတ်ထိတ်နဲ့ပေါ့…

 

ဟူး…

 

ရင်လေးပါ့…

 

မြန်မာ့ဖလား ရယ်….

5 comments

  • ဇီဇီ

    July 3, 2014 at 8:26 pm

    ညစ်ကွက်နဲ့ နိုင်ပေါင်းများနေပြီ။
    လုံခြုံရေးဆိုတာ က ပရိတ်သတ် အတွက် မဟုတ်ပဲ လူညစ် အသင်း အတွက် ဖြစ်နေတာကြာခဲ့ပြီ။

    😥

  • ဝင့်ပြုံးမြင့်

    July 4, 2014 at 12:32 am

    စက်တိုင်းရားအရေးတော်တဲ့ ကိုဂျွန်နီ ပြန်လာပြီတော့။ မြန်မာ့နိုင်ငံရေးဘောလုံးပွဲအကြောင်း ရေးသွားတာ သင်းပါ့။ ဒီ့ထက်ကောင်းတဲ့ ဘောလုံးပွဲတောင် ဒီလောက်မကောင်းဘူး။

  • johnnydeer

    July 4, 2014 at 9:56 am

    ဟုတ်ပါ့…အမရေ…ရွာနဲ့ ဝေးနေတာတောင် တော်တော် ကြာပေါ့…သတိရလို့ ရွာပြန်မယ်လုပ်တော့ ဟို ကွန်နက်ရှင်ဆိုတဲ့ကောင်ကြီးက ဟိုတား ဒီတားနဲ့ဆိုတော့…

  • naywoon ni

    July 4, 2014 at 7:24 pm

    နိုင်​သာနိုင်​သွားတယ်​ ရတဲ့ဖလားက အိမ်​ဦးခန်​းမှာကျက်​သ​ရေမရှိပါဘူးဗျာ

  • အရီးခင်

    July 5, 2014 at 2:37 am

    ကိုဂျွန်သမင်
    ပျောက်နေတာ။ ဘောပွဲ နဲ့ မှ ပြန်ပေါ်လာတယ်။
    ဘာဘဲဖြစ်ဖြစ် ပြန်လာပြီးရော။
    (ခွက်ဒစ် – Wow ) :-)))
    လူချပြီး နိုင်လို့ကတော့ ဘယ် အသင်းဘဲဖြစ်ဖြစ် ရှုံ့ချပါတယ်။

Leave a Reply